← Chapters

ဝိညာဉ်လုယက်ခြင်းအဆောင်၊ အစီအရင်ကိုဖျက်ရန်အင်အားစုများပူးပေါင်းခြင်း

Vol. 45 Ch. 842

ဝိညာဉ်လုယက်ခြင်းအဆောင်၊ အစီအရင်ကိုဖျက်ရန်အင်အားစုများပူးပေါင်းခြင်း

Vol. 45 Ch. 842

ထိုအတွေးဖြင့် ကောင်း၊ ဝမ်နှင့် ဟန်တို့သည် မနေနိုင်ဘဲ တွေးဆနေကြသည်။

သူတို့သည် ရုတ်တရက် ကျန်းချန်ရွှမ်က ယခုပင်ပြောလိုက်သောအရာကို သတိရသွားကြသည်။

ဒီဟောက်ရန်ဂိုဏ်းက တာအိုရောင်ရင်းကကော ဖြစ်နိုင်လား?

သူတို့၏အတွေးကို အာရုံခံမိသည်နှင့် ကျန်းချန်ရွှမ်သည်ပြုံးကာ ခေါင်းညိတ်လိုက်သည်။

“တကယ်ပဲ ခင်ဗျားတို့လိုပဲ ကျွန်တော်လည်း အဆင့် ၇ အစီအရင်ဆရာတစ်ယောက်ပါ။ ကျွန်တော်ကြိုးစားကြည့်ဖို့အခွင့်အရေးရမလား?”

“မျှော်လင့်ထားသလိုပဲ..”

ကောင်း၊ ဝမ်နှင့် ဟန်တို့သည် ထိတ်လန့်သွားကြသည်။

တုံ့ဆိုင်းခြင်းမရှိဘဲ၊ ကောင်းချန်ဖေးကပြောလိုက်သည်။

“အကယ်၍ ဒီလိုဆိုရင် ကျွန်တော်တို့က တာအိုရောင်းရင်းကျန်းရဲ့ ကူညီမှုကို ကျေးဇူးတင်ရမှာပါ။”

ရှင်းလင်းစွာပင် သူတို့သည် ကျန်းချန်ရွှမ်အား သံသယမရှိကြပါ။

ကျန်းချန်ရွှမ်က သူတို့နှင့် ပူးပေါင်းလိုက်သည်နှင့် သူတို့၏လုပ်နိုင်စွမ်းသည် သိသာစွာ တိုးတက်သွားခဲ့သည်။

ယခင်က စိုးရိမ်ရသည့် အခြေအနေမှ တိုက်ပွဲ၏သက်ရောက်မှုမှာ လျှင်မြန်စွာဖြင့် ပျောက်ကွယ် သွားလေသည်။

ထိုတိုးတက်မှုသည် ချက်ခြင်းပင် ချင်ခုန်းခန်းမမှ ထိုက်ကန်းကျီနှင့် နတ်ဆိုးလမ်းစဉ်မှ အခြားသူများအပါအဝင် များစွာသောကျင့်ကြံသူများ၏ အာရုံကိုဖမ်းစားလိုက်လေသည်။

ဖြောင့်မတ်လမ်းစဉ်မှ ထွင်းမြင်အဆင့်ကျင့်ကြံသူများနှင့် မူလကတိုက်ခိုက်နေသည့် နတ်ဆိုးကျင့်ကြံသူများသည် ချက်ခြင်းပင် သူတို့၏ပစ်မှတ်ကို ပြောင်းကာ ကျန်းချန်ရွှမ်နှင့် အခြားသူများကို တိုက်ခိုက်ရန်လုပ်နေကြသည်။

ကံဆိုးစွာပင်၊ ဖြောင့်မတ်လမ်းစဉ်မှ ထွင်းမြင်အဆင့်ကျင့်ကြံသူများမှာလည်းအထင်သေး၍မရပါ။

သူတို့သည်ယာယီအားဖြင့် နတ်ဆိုးအင်အားစုများကို မလိုက်နိုင်သော်လည်း သူတို့အား တား,ထားရန်တော့ လုပ်နိုင်စွမ်းရှိပါသေးသည်။

“ဒါကိုဆက်လုပ်လို့မရဘူး။”

မကြာမီ နတ်ဆိုးလမ်းစဉ်မှ တစ်စုံတစ်ယောက်ကပြောလိုက်လေသည်။

သူသည် သူ၏လက်ကိုလှုပ်ယမ်းလိုက်သည်။

ချက်ခြင်းပင်၊ ခရမ်းရင့်ရောင် အဆောင်က ရုတ်တရက် သူ၏လက်တွင် ပေါ်လာခဲ့သည်။

၎င်းသည် အဆင့် ၇ အဆောင်ဖြစ်သည့် ဝိညာဉ်လုယူခြင်းအဆောင်ဖြစ်ပေသည်။ ၎င်းသည် ကျင့်ကြံသူ၏ဝိညာဉ်နှင့် မူလဝိညာဉ်ကိုပစ်မှတ်ထားသည့်အဆောင်ဖြစ်သည်။

