← Chapters

သရဲဒိုမိန်း ... ။

Vol. 45 Ch. 534

သရဲဒိုမိန်း ... ။

Vol. 45 Ch. 534

“ ဘာလို့ ဒီလောက်လူတွေ များနေရတာလဲ။ ”

သရဲဒိုမိန်း အဝင်ဝသို့ အရပ်ရပ်မှ လူအများပျံသန်းဝင်ရောက်နေသဖြင့် ရီရွှမ်မှ မျက်ခုံးပင့်သွားသည်။

မြင့်မားသော ချောက်ကမ်းကြီးကို အဝေးမှမြင်ရ၏။ ယင်းသည် ကောင်းကင်ပေါ် တက်သော သဘာဝလှေကားနှင့်တူသည်။

တောင်ကြားလမ်း အဝင်ဝတွင် အလင်းရောင်သည် မှုန်ဝါးနေပြီး သဏ္ဍန်မဲ့လှိုင်း အချို့ရှိနေသည်။

ချောက်ကမ်းပါးနံရံ အထက်တွင် ထူထပ်သောတိမ်မည်းကြီးများက နေရောင်ကို ပိတ်ဆို့ထား၏။

“ ယောက်ဖ၊ အဲဒါသရဲဒိုမိန်း ဝင်ပေါက်ပဲ လွန်ခဲ့တဲ့အနှစ်သုံးသောင်းက ဧကရာဇ်အဆင့် မဟုတ်ရင် ဝင်ဖို့ မဖြစ်နိုင်ဘူး ...

... ဒါပေမယ့် အခုတော့ ဒီဝင်ပေါက်မှာ ရှိနေတဲ့ အာကာသတံဆိပ်က အလွန်အားနည်း သွားပါပြီ။ ”

စုရီ ခေါင်းညိတ်လိုက်သည်။ မဟာရှတွင် သရဲဒိုမိန်း၊ စကြာဝဠာကျွန်းနှင့်၊ အင်မော်တယ် တောင်တန်းတို့ဖြစ်၏။

“ တာအိုမိတ်ဆွေ ကျေးဇူးပြုပြီး ခဏလေးနေပါဦး။ ”

စုရီက အနက်ရောင် ၀တ်လုံ၀တ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရှေ့သို့ လျှောက်လှမ်းသွား၏။

အနက်ရောင်ဝတ်ရုံဝတ် လူလတ်ပိုင်း အရွယ်အမျိုးသားက မျက်မှောင်ကြုတ်ကာ၊

“ ဘာကိစ္စ ရှိလို့လဲ။ ”

-ဟု ပြန်မေးသည်။

“ ဒီမှာဘာတွေ ဖြစ်နေတာလဲ ဘာကြောင့်ဒီလောက် လူတွေများနေရတာလဲ။ ”

စုရီမေးခွန်းကြောင့် အနက်ရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက အံ့သြသွားပြီး၊

“ မင်းတို့ ဒီကိုရောက်နေပြီ၊ ဘယ်တွေ ဖြစ်နေလဲ မသိဘူးလား။ ”

-ဟု ပြန်မေးသည်။

“ သဘာဝပါပဲ ... ။ ”

စုရီမှပြုံးပြီး ခေါင်းညိတ်ပြလိုက်၏။ အနက်ရောင်ဝတ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားက၊

“ မကြာသေးမီက သရဲဒိုမိန်းမှာ မယုံနိုင်ဖွယ်ရာ အပြောင်းအလဲတွေ ဖြစ်ပေါ် လာခဲ့တယ် အဲဒီထဲကို ဝင်ရောက်သွားတဲ့ လူတိုင်းရတနာတွေ ရခဲ့ကြတယ်။ ”

-ဟု ရှင်းပြလာသည်။

“ ငါနားလည်ပြီ ... မင်းရဲ့လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်။ ”

အနက်ရောင်ဝတ်ရုံဝတ် လူလတ်ပိုင်း အရွယ်အမျိုးသားက စုရီ၏သဘောထားကို ကျေနပ်သွားပြီး၊

“ သရဲဒိုမိန်းမှာ အခွင့်အရေးတွေ အများကြီးရှိပေမယ့် အန္တရာယ်တွေလည်း ပြည့်နှက်နေတယ် ဒါကြောင့် သတိထားရပါ တာအိုမိတ်ဆွေ။ ”

