← Chapters

မသေမျိုးပင်လယ်မြို့၏ဂိတ်ရှိ စစ်သည်စုများ

Vol. 45 Ch. 840

မသေမျိုးပင်လယ်မြို့၏ဂိတ်ရှိ စစ်သည်စုများ

Vol. 45 Ch. 840

စကားပြောလိုက်သည့်သူမှာ ကျန်းချန်ရွှမ်ဖြစ်ပေသည်။

ထိုစကားများကြောင့် အထူးသဖြင့် ကျန်းချန်ရွှမ်နှင့် သူ၏အဖော်များ၏အထောက်အထားကို သတိထားမိကြသောကြောင့် လူအုပ်၏အမူအရာများသည် ပြောင်းလဲသွားကြသည်။

သူတို့၏မျက်နှာများသည် အရောင်ပြောင်းသွားကြသည်။

ထိုက်ကန်းကျီကပင်ကျန်းချန်ရွှမ်နှင့် ကောင်းပိုင်ယွဲ့တို့၏စကားများ၌ တုံ့ပြန်မှုအနည်းငယ်ပင် ပြလေသည်။

သူသည် သာမန်ပင် သူတို့အားတစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

”မဆိုင်တဲ့သူတွေက ငါ့ကိုဘာလုပ်ပါဆိုပြီးလာပြောလို့မဟုတ်ဘူး။ အခုတော့ မင်းတို့က ငါတို့ နတ်ဆိုးလမ်းစဉ်ရဲ့ အင်အားကြီးခံတပ်ကို တိုက်ခိုက်တော့မဲ့အချိန်မှ အဲ့လိုစကားမျိုးတွေ ထွက်လာတယ်။ မင်းတို့က ငါတို့ကြားထဲယုံကြည်မှုမရှိအောင်မျိုးစေ့ချနေပြီး ငါတို့ကိုပူးပေါင်းစေမဲ့ ကြိုးကိုဖြတ်ဖို့ ကြိုးစားနေတယ်ဆိုတာ သတိမပြုမိဘူးလား?

မင်းတို့ရဲ့လုပ်ရပ်က ပုန်းကွယ်နေတဲ့အလုပ်တစ်ခုခုရှိမလားလို့ ငါ့ကိုမေးခွန်းထုတ်မိစေတယ်။ မင်းတို့နတ်ဆိုးလမ်းစဉ်နဲ့ မျှဝေထားတဲ့လျို့ဝှက်ချက်ရှိနိုင်မလားပေါ့။”

သူ၏ရည်ရွယ်ချက်ကရှင်းလင်းပါသည်။ ကျန်းချန်ရွှမ်နှင့် ကောင်းပိုင်ယွဲ့အား နတ်ဆိုးအင်အားစုများနှင့်် ပူးပေါင်းသည်ဟု စွပ်စွဲလိုခြင်းပင်ဖြစ်သည်။

သူ၏စွပ်စွဲမှုသည် သေချာမှုမရှိသော်လည်း လွယ်ကူစွာကြည့်၍မြင်နိုင်ကာ ၎င်းသည် သူ၏ခေါင်းစဉ်လွဲ မှုအား အောင်မြင်သွားစေသည်ကို ငြင်း၍မရပါ။

ကျန်းချန်ရွှမ်နှင့် ကောင်းပိုင်ယွဲ့တို့သည်နှစ်ဦးလုံး‌ ထေ့ငေါ့လိုက်ကြသည်။

သူတို့သည် ထိုက်ကန်းကျီ၏ လှပသည့်ဗျူဟာအား သတိထားမိပြီး စိတ်ထဲမထားကြပေ။

အဆုံး၌ အရာအားလုံးသည် သူတို့၏စွမ်းအားနှင့် နည်းစနစ်များ၌သာ မူတည်နေပါသည်။

ချင်ခုန်းခန်းမသည် သူတို့၏ခံတပ်သို့ပြန်သွားချိန်တွင် အကြီးအကဲအချို့သည် ထိုက်ကန်းကျီနှင့် ပူးပေါင်းကာ မနေနိုင်ဘဲ သူတို့၏စိုးရိပ်စိတ်ကိုဖော်ပြလိုက်ကြသည်။

“သူတော်စင်သားတော်၊ ကောင်းပိုင်ယွဲ့နဲ့ကျန်းချန်ရွှမ်တို့က ဘယ်လောက်တိုက်ရိုက်ကြီး စိန်ခေါ်လာလဲဆိုတာ ကြည့်ပြီး ကျွန်တော်တို့ သူတို့ကို ရှင်းလင်းဖို့ တွေးသင့်ပြီလို့ထင်လား?

