← Chapters

မင်းအတွက် သင်္ချိုင်းပဲ။

Vol. 45 Ch. 540

မင်းအတွက် သင်္ချိုင်းပဲ။

Vol. 45 Ch. 540

“ ..... ။ ”

ထိုစဉ် ရုတ်​တရက်​ ကြေးပလ္လင်ရှေ့ တင်ပျဉ်ခွေထိုင်နေသော လူလေးယောက်သည် တစ်ပြိုင်နက်တည်း မတ်တပ်ထရပ်လာ၏။

“ ပြီးပြီလား ... ။ ”

တာအိုဝတ်လုံဝတ် အမျိုးသားက အံ့သြလာကာ မူလက နေ့တစ်ဝက်ခန့် အချိန်ယူ ရမည်ဟု သူထင်ခဲ့သည်။ ယခုမူ ထို့ထက် စောနေချေ၏။

“ ဟား ဟား ဟား ... ရုပ်ကြွင်းကို ဖုံးအုပ်ထားတဲ့ တားမြစ်တံဆိပ်က ကမ္ဘာကြီး ပြောင်းလဲမှုတွေကြောင့် ... ရုတ်တရက် ပြိုကျတော့မယ် ...

... အရိပ်အယောင်တွေ ပြနေတယ် ဒါက တိုက်ဆိုင်မှုပါပဲ ငါတို့အတွက် အမြတ်ထုတ်ဖို့ အခွင့်အရေးတစ်ခု ပေးခဲ့တယ်။ ”

အနီရောင်ဝတ်လုံဝတ် အဘိုးကြီး တစ်ယောက်မှ ရယ်မောလျက် ပြန်လည်ရှင်းပြ လာလေသည်။

ဧကရာဇ် ရုပ်ကြွင်းတွင် လျှို့ဝှက် ဆန်းကြယ်သော တံဆိပ်တစ်ခုဖြင့် ဖုံးအုပ်လျက် လူအများ ချည်းကပ်ခြင်းကို တားမြစ်ထား၏။

ထို့ကြောင့် စိတ်ပျက်အားငယ်စွာဖြင့် ဤကြေးပလ္လင်လေးခုကို တည်ထောင်ကြပြီး တံဆိပ်ဖျက်ရန် ကြိုးစားကြည့်ခဲ့သည်။

ယင်းသည် ကြေးပလ္လင်တစ်ခုစီတွင် ဘိုးဘေးဧကရာဇ်ချန်ထားခဲ့သော နတ်ဘုရား ရတနာ အပိုင်းအစများတင်ကာ တံဆိပ်၏ ခုခံမှုကို ပယ်ရှားကြည့်ခြင်းဖြစ်၏။

“ ဝုန်း ... ။ ”

စကားပြောနေစဉ် ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါလျက် အနက်ရောင် အလင်းရောင်များစွာ ဖြာထွက်လာသည်။ ယင်းသည် အလုံပိတ် အလင်းပိုက်ကွန်ကြီးတစ်ခု ပေပင်။

နေရာအနှံ့ ပေါက်ပြဲပြီး တဖြည်းဖြည်း တောက်ပ၏။ တာအိုဝတ်ရုံဝတ် အမျိုးသားမှ မော့ကြည့်လျက်၊

“ ရှေးခေတ်တည်းက အခုချိန်ထိ လူတိုင်း ဘိုးဘေးပြန်လာမယ်လို့ ယူဆခဲ့တယ် ဒါပေမယ့် ဘယ်သူ ထင်မှာလဲ။ ”

-ဟု ညည်းတွားလိုက်သည်။

အဝေးတွင် ရုပ်အလောင်းတစ်ခု ရှိနေ၏။ နှစ်ထောင်ပေါင်းများစွာ ကုန်လွန်နေသော်လည်း ပျက်စီးယိုယွင်းမှု လက္ခဏာ မပြသေးချေ။

အနက်ရောင် အမွေးအမှင်ဝတ်ရုံ၊ ရှည်လျားသောဦးထုပ်၊ ထူထဲသော မျက်ခုံးနှင့် ချောမောသော မျက်နှာအသွင်ရှိသည်။

အလောင်းတစ်ဝိုက်တွင် မထင်မရှားနှင့် ဆန်းကြယ်သော တံဆိပ်စွမ်းအား အလွှာတစ်ခု ခပ်ပါးပါးမြင်နေရ၏။

“ ဒါ ... တကယ်ပဲ ဘိုးဘေးပဲ ... ။ ”

အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးက ချက်ချင်းပင် မှတ်မိသည်။ မရဏ ငရဲနန်းတော် ဘိုးဘေးမြေတွင် ဤပုံတူကို မြင်ဖူးထား၏။

“ အကြီးအကဲကူ ​... ဘိုးဘေးတံဆိပ်က ပြိုကျတော့မယ် ငါတို့ရဲ့ ခွန်အားနဲ့ ရုပ်ကြွင်းကို ပြန်မယူနိုင်တော့မှာ ငါကြောက်တယ်။ ”

ဝတ်လုံနီအဘိုးကြီးမှ မှတ်ချက်ပေးသည်။ တာအိုဝတ်လုံဝတ် အမျိုးသား တိတ်ဆိတ်သွား ပြီးနောက်၊

“ ဒါဆို နန်းတော်သခင်ရဲ့ ညွှန်ကြားချက်အတိုင်း ချက်ခြင်း သန့်စင်မယ် မင်းလုပ်ရမှာက ဘိုးဘေးရဲ့ မူလစွမ်းအားကို ပြန်ထုတ်ယူပါ။ ”

-ဟု အမိန့်ပေးလိုက်၏။

“ နားလည်ပါပြီ ... ။ ”

အမိန့်ရသည်နှင့် ၀တ်လုံနီဝတ် အဘိုးကြီးအဖွဲ့သည် ခေါင်းညိတ်လိုက်ကြပြီး လေထဲတံဆိပ်များ ထုလုပ်လျက် ကြေးပလ္လင်ထံ ပို့လွှတ်လိုက်ကြသည်။

“ ရွှပ် ... ။ ”

ကြေးပလ္လင်ကြီးများမှ သွေးနီရောင် သက်တံလေးစင်း ချက်ချင်းထွက်ပေါ်လာ၏။ အနက်ရောင်ဝတ် အမျိုးသမီးခမျာ မျက်နှာ ချက်ချင်း ပျက်ယွင်းသွားချေပြီ။

“ ရပ်လိုက်ပါ ... အားလုံး ဘိုးဘေးကို သစ္စာဖောက်တဲ့ လုပ်ရပ်မျိုး ဘယ်လိုများ လုပ်ဝံ့ကြတာလဲ။ ”

ဝတ်လုံနီအဘိုးကြီးနှင့် အဖွဲ့သည် သူမစကားကို ဂရုမစိုက်ချေ။ တာအိုဝတ်လုံဝတ် အမျိုးသားမှ အေးစက်စွာဖြင့်၊

“ ရွှမ်ကျစ်၊ ငါတို့ဘိုးဘေးသာ အသက်ရှင်နေသေးရင် ဒီလိုသန့်စင်ခွင့်ကို သေချာပေါက် ဆန္ဒရှိလိမ့်မယ် ...

... မင်းမြင်တဲ့အတိုင်း ရုပ်ကြွင်းပေါ်က တံဆိပ်ပြိုကျနေပြီ ... ဒါတွေကို ပြာမှုန်အ​​ဖြစ် ဖြုန်းတီးမိတာမျိုး မင်းမြင်ချင်လား ...

... မကြာခင် မိုးပြာတိုက်ကြီးမှာ ရွှေခေတ်ရောက်တော့မယ် ဒီလိုအခြေအနေမှာ ငါတို့ဘယ်လိုများ လျစ်လျူရှုနိုင်မှာလဲ။ ”

-ဟု ရှင်းပြလိုက်၏။ ထိုနောက် တာအိုဝတ်ရုံဝတ် အမျိုးသားက အနက်ဝတ် အမျိုးသမီးထံ ပြန်လှည့်ကြည့်ကာ၊

“ မင်းလည်း ဒီလိုမျိုး ဖြုန်းတီးမိတာမျိုး မမြင်ချင်ဘူး မဟုတ်လား။ ”

-ဟု မေးမြန်းသည်။

သူ့မျက်လုံးများသည် နက်နဲပြီး လွှမ်းမိုးလိုသော ရောင်ဝါထွက်ပေါ်လာသဖြင့် အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးသည် ကြောက်ရွံ့ထိတ်လန့်လာကာ တစ်ကိုယ်လုံး တောင့်တင်းသွားလေသည်။

