← Chapters

မည်သူက နတ်ဘုရားရုပ်ကြွင်းအား မြင်တွေ့နိုင်မည်နည်း။

Vol. 152 Ch. 2163

မည်သူက နတ်ဘုရားရုပ်ကြွင်းအား မြင်တွေ့နိုင်မည်နည်း။

Vol. 152 Ch. 2163

ရီဖူရှင်းသည် လေးမျက်နှာကျေးရွာ၌ ရှိစဥ်က မျက်မမြင်ထျယ်အကြောင်းကို မေးမြန်းခဲ့ဖူးသည်။ သူသည် ထိပ်သီးအင်အားစုတစ်ခုက မျက်မမြင်ထျယ်အား သစ္စာဖောက်ကာ နတ်ဘုရားနည်းစနစ်အား ခိုးယူသွားကြောင်း သိရှိခဲ့ရပေသည်။

ကောင်းကင်ကိုးလွှာ၏ အဆင့်နိမ့်ကောင်းကင်တတိယအလွှာတွင် နတ်ဆိုးတိမ်လွှာကလန်ဟုခေါ်သည့် အစွမ်းထက် အင်အားစုတစ်ခု ရှိသည်။ နတ်ဆိုးတိမ်လွှာကလန်သည် ရှန်ချင်းနယ်မြေအတွင်းမှ အခြား အင်အားစုကြီးများနှင့် ယှဥ်လျှင် တိုတောင်းသော သမိုင်းကြောင်း ရှိလေသည်။ ၎င်းက ကြွယ်ဝသော အမွေအနှစ်များကြောင့် အစွမ်းထက်လာခြင်း မဟုတ်ပေ။ ထို့အစား ထူးချွန်ထက်မြက်၍ လွှမ်းမိုးနိုင်စွမ်းရှိသော တန်ခိုးရှင်တစ်ယောက် ဖြစ်သည့် နတ်ဆိုးတိမ်လွှာကလန်မှ မဟာအကြီးအကဲကြောင့် တိုးတက်ကာ အခြေခိုင်လာခြင်း ဖြစ်ပေသည်။

နတ်ဆိုးတိမ်လွှာကလန်မှ မဟာအကြီးအကဲသည် အချိန်ကြာမြင့်စွာ ကျင့်ကြံခဲ့ပြီး ထိတ်လန့်အံ့သြဖွယ် စွမ်းအားကို ပိုင်ဆိုင်ထားသည်။ နတ်ဆိုးတိမ်လွှာကလန်က အဆင့်နိမ့်ကောင်းကင်တတိယအလွှာ၌ အခြေစိုက်ထားသော်လည်း လူအများသည် နတ်ဆိုးတိမ်လွှာကလန်၏ မဟာအကြီးအကဲက အလယ်အလတ်အဆင့် ကောင်းကင်တတိယအလွှာမှ ဆရာသခင်အဆင့် တန်ခိုးရှင်များနှင့် တူညီသော အဆင့်တွင် ရှိနေသည်ဟု ယုံကြည်ကြပေသည်။

ထို့အပြင် နတ်ဆိုးတိမ်လွှာကလန်မှ တန်ခိုးရှင်များသည် အလွန် ရည်မှန်းချက်ကြီးပြီး အစွမ်းလည်းထက်လှသည်။ ရလဒ်အနေနှင့် သူတို့အင်အားစုက အလျင်အမြန် တိုးတက်ကျယ်ပြန့်လာပေသည်။

လက်ရှိမျိုးဆက်ကို နတ်ဆိုးတိမ်လွှာကလန် မဟာအကြီးအကဲ၏ အကြီးဆုံးသား မော့ခယ်မှ ဦးဆောင်နေသည်။ သူက ထူးချွန်သည့် သဘာဝပါရမီနှင့် ခြိမ်းခြောက်နိုင်စွမ်းရှိသည့် တန်ခိုးရှင်တစ်ယောက် ဖြစ်လာသည်။ လူအများသည် သူက နတ်ဆိုးတိမ်လွှာကလန်၏ မဟာအကြီးအကဲထက် ပို၍သာလွန်ကာ အနာဂတ်၌ ပိုမို အောင်မြင်မှုများ ရလာလိမ့်မည်ဟု ယုံကြည်ထားကြသည်။

