မိုးပြာကြယ်ပွင့်စာရင်း။
Vol. 45 Ch. 533
သုံးရက်ကုန်လွန်ပြီးနောက် စုရီအခန်းထဲ ထူးဆန်းသောစွမ်းအင်လှိုင်းများဖြင့် ပြည့်နှက် နေတော့၏။
သူ့ရှေ့တွင် ဝေဝါးနေသော အလင်းရောင်များပါရှိသည့် လျှို့ဝှက်သင်္ကေတ တစ်ခုရှိနေသည်။
အလင်းများ တဖျပ်ဖျပ်ခတ်လျက် သင်္ကေတပေါ်ရှိ ထူးဆန်းသော စွမ်းအားမှာ တဖြည်းဖြည်း ငြိမ်သက်သွား၏။
ဤစွမ်းအားသည် ငရဲဘုံကိုးပါး ဓားရောင်ဝါဖြစ်သည်။ သုံးရက်အတွင်း အင်မော်တယ် ဓားမျှော်စင်၏ ‘ပြိုင်ဘက်ကင်း ကောင်းကင်ဘုံ ကိုးပါးဝင်္ကပါ’ကိုလည်း အဆင့်မြှင့်တင်ပေးထား၏။
ပြင်ပကမ္ဘာတွင် ဖရိုဖရဲဖြစ်နေသဖြင့် အရန်အစီအစဉ်ထားခြင်းသည် ပိုသည်မရှိချေ။ ဧကရာဇ်တစ်ပါး မဟုတ်သရွေ့တော့ သူတို့ လုံခြုံကြပေမည်။
အထူးသဖြင့် ချင်လောဟူသော ဓားဝိညာဉ်သည် နောက်တစ်ကြိမ် ရောက်ရှိလာ တွက်ဆထား၏။
၎င်းနှင့်ပတ်သတ်သော သံသယသည် ပိုးအိမ်ခန်းမအတွင်းရှိ မီးအိမ်မှဓားဝိညာဉ်ကို မြင်ပြီးနောက် သေချာသွားခဲ့သည်။
ဆိုလိုသည်မှာ မီးအိမ်အတွင်း သန့်စင်ခံထားရသော ထိုဓားဝိညာဉ်နှင့် ချင်လောတို့ ပူးပေါင်းကာ သတ်ခြင်းအမှုကို ကျူးလွန်ကြခြင်း ဖြစ်လေသည်။
သို့သော် ယင်းသည် သူနှင့် မဆိုင်ချေ။ ထို့ကြောင့် ကြေးမီးအိမ်အတွင်းမှ ဓားဝိညာဉ်ကို အခွင့်အရေးပေးကာ လျစ်လျူရှုထားခဲ့၏။
ယင်းသည် ၎င်းဓားဝိညာဉ်နှစ်ပါးမှ နင်စစ်ဟွာတို့အပေါ် အန္တရာယ်ပေးခွင့်ရှိမည်ဟု အဓိပ္ပါယ်မရချေ။ အကောင်းဆုံး ပြင်ဆင်မှုများ ပြုလုပ်ကာ သားကောင်ကို ချောင်ပိတ် ဖမ်းရပေမည်။
“ ထွက်ဖို့အချိန်တန်ပြီ။ ”
စုရီက မတ်တပ်ထရပ်ပြီး အခန်းထဲက ထွက်လာခဲ့သည်။ လူတိုင်းသူ့ကို နှုတ်ဆက်ရန် စောင့်နေကြ၏။ တံဆိပ်ပြားများ နင်စစ်ဟွာထံ အပ်နှံလိုက်သည်။
ချင်လောပေါ်လာပါက လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များနှင့် သတိပေးစကားများစွားကို ကျောက်စိမ်းပြားအလွတ်အတွင်း နတ်အာရုံဖြင့် ရေးထွင်းလျက် ပေးထားပြီးဖြစ်၏။
“ အစ်ကိုစု ... မင်းနဲ့လိုက်လို့ရမလား။ ”
