ဆရာ၏လက်ဆောင်၊ တိမ်တိုက်အလင်းမိုးကြိုးမှန်၊ ငါးရောင်ခြယ်တိမ်တိုက်အနှစ်သာရဆေးလုံး
Vol. 45 Ch. 835
“မင်္ဂလာပါ၊ ဆရာ။”
လာလည်သူသည် ချင်ရှန်းဝူကိုယ်တိုင်ဖြစ်ပေသည်။
၎င်းသည် ချင်ရှန်းဝူက ကျန်းချန်ရွှမ်၏တိမ်တိုက်မြူတောင်ထိပ်အား ကိုယ်တိုင်လာလည်သည်မှာ ပထမဆုံးဖြစ်ပေသည်။ ထိုစုံတွဲသည် အံ့အားသင့်သွားခဲ့သည်။
ချင်ရှန်းဝူသည် သူ့တို့အားတွေ့ပြီးနောက် စိတ်လှုပ်ရှားစွာခေါင်းညိတ်လိုက်လေသည်။
“ကောင်းတယ်။ ကောင်းတယ်။ ကောင်းတယ်။
ငါ့ရဲ့ထိုက်တန်တဲ့တပည့် ပြီးတော့ ဒီတပည့်ရဲ့တာအိုအဖော်၊ မင်းတို့က တကယ်ပဲ ငါ့ကိုစိတ်မပျက်စေခဲ့ဘူးပဲ။
မဟုတ်ဘူး။ ဒါကမမှန်ဘူး။ ငါပြောရမှာက မင်းတို့က တကယ်ငါ့ကို အံ့အားသင့်စရာကြီးကြီးမားမားပေးလိုက်တာပဲ။
ဟားဟားဟား။”
သူ၏ရယ်သံက ဝမ်းသာမှုအပြည့်ရှိနေသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အနည်းငယ်ထူးဆန်းနေကြသည်။
သူတို့ဆရာ၏တုံ့ပြန်ချက်က အနည်းငယ် အလွန်တက်ကြွနေပါသည်မဟုတ်ပါလား?
သူတို့၏အတွေးကိုအာရုံခံမိလျှင် ချင်ရှန်းဝူသည်ရယ်ကာ ပြောလိုက်သည်။
“မင်းတို့က ငါ့တုံ့ပြန်မှုက နည်းနည်းချဲ့ကားနေတာလို့ ထင်နေတာလား?”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ချက်ခြင်း ခေါင်းခါလိုက်ကြသည်။ ချင်ရှန်းဝူကအပြုံးနှင့် ဆက်လက်၍ပြောလိုက်ကာ သူတို့အား အနည်းငယ်ပုတ်လိုက်သည်။
“မင်းတို့နှစ်ယောက်ကတော့လေ…”
သူသည်ရယ်လိုက်ကာ ခေါင်းကိုခါပြီး ဆက်ပြောလိုက်သည်။
“မင်းတို့နှစ်ယောက် ဒြပ်စင်ငါးပါးကိုအခြေခံပြီး ထွင်းမြင်အဆင့်ကိုတက်လှမ်းနိုင်တာ ကျင့်ကြံသူဘယ်နှစ်ယောက်ရှိလဲဆိုတာသိလား?
ပြီးတော့ ဒြပ်စင်ငါးပါးရဲ့အနှစ်သာရအားလုံးကို နားလည်သဘောပေါက်တဲ့သူ ဘယ်နှစ်ယောက်ရှိလဲဆိုတာသိလား?”