သူမက အသက်ပြင်းပြင်းရှူလျက်၊

“ ဒါပေမယ့် ... ဒါက ဘိုးဘေးကို အကြီးကျယ်ဆုံး ပုတ်ခတ်စော်ကားမှုတစ်ခုပဲ အကြီးအကဲကူ ပြန်စဉ်းစားသင့်တယ်။ ”

-ဟု အံကြိတ်ကာ စေဒကတတ်လိုက်၏။

“ ဟမ့် ... ယုတ္တိမတန်တဲ့ စကားတွေ မပြောနဲ့။ ”

ထို့နောက် တာအိုဝတ်လုံဝတ် အမျိုးသားသည် အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးကို လျစ်လျူရှုထားခဲ့သည်။

“ ဧကရာဇ်ရင်းမြစ်ကြောင့် ဘိုးဘေးကိုတောင် သန့်စင်ဖို့ကြိုးစားဝံ့သလား ဘိုးဘေးအသူရာဧကရာဇ်သာ သိခဲ့ရင် ဘယ်လောက် ဒေါသထွက်လိမ့်မလဲ။ ”

အနက်ရောင်ဝတ် အမျိုးသမီးခမျာ နှလုံးသားထဲတွင် ဝမ်းနည်းမှုလှိုင်းတံပိုးကို ခံစားလာရတော့၏။

“ ရွှီး ... ရွှီး ... ။ ”

ရုတ်တရက် စူးရှသောမြည်သံနှင့်အတူ ကြေးပလ္လင်လေးခုပေါ်တွင် တင်ထားခဲ့သော ရတနာအပိုင်းအစများအားလုံး ချက်ချင်း ပျံသန်းသွားကြသည်။

“ ဘာတွေဖြစ်နေတာလဲ။ ”

ဧကရာဇ်ရင်းမြစ်ကို ထုတ်ယူရန် ကြိုးစားနေသော အနီရောင်ဝတ် အဖိုးအိုနှင့် တာအိုဝတ်လုံဝတ် အမျိုးသားတို့မှာ ရှုပ်ထွေးစွာဖြင့် လှည့်ကြည့်လိုက်ကြ၏။

နတ်ဘုရားရတနာ အပိုင်းအစများသည် သွေးမြူအတွင်း ပြေးဝင်ပျောက်ကွယ်သွားတော့ သည်။

“ လူတွေရဲ့ နှလုံးသားက အမြဲတမ်း တိမ်တွေလို လေနဲ့အတူ ပြောင်းလဲနေတယ်။ ”

ရုတ်တရက် ထိုသွေးမြူအတွင်းမှ အားကိုးရာမဲ့ကာ ဆုံးရှုံးခြင်းများဖြင့် ပြည့်နှက် နေသည့် အသံတစ်သံထွက်ပေါ်လာ၏။

“ ဘယ်သူလဲ။ ”

တာအိုဝတ်လုံဝတ် အမျိုးသားမှ မျက်မှောင်ကြုတ်လျက် မေးမြန်းလိုက်သည်။ များမကြာခင် ကျောက်စိမ်းရောင် ဝတ်လုံနှင့် လူငယ်တစ်ဦး လက်နှစ်ဖက် နောက်ပို့လျက် သွေးမြူအတွင်းမှ ထွက်လာ၏။

ဘေးတွင် ညစ်ညမ်းသော တာအိုဝတ်ရုံကြီးဖြင့် အဖိုးအိုတစ်ယောက် ကူကယ်ရာမဲ့စွာ လိုက်ပါလာသည်။

သူ့ဘေးတွင် ပျံသန်းသွားသော နတ်ဘုရားရတနာ အပိုင်းအစများ အားလုံးသည် ရွှင်မြူးစွာဖြင့် ပျံဝဲလိုက်ပါနေတော့၏။

ဤသည်မှာ စုရီနှင့် ရီရွှမ် ဖြစ်လေသည်။ ရီရွှမ် မျက်နှာပေါ်တွင် အထီးကျန်မှုများဖြင့် ပြည့်နှက်နေခဲ့၏။

တစ်စုံတစ်ဦးသည် သူ့ခန္ဓာကိုယ်ကို တပည့်တစ်ဦးမှ အခွင့်အရေးအဖြစ် ယူဆကာ သန့်စင်ခြင်းမဖြင့် မည်မျှနာကျင်ရမည်နည်း။

စုရီက ထိုအဖြစ်အပျက်အတွက် ထူးထွေဆန်းပြားခြင်းမရှိချေ။ လူဝင်စားမခံရမီ သူ့အတွက် ပြင်ဆင်ထားသည့် ဝမ်းနည်းခြင်း ခန်းမရှိ မြင်ကွင်းများက ထုံကျင်နေပြီဖြစ်၏။