ကောလာဟလများအရ နတ်ဆိုးတိမ်လွှာကလန်၏ မဟာအကြီးအကဲသည် ကံကောင်းထောက်မစွာဖြင့် နတ်ဘုရားရတနာတစ်ခုကို ရရှိခဲ့ပြီး ကျော်ဇောထင်ရှားလာခဲ့ပေသည်။ ထိုသည်ကပင် သူ၏ အကြီးဆုံးသား မော့ခယ် တစ်ဆင့်ပြီး တစ်ဆင့် အဆင့်ချိုးဖျက်တက်နိုင်စွမ်း ရှိလာသည့် အကြောင်းရင်းပင် ဖြစ်သည်။ သူ၏ သားက အဖေထက် ပို၍ အောင်မြင်လာပေသည်။ သူက အဆင့်နိမ့်ကောင်းကင်တတိယအလွှာမှ ဖြစ်သော်လည်း မော့ခယ်သည် ရှန်ချင်းကုန်းမြေ၏ အထင်ရှားဆုံး တန်ခိုးရှင်များထဲမှ တစ်ယောက် ဖြစ်လေသည်။ သူက ပြီးပြည့်စုံသော မဟာလမ်းစဥ်နှင့် အဆင့်ရှစ်ရန်ဟောင်တစ်ပါး ဖြစ်ကာ ဆရာသခင်အဆင့် တန်ခိုးရှင်တစ်ယောက် ဖြစ်လာရန် ခြေတစ်လှမ်းသာ လိုပေသည်။

မော့ခယ်က အဆင့်ကိုးရန်ဟောင် ဖြစ်လာလျှင် နတ်ဆိုးတိမ်လွှာကလန်က ပို၍ တိုးတက်လာကာ ရှန်ချင်းနယ်မြေအတွင်း အလွှမ်းမိုးနိုင်ဆုံး အင်အားစုတစ်ခု ဖြစ်လာပေလိမ့်မည်။ သူတို့သည် အဆင့်မြင့်ကောင်းကင်တတိယအလွှာမှ ထိပ်သီးအင်အားစုနှင့် ရင်ဆိုင်ရန်ပင် ဂုဏ်သရေ ရှိပေသည်။

မော့ခယ်က လေးမျက်နှာကျေးရွာမှ မျက်မ​မြင်ထျယ်နှင့် သူ၏ ဆက်ဆံရေးကြောင့်လည်း ကျော်ကြားပေသည်။ ယခင်နေ့ရက်များတွင် သူတို့က ညီအစ်ကိုအရင်းများသဖွယ် ရှန်ချင်းနယ်မြေတစ်ခွင် ခရီးသွားခဲ့သည်။ သူတို့နှစ်ယောက်လုံးက ကောင်းစွာထင်ရှားသည့် ထူးချွန်ထက်မြက်သော တန်ခိုးရှင်များ ဖြစ်ကြသည်။ သို့သော် နောက်ပိုင်း၌ မော့ခယ်က မျက်မမြင်ထျယ်ကို သစ္စာဖောက်ခဲ့သည်။ သူက မျက်မမြင်ထျယ်၏ နတ်ဘုရားနည်းစနစ်ကို ခိုးယူရုံသာမက သူ့ကို မျက်မမြင်ဖြစ်သွားစေခဲ့သည့်အပြင် သေလုမျောပါးဖြစ်အောင်ပင် လုပ်ပစ်ခဲ့၏။

ထိုအချိန်က သတင်းများမှာ အံသြတုန်လှုပ်ဖွယ် ထွက်ပေါ်လာပေသည်။ လူအများသည် နတ်ဆိုးတိမ်လွှာကလန်က သူတို့ တိုးတက်ရန်အတွက် ရက်စက်ကြမ်းကြုတ်ကာ မသမာသော နည်းလမ်းများ အသုံးပြုသည့်အတွက်ကြောင့် နှာခေါင်းရှုံ့လိုက်ကြသည်။ အဆင့်မြင့်ကောင်းကင်ကိုးလွှာရှိ အင်အားစုများသည်လည်း နတ်ဆိုးတိမ်လွှာကလန်နှင့် အကွာအဝေးတစ်ခု ခြားထားကြပေသည်။

သို့ဆိုလျှင်ပင် လူတိုင်းသည် သူတို့၏ ထက်သန်သော ရည်မှန်းချက်များနှင့် လူမဆန်သည့် ရက်စက်ကြမ်းကြုတ်မှုများကြောင့် အားကောင်းသထက် အားကောင်းလာသည်ကို ဝန်ခံရပေလိမ့်မည်။ သူတို့က အဆင့်မြင့်ကောင်းကင်တတိယအလွှာသို့ တက်ရောက်ရန် ရည်ရွယ်နေခြင်း ဖြစ်နိုင်သည်။