ရုတ်တရက် သူတို့၏ဆရာမှ ထိုမေးခွန်းများကိုမေးလာခဲ့သောအခါ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အကြည့်ချင်းစုံလိုက်ကြပြီး တပြိင်နက်ထဲ ခေါင်းခါလိုက်ကြသည်။
“ဟားဟား၊ ငါမင်းတို့ကို ဖုံးကွယ်မထားတော့ပါဘူး။ အခုထိ ဒြပ်စင်ငါးပါးကိုအခြေခံပြီး ထွင်းမြင်အဆင့်ကိုရောက်တဲ့သူက လက်ချိုးရေရင် လက်နှစ်ဖက်တောင်မပြည့်ဘူး။ ဒြပ်စင်ငါးပါးရဲ့စစ်မှန်တဲ့အနှစ်သာရကို အပြည့်အဝနားလည်တဲ့သူဆို ချန်ရွှမ်၊ မင်းအပါအဝင် လက်တစ်ဖက်တည်းနဲ့ရေလို့ရတယ်။”
“အာ..”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ချင်ရှန်းဝူ၏အဖြေကြောင့် သိသာစွာပင် အံ့ဩသွားခဲ့သည်။
သူတို့သည် ထိုအောင်မြင်မှုက ထိုကဲ့သို့ရှားပါးလိမ့်မည်ဟု မထင်ထားခဲ့ပါ။
ဝိညာဉ်နယ်မြေ၏ကျယ်ပြောမှုကိုအခြေခံ၍ အတွင်းတွင် လူပေါင်းများစွာ နယ်ပယ်ပေါင်းများစွာ ရှိပါသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်သည် စကေးအားမတွေးနိုင်ခဲ့ပေ။
သူတို့၏ဆရာက ထိုသို့ များစွာတုံ့ပြန်ခဲ့သည်မှာ အံ့ဩစရာမရှိတော့ပါ။
ချင်ရှန်းဝူက ဆက်လက်၍ ပြောလိုက်သည်။
“မှတ်ထားပါ။ အခြေခံနဲ့ပက်သက်ပြီး ငါကလွဲလို့ ပြီးတော့ မင်းတို့နဲ့ရင်းနှီးတဲ့သူတွေကလွဲလို့ မဖော်ပြပါနဲ့ နားလည်လား?”
“ဟုတ်ကဲ့ပါ။”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည်ချက်ခြင်းပင်သဘောတူ၍ ခေါင်းညိတ်လိုက်ကြသည်။
ပြီးနောက်တွင် ချင်ရှန်းဝူက သူ၏ပိုင်ဆိုင်မှုများထဲမှ ပစ္စည်းနှစ်ခုထုတ်လိုက်သည်။
တစ်ခုမှာ မှန်တစ်ခုဖြစ်ကာ နောက်တစ်ခုမှာ ဆေးလုံးတစ်ခုဖြစ်ပြီး ငါးရောင်ခြယ်အလင်းဖြင့် ရစ်ပတ်နေသည်။
“ချန်ရွှမ်၊ ရူယန် ဒါတွေက မင်းတို့အတွက် ငါ့လက်ဆောင်တွေပါ။ ဒီ တိမ်တိုက်အလင်းမိုးကြိုးမှန်က အထူးမိုးကြိုးပုံစံဝိညာဉ်ရတနာဖြစ်တယ်။
ဒါက ကောင်းကင်ဆက်ဝိညာဉ်ရတနာအဆင့်တော့မရောက်သေးပေမဲ့ သာလွန်အဆင့် ဝိညာဉ်ရတနာအဆင့်တော့ ရောက်နေပါပြီ။
အရေးအကြီးဆုံးအချက်က ဒီအရာမှာ တိုးတက်နိုင်ချေရှိနေတယ်။
မင်းတို့ သန့်စင်ပြီးတာနဲ့မင်းတို့ရဲ့ကျင့်ကြံခြင်း အဆင့်အတိုင်းအဆင့်မြင့်လာနိုင်ဖို့ အခွင့်အရေးရှိတယ်။
အခြားအဓိကအချက်တစ်ခုက ရန်သူရဲ့တိုက်ခိုက်မှုကိုစုပ်ယူနိုင်ပြီး၊ မင်းတို့သုံးနိုင်ဖို့အတွက် သိမ်းထားနိုင်တယ်။
ဒီမှန်နဲ့ မင်းတို့ရဲ့နတ်စွမ်းအားကိုလည်း သိမ်းထားနိုင်ပြီး မင်းတို့နတ်စွမ်းအားကို မသုံးဘဲ အသက်သွင်းနိုင်တယ်။
ဆေးလုံးအနေနဲ့ကတော့..”
