ကျွန်တော်ကို ကြိုးစားခွင့်ပြုရင်ကောဘယ်လိုလဲ?
Vol. 45 Ch. 841
သူတို့သည် ဟွားဖန်းလုံ၏စကားကိုကြားလျှင် သူအားခေါင်းညိတ်ပြလိုက်သည်။
“စိတ်ချပါ။ တာအိုရောင်ရင်းဟွား။
ကျွန်တော်တို့ အကောင်းဆုံးလုပ်ပါ့မယ်။ ကျွန်တော်တို့ ခင်ဗျားတို့နဲ့ ရှိနေတဲ့သူအားလုံးကို တောင်းဆိုချင်တာက ကျွန်တော်တို့အတွက် ဒီနတ်ဆိုးကျင့်ကြံသူတွေကို ခုခံထားပေးပြီး ကျွန်တော်တို့အတွက် အချိန်လုံလောက်အောင်လုပ်ပေးဖို့ပါပဲ။”
“သေချာတာပေါ့။”
ဟွားဖန်လုံသည် ချက်ခြင်းပင် သဘောတူ၍ သူတို့၏သဘောတူမှုကိုပြကာ ခေါင်းညိတ်နေသည့် အခြားသောသူများနှင့်အတူ ခေါင်းညိတ်လိုက်လေသည်။
ဤသို့ဖြင့် ကျင့်ကြံသူသုံးဦးဖြစ်သည့် ကောင်း, ဝမ်နှင့် ဟန်တို့သည် တုံ့ဆိုင်မနေတော့ပေ။
သူတို့သည် ကွဲပြားသည့်နေရာသုံးခုတွင် နေရာယူလိုက်ကာ သူတို့၏အစီအရင်အလံများကို စတင်၍ နေရာချလိုက်ပြီး နတ်နှင့်နတ်ဆိုးစစ်ပွဲအစီအရင်အား ဖျက်စီးမည့်အစီအစဉ်ကို စတင်လိုက်သည်။
ထိုအရာကို မြင်လျှင် များစွာသောနတ်ဆိုးကျင့်ကြံသူများ၏အမူအရာများသည် အေးစက်သွားသည်။
“ငါတို့ရဲ့မဟာအစီအရင်ကို ငါတို့မျက်စိရှေ့မှာပဲ ဖျက်စီးမလို့လား? သူတို့က ငါတို့ကို သေနေတယ် လို့ ထင်နေလား?”
ထိုသို့ပြောလိုက်ရင်း များစွာသောကျင့်ကြံသူများသည် ကောင်း၊ ဝမ်နှင့် ဟန်တို့အား ဦးတည်၍ တိုက်ခိုက်မှုများကိုထုတ်လွတ်လာသည်။
သို့ရာတွင်၊ သုံးယောက်သားသည် ထိုတိုက်ခိုက်မှုများကိုဂရုမစိုက်ပဲ ထိုအရေးကြီးသည့် အချိန်တွင် သူတို့အား နတ်ဆိုးများတိုက်ခိုက်မှုမှကာကွယ်ထားပေးမည့်သူများရှိမည်ဖြစ်ကြောင်း ယုံကြည် ထားလေသည်။
အမှန်တကယ်ပင်။
ထိုနတ်ဆိုးကျင့်ကြံသူများသည် ကောင်း၊ ဝမ်နှင့် ဟန်တို့ဆီသို့ တိုက်ခိုက်မှုများ ထုတ်လွတ် လိုက်သည်နှင့် ကျန်းချန်ရွှမ်၏ဘက်မှ ကျင့်ကြံသူများစွာထွက်လာပြီး ထိုတိုက်ခိုက်သူများနှင့် ရင်ဆိုင်လိုက်ကြသည်။
ဝုန်း…ဝုန်း…ဝုန်း….