အထူးသဖြင့် ကျန်းချန်ရွှမ်၊ ကျွန်တော်ကြားတာ သူက ကျောက်ထျန်းဖန်နဲ့ ညီအစ်ကိုဆက်ဆံရေးမျိုးလို့ ကြားတယ်။

အကယ်၍ ကျွန်တော်တို့ သူတို့ကိုအခုရင်မဆိုင်ထားရင်၊ သူက အရှင့်ဘက်ကို ဆက်ပြီးလာနိုင်တယ်။”

ထိုအ‌ေကြာင်းကိုကြားလျှင် ထိုက်ကန်းကျီ၏မျက်လုံးများက အနည်းငယ်ကျဉ်းမြောင်းသွားသည်။

အနည်းငယ်စဉ်းစားဆင်ခြင်ပြီးနောက် သူက တုံ့ပြန်လိုက်သည်။

“လောနေစရာမလိုဘူး။ သူက သူ့စီနီယာအစ်ကိုအတွက်ရပ်တည်ချင်နေရင်းလည်း လုပ်ပါစေ။

မကြာခင် သူလည်း သူ့အစ်ကိုရဲ့ဘေးမှာ အဖော်ပြုရတော့မှာပါ။”

.....

တစ်ချိန်တည်းမှာပင်၊

ကျန်းချန်ရွှမ်နှင့်ကောင်းပိုင်ယွဲ့တို့သည် စားသောက်ဆိုင်သို့ရောက်သွားခဲ့သည်။

နှစ်ဦးသားသည် ထိုင်ကာ ထိုအချိန်အတောအတွင်း အတွေ့အကြုံများအားဖလှယ်နေကြသည်။

ခဏအကြာတွင် ကောင်းပိုင်ယွဲ့က ပြောလိုက်သည်။

“ညီအစ်ကိုကျန်း၊ ထိုက်ကန်းကျီကိုဒီနေ့ အရှက်ခွဲလိုက်တယ်ဆိုတော့ ကျွန်တော်သေချာတယ် ဒီကိစ္စကိုသူအလွတ်ပေးမှာမဟုတ်ဘူး။

အထူးသဖြင့် ခင်ဗျားကိုပဲ၊ ခင်ဗျားနဲ့ အစ်ကိုကျောက်တို့ရဲ့ ရင်းနှီးမှုကိုသိထားတော့ သူ့ရန်ငြိုးတွေက ကျွန်တော့်အပေါ်ထပ် ခင်ဗျားအပေါ်ပိုများမှာသေချာတယ်။”

ထိုနှစ်များတွင် ကောင်းပိုင်ယွဲ့နှင့် ထိုက်ကန်းကျီတို့သည် သူတို့၏ကျင့်ကြံမှုများကို ထွင်းမြင့်အဆင့်သို့ ထိုးဖောက်နိုင်ခဲ့ကြသည်။

ကောင်းပိုင်ယွဲ့၏စကားကိုကြားလျှင် ကျန်းချန်ရွှမ်သည် မနေနိုင်ဘဲ ပြုံးလိုက်ကာ သဘောတူ၍ ခေါင်းညိတ်လိုက်သည်။

“တာအိုရောင်းရင်းကောင်း၊ ကျွန်တော်ခင်ဗျားပြောချင်တာကိုသိပါတယ်။

ရိုးရိုးသားသားပြောရရင်၊ အကယ်၍ သူကျွန်တော်အတွက် လှုပ်ရှားခဲ့ရင် ကျွန်တော်တကယ်ပဲ ကြိုဆိုနေမှာပါ။ သူဘာမှမလုပ်မှသာ ကျွန်တော်စပြီးစိုးရိမ်ရမှာ။”

“အို? ခင်ဗျားကဘာကိုဆိုလိုတာလဲ?”

ကောင်းပိုင်ယွဲ့က ကျန်းချန်ရွှမ်၏စကားကိုစိတ်ဝင်စားကာ တစ်ခုခုကိုဖမ်းမိသွားသည်။

“မှန်ပါတယ်။”

ကျန်းချန်ရွှမ်ကပြုံးကာ ခေါင်းညိတ်လိုက်သည်။

“အခြေအနေတစ်ခုခုထူးပြီး အကယ်၍ အခွင့်အရေးရောက်လာရင် ကျွန်တော်က တုံ့ဆိုင်းနေမှာ မဟုတ်ပါဘူး။

အကယ်၍ ခင်ဗျားဆန္ဒရှိရင်၊ ကျွန်တော်နဲ့ပူးပေါင်းလို့ရပါတယ်။ ညီအစ်ကိုကောင်း။”

အစ၌ ကျန်းချန်ရွှမ်သည် သာမန်သာမေးလိုက်ခြင်းဖြစ်သည်။

သို့သော် သူအံ့ဩသွားရသည်မှာ ကောင်းပိုင်ယွဲ့က စိတ်ထဲထိမှတ်ထားကာ စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်လေသည်။

“အကယ်၍ အခွင့်အရေးရှိရင် ကျွန်တော်လွတ်လိုက်မှာမဟုတ်ပါဘူး။”

.....