ချင်ရှန်းဝူသည် ကျန်းချန်ရွှမ်အား ငါးရောင်ခြယ်ဆေးလုံးကိုပေးလိုက်လေသည်။
“ဒါက ငါးရောင်ခြယ်တိမ်တိုက်အနှစ်သာရဆေးလုံးပဲ။ ဒါက မင်းအတွက် ထွင်းမြင်အဆင့်ကို တက်ဖို့အတွက် မယှဉ်နိုင်တဲ့အကျိုးအမြတ်တွေရနိုင်ပြီး ဒြပ်စင်ငါးပါးစည်းမျဉ်းကိုလည်း သိပ်သည်းစေနိုင်တယ်။ မင်းရဲ့အနာဂတ်ထိုးဖောက်မှုအတွက် အကြိုလက်ဆောင်အဖြစ် သတ်မှတ်လိုက်ပါ။”
ထိုအချိန်တွင်၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အလွန်ထိတ်လန့်သွားခဲ့သည်။
သူတို့သည် ချင်ရှန်းဝူ၏အလည်လာခြင်းက တန်ဖိုးရှိသည့်ရတနာများကိုရလိမ့်မည်ဟု မထင်ထားခဲ့ပါ။
ရှင်းလင်းစွာပင် တိမ်တိုက်အလင်းမိုးကြိုးမှန်နှင့် ငါးရောင်ခြယ်တိမ်တိုက်အနှစ်သာရဆေးလုံးသည် သူသည်များစွာသော နှစ်များအတွင်းစုပေါင်းထားသည့် ရတနာများကဲ့သို့ လွယ်ကူစွာ တွေ့နိုင်သော အရာ မဟုတ်ပေ။
ထိုပုံရိပ်သည်ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား နက်ရှိုင်းစွာတို့ထိခဲ့ပါသည်။
ထိုအချိန်တွင်၊
ချင်ရှန်းဝူ၏ရက်ရောမှုကို မဖြုန်းတီးတော့ပဲ၊ သူတို့သည် သူအားဦးညွတ်လိုက်ကာ သူတို့၏ ကျေးဇူးတင်မှုကို ဖော်ပြလိုက်သည်။
“ဒီရတနာတွေအတွက် ကျေးဇူးတင်ပါတယ်။ ဆရာ။”
“ဒီလိုအားနာနေစရာမလိုပါဘူး။” ချင်ရှန်းဝူသည် ရယ်ကာ သူ၏လက်ကိုယမ်းလိုက်သည်။
“အခု မင်းတို့ရဲ့အင်အားကိုစုစည်းပြီး ဒီရတနာတွေကိုသန့်စင်လိုက်ပါ။ အကယ်၍ ငါမမှားရင် ဒီစစ်ပွဲက အချိန်မကြာတော့လောက်ဘူး။”
“ဒါက ပြီးတော့မှာလား?”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် နှစ်ဦးလုံး အံ့အားသင့်သွားကြသည်။
ချင်ရှန်းဝူသည် အနည်းငယ်ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ ပြီးခါနီးပြီ။
ဒါပေမဲ့၊ ဂရုမစိုက်ပဲမနေနဲ့၊ ဒီလိုစစ်ပွဲတွေက အဆုံးသတ်မှာ ပိုအန္တရာယ်များပြီး ကြမ်းတမ်းလာတတ်တယ်။
အဲ့ဒီအချိန်တွင် ကျဆုံးသူအများဆုံးပဲ။ ဒါကြောင့်။
မင်းတို့ယူတဲ့တာဝန်တိုင်းမှာ မှတ်ထားပါ၊ မင်းတို့ရဲ့လုံခြုံရေးက အရေးအကြီးဆုံးပဲ။”
“ကောင်းပါပြီ။ ဆရာ။”
ချင်ရှန်းဝူ၏စကားလုံးများကိုကြားလျှင်၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်သည် ချက်ခြင်းပင် နှလုံးသားထဲတွင် ကြက်သီးထသလို ခံစားသွားရသည်။