လက်ရှိအချိန်၌ ရီရွှမ်သည် အံ့သြမှု၊ စိတ်ပျက်မှု၊ အကူအညီမဲ့မှုနှင့် စိတ်ရှုပ်ထွေး နေမည်ကို သူ နားလည်သည်။

သေပြီးနောက် ဤမျှအဓိပ္ပါယ်မဲ့သော မထင်မှတ်ထားစရာများ ဖြစ်လာလိမ့်မည်ဟု မည်သူသည် မျှော်လင့်ထားမည်နည်း။

စုရီကို မြင်သောအခါ အနက်ရောင် ဝတ်စုံဝတ် အမျိုးသမီးသည် ခဏမျှမှင်သပ်ကာ ထိတ်လန့်သွားပြီး၊

“ စုရီ ... ။ ”

-ဟု အော်ဟစ်လိုက်သည်။

စုရီက ထိုအနက်ရောင် ဝတ်စုံဝတ် အမျိုးသမီးသည် သန့်ရှင်းသောသမီးတော် ဖြစ်သည်ကို မှတ်မိလာ၏။

ထိုအကြောင်းကို ပြောရမည်ဆိုသော် ရီရွှမ်ဇစ်မြစ်အကြောင်း ဤအမျိုးသမီးမှ တစ်ဆင့် သိရှိခဲ့ခြင်းပေပင်။

“ ရွှမ်ကျစ် ... ဒီလူနှစ်ယောက်ကို မင်းသိနေတာလား။ ”

တာအိုဝတ်ရုံဝတ် အမျိုးသားက မျက်မှောင်ကြုတ်ကာ ပြန်လှည့်မေးလိုက်သည်။ အမှောင်နတ်မိစ္ဆာတောင်တန်းကို ပိတ်ဆို့ ထားသည်မှာ ကြာခဲ့ပြီဖြစ်၏။

ယခုမူ လူစိမ်းနှစ်ယောက် ဝင်ရောက်လာနေသည်။ ဆိုလိုသည်မှာ ဝိညာဉ် ထင်ရှားခြင်းအဆင့် ကျွမ်းကျင်သူနှစ်ဦးကို ဖြတ်ကျော်လာနိုင်သည့် ဤလူများသည် မရိုးရှင်းကြောင်း မြင်နိုင်၏။

“ အကြီးအကဲကူ ... ဒါ စုရီ။ ”

“ စုရီ ... ။ ”

ထိုအမည်သည် တာအိုဝတ်လုံဝတ် အမျိုးသားနှင့် ဝတ်လုံနီဝတ် အဘိုးအိုတို့အဖွဲ့ကို အံ့သြသွားစေ၏။

“ ဒါဆို သူတောင်းစားအဖိုးကြီးက ဘယ်သူလဲ။ ”

“ ငါဘယ်သူလဲ ဟုတ်လား။ ”

တာအိုဝတ်ရုံဝတ်အမျိုးသား၏ မေးခွန်းကြောင့် ရီရွှမ်မှ ပို၍ဝမ်းနည်းလာပြီး ဒေါသတကြီးဖြင့်၊

“ ငါမင်းရဲ့ ဘိုးဘေး ... ။ ”

-ဟု အော်ဟစ်လိုက်သည်။

လူတိုင်းက အံ့အားသင့်ကုန်ပြီး တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်ကြ၏။ ချက်ချင်းပင် တာအိုဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသားသည် မျက်နှာမည်းမှောင်လျက်၊

“ ဟမ့် ... မင်းက ... မင်းကိုယ်မင်း ဘယ်သူလို့ထင်ပြီး မောက်မာဝံ့တာလဲ မင်းလို သူတောင်းစားက သတ္တိရှိလား။ ”

-ဟု ကြိမ်းမောင်းလေသည်။

ထို့နောက် မဝေးလှသော အုတ်ဂူကို လက်ညှိုးထိုးပြကာ၊

“ အဲဒီမှာ ... ငါတို့ရဲ့ တည်ထောင်သူ ဘိုးဘေးပဲ သူလွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာ တည်းက ကွယ်လွန်သွားခဲ့ပြီ။ ”

