← Chapters

ဒြပ်စင်ငါးပါးသုတ်သင်ခြင်းရောင်ခြည်

Vol. 45 Ch. 838

ဒြပ်စင်ငါးပါးသုတ်သင်ခြင်းရောင်ခြည်

Vol. 45 Ch. 838

သံသယကင်းစွာပင် လူတိုင်း၏ စိုးရိမ်မှုက ယခုတွင် ကျောက်ထျန်းဖန်၏အခြေအနေပေါ်တွင် ရှိပါသည်။

သို့ရာတွင်၊ အပြင်လူများသည် ကြားဝင်ချင်လျှင်ပင် ထိုကိစ္စများသည် ခက်ခဲပါသည်။

အဆုံး၌ အရာအားလုံးသည် သူ့အပေါ်၌သာ မူတည်နေပါသည်။

ယခင်အကြောင်းအရာသို့ပြန်သွားလျှင်၊

ရှီရှန်းယောင်သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ထံမှ ထွက်သွားပြီးနောက်၊ ကျန်းချန်ရွှမ်သည် ရှန်းရူယန်အား သူ၏ကျင့်ကြံခြင်းဂူသို့မပြန်ခင်တွင် အသိပေးလိုက်သည်။

ထွင်းမြင်အဆင့်သို့ တက်ပြီးနောက် သူသည် နေရာအများစုတွင် အရေးကြီးသည့်တိုးတက်မှုများကို သတိပြုမိခဲ့သည်။

သူသည် ထိုအချိန်အား သူ၏အင်အားကိုတိုးမြင့်ရန်သုံးရန်ရည်ရွယ်ခဲ့လေသည်။

သူ၏ဦးစားပေးမှာ သူ၏ဒြပ်စင်ငါးပါးသုတ်သင်ခြင်းနတ်အလင်းအား ဒြပ်စင်ငါးပါးအလင်း ရောင်ခြည် နှင့် ပူးပေါင်း၍ အသစ်သောနတ်စွမ်းအားကိုဖန်တီးရန် ဖြစ်သည်။

ထိုစွမ်းအားအသစ်သည် မယှဉ်နိုင်သည့် တိုက်ခိုက်စွမ်းရည်ရှိမည်ဖြစ်ပြီး ရှိန်လောက်သည့် ခုခံစွမ်းအားအဖြစ်သုံးနိုင်မည်ဖြစ်ကာ တိုက်ခိုက်ခြင်းနှင့် ခုခံခြင်းကို စည်းမျဉ်းအခြေခံစွမ်းအား တစ်ခုတည်း၌ ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

ထိုစွမ်းအားနှစ်ခုကိုတစ်ခုတည်းအဖြစ်ပေါင်းစည်းရန် ကျန်းချန်ရွှမ်သည် အခြားသုံးနှစ်ကို သုံးခဲ့လေသည်။

သူသည် အောင်မြင်စွာပေါင်းစည်းနိုင်ခဲ့ပြီး ဒြပ်စင်ငါးပါးသုတ်သင်ခြင်းရောင်ခြည်ဟု ခေါ်ခဲ့သည်။

ထိုအချိန်တွင် ဖြောင့်မတ်လမ်းစဉ်နှင့် နတ်ဆိုးလမ်းစဉ်တို့ကြား စစ်ပွဲသည် အလွန်ပြင်းထန်သည့် အခြေအနေသို့ရောက်နေခဲ့သည်။

ဂူပိတ်ကျင့်ကြံခြင်းမှထွက်လာပြီးနောက် ကျန်းချန်ရွှမ်သည် ရှန်းရူယန်ထံမှတဆင့် ဟောက်ရန်ဂိုဏ်းနှင့် မိုးကြိုးချိုင့်ဝှမ်းတို့မှ ဗလာနယ်ပြန်အကြီးအကဲ တစ်ဝက်ကျော်က တိုက်ပွဲတွင် ကျဆုံးသွားပြီဖြစ်ကြောင်းသိလိုက်ရသည်။

သူသည် ထိုသတင်းကိုကြားလျှင် သက်ပြင်းချလိုက်ပြီး လျှင်မြန်စွာဖြင့် ရှန်းရူယန်နှင့် အတူ ရှန်းဝူတောင်ထိပ်သို့သွားလိုက်ကြသည်။