ရက်အနည်းငယ်အကြာတွင်။

ထိုအုပ်စုသည် မသေမျိုးပင်လယ်မြို့သို့ ထွက်ခွာရန်လူစုပြီးဖြစ်သည်။ ထိုအချိန်တွင် အပြာရောင်လမ်းမြို့ထဲမှ ကျင့်ကြံသူများသည် အချိန်ဆွဲမနေတော့ပါ။ သူတို့၏သတင်းအရ သူတို့သည် မသေမျိုးပင်လယ်မြို့သို့ထွက်ခွာလာကြလေသည်။

အပေါ်ယံ၌ ၎င်းသည် တာအိုဖွဲ့စည်းခြင်းအဆင့်အောက်အဖြစ် ကန့်သတ်ထားသည့်တိုက်ပွဲ ဖြစ်လေသည်။

သို့သော် အမှန်မှာမူ လူတိုင်းနားလည်ကြပါသည်။

တိုက်ပွဲက အရေးကြီးသောအချိန်သို့ရောက်လာသည်နှင့် ဖြောင့်မတ်လမ်းစဉ်နှင့် နတ်ဆိုးလမ်းစဉ်တို့မှ တာအိုဖွဲ့စည်းခြင်းသူတော်စင်များ ဝင်လာကြမည်ဖြစ်သည်။

ထို့ကြောင့်၊ ထိုစစ်ပွဲသည် အန္တရာယ်များစွာရှိပါသည်။

......

ထိုအချိန်တွင်၊

မသေမျိုးပင်လယ်မြို့၏အတွင်း၌ဖြစ်သည်။

နတ်ဆိုးဂိုဏ်းနှင့် မိသားစုများမှ ကျင့်ကြံသူများသည် အခြားကျင့်ကြံသူများထံမှ သိသာသည့် စွမ်းအားလှိုင်းများကို တွေ့ကာ အေးစက်သည့်မျက်နှာအမူအရာများရှိနေကြလေသည်။

သူတို့ကဲ့သို့နတ်ဆိုးလမ်းစဉ်အဖြစ်မွေးဖွားလာသည့်ကျင့်ကြံသူများသည် အခြားသူ၏ပိုင်နက်ကို စတင်၍ မတိုက်ခိုက်ခြင်းက အလွန်ကောင်းမွန်နေပြီဖြစ်သည်။

နောက်ဆုံးတွင်၊ သူတို့သည် တိုက်ခိုက်ခံရလေသည်။

သူတို့တပ်ချထားသည့် မသေမျိုးပင်လယ်မြို့သည် သူတို့၏ဂုဏ်ကိုမြင့်တင်ဖို့ရန် ထိုဖြောင့်မတ်လမ်းစဉ် ကျင့်ကြံသူများဟုခေါ်သည့် သူတော်ကောင်းယောင်ဆောင်ထားသောသူများ၏ ပစ်မှတ် ဖြစ်လာခဲ့လေသည်။

ရဲဝံ့ခြင်း။

“အကယ်၍ အဲ့ဒီအရူးတွေသေချင်နေရင် ငါတို့သူတို့ကိုရှင်းလင်းပေးရမှာပေါ့။” မသေမျိုးပင်လယ်မြို့ထဲမှ ကျင့်ကြံသူက အသံအေးစက်စက်ဖြင့်ပြောလိုက်လေသည်။

အရိုးဂိုဏ်းမှလာသည့် နတ်ဆိုးအရှင်မျက်နှာတစ်ခြမ်းသည် သူ၏မျက်နှာတစ်ခြမ်းက အရိုးများဖြစ်ကာ ပုံပန်းမကျစွာနှင့် ကြမ်းတမ်းစွာပြောနေလေသည်။

၎င်းသည် ထိုအချိန်တွင် မသေမျိုးပင်လယ်မြို့တွင်ရှိသည့် ထွင်းမြင်အဆင့်ကျင့်ကြံသူများထဲမှ တစ်ဦးဖြစ်သည်။