ဝမ်လင်ရွယ်မှ မေးသည်။ စုရီမှ ခေါင်းခါပြ၏။
“ ဒီတစ်ကြိမ်တော့ မဟုတ်ဘူး ... မင်းသိပါတယ် မိုးပြာတိုက်ကြီးဟာ အခုအချိန် ပရမ်းပတာဖြစ်နေတယ် မဟာရှကအဆိုးဆုံးပဲ မင်းဒီမှာပဲနေသင့်တယ်။ ”
သူစကားပြောနေစဉ် ဝမ်လင်ရွယ် ဦးခေါင်းကိုညင်သာစွာ ပွတ်သပ်လိုက်သည်။ ဤမိန်းကလေးနှင့် ပတ်သတ်၍ သူ့တွင် ခံစားချက်များရှိ၏။
“ သခင်လေး ယွမ်ဟမ်ကို ... ဘာလို့ လိုက်ခွင့်မပေးတာလဲ ... လမ်းတလျှောက် မင်း အတွက် အသေးအဖွဲကိစ္စတွေကို သူတာဝန် ယူလိမ့်မယ်။ ”
ချာကျင်မှ တိုးတိုးလေးပြောသည်။ စုရီက ပြုံးလိုက်၏။
“ ရွှေခေတ်က သုံးလလောက်အတွင်း ရောက်လာလိမ့်မယ် မင်းတို့ အခုလုပ်ရမှာက ခွန်အားတွေ စုဆောင်းထားပြီး အခွင့်အရေးကို အရယူနိုင်ဖို့ပဲ ... သွားရအောင်။ ”
စကားဆုံးသည်နှင့် စုရီက ချက်ချင်း ပျံသန်းသွားတော့သည်။ လမ်းခွဲခြင်းအတွက် သူ့တွင် ခံစားချက်များ မရှိချေ။
စုရွှမ်ကြွယ်သက်တမ်း နှစ်သိန်းနီးပါး ရှင်သန်ပြီးနောက် လမ်းခွဲမှုပေါင်း မည်မျှကြုံခဲ့ရ သည်ကို သူပင် မမှတ်မိနိုင်တော့ချေ။
တာအိုအဖိုးကြီးက ချက်ချင်း ပြေးလိုက်လာ၏။ ယနေ့ဖြင့်ဆို စုရီတစ်ယောက် မဟာရှမှ ပြန်လာသည်မှာ သုံးလနီးပါး ရှိချေပြီ။ မဟာရှတွင် မည်မျှလှိုင်းထန်နေမည်ကို သိချင်လာ၏။
တိမ်ပင်လယ်အတွင်း လွင့်မျောနေသော ပုံရိပ်နှစ်ရိပ်ရှိ၏။ အမြန်နှုန်းသည် မြန်လှသည် မဟုတ်သကဲ့သို့ နှေးသည်လည်း မဟုတ်ချေ။
လက်ရှိအချိန်၌ စွမ်းအင်များသည် ကောင်းကင်နှင့်မြေကြီးကြား ပေါင်းစည်းနေ သောကြောင့် ကြယ်စုစည်းခြင်း အဆင့်ထက် ပို၍သက်တောင့်သက်သာ ရှိနေသည်။
ဤသည်မှာ ဝိညာဉ်တာအိုနယ်ပယ်၏ အကျိုးကျေးဇူးဖြစ်သည်။ လမ်းတစ်လျှောက်၌ ကောင်းကင်နှင့်မြေကြီး အပြောင်းအလဲများကို သိသိသာသာ ခံစားလာရ၏။
လူဖြစ်စေ၊ နတ်ဆိုး၊ တစ္ဆေ၊ သားရဲဖြစ်စေ အခွင့်အရေးကို ဆုပ်ကိုင်နိုင်သရွေ့ နဂါးတံခါးမှ ခုန်ပေါက်ထွက်လာသော ငါးတစ်ကောင်ကဲ့သို့ အသွင်ပြောင်းမှု ရရှိနိုင်မည်။