ထိုအချိန်တွင် ရှန်းဝူတောင်ထိပ်မှာ မည်သူမှမရှိဘဲ ကျောက်ထျန်းဖန်သည်သာ ကျန်ရှိခဲ့သောသူ အနည်းငယ်ထဲမှ တစ်ယောက်ဖြစ်ပါသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်၏ လည်ပတ်ခြင်းသည် ယာယီပင် ကျောက်ထျန်းဖန်အားဂိုဏ်းမှ မထွက်ခွာခင်လာတွေ့ခြင်းဖြစ်သည်။

ကျောက်ထျန်းဖန်၏ဒဏ်ရာများသည် အရေးကြီးသက်ရောက်မှုရှိသော်လည်း တည်ငြိမ်သော စိတ်အခြေအနေကို ထိန်းသိမ်းနိုင်လေသည်။

သူ၏ပုံစံသည် သိသာစွာပင် အသက်ကြီးနေကာ သူ၏ဆံပင်သည် အဖြူသို့ပြောင်းလဲသွားပြီး သူ၏အသားအရောင်သည် သိသာစွာ ဆိုးရွားလာသည်။

ယခုထိ သူသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ လာရောက်လည်ပတ်မှုကြောင့် စိတ်ဓာတ် တက်ကြွစွာထားပြီး သူတို့၏လုံခြုံရေးအား ဦးစားပေးရန် အသိပေးခဲ့လေသည်။

ကျောက်ထျန်းဖန်အား သူ၏အကြံပေးမှုကိုမှတ်သားထားမည်ဖြစ်ကြောင်းပြောပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ရှန်းဝူတောင်ထိပ်မှ အလုပ်ခန်းမသို့သွားရန် ထွက်ခွာလာခဲ့သည်။

လုပ်နိုင်သည့်တာဝန်များအား ဂရုတစိုက်ရွေးချယ်ပြီးနောက် ကျန်းချန်ရွှမ်၏အာရုံစိုက်မှုသည် သီးသန့်အုပ်စုတာဝန်ပေါ်သို့ ရောက်သွားခဲ့သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ရွေးချယ်လိုက်သည့် တာဝန်သည် ဂိုဏ်းတစ်ခုအတွင်း အင်အားများပေါင်းစည်းခြင်းမဟုတ်ဘဲ ဟောက်ရန်ဂိုဏ်း၊ မိုးကြိုးချိုင့်ဝှမ်း၊ အရိပ်ဂိတ်၊ ချင်ခုန်းခန်းမနှင့် ဘုရားကျောင်းဂိုဏ်းတို့ ဂိုဏ်းငါးခုအတွင်းပူးပေါင်းမှုဖြစ်သည်။

တာဝန်မှာနတ်ဆိုးမျိုးနွယ်၏ခံတပ်ဖြစ်ကာ ခိုင်မာသည့် မသေမျိုးပင်လယ်မြို့အား တိုက်ခိုက်ရန် ဖြစ်ပေသည်။

ထိုတာဝန်၏မတော်တဆမှုသည် နတ်ဆိုးလမ်းစဉ်ဘက်၏စိတ်ဓာတ်ကို များစွာသက်ရောက်စေမည် ဖြစ်ကာ စစ်ပွဲ၏ဦးတည်ချက်ကို ပြောင်းလဲသွားစေနိုင်ပါသည်။

“ကျွန်တော်တို့ ဒီတာဝန်ကိုယူပါ့မယ်။” ကျန်းချန်ရွှမ်သည် တာဝန်များချပေးသည့်တာဝန်ရှိသူအား အကြောင်းကြားလိုက်သည်။

ထိုကျင့်ကြံသူသည် ကျန်းချန်ရွှမ်၏ဆုံးဖြတ်ချက်နှင့် ထိုတာဝန်နှင့် ဆက်စပ်နေသည့် ကြီးမားသောအန္တရာယ်များကို သတိပြုမိလျှင် မနေနိုင်ဘဲ တုံ့ဆိုင်းနေလေသည်။

“အကြီးအကဲကျန်း၊ ဒီတာဝန်က အရမ်းအန္တရာယ်များတယ်။ ခင်ဗျားနဲ့အကြီးအကဲကျန်းက ဒီရွေးချယ်မှုအတွက် သေချာလား?”