ချက်ခြင်းပင်၊ ကောင်းကင်သည် များစွာသော မန္တာန်၊ နတ်စွမ်းအားနှင့် ဝိညာဉ်ရတနာများဖြင့် ပြည့်သွားလေသည်။
နှစ်ဘက်မှတိုက်ပွဲသည် အချိန်ကြာဆက်လက်ဖြစ်ပွားနေကာ မည်သည့်ဘက်မှသာသည်ဟူ၍ မပြောနိုင်ပေ။
ဤသည်ကိုမြင်လျှင်၊ နတ်အရှင်မျက်နှာတစ်ဝက်က မသေမျိုးပင်လယ်မြို့ထဲမှနေ၍ ထေ့ငေါ့လိုက်သည်။
ခနအကြာတွင် အရိုးအလံတစ်ခုက သူ၏ခေါင်းမှပျံထွက်လာကာ အစိမ်းရောင်အလင်းများ ထုတ်လွတ်လာခဲ့သည်။
မိုင်ထောင်ချီအတွင်း၊ မရေတွက်နိုင်သည့် အရိုးစစ်တပ်သည် တက်လာကြကာ သူတို့၏ဘက်မှ အရာအားလုံးကို အရိုးပင်လယ်အဖြစ်ပြောင်းလဲလိုက်လေတော့သည်။
များစွာသော ဓမ္မပုံစံအဆင့်ကျင့်ကြံသူများသည် သတိလွတ်သွားခဲ့ပြီး သူတို့၏ခန္ဓာကိုယ်များသည် ချက်ခြင်းပင် အရိုးအဖြစ်ပြောင်းလဲသွားခဲ့ကာ ထို့နောက်တွင် သူ၏အရိုးစစ်တပ်၏ အစိတ်အပိုင်းများ ဖြစ်ကုန်ကြသည်။
“ဟမ့်။”
မဟာနတ်သမီးဂိုဏ်းမှ အသက်ခုနှစ်ဆယ်ခန့်ရှိပြီဖြစ်သည့် လူအိုကြီးသည် နှာခေါင်းရှုံ့လိုက်သည်။
သူ၏မျက်ခုံးများကြားတွင် နတ်ရောင်ခြည်က ရုတ်တရက် သိပ်သည်းသွားပြီး လျှင်မြန်စွာပင် လက်နက်အဖြစ် ပြောင်းလဲသွားကာ ထက်ရှသောအရောင်အဝါ ထုတ်လွတ်လာခဲ့သည်။
ဆက်တိုက်ပင် ပေါက်ကွဲသံများမြည်သွားခဲ့သည်။
လက်နက်များဖြတ်သန်းသွားသည်နှင့် မရေတွက်နိုင်သည့်အရိုးများသည် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားခဲ့သည်။
နတ်ဆိုးအရှင်မျက်နှာတစ်ဝက်၏ မျက်လုံးများသည် ကြမ်းတမ်းသည့် အေးစက်သည့်အလင်းကို ပြသနေသည်။
အံကြိတ်လိုက်ကာ သူသည် ရွှေရောင်အရိုးလှံတစ်ခုကိုထုတ်လာခဲ့သည်။
လေထုသည် သတ္တုအချင်းချင်းရိုက်ခတ်နေသည့်အသံများနှင့် ပြည့်သွားခဲ့လေသည်။
အခြားတစ်ဘက်တွင်။
ပေါင်းစည်းခြင်းချိုင့်ဝှမ်းမှကျင့်ကြံသူများသည်လည်း အလကားမနေကြပါ။
လူတိုင်းသည် သူတို့၏ပြိုင်ဘက်ကိုရင်ဆိုင်နေကြသည်။
သူတို့ထဲတွင် နတ်အရှင်အဖြူအမဲနှင့် နတ်အရှင် ငရဲလောကတို့က အကြီးအကဲယွမ်ဖန်နှင့် အကြီးအကဲချီယန်တို့အား ရင်ဆိုင်နေကြလေသည်။
သို့ရာတွင်၊ တစ္ဆေခန်းမ၏ အသန်မာဆုံးထွင်းမြင်အဆင့်စွမ်းအားရှင်များဖြစ်ကြသည့် နတ်အရှင်အဖြူအမဲနှင့် နတ်အရှင်ငရဲလောကတို့သည် ကွာခြားသည့်အဆင့်တွင်ရှိနေသည်ကို သက်သေပြနေပါသည်။
အကြီးအကဲယွမ်ဖန်နှင့်အကြီးအကဲချီယန်တို့သည် ထွင်းမြင်အဆင့်တွင် သန်မာသူများ ဖြစ်ကြသော်လည်း သူတို့၏အဆင့်တွင်မရှိသည်မှာ ရှင်းလင်းနေသည်။
ကျီ..ကျီ….ကျီ….
