← Chapters

ငါ ... ဘယ်လိုရှင်သန်ခဲ့ရလဲ မင်းမသိနိုင်ပါဘူး။

Vol. 45 Ch. 536

ငါ ... ဘယ်လိုရှင်သန်ခဲ့ရလဲ မင်းမသိနိုင်ပါဘူး။

Vol. 45 Ch. 536

ယွီရှင်းရှန် ရောက်ရှိလာခြင်းကြောင့် စပါးအုံးဝတ်လုံဝတ် လူလတ်ပိုင်း အမျိုးသားနှင့် စွင်းရှောင်လျူ ဦးဆောင်သော အုပ်စုနှစ်စုသည် အလွန်သတိထားလာကြ၏။

ယွီရှင်းရှန့်မှ စပါးအုံးမြွေ ၀တ်လုံ ဝတ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသား နှင့် အခြားသူများကို ကြည့်ကာ၊

“ ကျေးဇူးပြုပြီး ငါ့ကိုပေးနိုင်မလား။ ”

-ဟု မေးမြန်းလိုက်သည်။

စပါးအုံး၀တ်လုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် မှုန်ကုပ်ကုပ် ဖြစ်သွားတော့၏။ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းချကာ၊

“ တာအိုယွီက ပြောနေမှတော့ ငါတို့ ... နောက်ဆက်တွဲ ဆိုးကျိုးတွေကို လျစ်လျူရှု ထားလို့ မရပါဘူး။ ”

-ဟု တုန့်ပြန်လေသည်။ ယွီရှင်းရှန့်မှ စွင်းချောင်လျူထံ အကြည့်များ ‌ရွေ့သွား၏။ စွင်းချောင်လျူမှ ခေါင်းညိတ်ပြသည်။ ယွီရှင်းရှန့် တစ်ယောက် အနည်းငယ်ပြုံးပြလိုက်ပြီး၊

“ ကျေးဇူးအများကြီးတင်ပါတယ်။ ”

-ဟု စကားဆိုတော့သည်။

ထို့နောက်တွင် ရီရွှမ်ထံ ပြန်လှည့်ကြည့်လာကာ၊

“ မိတ်ဆွေ၊ မင်းငါ့ကို ရတနာလွှဲပေးဖို့ အချိန်ကျပြီ။ ”

-ဟု ပြောကြားလိုက်၏။

ဝိညာဉ်ထင်ရှားခြင်းအဆင့် ရောင်ဝါသည်လည်း ချက်ချင်းထွက်ပေါ်လာကာ ဖိအားပေးခဲ့သည်။ သူ အောင်ပွဲရမည်ဟု ယုံကြည်ထားချေ၏။

“ ဟား ဟား ဟား ... မင်းက တကယ်ဟန်ဆောင်ကောင်းတယ် မင်းကိုယ်မင်း ငါ့ယောက်ဖရှေ့မှာ ပြိုင်ဘက်ကင်းတယ်လို့များ ထင်နေတာလား။”

ရီရွှမ်မှ ပြက်လုံးတစ်ခု ကြားရသကဲ့သို့ ရယ်မောလိုက်၏။ လူတိုင်း အံ့အားသင့်သွားပြီး မယုံကြည်နိုင်စရာများဖြင့် ပြည့်နှက်ကုန်သည်။

စုရီတစ်ယောက် မျက်ခုံးမွှေးများကို ပွတ်သပ်လျက် ‌သူ့ရှေ့မှမြင်ကွင်းထံ ပြုံးကြည့် နေမိသည်။ တစ်ဖက်တွင် ယွီရှင်းရှန့်သည် မျက်နှာ နီမြန်းလာပြီး၊

“ ကောင်းပြီ ... မင်း အရိုက်ခံချင်နေတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့။ ”

-ဟု ဆိုကာ ပါးရိုက်ချလိုက်သည်။

ထိုစဉ် အဝေးမှ လူရိပ်များ ပျံသန်းလာနေသဖြင့် ချက်ချင်း ရပ်တန့်ကာ မျှော်ကြည့်မိတော့၏။