-ဟု ပြောကြား၏။ ဝတ်လုံနီအဘိုးအိုသည်လည်း၊

“ လူယုတ်မာ ... မင်းငါတို့ရှေ့မှာ တည်ထောင်သူဘိုးဘေးကို တကယ်ဆဲဆိုဝံ့လား ဘယ်လောက်တောင် သတ္တိရှိလဲ။ ”

-ဟု ဝင်ရောက် ငေါက်ငမ်းလေသည်။

ရီရွှမ်တစ်ယောက် တခဏတာ အံ့အားသင့်သွားပြီး စကားမပြောနိုင်တော့ချေ။ မည်သို့သော ပြက်လုံးများပေနည်း။

“ သူတို့က မင်းကို အသိအမှတ်မပြုတာ သာမာန်ပါပဲ။ ”

စုရီက ရပ်ကြည့်နေရာမှ မှတ်ချက်ပေးလေသည်။ ရီရွှမ်တစ်ယောက် ခါးသက်သော အသွင်ဖြင့်၊

“ တကယ်တော့ ဒီလိုဖြစ်လာဖို့ ငါမျှော်လင့်ထားခဲ့ပြီးသားပါ ... အဲဒါကြောင့် ဒီနှစ်တွေမှာ ငါလွင့်မျောနေပေမယ့် သူတို့ဆီကနေ အကူအညီ ...

... မတောင်းခဲ့တာပဲ ... ဒါပေမယ့် ငါ့ရဲ့တာအိုခန္ဓာကိုယ်ကို သန့်စင်ဖို့ကြိုးစားတဲ့ အထိ ဒီလောက်တောင် ... ရဲဝံ့နေလိမ့်မယ် လို့တော့ တကယ်မထင်ထားမိဘူး။”

“ ဒါဆို ငါနဲ့ထားခဲ့ပါ။ ”

စုရီမှ စိတ်မကောင်းစွာ ပြောလိုက်၏။

“ ဟမ့် ... မင်းဘာကို ဆိုလိုတာလဲ တည်ထောင်သူဘိုးဘေးရဲ့ ... ရုပ်ကြွင်းတွေကို အတင်းအဓမ္မသိမ်းယူဖို့ စီစဉ်နေတာလား။ ”

စုရီနှင့် ရီရွှမ်တို့၏ စကားများကြောင့် မလှမ်းမကမ်းရှိ တာအိုဝတ်ရုံဝတ် အမျိုးသားမှ ပို၍ပင် မျက်မှောင်ကြုတ်သွားလေသည်။

၀တ်လုံနီအဘိုးကြီးနှင့် အခြားသူများ သည်လည်း စိတ်မချမ်းသာတော့ချေ။ ရွှမ်ကျစ်မှ နှလုံးသားများ တင်းကျပ်လာပြီး၊

“ အကြီးအကဲကူ ... ကျေးဇူးပြုပြီး နားလည်မှု မလွဲပါနဲ့ ... သခင်လေးစုရီဟာ လူဆိုး မဟုတ်တာ သေချာပါတယ် သူ ... ။ ”

“ ပါးစပ်ပိတ်ထား ... ။ ”

တာအိုဝတ်လုံဝတ် အမျိုးသားမှ အေးစက်စွာဟစ်အော်လျက်၊

“ ဒီကောင်က လူဆိုးမဟုတ်ဘူးလား ... ဒါဆိုငါတို့ရဲ့ သန့်ရှင်းသောသားတော်နင်ဖုန်းနဲ့ မိုရှင်းဇီကို ဘယ်သူ သတ်ခဲ့တာလဲ ... ပြော ။ ”

-ဟု မေးမြန်းလာ၏။

ရွှမ်ကျစ်တစ်ယောက် အသံ မထွက်တော့ချေ။ ထို့နောက် တာအိုဝတ်ရုံဝတ် အမျိုးသားမှ အကြောင်းအရာ ပြောင်းလိုက်ပြီး စုရီထံပြန်လှည့်ကြည့်ကာ၊

“ ဒါပေမယ့် ... ငါမင်းကို အခွင့်အရေး ပေးနိုင်ပါတယ် မင်းတို့အခုထွက်သွားရင် ဘာမှ မဖြစ်သလို ဟန်ဆောင်နိုင်တယ် ... မဟုတ်ရင် ဒီအမှောင်နတ်မိစ္ဆာ တောင်တန်းကြီးက မင်းအတွက်သင်္ချိုင်းပဲ။ ”

-ဟု ကြေငြာလိုက်တော့၏။

***

Book-45

All Chapters