ကျင့်ကြံခြင်းကို မသိသော သာမန်လူများသည်ပင်လျှင် ဝိညာဉ်စွမ်းအင်များ အာဟာရဖြည့်တင်းမှုအောက်၌ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်လာပြီး အသက်ပိုရှည်လာနိုင်၏။
“ ယောက်ဖ၊ မင်းနဲ့ ငါ့အစ်မ လမ်းခွဲလိုက်တုန်းက လူဝင်စားခြင်းလမ်းကို မင်း ရှာတွေ့သရွေ့ ငါ့အစ်မကိုလာပြန်ရှာမယ်လို့ ပြောခဲ့တာ မှတ်မိသေးလား။ ”
ရီရွှမ်မှ ပျင်းလာသဖြင့် စကားစလာသည်။ နှစ်ပေါင်း(၃၀၀၀၀) အဖော်မဲ့ခဲ့ရာမှ မိသားစုဝင် တစ်ဦးကို ပြန်တွေ့လိုက်ရသကဲ့သို့ ပြုံးနေ၏။
စုရီက ခေါင်းညိတ်ပြလိုက်သည်။ ယခင်ဘဝတွင် လူဝင်စားခြင်းလမ်းကိုရှာဖွေရန် မြေအောက်ကမ္ဘာသို့ သွားရောက်ခဲ့စဉ် သစ်ရွက်လေးနှင့် ရင်းနှီးခဲ့၏။
ထို့ကြောင့် လမ်းခွဲလိုက်သောအခါ သူမ အသည်းကွဲသော်လည်း သူ့ကို မတားမြစ်ခဲ့ချေ။ ယင်းသည် သူ့အပေါ် ကြီးမားသော နှောင်ကြိုးဖြစ်နေ၏။
“ စဉ်းစားကြည့်တော့ ငါ့အစ်မကို မတွေ့တာတောင် အတော်ကြာနေပြီ သူ အခု ဘယ်လိုများနေနေလဲ ငါသိချင်သား။ ”
ရီရွှမ်က အသံက ချက်ချင်း တိုးညှင်းစွာ ညည်းတွားတော့၏။ ဤတိုက်ကြီး၌ နှစ်ပေါင်း သောင်းဂဏန်းခန့် မျောပါနေပြီးနောက် အိမ်ကိုလွမ်းသွားခဲ့သည်။
“ သရဲဒိုမိန်းမှာ မရဏကမ္ဘာကို ဦးတည်သွားတဲ့ နယ်နိမိတ်ဥမင်လမ်းတစ်ခု ရှိတယ်လို့ မင်းပြောတယ် မဟုတ်လား ...
... အဲဒါက ဖျက်ဆီးခံထားရတာတောင်မှ ရှာတွေ့သရွေ့ ... ငါ့မှာပြန်ပြုပြင်ဖို့ နည်းလမ်း ရှိပါတယ် မင်းကို ပြန်ခေါ်သွားပေးမယ်။ ”
စုရီမှ တစ်ချက် လှည့်ကြည့်ပြီး ပြောကြားလိုက်သည်။ သို့မှသာ ရီရွှမ်ခမျာ မျှော်လင့်ချက်များ တောက်ပလာ၏။
“ ဒီစကားက အရမ်းကောင်းတယ်။ ”
“ သိပ်ပျော်မနေနဲ့ ငါ့နည်းလမ်းတွေနဲ့ နယ်နိမိတ်ဥမင်လမ်းကြောင်းကို ပြုပြင်ဖို့ဆိုရင် ဝိညာဉ်တာအိုနယ်ပယ် အထွတ်အထိပ် ရှိနေမှရမယ်။ ”
“ ဟား ဟား ဟား ယောက်ဖ ... ဒါဘာများဖြစ်သေးလို့လဲ ဒီတိုက်ကြီးထဲမှာ ငါတစ်ယောက်ထဲ နှစ်ပေါင်း သောင်းချီအောင် လွင့်မျောနေခဲ့တာပါ ...
... အခု ငါ့မှာခံနိုင်ရည်ရှိနေပြီ ဘာလို့ နောက်ထပ်ရက်နည်းနည်း မစောင့်နိုင်ရမှာလဲ ရွှေခေတ်ရောက်လာတဲ့အခါ ယောက်ဖရဲ့ ...