အနက်ရောင်ဝတ် လူရွယ်တစ်ဦးမှ လမ်းကိုဦးဆောင်ကာ သူ့နောက်၌ အစွမ်းထက် ရောင်ဝါများ ပျံ့လွင့်နေသည်။

ထိုရောင်ဝါနှင့် အဖွဲ့ကိုမြင်ချိန်၌ စပါးအုံး ဝတ်လုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် လူတိုင်း အံ့သြသွားကြသည်။

ဤသည်မှာ ဓားတောင်ဖြစ်သည်။ သဘာဝအားဖြင့် ယွင်ရင်ဓားတောင်တန်းကို အသိအမှတ်ပြုနိုင်၏။ ယွီရှင်းရှန့်သည်လည်း အမူအရာ ရုတ်တရက်ပြောင်းလဲသွားပြီး လှမ်းတက်ကာ ဦးညွှတ်လိုက်သည်။

“ ဟွာရှင်းနတ်ဆိုးဂိုဏ်းမှ ယွီရှင်းရှန်က နှုတ်ဆက်ပါတယ်။ ”

အလွန်နှိမ့်ချပြီး ယခင်ကဲ့သို့ ကျက်သရေရှိသော အမူအရာမျိုး မရှိတော့ချေ။

“ ... ။ ”

ယွင်ရင်ဓားတောင်အဖွဲ့ကို ဦးဆောင်လာသည့် လူငယ်မှစိတ်မဝင်ဟန်ဖြင့် ဟွာရှင်းနတ်ဆိုးဂိုဏ်းမှ လှံသမားကို လက်ဝှေ့ယမ်းပြလိုက်၏။

“ ဒီလူကြီးက ဒီလောက်မာနကြီးတာ မဆန်းပါဘူး သူ့နောက်မှာ ယွင်ရင်ဓားတောင်ရဲ့ ထောက်ပံမှု ရှိနေတာကိုး ... ။ ”

ထိုမှသာ ရီရွှမ်တစ်ယောက် နားလည်သွားသည်။ ယွင်ရင်ဓားတောင်ဟူသည် လွန်ခဲ့သော နှစ်ပေါင်း(၃၀၀၀၀)၌ ပထမတန်း ဓားသမားအင်အားစု အဖြစ် သတ်မှတ်နိုင်၏။

ဂိုဏ်းကို တည်ထောင်သူသည် ‘အတုမဲ့ဓားခုနစ်လက်ဧကရာဇ်’ ဖြစ်ပြီး ဒဏ္ဍာရီလာ ဓားသမားပေပင်။

သို့သော် စုရီနှင့်အတူ ရှိနေပါက ဓားတောင်မဆိုနှင့် ကျောက်စိမ်းဧကရာဇ် ရောက်ရှိနေလျှင်ပင် ထိတ်လန့်စရာမရှိချေ။

“ မင်းတို့နှစ်​​ယောက်နဲ့​ ပြန်​​တွေ့ကြပြီ။ ”

ထိုအချိန်တွင် ကွမ်တျန်းရှန်သည် ရှေ့သို့လှမ်းထွက်လာပြီး စုရီတို့ကိုအပြုံးဖြင့် နှုတ်ဆက်လေသည်။

တစ်ဖက်တွင် ဆူဖြိုးသောသိုးများအဖြစ် သတ်မှတ်ထားသည့် ဤလူနှစ်ယောက်သည် ကွမ်တျန်းရှန်၏ အသိများဖြစ်ကြောင်း နားလည်ကာ ထိတ်လန့်ကုန်၏။

“ မင်းက ဒီလောက် အရည်အချင်းရှိမှန်း ငါမသိလိုက်ဘူး။ ”

ရီရွှမ်မှပြုံးကာ ချီးကျူးစကားဆိုလိုက်၏။

“ ငါအခု ယွင်ရင်ဓားတောင်အတွက် အလုပ်နည်းနည်း လုပ်ပေးရုံပါပဲ ဒါဘာမှ မဟုတ်ပါဘူး။ ”

အနက်ဝတ်လူရွယ်မှ ပြုံးလျက် ဂုဏ်ယူစွာ ဖြေကြားနေစဉ် အေးစက်လှပြီး စိတ်မရှည်သော အမိန့်ပေးသံ ပေါ်လာ၏။ ယင်းသည် ဆံပင်ဖြူ အဖိုးအိုထံမှဖြစ်သည်။