စုရီ ပြုံးကာ လှည့်ထွက်လာခဲ့၏။ ရီရွှမ်မှ အမြန်လိုက်သွားသည်။ အာကာသ လှိုင်းလုံးများ ပေါ်လာပြီး သူတို့နှစ်ဦး၏ ရုပ်ပုံများ ချက်ချင်း ပျောက်ကွယ်သွားတော့၏။

တစ်နာရီခန့်အကြာတွင် ဓားပျံများစီးနင်းလျက် သရဲဒိုမိန်းဝင်ပေါက်သို့ လူတစ်စု ရောက်ရှိလာသည်။

၎င်းတို့သည် ရှေးဟောင်း အင်အားစုများ အနက်မှ တစ်ခုဖြစ်သည့် ဓားတောင်၏ အမာခံ တပည့်များ ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း (၃၀၀၀၀)က မိုးပြာတိုက်ကြီးတွင် အံ့သြဖွယ်အခြေခံအုတ်မြစ် ပိုင်ဆိုင်ချေပြီ။

အဖွဲ့တွင် အမျိုးသား သုံးဦး၊ အမျိုးသမီးနှစ်ဦးနှင့် ဆံပင်ဖြူ အဘိုးကြီးတစ်ဦး ပါဝင်၏။ ခေါင်းဆောင်သည် ငှက်မွှေးဝတ်ရုံဖြင့် လူငယ်တစ်ဦးဖြစ်သည်။

ခါးတစ်ဝိုက်တွင် ရွှေဖဲကြိုးကို ပတ်ထားသည်။ ချောမောကြည့်ကောင်းသော အသွင်အပြင်မျိုးဖြင့် အေးစက်ပြီး မာနကြီး၏။

မျက်လုံးအတွင်းမှ စူးရှသော အလင်းတန်းတစ်ခု ဖြာထွက်လျက် ရောင်ဝါမှာ တုန်လှုပ်ဖွယ်ပေပင်။

သူ့ဘေးရှိ ယောက်ျားမိန်းမများအားလုံး ထူးခြားသော အသွင်အပြင်ရှိပြီး သာမန်ထက် လွန်ကဲနေသည်ကို တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်ချေပြီ။

သို့သော် အမွေးပွပွ အဝတ်အစား ဝတ်ဆင်ထားသည့် လူငယ်နှင့် နှိုင်းယှဉ်ပါက အနည်းငယ် နိမ့်ပါးသည်။

“ မင်းနာမည် ကွမ်တျန်းရှန်လား။ ”

ဆံပင်ဖြူအဘိုးအိုက အမွေးပွအဝတ်များ ဝတ်ထားသည့် လူငယ်လေး၏ ဘေးတွင်ရပ်ကာ အနက်ဝတ်လူငယ်ထံ မေးမြန်းလိုက်၏။

“ မှန်ပါတယ် ... အကြီးအကဲတို့ကို လမ်းပြဖို့ငါဒီမှာ စောင့်နေတာပါ။ ”

“ ကောင်းပြီ သွားရအောင် ... သရဲဒိုမိန်းအတွင်းကို မင်းနားလည်တဲ့အတွက် ငါတို့ကို လမ်းပြပါ အကျိုးမယုတ်စေရဘူး။ ”

ဆံပင်ဖြူ အဘိုးအိုမှ ‌ခေါင်းညိတ်၏။ ကွမ်တျန်းရှန်မျက်နှာ၌ ထိတ်လန့်မှုများဖြင့် ပြည့်နှက်လာကာ၊

“ အကြီးအကဲတို့ကို တာဝန်ထမ်းဆောင် ပေးခြင်းက ငါ့အတွက် ကြီးစွာသော ကောင်းချီး မင်္ဂလာတစ်ခုပါပဲ ... အကျိုးကျေးဇူးအကြောင်း မတွေးတောဝံ့ပါဘူး။ ”

