← Chapters

ဒီနေ့အတွက် လုံလောက်ပြီ။

Vol. 45 Ch. 537

ဒီနေ့အတွက် လုံလောက်ပြီ။

Vol. 45 Ch. 537

အင်္ကျီလက်များကို ရမ်းခါလိုက်ရုံဖြင့် ယင်ကောင်ဖယ်လိုက်သကဲ့သို့ ရွှေဓားအလင်း ပျက်ပြယ်သွားချေပြီ။

ယွီရှင်းရှန်၊ စွင်းရှောင်လျူနှင့် ကျန်လူများ အားလုံး ထိတ်လန့်သွားပြီး သူတို့၏ မျက်နှာများ ရုတ်တရက် ပြောင်းလဲသွားသည်။

ယခင်က စုရီကို နတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးဖြစ်ရာ စုရီအသွင်အပြင်သည် သာမန်ဖြစ်၏။ ယုံနိုင်စရာမရှိချေ။

“ ငါ့ကို အကြံဉာဏ် တောင်းဖူးတဲ့ ဒီကောင်လေးက တကယ်ပဲ ကျွမ်းကျင်သူလား။ ”

ကွမ်တျန်းရှန်သည်ပင် အံ့သြသွားသည်။ တစ်ချိန်တည်းမှာပင် ချူယွင်နှင့် အခြားသူများ သည်လည်း လေးနက်သွားကြ၏။

စီနီယာအစ်ကိုဟန်ဆိုသူကို ဟန်ဖေးကွမ်ဟုခေါ်သည်။ ကြယ်ပွင့်စာရင်းတွင် မပါသော်လည်း သန်မာသော ရှေးခေတ် နတ်ဆိုးတစ်ဦးလည်းဖြစ်၏။

ယခုမူကား အလွယ်တကူပင် ရှုံးနိမ့်သွားချေပြီ။ ဤအရာက စုရီအပေါ် ပြန်၍ ကြည့်မိစေသည်။

“ ဟန်ဖေးကွမ် သတိထားပါ ... မဟုတ်ရင် မင်းဒီနွံထဲမှာ နစ်မြုပ်သွားနိုင်တယ်။ ”

ချူးယွင်မှ သတိပေးလိုက်၏။

“ နားလည်ပါပြီ။ ”

“ ယောက်ဖ သူက မင်းကို နွံ့အိုင်လို့ ပြောနေတယ်။ ”

ဟန်ဖေးကွမ်မှ ခေါင်းညိတ်သည်။ ထိုအချိန်တွင် ရီရွှမ်က မျက်ခုံးပင့်လျက် စုရီကို အော်ဟစ်သတိပေးလိုက်၏။

လူတိုင်း သူ့ထံ လှည့်ကြည့်လာ၏။ ဤသူတောင်းစားအဖိုးအိုသည် ကမ္ဘာတစ်ခုလုံး ကမောက်ကမ ဖြစ်စေချင်ပုံရသည်။

“ မင်းဆက်ပြောနေမယ်ဆိုရင် ... မင်းပါးစပ်ကိုအရင် ငါလာပိတ်မယ်။ ”

စုရီမှ တုန့်ပြန်၏။ ရီရွှမ်တစ်ယောက် အသံမထွက်ဝံ့တော့ဘဲ ခေါင်းတဆတ်ဆတ် ညိတ်ပြလာသည်။

“ ရွှပ် ... ။ ”

ထိုစဉ်ဟန်ဖေးကွမ်မှ ရွှေဓားတစ်လက် ထုတ်ယူကာ ဝိညာဉ်ထင်ရှားခြင်း နှောင်းပိုင်း အဆင့် ရောင်ဝါကို ထုတ်ယူလိုက်၏။

ပြင်းထန်ပြီး ထက်ရှသော ရောင်ဝါသည် လူတိုင်း၏အသက်ရှုခြင်းကို ရပ်တန့်သွားစေ၏။ ဤသည်မှာ ဓားသမားတစ်ယောက်၏ ဒေါသ ဖြစ်လေသည်။

သို့သော် ဤမြင်ကွင်းက စုရီကို အနည်းငယ်စိတ်ပျက်စေသည်။ သူ့မျက်လုံးထဲ၌ တစ်ဖက်လူသည် ဟွမ်ရှောင်ယုနှင့် မိုရှင်းကျိတို့ အဆင့်တွင်သာရှိနေသည်။

