တောင်းပန်ခြင်း
Vol. 10 Ch. 248
နောက်ဆုံးတော့ အားလုံးစားသောက်ပြီးသွားကြသည်။ ဟိုင်ကန်းက လျိုရှီနဲ့ လင်းရှောင်ယွဲ့ကို သန့်ရှင်းရေးလုပ်ပြီးနောက် ပန်းကန်ဆေးခိုင်းခြင်းမပြုဘဲ လင်းမောင်နှမသုံးယောက်အကြောင်းကို စတင်ပြောဆိုလာသည်။
"မွေးစားအမေ၊ လင်းမိသားစုက အသုံးမကျတဲ့လူသုံးယောက်ကို ကျွန်တော်ခေါ်လာခဲ့တယ်။ သူတို့ကို ဘယ်လိုအရေးယူမလဲဆိုတာ မွေးစားအမေရဲ့သဘောအတိုင်းပါပဲ။"
လျိုရှီက မှင်သက်သွားပြီး သမီးဖြစ်သူကို ကြည့်လိုက်သည်။ သူမက ဘာလုပ်ရမယ်ဆိုတာ ဘယ်လိုသိမှာလဲ။ သူမက သူတို့ကို လွယ်လွယ်ကူကူ လွှတ်ပေးလိုက်ရင် မွေးစားသားရဲ့ ကြိုးစားအားထုတ်မှုကို အလဟဿဖြစ်စေမှာစိုးပေမယ့် ဘာလုပ်ရမယ်ဆိုတာကိုလည်း မသိပေ။
လင်းရှောင်ယွဲ့က ပြုံးလိုက်သည်။
"အရင်ဆုံး သွားကြည့်ကြရအောင်။"
"အင်း။"
ဟိုင်ကန်းက လင်းရှောင်ယွဲ့နဲ့အတူ လျိုရှီကို အခန်းထဲကနေ ကူညီခေါ်ထုတ်လာခဲ့သည်။
လင်းမောင်နှမသုံးယောက်က လျိုမိသားစုထွက်လာတာကို စောင့်နေကြသည်။ လူတိုင်းထွက်လာတော့ သူတို့သုံးယောက်အပေါ် ဖိအားတွေများလာခဲ့သည်။
"တတိယယောက်မ။ ဝူး... ကျွန်မတောင်းပန်ပါတယ်။ မနက်ကဖြစ်ခဲ့တာ... အားလုံးကျွန်မအမှားပါ။ လောဘဇောတိုက်ပြီး မျက်စိမှားသွားတာပါ။ ဒီတစ်ခါတော့ ကျွန်မကို ခွင့်လွှတ်ပေးပါလို့ တောင်းပန်ပါတယ်။"
ပထမနဲ့ဒုတိယဦးလေးတို့ စကားမပြောခင်မှာပဲ လင်းလန်ဟွာက အရင်ဆုံးပြောလိုက်သည်။
လျိုရှီရဲ့အမူအရာက မပြောင်းမလဲရှိနေပြီး လင်းရှောင်ယွဲ့ကတော့ လင်းလန်ဟွာကို အေးစက်စက်ကြည့်လိုက်သည်။
"ဘယ်သူက နင့်တတိယယောက်မလဲ။ လျိုမိသားစုက လင်းမိသားစုနဲ့ ဘာမှမဆိုင်တော့ဘူး။"
လင်းလန်ဟွာရဲ့ကိုယ်က တုန်သွားသည်။ အဖြစ်အပျက်ဖြစ်ပြီးကတည်းက သူမက လင်းရှောင်ယွဲ့ကို နည်းနည်းကြောက်နေခဲ့ပြီး အခုတော့ အဲ့ဒီခံစားချက်က ပြန်ပေါ်လာခဲ့သည်။
"ဟုတ်... လျို... အမျိုးသမီးလျို... ကျွန်မတောင်းပန်ပါတယ်။"
လင်းလန်ဟွာက စကားကို အမြန်ပြောင်းလိုက်ပြီး တကယ်ကို သနားစရာကောင်းတဲ့ပုံစံနဲ့ ကြည့်လိုက်သည်။ ဒါပေမဲ့ ခြံထဲမှာရှိတဲ့ ဘယ်သူကမှ သူမကို မသနားကြဘူး။ သူမရဲ့အစ်ကိုတွေတောင် မသနားကြဘူး။