တိုက်ပွဲကပြင်းထန်လာကာ ကောင်း၊ ဝမ်နှင့် ဟန်တို့သည် အစီအရင်ကိုချိုးဖောက်ရန်အတွက် အရေးကြီးသည့်အရာကိုလုပ်ခဲ့ပြီးဖြစ်သည်။
မသေမျိုးပင်လယ်မြို့၏ ကာကွယ်ခြင်းမဟာအစီအရင်သည် လှိုင်းသေင်္ကတများကို အချက်ပြကာ အရွယ်အစားအားဖြင့် သေးငယ်သွားပုံရလေသည်။
ဤအရာကိုမြင်လျှင် နတ်ဆိုးကျင့်ကြံသူများ၏မျက်နှာသည် အကြီးအကျယ် ပြောင်းလဲသွားကြသည်။
“အမြန်၊ သူတို့ကိုသတ်ကြ။” နတ်ဆိုးကျင့်ကြံသူများသည် ဒေါသဖြင့်အော်လိုက်ကြသည်။
ချက်ခြင်းပင် ထွင်းမြင်အဆင့်နတ်ဆိုးကျင့်ကြံသူ ခြောက်ယောက် သို့ ခုနစ်ယောက်ခန့်က ကောင်း၊ ဝမ်နှင့် ဟန်တို့ဆီသို့ ဦးတည်၍ တိုက်ခိုက်ရန်လာနေကြလေသည်။
ထိုအချိန်တွင် ထွင်းမြင်အဆင့်ကျင့်ကြံသူလေးယောက်က ကောင်း၊ ဝမ်နှင့် ဟန်တို့၏ဘေးတွင် သူတို့အား ကာကွယ်ရန်ရောက်လာခဲ့သည်။
အကယ်၍ သူတို့သည် နတ်ဆိုးကျင့်ကြံသူများ၏တိုက်ခိုက်မှုကိုတားဆီးလိုလျှင် သူတို့သည် တန်ဖိုးကိုပေးရမည်ဖြစ်သည်။
အရေးအကြီးဆုံးအချက်မှာ အကယ်၍ သူတို့၏ အင်အားအပြည့်ကိုထုတ်သုံးလျှင်ပင် သူတို့၏အင်အားသည် ကောင်း၊ ဝမ်နှင့် ဟန်တို့အား အနှောက်အယှက်မပေးမိရန် ခက်ခဲပါသည်။
ပြီးနောက် ၎င်းသည် အမှန်တရားဖြစ်သည်။
တိုက်ပွဲကပြင်းထန်လာသည်နှင့် ဖြစ်ပေါ်လာသည့် လှိုင်းများက လျှင်မြန်စွာပင် ကောင်း၊ ဝမ်နှင့် ဟန်တို့အား စိန်ခေါ်မှုဖြစ်စေခဲ့သည်။
ပထမဦးစွာ အစီအရင်၏အခြေခံမှာ စတင်၍ ပြင်းထန်စွာ လှုပ်ရှားလာခဲ့လေသည်။
ထို့အပြင်၊ အစီအရင်၏အခြေခံတစ်ချို့မှာ ပျက်စီးသွားကြလေသည်။
ကောင်း၊ ဝမ်နှင့် ဟန်တို့၏အမူအရာများက ရှုံ့မဲ့သွားကြသည်။
သူတို့သည် တိုက်ပွဲ၏အောင်ပွဲက သူတို့၏လက်ထဲတွင် ရှိကြောင်း အခြားသူများထပ် ပိုသိကြပါသည်။
အကယ်၍ သူတို့သည် ထိုအကာအကွယ်အစီအရင်အား မြန်မြန်မဖျက်စီးနိုင်လျှင် သူတို့ဘက်မှ လူ၏စွမ်းအားနှင့် ကွာခြားနိုင်မည်မဟုတ်ပေ။
“ငါတို့မလိုက်နိုင်ဘူး။ အစီအရင်ရဲ့အခြေခံကိုဖျက်စီးနေတဲ့အရှိန်က သူတို့ရဲ့ဖျက်စီးနိုင်စွမ်းကို မလိုက်နိုင်ဘူး။