“ မင်းအရမ်းအားနည်းတယ်။ ”

ထိုအဆင့် လူအများကို သူသည် ကြယ်စုစည်းခြင်းအဆင့်ဖြင့်ပင် သတ်ခဲ့ဖူး၏။ တစ်ဖက်တွင် လူအုပ်ကြီးသည် မျက်နှာ ပျက်ယွင်းကုန်သည်။

လူငယ်ပါးစပ်သည် ထိုသူတောင်းစားအဖိုးကြီးထက်ပင် ကြောက်စရာ ကောင်းနေ၏။

ယနေ့ကမ္ဘာကြီးတွင် ယွင်ရင်ဓားတောင်၏ အမာခံတပည့်များကို ဤကဲ့သို့ ပြောဆိုဝံ့သူများ မရှိချေ။ ထို့ကြောင့် ဟန်ဖေးကွမ်တစ်ယောက် နဖူးပြင်ရှိ သွေးကြောများ ပေါက်ပြဲလာ၏။

“ ယောက်ဖ ... မင်းမှန်တယ် ... ဒီလိုအားနည်းတဲ့ ယင်ကောင်တစ်ကောင်က မင်းပြိုင်ဘက် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”

“ ဟိတ် ... ။ ”

ဤတစ်ကြိမ်တွင် ဟန်ဖေးကွန်သည် သည်းမခံနိုင်ဘဲ ကောင်းကင်ပေါ် ခုန်တက်ကာ ရွှေဓားဖြင့် ခုတ်ချလိုက်ချေပြီ။

“ ကောင်းကင်ပေါ်မှ ဓားတစ်လက်။ ”

ယွင်ရင်ဓားတောင်မှ လူတိုင်းမျက်လုံးများ တောက်ပလာ၏။ ကြောက်မက်ဖွယ်ရာ ရွှေဓား ရည်ရွယ်ချက်သည် သူတို့အားလုံးကို ကျောရိုးများ တုန်ခါသွားစေသည်။

“ ရွှပ် ... ။ ”

သို့သော် ဟန်ဖေးကွမ်တစ်ယောက် လေထဲတွင် တုန့်ဆိုင်းလျက် ရောင်ဝါများ ပါးလျ သွားတော့သည်။

စုရီအနား မ‌ရောက်ခင် မြေပြင်ပေါ် ပြုတ်ကျကာ နဖူးမှ သွေးများစိမ့်ကျလာ၏။ ‌ရွှေဓားရည်ရွယ်ချက်သည်လည်း လေထုအတွင်း တဝဲလည်လည်ဖြင့် ပျက်ပြယ်သွားချေပြီ။

ဓားအလင်းသည် မျက်ခုံးနှစ်ဖက်ကြား ထိုးဖောက်ပြီးနောက် အသက်နှင့် ဝိညာဉ်ကို ချက်ချင်းဖျက်ဆီးသွားချေပြီ။

ယခုပင် အော်ဟစ်နေသော ဓားတောင်တပည့်သည် သစ်သားရုပ်ထု တစ်ခုကဲ့သို့ ငြိမ်သက်နေပြီဖြစ်၏။

မြေပြိုခြင်း သို့မဟုတ် ဆူနာမီကဲ့သို့ တုန်လှုပ်ဖွယ်လှိုင်းများ မဖြစ်ချေ။ နှလုံးသားများ တုန်လှုပ်ချောက်ချားကုန်၏။

စွင်းချောင်ရှန့်နှင့် ယွီရှင်းရှန့်မှာ အေးခဲသွားသည်။ ဤမတိုင်မီ တစ်ဖက်လူထံမှ ရတနာကို လုယူရန် ကြိုးစားခဲ့၏။ မည်မျှ သေရန် နီးကပ်ခဲ့ကြောင်း နားလည်လာသည်။

“ ဟူး ... ငါ့ယောက်ဖပြောတာကို မင်းနားမထောင်ဘူး ... အခုတော့ မင်းသေရပြီ အားနည်းလွန်းတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်သင့်တယ်။ ”

ရီရွှမ်မှ လောင်စာကို ထပ်ထည့်သည်။ ချူယွင်အနားရှိ ဆံပင်ဖြူအဖိုးအိုမှ လေးနက် လာပြီး၊

“ ဘယ်လောက်တောင် ရက်စက်လိုက်လဲ။ ”

-ဟု ရေရွတ်လေသည်။

“ အဘိုးကြီး၊ မင်းဒီလိုပဲပြောနေတာ မရှက်ဘူးလား မင်းဓားတောင်ရဲ့ တပည့်တစ်ဦး အသတ်ခံရတာ မင်းလက်စားချေသင့်တယ် ...