သူက မျက်မမြင်ထျယ်၏ ဒေါသကို ခံစားမိသည်နှင့် ရီဖူရှင်းသည် သူ့ရှေ့မှ သက်လတ်ပိုင်းလူကြီး၏ သရုပ်မှန်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုလူက မျက်မမြင်ထျယ်အား သစ္စာဖောက်ပြီး ဒုက္ခိတဖြစ်စေခဲ့သည့် လက်သည် နတ်ဆိုးတိမ်လွှာကလန်မှ မဟာအကြီးအကဲ၏ အကြီးဆုံးသား မော့ခယ် ​ဖြစ်ပေလိမ့်မည်။

ရီဖူရှင်းက ခေါင်းကို မော့ကာ မော့ခယ်အား ကြည့်၍ ပြောလိုက်သည်။ "ကျုပ်က နတ်ဘုရားခေါင်းတလားထဲက အရာကို ဆက်ပြီးတော့ လေ့လာဦးမှာပဲ။ ခင်ဗျားက ကျုပ်ကို နတ်ဘုရားရုပ်ကြွင်း မြင်ရလား မမြင်ရလား မေးရင် ကျုပ် အဖြေက အတူတူပဲ ဖြစ်လိမ့်မယ်။ အဲဒါကို ခင်ဗျား ကြည့်တာ မကြည့်တာက ကျုပ်အလုပ်မဟုတ်ဘူး။ ခင်ဗျား ကိုယ့်ဘာသာ ကြည့်ရင် သိလိမ့်မယ်။ ခင်ဗျား စိတ်ပိုင်းဖြတ်ပြီး ဖြစ်နေရင် ကျုပ်ကို မေးနေစရာမလိုဘူး။ ခင်ဗျား ကြည့်ရဲရင် သွားကြည့် မကြည့်ရဲရင် ငြိမ်နေလိုက်။"

လူအုပ်ကြီးက ရီဖူရှင်း၏ တုံ့ပြန်မှုကြောင့် ဇဝေဇဝါဖြစ်သွားကြသည်။ သူ၏ အသံက အလွန် မောက်မာလှပြီး မည်သည့်ဘက်သို့ တွန်းပို့​နေသည်အား ပြောရန် ခက်ခဲပေသည်။ အခြားလူများသည် နတ်ဘုရားရုပ်ကြွင်းကို ကြည့်သင့်လား မကြည့်သင့်လား တွေဝေနေကြပေသည်။

မော့ခယ်ကို သူ ပြောသည့် စကားအား အခြေခံလျှင် သူက မော့ခယ်ကို ရန်စ​နေပုံရပေသည်။

မော့ခယ်က သာမန်တန်ခိုးရှင်တစ်ဦး မဟုတ်ပေ။ လက်ရှိ ရှန်ချင်းနယ်မြေမှ သူနှင့် မျိုးဆက်တူအတွင်း ပြိုင်ဘက်ကင်း အစွမ်းထက်တန်ခိုးရှင်တစ်ဦးဟု သတ်မှတ်နိုင်ပေသည်။

မော့ခယ်က ရီဖူရှင်း၏ ထောင်ချောက်အတွင်း အလွယ်တကူ ကျဆုံးသွားမည် မဟုတ်ပေ။ သူက မျက်မမြင်ထျယ်ဘက်သို့ အကြည့်များ ရွှေ့ကာ ပြောလိုက်သည်။ "ငါ မင်းကို မတွေ့ရတာ အတော်ကြာခဲ့ပြီပဲ။"

မျက်မမြင်ထျယ်က မျက်နှာအား မော့ကာ မော့ခယ်နှင့် ရင်ဆိုင်လိုက်သည်။ သူက မမြင်နိုင်လျှင်ပင် မော့ခယ်၏ မျက်နှာက သူ့စိတ်ထဲ ရေးထွင်းပြီးသား ​ဖြစ်သည်။ သူက မော့ခယ်၏ရုပ်သွင်အား မည်သို့ မေ့နိုင်ပါမည်နည်း။

သူက အံ့အားသင့်ဖွယ် ကောင်းလောက်အောင် အလွန် တည်ငြိမ်ပေသည်။ သူက တင်းမာခက်ထန်နေသော်လည်း သူ၏ ကမ္ဘာမကြေရန်သူနှင့် ရင်ဆိုင်ရသောအခါ၌ပင် အလျင်စလို မပြုမူခဲ့ဘဲ တည်ငြိမ်နေသည်။

