← Chapters

မင်းဘယ်သူလဲ။

Vol. 45 Ch. 538

မင်းဘယ်သူလဲ။

Vol. 45 Ch. 538

“ သတ် ... ။ ”

ဆံပင်ဖြူအဖိုးကြီးမှ ဦးစွာတိုက်ခိုက်သည်။ ဝိညာဉ်ထင်ရှားခြင်း၏ ပြီးပြည့်စုံသော တာအိုကို ဆင့်ခေါ်လာ၏။ သူ့အင်္ကျီလက်မှ အနက်ရောင် ဓားလေးလက် လွင့်ပျံလာသည်။

ဓားဖျားတွင် နွေဦး၊နွေမီးလျှံ၊ ဆောင်းဦးနှင့် ဆောင်းဦးတိမ်တိုက်ဟူသော စကားလုံးများကို ရေးထိုးထား၏။

“ ကလန် ... ကလန် ... ။ ”

ဓားလေးစင်း ပေါင်းစပ်ပြီးနောက် ရာသီလေးပါး သံသရာကြီး ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် အခြားသူများသည်လည်း လှုပ်ရှားလာကြ၏။

မတူကွဲပြားသော ဓားရည်ရွယ်ချက်များ ပြည့်နှက်လာပြီး ဓားမိုးရွာကာ ဓားမိုးကြိုးများ ပစ်ကုန်၏။ ( ဓားမိုးနဲ့ ဓားမိုးကြိုးဆိုတာ ဘာလဲ မမေးနဲ့ ကျွန်တော်လည်း မသိဘူး။ )

အထူးသဖြင့် ဆံပင်ဖြူအဖိုးအို ကိုင်ဆောင်ထားသော အနီရောင်ဓားရှည်ကြီး ဖြစ်သည်။

ကောင်းကင်ပေါ် လောင်ကျွမ်းစေကာ မြေပြင်ကို ဖျက်ဆီးနိုင်သော စွမ်းအားများဖြင့် ပြည့်နေ၏။ သတ်ဖြတ်ခြင်းဓားတာအို ပေပင်။

“ ဟမ့် ... ။ ”

ထိုမြင်ကွင်းကို ကြည့်ပြီး စုရီက လေထဲ ပြေးတက်သွားသည်။ ညာလက်ဆန့်ထုတ်ကာ ဓားအလင်းများဖြင့်လည်း ပစ်ခတ်လိုက်၏။

“ ရွှပ် ... ရွှပ် ... ။ ”

ဓားတစ်ချက်သည် ကမ္ဘာကြီးကို ဖျက်ဆီးနိုင်သည်လော။ စုရီဓားအလင်းသွားရာ လမ်းတလျှောက် ဖြစ်စဉ်များ အားလုံး ကြေမွ ကုန်တော့သည်။

“ ဘောင်း ... ဘောင်း ... ။ ”

ပေါက်ကွဲသံများနှင့်အတူ အလင်းမိုးရေများကြားတွင် ဓားလေးလက် သည်လည်း လွင့်စဉ်သွား၏။

အဖျက်စွမ်းအားသည် ချူယွင်နှင့် အခြားသူများအပေါ် ပင်လယ်လှိုင်းလုံးကြီးကဲ့သို့ ပြိုကျကာ နောက်ပြန် လွင့်စဉ်စေကုန်သည်။

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”

တစ်စုံတစ်ယောက်က ရေရွတ်သည်။ ဝိညာဉ်ထင်ရှားခြင်း ဓားသမား ဆယ်ဦးကျော်ကို ဓားတစ်ချက်တည်းဖြင့် ဖြိုခွင်းနိုင်သည်လော။

“ ဒီကောင်က ကြယ်ပွင့်အဆင့် ထိပ်တန်းဆယ်ယောက်က ဘီလူးတစ်ကောင် ဖြစ်နေမလား။ ”

တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လာသည်။ ထိပ်တန်း (၁၀)ဦးစာရင်း၌ ပါဝင်သူများသည် ပြိုင်ဘက်ကင်း ဘီလူးများ ဖြစ်ချေ၏။