... အရည်အချင်းနဲ့ ဝိညာဉ်တာအိုနယ်ပယ် နှောင်းပိုင်းကို ရောက်ဖို့ အချိန်သိပ်မကြာနိုင်ဘူး ဆိုတာ ငါယုံတယ်။ ”
သူ့စကားများသည် စုရီအပေါ် လုံးဝယုံကြည်မှု အပြည့်ရှိနေတော့၏။ စုရီမှ ပြုံးပြီး တုန့်ပြန်ခြင်း မပြုခဲ့ချေ။
အရိုင်းမြေသို့မပြန်မီ မရဏကမ္ဘာရှိ ယခင်အဖိုးကြီးများနှင့်တွေ့ဆုံကာ ပစ္စည်းအချို့ ပြန်လည်ရယူရပေဦးမည်။
ဥပမာအားဖြင့် သစ်ရွက်ကလေးထံ အပ်ထားသော ဓားတစ်လက်ဖြစ်၏။ စကြာဝဠာ နှလုံးသားဟု ခေါ်သည်။
နောက်ဓားတစ်လက်သည် ခေါင်းတလားထမ်းမျိုးရိုး၏ သရဲအိုကြီးထံတွင် ဖြစ်သည်။ ‘နှလုံးသားသုံးလက်မ’ ဟုခေါ်ကာ အကြိုက်ဆုံးဓားတစ်လက် ဖြစ်၏။
ထို့ပြင် အခြားသောအဖိုးကြီးများ၌ ပစ္စည်းအချို့ထားရှိသေး၏။ ခုနစ်ရက်ကုန်လွန် ပြီးနောက် မဟာရှနိုင်ငံ တောင်ပိုင်းကောင်းကင် ပြည်နယ်သို့ ရောက်ရှိလာ၏။
နှစ်ယောက်သား ယင်တောင်တန်းမြို့တော်သို့ ဆင်းသက်ကာ အနားယူလိုက်၏။
“ ယောက်ဖ မဟာရှက တကယ် ပြောင်းလဲနေပြီပဲ။ ”
ရီရွှမ်က အရက်သောက်နေရာမှ သက်ပြင်းချလိုက်သည်။ မဟာရှပိုင်နက်ထဲသို့ ဝင်ရောက်လာကတည်းက ကောင်းကင်နှင့် မြေကြီးကြားရှိ ဝိညာဉ်စွမ်းအင်သည် အသိပ်သည်းဆုံးဖြစ်လာ၏။
“ ဒီမြို့ကနေ သရဲဒိုမိန်းနဲ့ ဘယ်လောက်ဝေးသေးလဲ ... ။ ”
“ သရဲဒိုမိန်းက မဟာရှပြည်နယ်တွေရဲ့ မြစ်သဲပြည်နယ်မှာရှိတယ် သုံးရက်အတွင်း ရောက်နိုင်ပါတယ် ... ။ ”
“ ဒါဆို စားသောက်ပြီးရင် အဲဒီကို တည့်တည့်သွားကြမယ်။ ”
“ သဘာဝပါပဲ ယောက်ဖ ... ။ ”
ထိုအချိန်တွင် စားသောက်ဆိုင်မှ ကျယ်ကျယ်လောင်လောင် ဆွေးနွေးသံများကို သတိထားမိလာ၏။
“ မင်းတို့ ကြားပြီးပြီလား ... ရှေးဟောင်းအင်အားစု(၇)ခုက မဟာရှရဲ့ တော်ဝင်မိသားစုကို နန်းစွန့်ဖို့ တောင်းဆိုနေတယ် ...
... တကယ်ပါပဲ ဒီရွှေခေတ်ကြီးက အချိန်မတန်ခင် ရောက်လာတော့ ကောင်းကင် တောင်တန်းနဲ့ ဆေးအိုးကိုးပါး မြို့တော်ဟာ သုခဘုံတစ်ခု ဖြစ်လာလိမ့်မယ်။ ”
ထိုစကားကိုပြောသော အနက်ဝတ် လူငယ်အပေါ် လူတိုင်းအကြည့်များ ချက်ချင်း ကျရောက်သွားချေပြီ။
“ ဒါက ဧကရာဇ်အတွက် မလွယ်လောက်ဘူး။ ”
“ မှန်တယ် ... အရင်တုန်းက တော်ဝင်မိသားစုက တိုက်ကြီးကိုချုပ်ကိုင်ပြီး တောင်တွေနဲ့ မြစ်တွေကို အုပ်စိုးခဲ့တယ် ...