“ဟုတ်ပါတယ်။ ကျွန်တော်တို့ ဒီတာဝန်ကိုယူဖို့ဆုံးဖြတ်ပြီးပါပြီ။ ကျေးဇူးပြု၍ အသေးစိတ်နဲ့အတိအကျပေး,ပေးပါ။”

ကျန်းချန်ရွှမ်သည် ဆုံးဖြတ်ချက်ခိုင်မာနေသောကြောင့် ထိုကျင့်ကြံသူသည် ငြင်း၍မရတော့ဘဲ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား အချက်အလက်များကို လျှင်မြန်စွာ လွဲပြောင်းပေးလိုက်သည်။

“ယောကျာ်း၊ ဒီတာဝန်ကိုရွေးချယ်လိုက်တာက ရှင်ရည်ရွယ်နေတာ….?”

ရှန်းရူယန်သည် မနေနိုင်ဘဲ ကျန်းချန်ရွှမ်အားကြည့်လိုက်သည်။

စူးရှသည့်အကြည့်တစ်ခုသည်ကျန်းချန်ရွှမ်၏မျက်လုံးထဲတွင် ပေါ်လာကာ ခေါင်းညိတ်လိုက်သည်။

“တကယ်ပဲ ငါဒီတာဝန်ကိုရွေးချယ်လိုက်တဲ့အကြောင်းအရင်းတစ်ခုက အကယ်၍ ချင်ခုန်းခန်းမက သူတော်စင်သားကလဲ အဲ့ဒီကိုသွားမလားလို့ကြည့်မလို့ပဲ။ ဒါနဲ့ပက်သက်ပြီး ငါ့စီနီယာအစ်ကိုကရဲ့ ဒဏ်ရာတွေအတွက် ရှင်းပြချက်ပြန်ပေးရမှာပေါ့။

အကယ်၍ ကိုယ်တို့ဆရာနဲ့တခြားသူတွေက အနေခက်နေမယ်ဆိုရင် သူရဲ့ဂျူနီယာညီအနေနဲ့ လုပ်ပေးဖို့တာဝန်က ရောက်လာပြီ။ ကိုယ်တစ်ခုပဲမျှော်လင့်တာ ကိုယ်စိတ်မပျက်သွားရဖို့ပဲ။”

စကားပြောနေရင်းနှင့်ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်သည် လျှင်မြန်စွာဖြင့် ကျယ်ပြောသော အကွာအဝေးကို ရွေ့ပြောင်းသွားခဲ့သည်။

ရုတ်တရက် သူတို့သည် နှစ်ဦးစလုံးအနှောက်အယှက်ကိုခံစားခဲ့ရပြီး ချက်ခြင်းပင် သူတို့၏အကြည့်ကို အဝေးမှနေရာသို့ ရွေ့လိုက်သည်။

ထိုနေရာတွင် များစွာသောကျင့်ကြံသူများသည် မှန်ကန်သောလမ်းစဉ်နှင့် နတ်ဆိုးလမ်းစဉ်တို့အား ကိုယ်စားပြုကာ တိုက်ပွဲတွင် ရှိနေကြသည်။

သူတို့အထဲတွင် သူတို့သည် မိတ်ဆွေဖြစ်သူ ချန်မိသားစု ချန်မန်ချန်းအား သတိပြုမိလေသည်။

သို့ရာတွင် ချန်မန်ချန်းနှင့် သူမ၏မဟာမိတ်များသည် အဝေးတွင်ရှိနေကြပါသည်။

သူတို့သည် နတ်ဆိုးကျင့်ကြံသူများနှင့် မယှဉ်နိုင်ဘဲ အထူးသဖြင့် ရန်သူထဲတွင် များစွာသော ကောင်းကင်းအလင်းကျင့်ကြံသူများ ရှိနေသောကြောင့်ဖြစ်သည်။

ထိုဖိနှိပ်မှုအောက်တွင် ချန်မန်ချန်းနှင့် သူမတို့အုပ်စုများသည် ပြန်လည်တိုက်ခိုက်ရန် ရုန်းကန်နေရသည် သာမကဘဲ သူတို့ကိုယ်တိုင်ခုခံဖို့ရန်ပင် ရုန်းကန်နေရပေသည်။