"ငါ ကြားတာတော့ မင်း ရွာကို ပြန်ရောက်ပြီးတော့ အများကြီး တိုးတက်လာတယ်ဆို။ မင်း ငါ့ကို မတွေ့ချင်ဘူးဆိုတာ သိလို့ အရင်တစ်ခေါက်တုန်းက လေးမျက်နှာကျေးရွာကို လူတိုင်း သွားကြပေမယ့် ငါ မသွားခဲ့ဘူး။ ဘယ်လိုဖြစ်ဖြစ် မင်းရဲ့ သတင်းတွေကြားရတော့ ငါ မင်းအတွက် ပျော်ပါတယ်။" မော့ခယ်က ဆက်ပြောလိုက်သည်။ သူသည် အချင်းချင်း ကောင်းစားဖို့ကိုသာ မျှော်လင့်သည့် မိတ်ဆွေကောင်းများကဲ့သို့ ပြောဆိုနေသည်။

"မင်း ဘယ်လောက် ပျော်တာလဲ။" မျက်မမြင်ထျယ်က အနိမ့်အမြင့်မရှိသော အသံနှင့် မေးလိုက်သည်။ သူ၏ လေသံမှနေ၍ သူ့ ခံစားချက်ကို ဆုံးဖြတ်၍မရနိုင်ပေ။

"ငါ မင်းအတွက် တကယ် ပျော်မိပါတယ်။" မော့ခယ်က ပြောလိုက်သည်။ "အနည်းဆုံး ငါတို့က ဆိုးတူကောင်းဖက် ဖြတ်ကျော်ခဲ့ကြတဲ့ ညီအစ်ကိုတွေမလား။"

"ညီအစ်ကိုတွေလား။" မျက်မ​မြင်ထျယ်၏ မျက်နှာထက်တွင် လှောင်ပြောင်သရော်သည့် အပြုံးတစ်ခု ထွက်ပေါ်လာသည်။ သူတို့က အမှန်တကယ် 'ညီအစ်ကိုကောင်းများ' ဖြစ်ခဲ့ကြသည်။

သူက ရွာမှထွက်သွားသည့် အချိန်၌ နုံအပြီး အလွန်အမင်း ယုံကြည်တတ်ခြင်းကြောင့် မော့ခယ်ကဲ့သို့ လူမျိုးကို ညီအစ်ကိုဟု မှတ်ယူမိခဲ့ခြင်း ဖြစ်သည်။

"နှစ်များစွာ ကုန်လွန်သွားခဲ့ပြီ။ အရင်တုန်းက မင်း အမှားလုပ်တာကို ခွင့်ပြုထားမိတဲ့အတွက် တစ်ခါတစ်လေ အပြစ်ရှိသလို ခံစားမိတယ်။ ဒါပေမယ့် လေးမျက်နှာကျေးရွာက ကျင့်ကြံခြင်းလောကကို ရောက်လာပြီဆိုတော့ ငါတို့ ရန်ငြိုးတွေကို စွန့်လွှတ်ပြီး အရင်နေ့တွေလို မိတ်ဆွေတွေ ဖြစ်လာကြမယ်။ နတ်ဆိုးတိမ်လွှာကလန်က လေးမျက်နှာကျေးရွာရဲ့ မဟာမိတ်ဖြစ်လာနိုင်တယ်။" မော့ခယ်က ပြောလိုက်သည်။

"အဲဒီတော့ မင်း ငါတို့ကို နောက်တစ်ခါ သစ္စာဖောက်လို့ ရအောင်လား။" မျက်မမြင်ထျယ်က ပြောလိုက်၏။ "မင်း ခွန်အားက တိုးလာတာ သေချာတယ်။ ဒါပေမယ့် ငါ အံ့သြမိတာ မင်း ပိုပြီး မျက်နှာပြောင်တိုက်တတ်လာတာကိုပဲ။"

မော့ခယ်က မျက်မမြင်ထျယ်ကို ကြည့်ရင်း ခေတ္တမျှ တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် သူက သူ၏ အာရုံကို ရီဖူရှင်းထံသို့ ပြောင်းရွှေ့ကာ ပြောလိုက်၏။ "မင်းတို့ ရွာက ဒီလူငယ်လေးက မင်း ရွာက ပထမဆုံး ထွက်လာတဲ့ အချိန်ကထက်တောင် ပိုပြီးမောက်မာသေးတယ်။"

...