မျိုးဆက်ဟောင်းများပင်လျှင် ၎င်းတို့ကို မယှဉ်နိုင်ချေ။ ဤအခိုက်တွင် တစ်ဖက်လူသည် တစ်ခုခုလွဲချော်နေသည်ကို သတိထားမိ၏။

“ ဘယ်လိုလုပ် ဒီလောက်တောင် အစွမ်းထက်နေရတာလဲ ... ။ ”

ချူယွင်တစ်ယောက် ကျောရိုးများ အေးစက်သွား၏။ ထိုလူငယ်၏ စွမ်းရည်ကို ကြိုမြင်ခဲ့ပြီးဖြစ်သဖြင့် ဆုတ်ခွာရန် ရွေးချယ်ခြင်းပေပင်။

ထိပ်တိုက်ရင်ဆိုင်ပြီး နောက်တွင်ပင် ပြိုင်ဘက်ခွန်အားသည် သူ့မျှော်လင့်ချက်ထက် လုံးဝ ကျော်လွန်သွားချေပြီ။

“ ဓားသမားတစ်ယောက်က ... တိုက်ပွဲနဲ့ကြုံတဲ့အခါ သေချင်းတရားကိုတောင် ခံနိုင်ရည်ရှိရမယ် ... မင်းမှာ ခံစားချက်တွေ များလွန်းနေတယ်။ ”

သက်ပြင်းချသံနှင့်အတူ စုရီစကား ပဲ့တင်ထပ်လာစဉ် အနက်ဝတ်လူတစ်ယောက် သွေးမြူအဖြစ် ပြောင်းလဲသွားသည်။

“ မင်းတို့နှစ်ယောက်ထွက်သွား ... ငါသူ့ကို ထိန်းထားလိုက်မယ်။ ”

ဆံပင်ဖြူ အဘိုးအိုတစ်ယောက် နောင်တများဖြင့် အံကြိတ်ကာ ပြေးဝင်သွား၏။ ဤတိုက်ပွဲကို စတင်ရန် သူ အဆိုပြုခြင်းပေပင်။

ဝိညာဉ်ထင်ရှားခြင်းအဆင့် ဓားသမား ဆယ်ဦးကျော်သည် ဓားတစ်ချက်တွင် သည်မျှ ကမ္ဘာပျက်လိမ့်မည်ဟု မထင်သည်မှာ သဘာဝဖြစ်သည်။

“ ရထားလုံးကို ရပ်တန့်ဖို့ ကြိုးစားနေတဲ့ နှံကောင်လေးပဲ အခြားတစ်ယောက် ရှင်သန်ဖို့ မင်းဘယ်လိုများ ကူညီနိုင်မှာလဲ။ ”

စုရီက ဆံပင်ဖြူအဖိုးထံ ကြည့်ကာ လက်ဓားဖြင့် လှမ်းခုတ်ပစ်၏။ ကြယ်မြစ်ကဲ့သို့ အလင်းရောင်တစ်ချက် လက်သွားပြီး အဖိုးအိုခမျာ လေထဲရပ်သွားသည်။

“ ဒါက ဘယ်လိုဓားရေးမျိုးလဲ။ ”

တိုက်ခိုက်မှုကို တစ်ဝက်တစ်ပျက်တွင် ရပ်လိုက်ရပြီး မယုံကြည့်နိုင်စွာဖြင့် ပြန်ငုံ့ကြည့် လေသည်။

“ ရှောင်တခင် ဓားတစ်ချက်ပါပဲ မထူးဆန်းပါဘူး။ ”

စုရီမှ ပြန်ဖြေလိုက်သည်။ ဆံပင်ဖြူ အဘိုးကြီးခမျာ အံ့ဩသွားစဉ် ခန္ဓာကိုယ်နှစ်ခြမ်း ကွဲကျသွားတော့၏။