ငါတို့ထဲမှာ အစီအရင်ရဲ့အခြေခံကို သန်မာစေဖို့ကူညီနိုင်တဲ့ အဆင့် ၇ အစီအရင်ဆရာ နောက်တစ်ယောက်လောက် ထပ်ရှိခဲ့ရင်တော့ဖြစ်နိုင်တယ်။”
ထိုအချိန်တွင် ကောင်းချန်ဖေးဟုခေါ်သည့် အစီအရင်ဆရာက တညိငြိမ်သည့်အမူအရာနှင့် ပြောလိုက်သည်။
သူ၏စကားကိုကြားလျှင် အခြားနှစ်ယောက်က တိတ်ဆိတ်သွားခဲ့သည်။
သူတို့သည် ကောင်းချန်ဖေး၏ အခြေအနေကို သုံးသပ်ခြင်းကို သဘောတူလိုက်ကြသည်။
လက်ရှိအခြေအနေအရ မသေမျိုးပင်လယ်မြို့၏ နတ်နှင့်နတ်ဆိုးစစ်ပွဲအစီအရင်ကို အမြန်ဆုံးချိုးဖောက်နိုင်ရန်မှာ မဖြစ်နိုင်ပုံရလေသည်။
သို့ရာတွင် အဆင့် ၇ အစီအရင်ဆရာကိုရှာဖွေရန်မှာ လွယ်ကူသည့်ကိစ္စမဟုတ်ပေ၊ အထူးသဖြင့် ထိုအခြေအနေများအောက်တွင်ဖြစ်သည်။
သူတို့သည် နောက်ဆုတ်လိုလျှင်ပင် အချိန်သည် သူတို့ဘက်တွင်ရှိနေမည်မဟုတ်ပါ။
“ကျွန်တော်ကိုကြိုးစားကြည့်ခွင့်ပြုပါလား?”
ထိုအချိန်တွင် အသံတစ်ခုက ရုတ်တရက် သူတို့နားထဲသို့ရောက်လာခဲ့သည်။
အံ့ဩမှုဖြင့်လှည့်ကြည့်လိုက်လျှင် သူတို့သည် သူတို့သတိမထားမိအောင်ချဉ်းကပ်လာသည့် ကျန်းချန်ရွှမ်အားတွေ့လိုက်ရလေသည်။
ကျန်းချန်ရွှမ်က ပြောလိုက်သည်။ “ကျွန်တော့်ရဲ့အမြင်အရ ဒီကာကွယ်မှုမဟာအစီအရင်ကို ဖျက်ဖို့အဓိကအချက်က အစီအရင်ရဲ့အရေအတွက်အပေါ်မှာ မူတည်နေတာမဟုတ်ဘဲ သူတို့ရဲ့ အရည်အသွေးပေါ်မှာမူတည်နေတာဖြစ်နိုင်တယ်။
အကယ်၍ ကျွန်တော်တို့ ဒီတစ်ခေါက်မှာ အစီအရင်အခြေခံကို လုံလောက်တဲ့အရည်အသွေးနဲ့ သန့်စင်နိုင်ရင် ဒါကလိုအပ်နေတဲ့အရေအတွက်ကို အစားထိုးပေးနိုင်လိမ့်မယ်။ ဘယ်လိုထင်ကြလဲ?”
ကျန်းချန်ရွှမ်၏စကားများသည် ကောင်း၊ ဝမ်နှင့် ဟန်တို့၏မျက်နှာများတွင် အပြုံးတစ်ခုကို ယူလာပေးလိုက်သည်။
သူတို့၏အတွေ့အကြုံဖြင့် ကျန်းချန်ရွှမ်ညွန်ပြနေသည့် အရာကို မည်သို့နားမလည်ဘဲ နေလိမ့်မည်နည်း?
သို့ရာတွင် သူတို့မှလွဲ၍ ထိုအဆင့်မြင့်အရည်အသွေးရှိသည့်အစီအရင်ကိုသန့်စင်နိုင်သည့်သူကို အချိန်တိုအတွင်းရှာရန်မဖြစ်နိုင်ပါ။
ပြီးနောက် သူတို့သည် အချိန်မရှိတော့ဘဲ ထိုအဆင့်မြင့်အစီအရင်ကို သန့်စင်ရန် အချိန်ပိုလည်း မရှိတော့ပါ။
***