"သူက ကျုပ်ထက် ပိုကောင်းတယ်။" မျက်မမြင်ထျယ်က ပြန်ဖြေလိုက်သည်။ "ပြီးတော့ သူက အရာရာမှာ မင်းထက် အများကြီး သာတယ်။"

မျက်မမြင်ထျယ်သည် ရီဖူရှင်း၏ ကျင့်ကြံခြင်းအဆင့်ကြောင့်သာမက သူ့ စရိုက်ကြောင့်လည်း မြင့်မားသော လေးစားမှုကို ကိုင်စွဲထားပေသည်။ ရီဖူရှင်းက မော့ခယ်ထက် အများကြီး သာလွန်ပြီး မည်သည့်အခါမှ နောက်ထပ် မော့ခယ်တစ်ယောက် ဖြစ်လာလိမ့်မည် မဟုတ်ပေ။

"အဲဒီလိုလား။ မင်းတောင်မှ သူ့ကို ဒီလောက် စိတ်ထက်ထက်သန်သန်နဲ့ ချီးကျူးနေတာဆိုတော့ အံ့သြမိတယ်။ သူက အချိန်တိုအတွင်း ဒီလောက် ကျော်ကြားလာတာ မအံ့သြတော့ပါဘူး။ အခုဆို ရှန်ချင်းနယ်မြေတစ်ခွင်လုံးမှာ သူ့နာမည်က ကျော်ကြားနေပြီလေ။" မော့ခယ်က ရယ်မောခြင်းကင်းသည့် အပြုံးနှင့် ရီဖူရှင်းအား နက်ရှိုင်းစွာ ကြည့်လိုက်သည်။ ထို့နောက် သူက ပြန်လှည့်ကာ နတ်ဘုရားခေါင်းတလားထံ လျှောက်သွားခဲ့၏။ သူ၏ မျက်လုံးများက အနက်နှင့် ရွှေရောင်နတ်ဆိုးအလင်းတို့နှင့် တောက်ပနေသည်။ ၎င်းသည် ကြောက်မက်ဖွယ် နတ်ဆိုးမျက်လုံးတစ်စုံကဲ့သို့ ထင်မှတ်ရပေသည်။

မော့ခယ်က ရှေ့သို့ ခြေလှမ်းကာ နတ်ဘုရားခေါင်းတလားအနီးသို့ ချဥ်းကပ်သွားသည်။ ထို့နောက် သူက ခေါင်းကို ငုံ့ကာ မည်းမှောင်နေသော မျက်နှာနှင့် ထိုနေရာသို့ ကြည့်လိုက်သည်။ သူသည် ရီဖူရှင်းက အလွန် မောက်မာသည့်အတွက် အပြစ်ရှာခဲ့သော်လည်း နတ်ဘုရားရုပ်ကြွင်း၏ အန္တရာယ်ကို ကောင်းစွာ သတိပြုမိပေသည်။ မုယွင်လန်က မော့ခယ်ထက် ပိုမသာလျှင်ပင် တန်းတူရှိသည်။ သူသည်ပင် တစ်ချက်မျှ ချောင်းကြည့်ပြီးနောက် မျက်လုံးမှ သွေးများစီးကျလာကာ နတ်ဘုရားရုပ်ကြွင်းအား မလေးမစားပြုရန်မသင့်ဟု ယုံကြည်သွားခဲ့သည်။ မော့ခယ်က နတ်ဘုရားရုပ်ကြွင်း၏ စွမ်းအားကို မည်သို့ လျှော့တွက်နိုင်ပါမည်နည်း။

နတ်ဆိုးမျက်လုံးများမှ ကြောက်မက်ဖွယ်ပင် အနက်ရောင်နတ်ဆိုးအလင်းတို့ ပေါက်ကွဲထွက်လာသည်။ သို့သော် ရှေးခေတ်အက္ခရာများက မော့ခယ်၏ မျက်လုံးများအား ရိုက်ခတ်မိသည့်အခါ အရာအားလုံးက ချေမှုန်းခံလိုက်ရသလိုပင်။ သင်္ကေတအက္ခရာများက သူ့ခေါင်းထဲတွင် မွှေနှောက်နေကာ သူ့ကိုယ်သူ အကာအကွယ်မဲ့ သားကောင်အဖြစ် ထင်မှတ်လိုက်မိပေသည်။

ဘန်း...