ဤမြင်ကွင်းသည် ရီရွှမ်ကိုပင် ချွေးများ သီးလာစေသည်။ ယောက်ဖ၏ ကျင့်ကြံမှုသည် သာမန်ဖြစ်သော်လည်း စွမ်းအားသည် ယခင်ဘဝထက်ပင် ထူးကဲနေချေ၏။

“ ငါတို့ ရှုံးနိမ့်မှုကို ဝန်ခံပြီး ရတနာတွေ လွှဲပြောင်းပေးဖို့ ဆန္ဒရှိတယ်။ ”

ချင်ယွင်မှ ထိတ်လန့်တကြား အော်ဟစ်ညှိနှိုင်းသည်။ မှတ်စိတမှိတ်အတွင်း သေဆုံးသွားသော အဖိုးအိုဖြစ်ရပ်သည် သူ့ကို တိုက်ပွဲဝင်ဆန္ဒများ ဆုံးရှုံးသွားစေ၏။

“ နောက်ကျသွားပြီ ... ။ ”

စုရီက ပေါ့ပေါ့ပါးပါး တုန့်ပြန်သည်။ ကြယ်ဓားမြစ်ကြီးသည် ကျန်သူများ အားလုံး အပေါ် ပြိုကျသွားတော့၏။

“ မင်းနာမည် ဘယ်သူလဲ။ ”

ချင်ယွင်က ကြယ်မြစ်ကြီးထံ မော့ကြည့်လိုက်ကာ ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်သည်။

“ စုရီ ... ။ ”

“ ဒါဆို မင်းပဲ ... ။ ”

စကားဆုံးသည်နှင့် ကြယ်ပွင့်အဆင့် (၇၆)တွင်ရှိသော ဓားတောင်၏ တပည့်သည် ရုတ်တရက် သွေးမြူများအဖြစ် ပြောင်းလဲကာ ဝိညာဉ်ကွဲအက်သွားတော့၏။

ဤနည်းဖြင့် လူတိုင်း ပျောက်ကွယ် သွားချေပြီ။ ဓားရည်ရွယ်ချက်များ ရစ်ဝဲလျက် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွား၏။

လေဟာနယ်အတွင်း သွေးညှီရနံ့များ ပျံ့လွင့်နေစဉ် စုရီတစ်ယောက် အနည်းငယ် စိတ်ပျက်သွားခဲ့သည်။

ကြယ်စုစည်းခြင်း အဆင့်တွင် ဤအဆင့်ပြိုင်ဘက်များသည် ခက်ခဲသော ဖိအားကို ပေးစွမ်းနိုင်၏။

ယခုမူ ဝိညာဉ်ထင်ရှားခြင်းအဆင့် ရောက်ရှိပြီဖြစ်ရာ ချူယွင်ကဲ့သို့သန်မာသူများ သည်ပင် ပြိုင်ဘက်ဖြစ်မလာတော့ချေ။

တစ်ခုတည်းသော အကြောင်းပြချက်သည် ကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်ပြီးနောက် သူ၏ တိုက်ပွဲဝင် စွမ်းအားများ ယခင်ထက် သာလွန်သွားခြင်း ဖြစ်နိုင်မည်။

ထိုအကြောင်းအပေါ် တွေးကြည့်သော် ယခင်ဘဝ၌ပင် လက်ရှိ သူနှင့်ယှဉ်နိုင်သော မည်သည့် ပြိုင်ဘက်မျှ ရှာမတွေ့တော့ကြောင်း ရုတ်တရက် သတိပြုမိလာ၏။

“ ကြည့်ရတာ ... ငါနဲ့ ထိုက်တန်တဲ့ ပြိုင်လက်ကို ရှာချင်ရင် ဝိညာဉ်ပေါင်းစည်းခြင်း ဒါမှမဟုတ် ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ကျွမ်းကျင်သူတွေနဲ့သာ ဖြစ်နိုင်တော့မယ်။ ”

အတွေးများဖြင့် ခေါင်းယမ်း ညည်းတွားလိုက်သည်။ ထိုအချိန်တွင် ရီရွှမ်မှ အလျင်အမြန် လှမ်းတက်လာပြီး တံဆိပ်ဖြင့် ပိတ်ထားခံရသော သူ့ပါးစပ်ကို ညွှန်ပြလေသည်။