... မင်းရဲ့ ဂိုဏ်းတည်ထောင်သူ အကြွင်းမဲ့ဓားခုနစ်လက် ဧကရာဇ်သာ ရှိနေရင် မင်းလိုအဖိုးကြီးကြောင့် ရှက်လို့သေလိမ့်မယ်။ ”

“ မင်း ... ။ ”

ဆံပင်ဖြူ အဘိုးကြီးခမျာ စုရီထက် သူတောင်းစားအဖိုးကြီးအပေါ် ကမ္ဘာမကျေ အမုန်းတရားများ ပေါက်ဖွားလာသည်။

“ ဦးလေးဝမ်၊ ငါလုပ်ပါရစေ။ ”

ချူယွင်က ဟန့်တားလျက် ရီရွှမ်စကားများအပေါ် လျစ်လျူရှုကာ စုရီကို ကြည့်သည်။

“ မိတ်ဆွေ ... ငါတို့ မင်းအပေါ် စော်ကားမိခဲ့တာ မှန်ပေမယ့် ... ငါ့ဂျူနီယာကို သတ်လိုက်တာက လွန်တယ်မဟုတ်လား။ ”

“ ထွီ ... ။ ”

ရီရွှမ်မှ စုရီအစား တုန့်ပြန်၏။

“ မင်းလည်း စကားပြောဖို့ ထွက်လာတာလား ... အခု မင်းရဲ့ဂျူနီယာလို အမှိုက်ကို ငါ့ယောက်ဖလက်နဲ့သတ်ဖို့ ထိုက်တန်တယ်များ ထင်နေလား ...

... မင်းဘာလုပ်နေတာလဲ မြန်မြန်လာတိုက်ပြီး လက်စားချေပါလား အဲဒီမှာရပ်နေပြီး ... မင်းဘိုးဘေးကို အရှက်ရအောင် မလုပ်နဲ့။ ”

ဤတစ်ကြိမ်၌ ချူယွင်ပင် လျစ်လျူရှု မနေနိုင်တော့ချေ။ မျက်နှာ ပျက်ယွင်းလျက် ဒေါသကို မြိုချကာ၊

“ ဒီနေ့အတွက် လုံလောက်ပြီ ... ။ ”

-ဟု တုန့်ပြန်လိုက်လေသည်။

“ ဘာလဲ ... ။ ” 

ချူယွင်စကားကို ကြားသောအခါ သူ့ပတ်ဝန်းကျင်ရှိ တပည့်များအားလုံး မှင်သပ် သွားတော့၏။ သူတို့စီနီယာအစ်ကိုသည် ရှုံးနိမ့်ကြောင်း ဝန်ခံလိုသည်လော။

“ ကြောက်သွားတာလား။ ”

ရီရွှမ်မှ စိတ်ပျက်သွား၏။

“ ရှုံးနိမ့်မှုကို ဝန်ခံချင်တာလား ... မင်း‌ဒီအတွက် လက်စားချေရမှာ မဟုတ်ဘူးလား မင်းရှေ့မှာ မင်းရဲ့ဂျူနီယာ အသတ်ခံရတာ မင်းမှာတာဝန်ရှိတယ်။ ”

သူ့အသွင်သည် ချူယွင်၏ အကြီးအကဲတစ်ယောက်ကဲ့သို့ ဟန်ဖေးကွမ် သေဆုံးသည့်အပေါ် လွန်စွာ လက်စားချေ စေချင်နေ၏။ လူတိုင်း ရီရွှမ်၏ ပါးစပ်ကို ကြောက်ရွံ့လာသည်။

“ ရှုံးနိမ့်တာကို ဝန်ခံတာ ကောင်းပါတယ် ဒါပေမယ့်စည်းမျဉ်းအရ မင်းတို့ကိုယ်ပေါ်မှာရှိတဲ့ ရတနာတွေကို ထားပြီးထွက်သွားပါ။ ”

“ ..... ။ ”