... ဒါပေမယ့် ယနေ့ကမ္ဘာကြီးမှာတော့ သိသိသာသာပြောင်းလဲမှုတွေ စတင်လာနေပါပြီ ရှေးဟောင်းအင်အားစုတွေ ... ကမ္ဘာခြား ဂိုဏ်းတွေနဲ့ အရမ်းလှုပ်ခတ်နေတယ်။ ”
“ ဒီလိုအခြေအနေမျိုးမှာ တော်ဝင်မိသားစုအနေနဲ့ အုပ်စိုးရှင်ရာထူးကို ဆုံးရှုံးသွားတာ သာမန်ပါပဲ သူတို့ဘာပဲလုပ်လုပ် တခြားအင်အားစုတွေရဲ့အမြင်မှာ ဆူးပင်တွေ ဖြစ်လာလိမ့်မယ်။ ”
လူတိုင်း သက်ပြင်းချကုန်၏။ ကမ္ဘာကြီး ပြောင်းလဲခြင်းဖြင့် ချိန်ခွင်ရှာပြောင်းလဲသွား ပေတော့မည်။
“ စိတ်ဝင်စားစရာ အကောင်းဆုံး နောက်ထပ်အကြောင်းအရာ တစ်ခုရှိတယ်။ ”
လူတိုင်းတိတ်ဆိတ်စွာ တွေးတော နေသည်ကိုမြင်ပြီး အနက်ဝတ်လူငယ်က စကားစလိုက်သည်။
“ ဘာအကြောင်းအရာလဲ ... ။ ”
“ ဒီအကြောင်းအရင်းက လူတစ်ယောက်နဲ့ သက်ဆိုင်တယ် ။ ”
“ ဘယ်သူလဲ ... ။ ”
“ စုရီ ... ။ ”
“ ..... ။ ”
လူတိုင်းတိတ်ဆိတ်သွား၏။ စားသောက်ဆိုင်၏ လေထုသည် ရုတ်တရက် တင်းကြပ်သွားချေပြီ။ ဤအမည်သည် လူတိုင်းအတွက် ဖိအားရှိနေ၏။
အနက်ဝတ် လူငယ်က၊
“ လွန်ခဲ့တဲ့ သုံးလလောက်က စကြာဝဠာကျွန်းခရီးစဉ်မှာ ရှေးဟောင်းဘီလူး (၁၃)ကောင်ကို သတ်ပစ်လိုက်တယ် အားလုံးက သက်ဆိုင်ရာ အင်အားစုတွေမှာ ပါရမီရှင်တွေပဲ ...
... ဒါကြောင့် စုရီအပေါ် ကာကွယ်ပေးချင်နေတဲ့ တော်ဝင်မိသားစုကို သူတို့ ရှေးဟောင်းအင်အားစုတွေ အားလုံးက ဖြုတ်ချချင်နေတယ် ... ကံဆိုးစွာနဲ့ပဲ ...
... စုရီက သူတို့ ကိုယ်စားလှယ်တွေ အားလုံးကို သတ်ပြီး ရန်မီးပွားကို ထပ်မြှင့် လိုက်တယ် ... ဒါက သူတို့ကိုဘယ်လောက် အမုန်းပွားနိုင်မလဲ တွေးကြည့်စမ်း။ ”
ဤသတင်းသည် လူတိုင်းသိပြီး ဖြစ်သော်လည်း ကြားလိုက်ချိန်တိုင်း သူတို့၏ နှလုံးသားများကို ခုန်ပေါက်သွားစေ၏။
“ ဒါပေမယ့် ... ခုတော့ စုရီပျောက်နေတယ် မဟုတ်လား။ ”
တစ်စုံတစ်ယောက်က သတိရသွား၏။
“ ငါကြားတာတော့ စုရီ ကြောက်လို့ မဟာရှကနေ ထွက်ပြေးသွားတယ် ပြောတယ် ဒါကြောင့်လဲ မိုးပြာပါရမီရှင် စာရင်းမှာ သူ မပါတော့တာမဟုတ်လား။ ”
ရီရွှမ်မှ မျက်ခုံးပင့်လျက် ထိုစကားဝိုင်းထံမှ အကြည့်ကို ရုတ်ကာ၊
“ ယောက်ဖ ... မင်းနဲ့သုံးလလောက် တိတ်ဆိတ်သွားတာနဲ့ မင်းကိုငကြောက်အဖြစ် သူတို့တွေးနေကြတယ် မယုံနိုင်စရာပါပဲ။ ”