သူ့အတွက် စကားပြောခွင့် မရခြင်းသည် နှိပ်စက်ခံရခြင်းနှင့် မခြားချေ။ စုရီက လျစ်လျူရှု လျက်ဖြင့်၊

“ အရင်ဆုံး ရှင်းလင်းရေးလုပ်ပါ။ ”

-ဟု အမိန့်ပေးသည်။

ရီရွှမ်တစ်ယောက် အလျင်အမြန် ခေါင်းညိတ်ပြလိုက်ပြီး ကျန်ရစ်သော သိုလှောင် လက်စွပ်များကို လိုက်ကောက်တော့၏။

“ မင်းအလောင်းကို သွားရှာရအောင်။ ”

ထို့နောက် စုရီက ရီရွှမ်ပေးသမျှ လက်ခံယူလိုက်ကာ ထွက်ခွာရန်ပြင်လေသည်။ ရီရွှမ်မှ သူ့ပါးစပ်ကို လက်ညှိုးထိုးပြပြန်၏။ စုရီမှ လျစ်လျူရှုဆဲဖြစ်သည်။ ရီရွှမ်ခမျာ နာကျင်သော အကြည့်ဖြင့် တိတ်ဆိတ်စွာ လိုက်ပါလာ၏။

များမကြာမီ နှစ်ယောက်သား မိုးကုတ်စက်ဝိုင်းအတွင်း ပျောက်ကွယ်သွား ခဲ့ချေပြီ။

အစမှအဆုံးတိုင် ယွီရှင်းရှန်၊ စွင်းရှောင်လျူနှင့် အခြားသူများ အားလုံးကို လျစ်လျူရှုသွား၏။

“ ဓားတောင်ရဲ့ တပည့်တွေ ဒီအတိုင်းပဲ သေကုန်ပြီလား ... ။ ”

ကွမ်တျန်းရှန်တစ်ယောက် အိပ်မက်မှ နိုးထလာသကဲ့သို့ တုန်တုန်ယင်ယင်နှင့် ရေရွတ် လိုက်တော့သည်။

ဤမတိုင်မီ ချူယွင်နှင့် အခြားသူများ အတွက် အလုပ်ကိစ္စများ လုပ်ဆောင်နိုင်သည့် အပေါ် ကျေနပ်ဂုဏ်ယူနေသေး၏။ လက်ရှိ အချိန်တွင် နှလုံးသားတစ်ခုလုံး ကြောက်ရွံ့မှု များနှင့် ပြည့်နှက်နေခဲ့၏။

“ သူ ... သူ စုရီလား။ ”

စပါးအုံး ၀တ်စုံဝတ် အမျိုးသားခမျာ တုန်ယင်လာ၏။ မကြာသေးမီ ကောင်းကင်နှင့် မြေကြီးကြား ဝိညာဉ်စွမ်းအင် ပြန်လည် နိုးထလာကြောင့် စုရီအပေါ် လူတိုင်း မေ့ပျောက်လုနီးပါး ဖြစ်ခဲ့ရသည်။

ထို့ပြင် ကြယ်ပွင့်စာရင်း၌လည်း မပါရှိတော့သဖြင့် လူတိုင်း၏ နှလုံးသားထဲတွင် လေနှင့်မိုးလို လွင့်ပါးသွား၏။

ယခုမူ ထိုဒဏ္ဍာရီသည် ပြန်လည် ထွက်ပေါ်လာပြီး ယွင်ရင်ဓားတောင်၏ ဝိညာဉ် ထင်ရှားခြင်းအဆင့် ကျွမ်းကျင်သူများကို သတ်ပစ်ခဲ့သည်။

ထိုအဖြစ်အပျက်သည် ယနေ့ပြီးနောက် မိုပြာတိုက်ကြီးအနှံ့ ပျံ့နှံ့သွားတော့မည်မှာ သေချာနေချေပြီ။

***

All Chapters