သူတို့သည် သူ၏မှတ်ချက်များမှ စစ်ပွဲ၏စကေးသည် ထပ်မံ၍ ကျယ်ပြန့်လာခဲ့သည်ကို သတိပြုမိကာ၊ တာအိုဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူများပါလာခြင်းပင် ဖြစ်နိုင်ပေသည်။
ထိုသို့သောအခြေအနေမျိုးတွင် သူတို့သည် အမှန်တကယ်ပင် သတိထားရန်လိုအပ်ပါသည်။
၎င်းသည် စစ်ပွဲပြီးဆုံးသည့်အခါတွင် ရင်ဆိုင်ရမည့် သချိုင်းတွင်းပင်ဖြစ်လေသည်။
“ကောင်းပြီ။ မင်းတို့ဆက်ပြီးကျင့်ကြံကြပါ။ ငါကြာကြာမနေတော့ဘူး။” ချင်ရှန်းဝူက ပြောလိုက်ရင်း သူ၏ပုံရိပ်သည် တဖြည်းဖြည်းပပျောက်သွားခဲ့သည်။
“ဂရုစိုက်ပါဆရာ။”
နှစ်ဦးစလုံးပြောလိုက်ကာ လေးစားစွာဦးညွတ်လိုက်ကြသည်။
ဆက်လက်၍၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် တိမ်တိုက်မြူတောင်ထိပ်တွင်သာဆက်၍နေပြီး သူတို့၏ကျင့်ကြံခြင်းကိုနေ့စဉ်ပြုလုပ်နေကြသည်။
ရှန်းရူယန်သည် အထူးသဖြင့်၊ ချင်ရှန်းဝူပေးခဲ့သော တိမ်တိုက်အလင်းမိုးကြိုးမှန်အား သန့်စင်နိုင်ရန် အချိန်မလပ်ကြိုးစားနေခဲ့သည်။
ကံကောင်းစွာပင်၊ ယခင်ကသူတို့ယူထားသည့် များစွာသော တာဝန်များရှိခြင်းကြောင့် သူတို့သည် ချက်ခြင်းတာဝန်မသစ်ယူစရာမလိုခဲ့ပေ။
.......
ထိုသို့ဖြင့်၊
သူတို့၏ကျင့်ကြံခြင်းသည် ရာစုနှစ်များစွာဆက်လက်၍ ကျင့်ကြနေကြသည်။
ကျန်းချန်ရွှမ်သည် တဖြည်းဖြည်းနှင့် ထိုးဖောက်နိုင်ရန်အခွင့်အလမ်းကိုခံစားမိလာသည်။
ရှန်းရူယန်သည် တိမ်တိုက်အလင်းမိုးကြိုးမှန်အားသန့်စင်ကာ ထိုအထဲ၌ နတ်စွမ်းအားများနှင့် မန္တာန်များကို သိုလှောင်ထားခဲ့သည်။
၎င်းသည် သူတို့၏ဂူသို့ သတင်းစကားမရောက်မီအချိန်အထိဖြစ်ပေသည်။
ကျန်းချန်ရွှမ်သည် ထွင်းမြင်အဆင့်သို့ထိုးဖောက်ရန်ပြင်ဆင်နေချိန်တွင် သိချင်စိတ်ဖြင့် သတင်းကိုလက်ခံလိုက်သည်။
သို့ရာတွင် အကြောင်းအရာများကိုဖတ်ပြီးနောက်၊ သူ၏အမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့ကာ ဖြူရော်သွားခဲ့သည်။
ကျီ…
ချက်ခြင်းပင် သူ၏ပတ်လည်၌ လေသည် ပြင်းထန်စွာဝေ့သွားခဲ့လေသည်။
သူသည် ရှေ့သို့ထွက်လာသောအခါ သူ့ထပ်အရင်ဂူပိတ်ကျင့်ကြံခြင်းမှထွက်လာသောရှန်းရူယန်က ပေါ်လာလေသည်။
***