ဧည့်သည်တစ်ယောက်
Vol. 9 Ch. 224
ပြောရမည်ဆိုလျှင် သူမက လီရှောင်၏လက်ရေးကို တစ်ခါမှမမြင်ဖူးပေ။ သူ့လက်ရေးက ဘယ်လိုများရှိမလဲဟု သူမတွေးနေမိသည်။ ဟီးဟီး၊ သူ့လက်ရေးက သူမလက်ရေးထက်သာလျှင် အဆင်ပြေပါသည်။
လီရှောင်က လင်းရှောင်ယွဲ့ကို တားလိုက်သည်။
“ငါလုပ်လိုက်မယ်။ မင်းတခြားလုပ်စရာရှိတာတွေ သွားကြည့်လိုက်။”
လင်းရှောင်ယွဲ့က ပြုံးလိုက်သည်။
“ကောင်းပြီ။”
ဒါကြောင့် သူမက ဆိုင်ထဲတွင် ဆက်ပြီးလျှောက်ကြည့်နေလိုက်သည်။ ပြဿနာအချို့တွေ့ပြီးနောက် သူမက လီရှောင်ကို ဖြေရှင်းခိုင်းလိုက်သည်။ သူတို့နှစ်ယောက်အတူတူလုပ်ဆောင်ပြီး အရာအားလုံးကို လျင်မြန်စွာဖြေရှင်းလိုက်သည်။ ပြီးတော့ သူမက နောက်ဖေးသို့သွားလိုက်သည်။
နောက်ဖေးတွင် လင်းရှောင်ယွဲ့တောင်းဆိုထားသည့်နေရာ၌ သစ်သားအိမ်ငယ်လေးတစ်လုံး ဆောက်လုပ်ထားသည်။ ဟုတ်တယ်၊ အမိုးမဟုတ်ဘဲ သစ်သားအိမ်ငယ်လေးတစ်လုံးဖြစ်သည်။
“သွားကြစို့။”
လီရှောင်က လင်းရှောင်ယွဲ့ကိုပြောပြီး သော့ကိုယူကာ တံခါးဖွင့်လိုက်သည်။ လင်းရှောင်ယွဲ့က နောက်ကလိုက်သွားသည်။ သစ်သားအိမ်ထဲဝင်သွားပြီးနောက် လင်းရှောင်ယွဲ့က စင်သုံးတန်းနှင့် ခြင်းတောင်းကြီးအနည်းငယ်ရှိသည်ကို တွေ့လိုက်ရသည်။
ကြိမ်ခြင်းတောင်းထဲတွင် 'လျိုရှီရဲ့စားသောက်ဆိုင်'အတွက် အထူးပြုလုပ်ထားသည့် ပန်းကန်များနှင့်ဇွန်းများ ပြည့်နေသည်။ ကြိမ်ခြင်းတောင်းအပြင် ပုံးများနှင့်ခွက်များလည်းရှိသည်။
“နေရာအများကြီးရှိတယ်။ နောင်ဆိုရင် အပိုပစ္စည်းတွေအားလုံး ဒီမှာထားလို့ရတယ်။”
လင်းရှောင်ယွဲ့က ခေါင်းညိတ်ပြလိုက်သည်။
“လူကြီးမင်းကျင်းဆီကမှာထားတဲ့ ပန်းကန်တွေအားလုံး ဒီကိုယူလာလိုက်။ ဈေးမှာဆိုင်ခင်းတဲ့ပစ္စည်းတွေလည်း ဒီမှာပဲထားလိုက်။”
လင်းရှောင်ယွဲ့က ပြောလိုက်သည်။
အခုဆိုရင် သူမတွင်ကိုယ်ပိုင်ဆိုင်ရှိပြီဖြစ်သောကြောင့် မြို့ထဲတွင် အခြေစိုက်စခန်းတစ်ခုရှိသွားပြီဖြစ်သည်။ ယခုမှစပြီး သူတို့၏အိမ်က ကောက်ညှင်းအေးတုံးလုပ်သည့်စက်ရုံလိုဖြစ်လာမည်။ သူမလုပ်ရမှာက မြို့ထဲကို ပစ္စည်းများပို့ဆောင်ရုံသာဖြစ်သည်။ ဈေးရှိဆိုင်အတွက်ဆိုလျှင် ပစ္စည်းများပို့ပြီးမှသာ သွားမည်ဖြစ်သည်။ ဒါကိုစဉ်းစားပြီးနောက် လင်းရှောင်ယွဲ့က သူမလုပ်ရမှာက ရိုးရှင်းသည်ဟု တွေးလိုက်သည်။
လင်းရှောင်ယွဲ့က လီရှောင်နှင့်အတူ သစ်သားအိမ်ငယ်လေးမှထွက်လာပြီးနောက် ရုတ်တရက်ရပ်လိုက်သည်။ ပြီးတော့ သစ်သားအိမ်ငယ်လေးရှေ့ရှိ နေရာလွတ်ကို ကြည့်လိုက်သည်။