သူတောင်းစားအဖိုးကြီးသည် ကမ္ဘာကြီးကို ကမောက်ကမ ဖြစ်စေလိုသော် ဤလူငယ်သည် ကမ္ဘာကြီးကို အိတ်ထဲသိမ်းထားချင်နေ၏။

“ ဒါက လွန်းလွန်းတယ် မထင်ဘူးလား။ ”

ဆံပင်ဖြူ အဘိုးကြီးက ဒေါသတကြီးဖြင့်၊

“ ချူယွင် ... မင်းမြင်လား မင်းသည်းခံပြီးအလျှော့ပေးလေလေ ရန်သူက မင်းကို အခွင့်ကောင်းယူလေလေ။ ”

-ဟု ဆုံးမလိုက်သည်။

ချူယွင်မှ သက်ပြင်းချလိုက်၏။ ထို့နောက် စုရီထံ ပြန်ကြည့်ကာ၊

“ မင်းနဲ့ သေတဲ့အထိတိုက်မယ်။ ”

-ဟု ကြေငြာလိုက်သည်။

“ ကလန် ... ။ ”

တစ်ချိန်တည်းမှာပင်၊ နဂါးအော်သံကဲ့သို့ ဓားတစ်လက်ပေါ်လာသည်။ ကြယ်ပွင့်အဆင့်၌ (၇၆)ဟူသည် အဓိပ္ပါယ်မဲ့သော အဆင့် မဟုတ်ချေ။

ရောင်ဝါသည် နေမင်းကြီးကဲ့သို့ တောက်ပလျက် ခရမ်းရောင်အလင်းများဓားမှ ထွက်လာကာ ကောင်းကင်နှင့်မြေကြီး အရောင် ပြောင်းသွားစေသည်။

ပေတစ်ထောင်ဧရိယာအတွင်း လေဟာနယ်ပြိုကျလာ၏။ ထိုဖိအားကြောင့် လူတိုင်း ဆုတ်ခွာလိုက်ကြသည်။

“ ယွင်ရင်ဓားတောင်ရဲ့ ချူယွင် ... ကျေးဇူးပြုပြီး ... ငါ့ကိုလမ်းညွှန်ပေးပါ မိတ်ဆွေ။ ”

သူစကားပြောစဉ် ခရမ်းရောင် အခိုးအငွေ့များမြူများကဲ့သို့ သူ့ခေါင်းအထက်၌ ရစ်သိုင်းလာသည်။

“ ခရမ်းရောင် ဆောင်းဦး ဓားပျံ။ ”

ဤသည်မှာ စိတ်ဝိညာဉ်လက်နက်ဖြစ်သည်။ စုရီမှ မျက်ခုံးပင့်လျက်၊

“ မင်း ... ကျန်တဲ့လူတွေနဲ့ အတူတူ လာသင့်တယ်။ ”

-ဟု အကြံပြုသည်။

“ ဒါဆို အတူတူသွားရအောင်။ ”

ဆံပင်ဖြူ အဘိုးကြီးက အခွင့်အရေးကို အရယူသည်။ ထပ်မံ၍ မည်သို့သော မတော်ဆမှု တစ်စုံတစ်ရာမှ မလိုချင်တော့ချေ။

ဟန်ဖေးကွမ်ကို တစ်ချက်တည်းဖြင့် သတ်နိုင်သူသည် အလွန်အစွမ်းထက်‌နေမည်မှာ သဘာဝပေပင်။ ချူယွင်မှ မျက်မှောင်ကြုတ် လိုက်သော်လည်း ဟန့်တားခြင်း မပြုချေ။

ထိုမြင်ကွင်းက ကျန်သူများကို ထပ်မံပြီး ဆုတ်ခွာသွားစေသည်။ တာအိုအမှန်တရားများ လွင့်ပျံလာပြီး ရုတ်ချည်း လေဟာနယ် တင်းကြပ်ကုန်၏။

ဓားသမားနှင့် တာအိုပေါင်းစပ်ခြင်းသည် အပြင်းထန်ဆုံးသော တိုက်ပွဲဝင်စွမ်းအားများကို ရရှိစေသည်။

ချူယွင်၏ ရောင်ဝါနှင့် ပေါင်းစပ်လိုက်သောအခါ ဆိုဖွယ်မရှိတော့ချေ။ သတ်ဖြတ်လိုခြင်းနှင့် ဓားရည်ရွယ်ချက်များ လေထုထဲ ပြည့်နှက်လာခဲ့သည်။

***

All Chapters