သူတို့က လင်းလန်ဟွာအပေါ်မှာ မကျေနပ်မှုတွေပဲရှိနေကြသည်။ မနက်က သူမသာ သူတို့ကို မခေါ်ခဲ့ရင် အမျိုးသမီးလျိုကို ပြဿနာရှာမိမှာမဟုတ်ဘူး။
လျိုရှီရဲ့မျက်နှာက မှောင်မိုက်နေပေမယ့် ဘာစကားမှမပြောဘဲ ဒီကိစ္စကို သမီးဖြစ်သူဆီ လွှဲထားလိုက်သည်။
"နင် စကားနည်းနည်းပြောလိုက်ရုံနဲ့ လွတ်သွားမယ်ထင်နေတာလား။"
လင်းရှောင်ယွဲ့က ဒါကို လက်မခံဘူးဆိုတာ ထင်ရှားနေသည်။
လင်းလန်ဟွာက ထိတ်လန့်သွားပြီး မျက်လုံးတွေကိုမှိတ်ကာ မြေပေါ်မှာ ဒူးထောက်လိုက်သည်။
"အမျိုးသမီးလျို၊ ကျွန်မတောင်းပန်ပါတယ်။ ကျွန်မကို ခွင့်လွှတ်ပေးပါ။ နောက်ဘယ်တော့မှ ဒီလိုမလုပ်တော့ပါဘူး။"
ပြီးတော့ သူမက စိတ်ကိုတင်းပြီး လျိုရှီကို ဦးချလိုက်သည်။
မာနကြီးတဲ့ယောက်မက သူမကို ဦးချနေတာမြင်တော့ လျိုရှီက နည်းနည်းနေရခက်သွားသည်။ သူမက နည်းနည်းကျေနပ်သွားသလို၊ နည်းနည်းစိတ်လှုပ်ရှားသွားသလို၊ သူမအတွက် နည်းနည်းလည်း စိတ်မကောင်းဖြစ်သွားသည်။ ဒါပေမဲ့ သူမက ဘာစကားမှမပြောဘဲ ကြည့်နေလိုက်သည်။ ဟိုင်ကန်းနဲ့သူမရဲ့သမီးက သူတို့ကို သူမအတွက် ခေါ်လာခဲ့တာ။ အပြင်လူတစ်ယောက်ကြောင့် သူတို့ရဲ့ကြိုးစားအားထုတ်မှုကို အလဟဿဖြစ်စေလို့ မဖြစ်ဘူး။
လင်းရှောင်ယွဲ့က သူမအမေရဲ့အမူအရာကို ကြည့်လိုက်သည်။ သူမအမေက စိတ်ပျော့ပေမယ့် ဘာမှမပြောတာကြောင့် သူမကျေနပ်သွားသည်။ ပြီးတော့ မတ်တပ်မရပ်နိုင်လောက်အောင် ငိုနေတဲ့ လင်းလန်ဟွာကို ကြည့်လိုက်သည်။
"ငါသိတယ်။ နင်က ငါ့ကိုရှာဖို့ ဒီကိုလာခဲ့တာမလား။"
လင်းလန်ဟွာရဲ့ကိုယ်က တင်းမာသွားသည်။
"ဝူး... ကျွန်မ... ကျွန်မ မလုပ်တော့...။"
"ဟင့် .. ငါနင့်အကြောင်းကို ကောင်းကောင်းသိပါတယ်။"
လင်းရှောင်ယွဲ့က မထီမဲ့မြင်ပြုံးလိုက်သည်။
"ငါတို့လင်းမိသားစုမှာတုန်းက နင်ငါတို့ကို အများကြီးအနိုင်ကျင့်ခဲ့တယ်။ အိုး၊ ငါတို့ကိုတင်မဟုတ်ဘူး၊ နင့်ရဲ့တခြားယောက်မတွေကိုလည်း အနိုင်ကျင့်ခဲ့တာပဲ။"
***