“ အချိန်မဖြုန်းနဲ့ ... ။ ”

အနက်ဝတ်လူခမျာ မျက်နှာပေါ်ရှိ ဂုဏ်ယူစရာ အရိပ်အယောင်များ ပျောက်ကွယ် သွား၏။

ကွမ်တျန်းရှန်တစ်ယောက် အေးခဲသွားပြီး လျင်မြန်စွာ ခေါင်းညိတ်ကာ၊

“ ဟုတ်ကဲ့ ... ။ ”

-ဟု ဆိုလိုက်တော့၏။

ထို့နောက် သူက ချောင်းခြောက် ဆိုးပြလိုက်ကာ ရီရွှမ်ထံ ပြန်ကြည့်လျက်၊

“ မိတ်ဆွေ၊ မင်းလည်း မြင်ပါတယ် မင်းကိုသေစေလောက်တဲ့ ဘေးဆိုးကြီးကနေ ငါတို့ကယ်တင်ခဲ့တယ် ... မင်းငါတို့ကို ကျေးဇူးတင်ရမယ် မဟုတ်လား။ ”

-ဟု စကားစလိုက်၏။

“ ဒါ ... ။ ”

ရီရွှမ်မှ မျက်ခုံးပင့်လိုက်သည်။

“ မှန်ပါတယ် သခင်လေးချူက ဒီနတ်ဘုရားရတနာ အပိုင်းအစကို စိတ်ဝင်စား နေတယ် ... မင်းမှာကမ်းလှမ်းဖို့ ဆန္ဒရှိရင် ဒါက အရမ်းကောင်းမှာပဲ။ ”

“ ကမ်းလှမ်းဖို့လား။ ”

ကွမ်တျန်းရှန်စကားကြောင့် ရီရွှမ်၏ အပြုံးများမှိန်ဖျော့သွားကာ စိတ်ပျက်လက်ပျက် သက်ပြင်းချလျက်၊

“ မင်းဟာ မတရားမှုကို မြင်တဲ့အခါ တခြားသူတွေကို ကူညီပေးတတ်တဲ့ လူပဲလို့ ငါထင်ခဲ့တာ အခုတော့ ငါ့ရတနာကို တပ်မက်နေတာကိုး။ ”

-ဟု မှတ်ချက်ပေး၏။ ကွမ်တျန်းရှန်တစ်ယောက် ရှက်ရွံ့လာပြီး၊

“ မိတ်ဆွေ၊ ငါမင်းကို ကူညီပေးတယ် ဒီအတွက်ရတနာကို လက်ဆောင်ပြန်ပေးမယ် ဒါသဘာဝပါပဲ အချိန်မဖြုန်းပါနဲ့။ ”

-ဟု ထပ်မံပြောကြားလာသည်။

ဤမြင်ကွင်းသည် စပါးအုံး ဝတ်လုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် လူတိုင်းသည် သူတို့အမြင် မှားယွင်းနေခဲ့ကြောင်း နားလည်လာ၏။

ကွမ်တျန်းရှန်နှင့် ဓားတောင်ဂိုဏ်း ရောက်ရှိလာခြင်းသည် ဤသိုးနှစ်ကောင်အပေါ် ကယ်တင်ပေးရန် မဟုတ်ချေ။

မည်သို့ပင် ဆိုစေကာမူ ဤနေရာတွင် ဓားတောင်မှသန်မာသော အမျိုးသားများနှင့် အတူ နတ်ဘုရားအပိုင်းအစများကို မည်သို့ လုယူနိုင်မည်နည်း။

“ မင်းက အလုပ်ကောင်းကောင်း လုပ်နိုင်တာပဲ ငါတို့ကြားမှာ ကံကြမ္မာတစ်ခု ရှိသေးတယ် ... ဒါကြောင့် ...