သူက နောက်တစ်စက္ကန့် ထပ်မံကြည့်ရှုရန် မဝံ့ရဲတော့ပေ။ သူသည် သူ့ခန္ဓာကိုယ်အား မဟာနတ်ဆိုးစွမ်းအားများဖြင့် ကာကွယ်ထားပြီး ဝေးနိုင်သမျှ ဝေးဝေးကို ခုန်ထွက်သွားသည်။ သူက မုယွင်လန်ကဲ့သို့ မျက်လုံးများအား ကာထားလိုက်သည်။ တင်းကျပ်စွာ ပိတ်ထားသည့် နတ်ဆိုးမျက်လုံးများမှ သွေးတို့ စီးကျလာ၏။ သူက ကြောက်မက်ဖွယ် အသူရာတစ်ပါးနှင့် တူနေပေသည်။

နတ်ဘုရားရုပ်ကြွင်းက ကြည့်၍မရနိုင်ပေ။

ရီဖူရှင်း ပြောသည်မှာ မမှားပေ။ နတ်ဘုရားရုပ်ကြွင်းက အမှန်တကယ် ကြည့်၍ မရနိုင်ချေ။ ၎င်းကို ကြည့်ရန် ကြိုးစားသည့် မည်သူမဆို ထိုသို့ နာကျင်မှုအား ရလဒ်အနေနှင့် ခံစားရပေလိမ့်မည်။ မော့ခယ်သည်လည်း ခြွင်းချက် မဟုတ်ပေ။

မုယွင်လန်နှင့် မော့ခယ်က ရှုံးနိမ့်သွားခဲ့ပေသည်။

ထူးချွန်ထက်မြက်သော ရန်ဟောင်များက ဤကဲ့သို့ ဒဏ်ရာများ ရရှိသွားခဲ့သည်။ နတ်ဘုရားရုပ်ကြွင်းအား သာမန် တန်ခိုးရှင်များ ကြည့်ရန် ကြိုးစားပါက မည်သို့ ဖြစ်လိမ့်မည်နည်း။ မည်သူကမှ မမှန်းဆရဲကြပေ။

မုယွင်လန်နှင့် မော့ခယ်က အစွမ်းထက်သူများဖြစ်ပြီး ဆရာသခင်တန်ခိုးရှင်များထက် တစ်ဆင့်သာ နိမ့်ပေသည်။

မော့ခယ်၏ မျက်ခုံးများက အချိန်တိုအတွင်း ပြန်သက်သာလာသည်။ သူက မျက်လုံးများဖွင့်ပြီးနောက် ရီဖူရှင်းအား တစ်ချက် ကြည့်လိုက်သည်။

"မင်းက နတ်ဘုရားရုပ်ကြွင်းကို ဘယ်လိုလေ့လာမလဲ ကြည့်ရအောင်။" မော့ခယ်က ရီဖူရှင်းအား ​ပြောလိုက်သည်။

လူတိုင်း၏ အကြည့်များက ရီဖူရှင်းပေါ်သို့ ကျရောက်နေခဲ့သည်။ ရီဖူရှင်းက နတ်ဘုရားခေါင်းတလားထဲမှ ရုပ်ကြွင်းကို ထပ်မံကြည့်ရှုမည်ဟု ကြေညာခဲ့သည်။ နတ်ဘုရားရုပ်ကြွင်း၏ စွမ်းအားကို အကောင်းဆုံး တန်ခိုးရှင်များပင် မခံနိုင်လျှင် သူက မည်သို့ ဖြစ်လိမ့်မည်နည်း။

ရီဖူရှင်းက မော့ခယ်ဘက် လှည့်ကာ ပြောလိုက်သည်။ "နတ်ဘုရားခေါင်းတလားကို လေ့လာတယ် မလေ့လာဘူးဆိုတာ ကျုပ် ကိစ္စ။ ခင်ဗျားရဲ့ အကျိုးအမြတ်အတွက် သရုပ်ပြပေးဖို့ မဟုတ်ဘူး။"

မော့ခယ်က ရီဖူရှင်း၏ တုံ့ပြန်မှုကို လျစ်လျူရှုကာ ပြောလိုက်သည်။ "အားလုံးက အတူတူပါပဲ။"

"လုံးဝမတူဘူး။ အခု ကျုပ်က အဲဒါကို ကြည့်ဖို့ စိတ်မပါသေးဘူး။" ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ သူသည် မျက်မမြင်ထျယ်၏ ရန်သူအပေါ် ယဥ်ကျေးပြနေရန် အကြောင်း မရှိပေ။

***

All Chapters