-ဟု ချက်ချင်း တုန့်ပြန်၏။

ဆံပင်ဖြူ အဘိုးကြီးမှ ကျေနပ်စွာ ခေါင်းညိတ်ပြပြီး သူ့ဘေးနားရှိ လူငယ်ကို ညွှန်ပြလိုက်၏။

“ ဒါက ဓားတောင်ရဲ့ ချူယွင် ... အမွေခံတပည့်တစ်ယောက်ပဲ ကျေးဇူးပြုပြီး လစ်လျူမရှုနဲ့။ ”

ထိုအမည်ကို ကြားသောအခါ လူတိုင်းရင်မောသွားသည်။ ဤလူငယ်သည် နိုးထလာသော ရှေးဟောင်းဘီလူးများ ဒုတိယ အသုတ်တွင် အကောင်းဆုံးဖြစ်၏။ ကြယ်ပွင့် စာရင်း၌ အဆင့် (၇၉) ရှိသည်။

သံမဏိအရိုးနှင့် ဝိညာဉ်နှလုံးသားကို ပိုင်ဆိုင်ထားသော ဓားသမားတစ်ယောက် ဖြစ်၏။

တိုက်ပွဲဝင်စွမ်းအားသည် ကမ္ဘာပေါ်ရှိ ဝိညာဉ်ထင်ရှားခြင်း မျိုးဆက်ဟောင်းများအပေါ် အနိုင်ယူနိုင်မည်။

“ မင်္ဂလာပါ သခင်ငယ်ချူ ... ။ ”

အနက်ဝတ်အမျိုးသားက ခေါင်းငုံ့ကာ နှုတ်ဆက်လိုက်၏။ လူငယ်မှ လက်‌ဝှေ့ရမ်းပြပြီး၊

“ ကောင်းပြီ ... လမ်းပြပါ။ ”

-ဟု အမိန့်ပေးလေသည်။

ချက်ခြင်းပင် ထိုအုပ်စုသည် သရဲဒိုမိန်းထံဦးတည်သွားသော လေဟာနယ် အတွင်း ပျောက်ကွယ်သွားခဲ့၏။

သရဲဒိုမိန်းရှိ ကောင်းကင်ကြီးသည် ထူးဆန်းစွာ သွေးနီရောင်၊ မှိန်ဖျော့ဖျော့နှင့် စိတ်ပျက်စရာလေထုကိုပေးစွမ်းသည်။

မြေပြင်သည် ပျက်စီးခြင်း၊ ယို့ယွင်းခြင်းနှင့် အသက်ဓါတ်များ နွမ်းနယ်နေသည့်မြင်ကွင်းဖြင့် ပြည့်နှက်နေသည်။

တောင်များ၊ မြစ်များနှင့် ချောင်းများ အားလုံးသည် သွေးနီရောင် မြူမှုန်များကြား ဝိုးတဝါး ပျောက်ကွယ်နေ၏။

“ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးသောင်းက ဒီနေရာဟာ နာမည်ဆိုးနဲ့ အန္တရာယ်များလှတဲ့ နေရာတစ်ခုပါ ... အစောပိုင်းကာလတွေမှာ နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေကြားက စစ်မြေပြင်လို့တောင် ကောလဟာလတွေ ထွက်နေတယ်။ ”

သွေးစွန်းနေသော မြေပြင်ပေါ်တွင် စုရီနှင့်ရီရွှမ်သည် ဘေးချင်းကပ် လျှောက်လှမ်း နေခဲ့သည်။

“ ဒီနေရာက ကမ္ဘာငယ်လေးတစ်ခု လိုပါပဲ သူ့ရဲ့နယ်နိမိတ်မျဉ်းတွေဟာ ကျိုးပဲ့ပျက်စီးနေပြီ လေထုအတွင်းမှာ အာကာသ-အချိန်တွေ ဖရိုဖရဲဖြစ်နေတယ် ...