... မင်းကိုငါ အခွင့်အရေးပေးမယ် ဒီကနေမြန်မြန် ထွက်သွားပါ မဟုတ်ရင် မင်း သေရလိမ့်မယ်။ ”

လက်ရှိအချိန်ထိ မောက်မာလွန်းသော ရီရွမ်၏တုန့်ပြန်စကားကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားတော့၏။

သူတောင်းစား အဖိုးအိုသည် ရူးသွပ်နေ သည်လော။ လက်ရှိအခြေအနေ၌ ရှင်သန်ရန် တစ်ခုတည်းသော နည်းလမ်းသည် ရတနာကို လွှဲပြောင်းပေးအပ်ခြင်းသာဖြစ်သည်။

“ ဦးလေဝမ် သွားပါ။ ”

ချူယွင်မှ စိတ်မရှည်တော့ဘဲ ခေါင်းဖြူအဖိုးအိုထံ လှည့်ကြည့်လိုက်တော့၏။ အဖိုးအိုက ခေါင်းညိတ်သည်။

“ ကောင်းပြီ ... ။ ”

သို့သော် လှမ်းထွက်‌တော့မည့် အချိန်တွင် အမျိုးသားတစ်ယောက် ချက်ချင်းလှမ်းထွက်ပြီး၊

“ ကြက်သတ်ဖို့ သားသတ်ဓားကို ဘာလို့သုံးရတာလဲ ... ဦးလေးဝမ် ငါလုပ်ပါရစေ။ ”

-ဟု ပြောကြားလိုက်၏။

ဤလူသည် သွယ်လျသော ရုပ်သွင်၊ ကြေးဝါရောင် အသားအရည်နှင့် လင်းယုန်ကဲ့သို့ ထက်မြက်သော မျက်ဝန်းတစ်စုံရှိသည်။

လှမ်းထွက်လာသည်နှင့် ရုတ်တရတ် လေထုသည် လေးလံလာ၏။ ရီရွှမ်တစ်ယောက် စုရီထံ လှည့်ကြည့်ကာ၊

“ ယောက်ဖ ... ဒါ ငါ့အပြစ်မဟုတ်ဘူးနော် ငါတို့နှစ်ယောက်ကို ဆူဖြိုးနေတဲ့ သိုးငယ်တွေလို ဒီလူတွေက မြင်နေတာပဲ။ ”

-ဟု အမြန်ရှင်းပြသည်။ စုရီကသက်ပြင်းချပြီး မှတ်ချက်ပေး၏။

“ မင်းဒုက္ခ မပေးပေမယ့် ... လက်ရှိအခြေအနေက မင်းကြောင့် ဖြစ်ရတဲ့ ဒုက္ခပဲ မဟုတ်လား။ ”

ရီရွှမ်ခမျာ တိတ်ဆိတ်ချေပြီ။ ဤသို့သောအခြေအနေအောက်၌ သူတို့နှစ်ဦး စကားပြောနေကြဆဲ ဖြစ်သဖြင့် လူအုပ်ကြီးမှာ အံ့ဩသွားကြသည်။

“ ဒီလူနှစ်ယောက်ဘဝက ... ဆုံးခန်းတိုင်သွားပြီ ... စီနီယာအစ်ကိုဟန်သာ လှုပ်ရှားမယ်ဆိုရင် ... တစ်ယောက်ယောက် မသေဘဲ သူ့ဒေါသပြေမှာမဟုတ်ဘူး။ ”

အဝေးရှိ ဓားတောင်တန်းမှ အမျိုးသမီးတစ်ဦးက လှောင်ပြုံးဖြင့် မှတ်ချက် ပေးတော့သည်။

ဘေးမှ ရပ်ကြည့်နေသူများအားလုံး နှလုံးသားများ တင်းကျပ်လာပြီး ခန္ဓာကိုယ် တောင့်တင်းလာ၏။

“ မင်းအဖွား ကံဆိုးတာ ... ခွေးတိရစ္ဆာန်မလေး နောက်မှမင်းကို ပါးရိုက်ပြီး သတ်ပြမယ်။ ”

ရီရွှမ်မှ အမျိုးသမီးထံ ပြန်ကြည့်ပြီး အော်ဟစ်ကျိန်ဆဲလိုက်သည်။ သူ့တုန့်ပြန်မှုက လူတိုင်းကို ထိတ်လန့်တကြားနှင့် မျက်လုံးများ ပြူးကျယ်သွားစေ၏။