“ဒီနေရာက ပိုအေးတယ်။ ကျွန်မရေစည်ကြီးတစ်လုံးဝယ်ပြီး ဒီမှာထားလိုက်မယ်။ ရေယူရတာ ပိုအဆင်ပြေရုံတင်မကဘူး၊ ကောက်ညှင်းအေးတုံးတွေသိုလှောင်ဖို့လည်း သုံးလို့ရတယ်။”
ထိုနေ့က ကောက်ညှင်းအေးတုံးများမကုန်လျှင် နောက်တစ်နေ့အတွက် သိုလှောင်ထားရမည်ဖြစ်သည်။
“ကောင်းပြီ၊ ငါအခုပဲ လူကြီးမင်းကျင်းဆီသွားလိုက်မယ်။”
“အင်း။”
လီရှောင်ထွက်သွားပြီးနောက် လင်းရှောင်ယွဲ့က နောက်ဖေးကိုပတ်ကြည့်ပြီး ပြဿနာမရှိတာတွေ့တော့ ဆိုင်သို့ပြန်လာခဲ့သည်။
သူမက အသက်လေးဆယ်အရွယ်အမျိုးသမီးတစ်ယောက်က ကလေးတစ်ယောက်ကိုပွေ့ပြီး တံခါးဝတွင်ရပ်ကာ အတွင်းသို့ကြည့်နေသည်ကို တွေ့လိုက်ရသည်။ လင်းရှောင်ယွဲ့ထွက်လာသည်ကိုမြင်တော့ ထိုအမျိုးသမီးက ကလေးကိုခေါ်ပြီး ဆိုင်ထဲသို့ချက်ချင်းဝင်လာသည်။
လင်းရှောင်ယွဲ့မမေးခင်မှာပင် သူမက စပြီးစကားပြောလိုက်သည်။
“အာ့ယာ။”
ထိုအမျိုးသမီးက လင်းရှောင်ယွဲ့ကို ပြုံးပြီးခေါ်လိုက်သည်။
ဒါကိုကြားတော့ လင်းရှောင်ယွဲ့၏မျက်နှာက တင်းမာသွားပြီး သူမ၏မျက်နှာပေါ်ရှိအပြုံးက ချက်ချင်းပျောက်ကွယ်သွားသည်။ လင်းမိသားစုနှင့်သူတို့၏ဆွေမျိုးများကလွဲပြီး ဒီနာမည်ဖြင့်ခေါ်မည့်သူကို သူမစဉ်းစားမရပေ။ ဒါပေမဲ့ ဒီအမျိုးသမီးက… လင်းရှောင်ယွဲ့က သူမကိုသေချာကြည့်ပြီး သူမကိုမမှတ်မိကြောင်း သေချာသွားသည်။
“ဟေ့၊ အာ့ယာ။ ငါက အဘွားဝူလေ။ နင့်အဒေါ်ရဲ့အနာဂတ်ယောက္ခမပေါ့။”
ဒါကိုကြားတော့ လင်းရှောင်ယွဲ့၏အမူအရာက ချက်ချင်းပြောင်းသွားသည်။
“ရှင်လူမှားနေပြီ။ ကျွန်မက အာ့ယာမဟုတ်ဘူး၊ ကျွန်မမှာအဒေါ်လည်းမရှိဘူး။”
သူမက ထိုအမျိုးသမီး၏စကားကို ဖြတ်ပြောလိုက်သည်။
လင်းလန်ဟွာရဲ့အနာဂတ်ယောက္ခမလား။ ဟုတ်တယ်၊ အဒေါ်ဝမ်က သူမကို ဒီအကြောင်းပြောပြခဲ့သည်။ လင်းမိသားစုက လင်းလန်ဟွာအတွက် မြို့ထဲမှယောက်ျားတစ်ယောက် ရှာတွေ့ပုံရသည်။ သူ့၏မျိုးရိုးနာမည်က ဝူဖြစ်ပုံရသည်။ သို့သော် မိသားစုပြဿနာကြောင့် ဝူမိသားစုက ဒီအကြောင်းကြားပြီးနောက် စေ့စပ်ပွဲကိုဖျက်သိမ်းချင်ခဲ့သည်။ နောက်ဆုံးတော့ အကြောင်းတစ်ခုခုကြောင့် စေ့စပ်ပွဲကမပျက်ခဲ့ပေ။
ထိုအမျိုးသမီးက မှင်သက်သွားသည်။ သူမက လင်းရှောင်ယွဲ့ကို သေချာကြည့်လိုက်သည်။
“နင်က ဒီဆိုင်ရဲ့ပိုင်ရှင်လား။”
သူမပြောလိုက်ချိန် သူမ၏မျက်လုံးများထဲတွင် အထင်သေးသည့်အမူအရာများ ပါဝင်နေသည်။
***