... ဒီကမ္ဘာကြီးရဲ့ အရှေ့ဘက်အစွန်မှာ နာကျည်းခြင်းပင်လယ်ပြင်ကို ဦးတည်သွားတဲ့ ဥမင်လမ်းတစ်ခုရှိတယ်။ ”

ရီရွှမ်မျက်နှာသည် စိတ်ခံစားမှုများ ပြည့်နှက်လာပြီး၊

“ ကံမကောင်းစွာနဲ့ပဲ အဲဒီဥမင်ကို လွန်ခဲ့တဲ့နှစ်ပေါင်းသုံးသောင်းက သူ့ကိုယ်သူ ကြယ်တာရာထောင်မှူးလို့ခေါ်တဲ့ အဲဒီလူက ဖျက်ဆီးပစ်လိုက်တယ်။ ”

-ဟု ဝမ်းနည်းစွာ ပြောကြားလာ၏။

နေရာဟောင်းကို ပြန်ကြည့်သောအခါ အတိတ်မှအမှတ်တရများအားလုံးက စိတ်ထဲ၌ ပြန်ပေါ်လာ၏။ စိတ်ခံစားချက်များ ချက်ချင်း ရောထွေးကုန်သည်။

စုရီက သူ့ထံ တစ်ချက်လှည့်ကြည့်လိုက်ပြီး၊

“ ငါသိချင်တယ် ... ​​မင်းက ဘာလို့ မရဏကမ္ဘာမှာ မနေဘဲ ဒီရောက်လာတာလဲ။ ”

-ဟု မေးမြန်းလိုက်၏။

“ ဟိုတုန်းက ငါဆိုတာ မရဏကမ္ဘာကြီးမှာ အရမ်းဒုက္ခပေးခဲ့တဲ့ လူတစ်ယောက်မဟုတ်လား ဒါကြောင့် ... ယောက်ဖ မရဏကမ္ဘာကနေ ထွက်သွားချိန်မှာ လူတော်တော်များများက ငါ့ကိုခြိမ်းခြောက်လာကြတယ် ...

... ငါ့မှာ ရွေးချယ်စရာမရှိလို့ မရဏကမ္ဘာကနေထွက်ပြီး ပုန်းရှောင်ခဲ့ရတယ် ဒါ​​ပေမယ့် အခုလို နှစ်ပေါင်းထောင်သောင်းမက ကြာရှည်နေလိမ့်မယ်လို့ ဘယ်တွေးမိမှာလဲ။ ”

ဤစကားကိုကြားပြီးနောက် စုရီမှ စကားမပြောနိုင်တော့ချေ။ ထိုကောင်ဆိုးသည် ဘေးဥပဒ်ရှောင်ရန် ထွက်ခဲ့ခြင်းဖြစ်နေ၏။ ခဏမျှ စဉ်းစားလျက်၊

“ ငါဝေးကွာနေတဲ့ နှစ်တွေမှာ ... မင်းအစ်မကို ဘယ်သူမှ မနှောင့်ယှက်​ကြဘူး မဟုတ်လား။ ”

-ဟု မေးမြန်းလိုက်သည်။

“ ငါ့အစ်မနဲ့ မင်းကြားက ဆက်ဆံရေးကို မသိတဲ့ အဘိုးကြီး မရဏကမ္ဘာမှာ ဘယ်သူရှိလဲ သူတို့သတ္တိရှိရင်တောင် ဒုက္ခမပေးဝံ့​ကြပါဘူး ...

... ဒါပေမယ့် အဲဒါက နှစ်ပေါင်း ထောင်သောင်းမက ကြာနေခဲ့ပြီ ငါ့အစ်မ ဒီလို ကာလအတွင်းမှာ ဘာတွေကြုံနေရလဲ ငါလည်း မသိတော့ပါဘူး။ ”

“ စိတ်မပူပါနဲ့ ငါတို့ပြန်ရင် သိခွင့်ရမှာပါ။ ”

စုရီမှ ပေါ့ပေါ့ပါးပါး ပြောကြားလိုက်သည်။ ထိုသည်ပင် ရီရွှမ်ကို ပြုံးရွှင်သွားစေတော့၏။ သူ့ ယောက်ဖသည် စကားအပို မပြောတတ်ချေ။

“ ရွှီး ... ။ ”

နှစ်ယောက်သား စကားစမြည် ပြောကြားနေစဉ် ငွေရောင်အလင်းတန်းတစ်စ လျှပ်စီးကဲ့သို့ ရုတ်တရက် ပျံသန်းလာသဖြင့် မော့ကြည့်လိုက်မိလေသည်။

***

All Chapters