-ဟု ညည်းတွားလိုက်၏။
စုရီမှ တုန့်ပြန်ခြင်း မပြုချေ။ စကားဝိုင်းကို ဆက်နားထောင်နေခဲ့သည်။ လက်ရှိမဟာရှတွင် အုပ်စိုးရှင်အသစ်ကို ရွေးချယ်ချင်နေချေပြီ။
ရှေးဟောင်း အင်အားစုများသည် ထိုနေရာကိုယူရန် ပစ်မှတ်ထားနေ၏။ အခြား ကမ္ဘာမှ အင်အားစုများသည်လည်း အပါအဝင်ပေပင်။
ယနေ့တွင် မိုးပြာတိုက်ကြီး၏ နယ်နိမိတ်မျဉ်းသည် ပြိုကျသွားပြီဖြစ်သည်။ များမကြာခင် ထို့ထက်ပို၍ အင်အားစုများ ဝင်ရောက်လာဦးမည်ဖြစ်၏။
၎င်းတို့အားလုံးသည် အုပ်စိုးရှင်ဖြစ်သော တော်ဝင်မိသားစုအပေါ်သာ ဦးစွာပစ်မှတ်ထား ပေလိမ့်မည်။ ဧကရာဇ်ရှအတွက် ခါးသီးသော နေ့ရက်များဖြစ်လာနိုင်၏။
“ ဒီမိုးပြာကြယ်ပွင့်စာရင်းက တကယ့်ကို စိတ်ဝင်စားစရာပဲ တိမ်မြုပ်နေတဲ့ ဘီလူးတွေ အမည်ကို အကုန်အစင် ဖော်ပြထားတယ်။ ”
တစ်စုံတစ်ယောက် ရုတ်တရက် သက်ပြင်းချကာ အကြောင်းအရာ ပြောင်းလဲ သွား၏။ ထိုစာရင်းကို ချင်းယွင်မျှော်စင်မှ ပြုစုထားသည်။
အဆိုပါအင်အားစုသည် အခြားကမ္ဘာမှ ဝင်ရောက်လာသော ဂိုဏ်းတစ်ခုဖြစ်၏။ ယနေ့ လူငယ်မျိုးဆက်များ၏ အရည်အချင်းအရှိဆုံးနှင့် ဂုဏ်သိက္ခာအမြင့်မားဆုံး လူငယ်တစ်ရာ၏ အမည်များကို စာရင်းပြုစုပေးခဲ့သည်။
ရွှေခေတ်မရောက်ခင် ဝိညာဉ်တာအို နယ်ပယ်သို့ ရောက်ရှိလာသည့် လူငယ်များစွာ အပေါ် တစ်လတစ်ခါ ထည့်သွင်းတွက်ချက် ပေးချေမည်။
ထို့ကြောင့် ဤစာရင်းသည် လူငယ်များကို အကဲဖြတ်ရန် အကောင်းဆုံးသော စံနှုန်းတစ်ခု ဖြစ်လာခဲ့သည်။
ဤစာရင်းတွင် စုရီအမည်သည် အရိပ်အယောင်မျှပင် မပါချေ။ ကြယ်စုစည်းခြင်း အဆင့်တွင်သာရှိသဖြင့် ဒဏ္ဍာရီသည် ကွယ်ပျောက်သွားပြီဖြစ်၏။
“ ယောက်ဖ ... မင်း ဝိညာဉ်တာအိုနယ်ပယ်ထဲ ရောက်လာတာကို သူတို့ မသိသေးဘူးထင်တယ်။ ”
ရီရွှမ်မှ လှောင်ပြုံးဖြင့် ရေရွတ်လိုက်၏။
“ သွားရအောင် ... သရဲဒိုမိန်းက မင်းကိစ္စဖြေရှင်းပြီးရင် ဆေးအိုးကိုးပါးမြို့ကို ငါတို့သွားရမယ်။ ”
စုရီက ဖန်ခွက်ကိုချကာ ထရပ်လိုက်၏။ လက်ရှိအခြေအနေသည် ဧကရာဇ်ရှအတွက် ကြီးစွာသောဖိအားပေပင်။ ရပ်ကြည့်နေရန် နှလုံးသားမမဲ့ချေ။
မိုးပြာခြံဝင်းအတွင်း နေထိုင်စဉ် ဧကရာဇ်ရှထံမှ မျက်နှာသာရခဲ့သည်။ ထို့ပြင် ဆေးအိုးကိုးပါးဝင်္ကပါကိုလည်း ပြုပြင်ပေး မည်ဟု ကတိခံထား၏။
***