သူ၏ဘေးတွင်မူ ပေါင်းစည်းခြင်းချိုင့်ဝှမ်း၊တစ္ဆေခန်းမ၊ ငရဲတောင်တို့မှ ကျင့်ကြံသူများရပ်နေကြကာ နတ်ဆိုးလမ်းစဉ်း၏စွမ်းအားကိုပြနေခဲ့သည်။

သိရမည်မှာ တစ္ဆေခန်းမမှ နတ်အရှင်အဖြူအမဲနှင့် နတ်အရှင်ငရဲလောကတို့သည်လည်း ရှိနေကြသည်။

နတ်အရှင်အဖြူအမဲက ရုတ်တရက်ပြောလိုက်သည်။ “ဒီတိုက်ပွဲမှာ ကျွန်တော်တို့ အထူးသဖြင့် ပစ်မှတ်ထားမှာကဟောက်ရန်ဂိုဏ်းက ကျင့်ကြံသူတွေပဲ။ ငရဲတောင်ဂိုဏ်းကမိတ်ဆွေတို့က မိုးကြိုးချိုင့်ဝှမ်က ကျင့်ကြံသူတွေကိုကိုင်တွယ်ပေးနိုင်မလား?”

လျှော်ပင်များဝတ်ဆင်ထားသော အကြီးအကဲက သဘောတူစွာအနည်းငယ်ခေါင်းညိတ်လိုက်သည်။

“သေချာတာပေါ့။”

အခြားနတ်ဆိုးဂိုဏ်းများသည်လည်း သူတို့၏ပြင်ဆင်မှုများကို ပြုလုပ်နေကြပြီး သူတို့အချင်းချင်း ဖြောင့်မတ်လမ်းစဉ်မှကျင့်ကြံသူများအား ပစ်မှတ်ခွဲနေကြကာ အခြားတစ်ဘက်မှကျင့်ကြံသူများ ရောက်လာသည်နှင့် တိုက်ခိုက်နိုင်ရန် စောင့်ဆိုင်းနေကြလေသည်။

လျှင်မြန်စွာပင် ပုံရိပ်များနှင့် တိုက်လေများ သည် မသေမျိုးပင်လယ်မြို့တွင် ထွက်ပေါ်လာကြသည်။

စွမ်းအားကြီးကာ ကြောက်မက်ဖွယ်ကောင်းသောအရောင်အဝါက သောင်းချီဖြတ်လာခဲ့ပြီး မြို့၏ မိုင်သောင်းချီထိပင် ပြန့်နှံသွားခဲ့သည်။

မသေမျိုးပင်လယ်မြို့မှ နတ်ဆိုးကျင့်ကြံသူများသည် သူတို့၏စိတ်ထဲတွင်ကြက်သီးထသည်ကို ခံစားလိုက်ရသည်။ သူတို့၏ ယခင်က ပမာမခန့်ပြုခြင်း အထင်သေးခြင်း ချိန်းခြောက်ခြင်းတို့က ထို ရှိန်လောက်စရာကောင်းသည့် ကျင့်ကြံသူများနှင့် ရင်ဆိုင်ရလျှင် လာမည့်တိုက်ပွဲတွင် သူတို့၏ စွမ်းအားကုန် သုံးရမည် ဖြစ်ကြောင်း တိုက်တွန်းနေပေသည်။

ကံကောင်းစွာပင်၊ မသေမျိုးပင်လယ်မြို့သည် အဆင့် ၇ မဟာအစီအရင်ဖြင့် ကာကွယ်ထားလေသည်။ တာအိုဖွဲ့စည်းခြင်းသူတော်စင်အရှင်ကိုယ်တိုင်လာရောက်ခြင်းမရှိလျှင် ထိုအစီအရင်ကိုဖျက်စီးရန်မှာ လွယ်ကူသည့်ကိစ္စမဟုတ်ပါ။

“တာအိုရောင်းရင်းကောင်း၊ တာအိုရောင်းရင်းဝမ်၊ မသေမျိုးပင်လယ်မြို့ရဲ့ နတ်နဲ့နတ်ဆိုးစစ်ပွဲ အစီအရင်က မင်းတို့လုပ်ပေးဖို့လိုတယ်။

အကယ်၍ ဒီအစီအရင်ကို စောစောဖျက်စီးနိုင်ရင်၊ ငါတို့လုပ်ဆောင်ချက်က သိသိသာသာ ရှေ့ရောက်သွားလိမ့်မယ်။”

အရိပ်ဂိတ်မှ ထွင်းမြင်အဆင့်ကျင့်ကြံသူ ဟွားဖန်းလုံက အဆင့် ၇ အစီအရင်ဆရာ သုံးဦးအား နာမည်တပ်ကာအကြံပြုလိုက်သည်။

***

All Chapters