ချန်မန်ချန်နှင့် သူမ၏အဖော်များသည် သူတို့ကိုယ်တိုင်အန္တရာယ်များလာသည်ကိုခံစားရပြီး ဆူညံမှုနှင့်ညိုညင်သံများသည် ရုတ်တရက် ရပ်စဲသွားသည်။

လူတိုင်းက နောက်ဆုတ်သွားကာ သိသွားသောအခါ သူတို့၏အမူအရာသည်အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

“ဒါက ထွင်းမြင်အဆင့်ကျင့်ကြံသူတွေပဲ။”

ချက်ခြင်းပင်၊ ချန်မန်ချန်း၏အုပ်စုနှင့် နတ်ဆိုးကျင့်ကြံသူများအကြား တင်းမာလာခဲ့သည်။

သူတို့သည် ရောက်ရှိလာသောထွင်းမြင်အဆင့်ကျင့်ကြံသူများသည် မဟာမိတ်များမဟုတ်ဘဲ မည်သူမှ လွတ်မြောက်နိုင်ခြင်းမရှိကြောင်း သိလိုက်ကြသည်။

ခွပ်..

ရုတ်တရက် ချန်မန်ချန်းနှင့် သူမ၏မဟာမိတ်ကို တိုက်ခိုက်နေသည့် နတ်ဆိုးကျင့်ကြံသူများသည် ကြေမွသွားသောကျောက်တုံးကဲ့သို့ တစ်ယောက်ပြီးတစ်ယောက် လေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

ထိုအရာကိုမြင်လျှင်၊ ချန်မန်ချန်းနှင့် အခြားသူများသည် စိတ်သက်သာရာရသွားခဲ့လေသည်။

တစ်ချိန်တည်းမှာပင်၊ သူတို့သည် မနေနိုင်တော့ဘဲ အံ့ဩဝမ်းသာသွားကြသည်။

သူတို့သည် ချက်ခြင်းပင်၊ ဘေးပတ်ပတ်လည်ကိုကြည့်လိုက်ပြီး အမျိုးသားနှင့် အမျိုးသမီးတို့ကို မြင်လိုက်ကြသည်။

“တာအိုရောင်းရင်းကျန်း၊ နတ်သမီးရှန်း?”

ချင်မန်ချန်း၏မျက်နှာသည် ပထမ၌ အံ့ဩမှုကိုပြသခဲ့ပြီးနောက် အံ့ဩဝမ်းသာနေသည့်အမူအရာသို့ ပြောင်းသွားခဲ့သည်။

“ဒါက ရှင်တို့လား? ရှင်တို့နှစ်ယောက်လုံးထွင်းမြင်အဆင့်ကိုတက်သွားပြီလား?”

“ဟုတ်ပါတယ်။”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အပြုံးဖြင့်တုံ့ပြန်လိုက်ကြသည်။

ခနအကြာတွင်။

ရှန်းရူယန်သည် ပြောလိုက်သည်။ “တာအိုရောင်းရင်းမန်ချန်း၊ နတ်ဆိုးကျင့်ကြံသူတစ်ယောက်မှ မရှိတော့ဘူး။ အချိန်ခနလောက်တော့ အန္တရာယ်ကိုရင်ဆိုင်ရမှာမဟုတ်ပါဘူး။

ကျွန်မယောကျာ်းနဲ့ကျွန်မတို့က လုပ်စရာအရေးကြီးကိစ္စရှိပါသေးတယ် ဒါကြောင့် ကျွန်တော်တို့ အချိန်ကြာကြာမနေတော့ပါဘူး။

ဂရုစိုက်ပါ။”

ထိုစကားများဖြင့် ရှန်းရူယန်နှင့် ကျန်းချန်ရွှမ်တို့သည် အချိန်ဆွဲမနေတော့ပါ။ သူတို့၏ပုံရိပ်များသည် လျှင်မြန်စွာဖြင့် အမြင်အာရုံမှ ပျောက်ကွယ်သွားခဲ့သည်။

***

All Chapters