ဤသူတောင်းစား အဖိုးအိုသည် ယွင်ရင်ဓားတောင်၏ အမွေခံတပည့်များအပေါ် အမှန်တကယ် ကျိန်ဆဲဝံ့နေပေသည်။

“ နင် ... ။ ”

အမျိုးသမီးတစ်ယောက် ချက်ချင်း ဒေါသထွက်လာပြီး လက်ဖျားများ တဆက်ဆက် တုန်ရီလာ၏။

“ ဂျူနီယာညီမလေးယွီ ... လူသေတစ်ယောက်ရဲ့ ပါးစပ်ကို ဂရုစိုက် မနေပါနဲ့ ... ။ ”

စီနီယာအစ်ကိုဟန်ဟုခေါ်သော အနက်ဝတ်လူရွယ်မှ ပေါ့ပေါ့ပါးပါး ပြောကြား လိုက်သည်။

“ ဘရူး .. ။ ”

ထို့နောက် သူ့လက်ဖြင့် ရွှေဓားအလင်းကို တောက်ထုတ်လိုက်သည်။ ပြိုးပြက်ပြီး ထက်ရှ လွန်းကာ ကြောက်စရာ ကောင်းလှ၏။

ဝိညာဉ်ထင်ရှားခြင်းအဆင့် စွမ်းအားသည် လေဟာနယ်အတွင်း ပြည့်နှက်နေချေပြီ။ ရီရွှမ်မှ ချက်ချင်း စုရီနောက်တွင် ဝင်ပုန်းတော့၏။

ထိုအပြုအမူကြောင့် စုရီမှ မျက်ခုံးပင့်ကာ၊

“ ငါ့ရှေ့မှာ ... မင်းကိုနာကျင်အောင် လုပ်ခွင့်ပြုမယ်လို့ မင်းထင်နေတာလား။ ”

-ဟု မေးမြန်းလိုက်၏။

“ ယောက်ဖ ... ဒါက ငါ မသိစိတ်ရဲ့ တုန့်ပြန်မှုတစ်ခုပဲ မင်းစိတ်ဆိုးနေလို့ မရဘူး ငါ့ရှင်သန်ဖို့ နှစ်တွေကြားအောင် ကြိုးစားခဲ့ရတယ် ...

... မင်းနားမလည်နိုင်ဘူး အန္တရာယ်နဲ့ ကြုံတဲ့အခါ လွတ်မြောက်ဖို့အတွက် ငါ့ဗီဇက အလိုလို တုန့်ပြန်လာတာပဲ။ ”

ရီရွှမ်မှ သူ့အတွင်းစိတ်အပေါ် မကျေနပ်ချက်အားလုံးကို သွန်ချလိုက်သကဲ့သို့ တရစပ်ပြောကြားလာသည်။

“ ဟမ့် ... ။ ”

ထိုအချိန်တွင် ရွှေဓားအလင်းသည် လေဟာနယ်ကို ဖြတ်သန်းလာကာ လှပသော သက်တံကဲ့သို့ စုရီထံ တိုးဝင်လာတော့၏။

“ အရမ်းပြင်းတယ်။ ”

ဤသည်မှာ ယွင်ရင်ဓားတောင်မှ တပည့်တစ်ယောက်၏ ခွန်အားပေပင်။ လူတိုင်း ကြီးမားသော ခြိမ်းခြောက်မှု ခံစားလာရ၏။

“ ဝှစ် ... ။ ”

ထိုအချိန်တွင် စုရီတစ်ယောက် မြူမှုန်များအပေါ် ဖယ်ရှားသကဲ့သို့ လက်ဝှေ့ရမ်း လိုက်လေသည်။

“ ဝုန်း ... ။ ”

ရွှေဓားစွမ်းအင်သည် ထက်ရှပြီး ပြိုးပြက်နေသော်လည်း ပေါင်တူကြီးနှင့် ထုနှက် ခံလိုက်ရသည့်အလား ပေါက်ကွဲသွားတော့၏။

***

All Chapters