ထွင်းမြင်အဆင့်စွမ်းအားရှင်များသည်ပင် အကယ်၍ ဂရုမစိုက်လျှင် ထိုအဆောင်၏နစ်နာသူ ဖြစ်လာနိုင်ပါသည်။

၎င်းသည် ကျန်းချန်ရွှမ်နှင့် အခြားသူများအားတားဆီးရန်အတွက် နတ်ဆိုးလမ်းစဉ်သည် မည်မျှအားထုတ်ထားကြောင်း မြင်နိုင်ပါသည်။

ဝိညာဉ်လုယူခြင်းအဆောင်ကိုမြင်လျှင် ကောင်းချန်ဖေးနှင့် အခြားသူများ၏အမူအရာများသည် အကြီးအကျယ်ပြောင်းလဲသွားကြသည်။

သူတို့သည် ထိုအဆောင်၏စွမ်းအားအကြောင်းကိုသိကြပြီး ၎င်းသည် သူတို့၏အသက်အန္တရာယ် ရှိစေနိုင်ကြောင်းကို သိကြပါသည်။

သို့သော် နောက်ဆုတ်ခြင်းသည် ရွေးချယ်ရန်မဟုတ်ပေ။

ထိုသို့လုပ်လျှင် သူတို့၏အင်အားများအားလုံးကိုအလကားဖြစ်စေပြီး သူတို့၏တိုက်ခိုက်မှုအား အကျိုးမရှိစေနိုင်ပေ။

ကံကောင်းစွာပင်၊ ထိုအရေးကြီးသည့်အခြေအနေ၌ ကျန်းချန်ရွှမ်၏အသံအားသူတို့၏နားထဲထပ်၍ ကြားလိုက်ရသည်။

“တာအိုရောင်းရင်းတို့၊ မစိုးရိမ်ကြပါနဲ့၊ ဒီအဆောင်ကို ကျွန်တော်ကိုင်တွယ်လိုက်ပါရစေ။

စိတ်ချပါ။ အခြားအဆောင်နဲ့ရင်ဆိုင်ရမှာက ပြသနာဖြစ်နိုင်ပေမဲ့၊ ကျွန်တော့်မှာ ဒီမူလဝိညာဉ်ကို အထူးပစ်မှတ်ထားတဲ့ ကိစ္စကိုကိုင်တွယ်ဖို့ နည်းလမ်းရှိပါတယ်။”

ကျန်းချန်ရွှမ်၏အာမခံချက်ကိုကြားလျှင်၊ ကောင်းချန်ဖေးနှင့် အခြားသူများသည် ယာယီအံ့အားသင့်သွားကြသည်။

သို့ရာတွင် သူတို့သည် ချက်ခြင်းပင် သူနှင့်ဆက်သွယ်ကာ သူတို့၏စိုးရိမ်စိတ်ကို ပြောပြလိုက်ကြသည်။

“တာအိုရောင်းရင်းကျန်း၊ ဒီအဆောင်ကိုကိုင်တွယ်နိုင်တာသေချာလား?

အကယ်၍ အဲ့လိုမဟုတ်ရင် ကျွန်တော်တို့က အခြားရွေးချယ်စရာကိုဆုံးဖြတ်ဖို့ အချိန် ရှိပါသေးတယ်။

အဲ့ဒီအဆောင်က အသက်ဝင်သွားတာနဲ့ အခြားအစီအစဉ်အတွက် နောက်ကျသွားလိမ့်မယ်။”

သူတို့၏စကားများက စိုးရိမ်မှုကိုပြနေပါသည်။

ကျန်းချန်ရွှမ်သည် ခိုင်မာသည့်တုံ့ပြန်မှုဖြင့် အာမခံလိုက်သည်။

“စိတ်ချပါ။ ကျွန်တော့်လုံခြုံရေးနဲ့တော့ မနောက်ပါဘူး။ အစီအရင်ကိုဆက်ပြီး ဖျက်နေပါ။”

“ကောင်းပါပြီ။ ဒါဆိုရင် ခင်ဗျားဆီသာအကုန်အပ်လိုက်ပါ့မယ် တာအိုရောင်းရင်းကျန်း။”

စကားပြောနေစဉ် နတ်ဆိုးလမ်းစဉ်ကျင့်ကြံသူများက ဝိညာဉ်လုယူခြင်းအဆောင်အား အသက်သွင်းလိုက်သည်။

ကောင်းကင်က ရုတ်တရက်မဲမှောင်လာကာ လေထုက မရေတွက်နိုင်သောရန်ငြိုးဝိညာဉ်များ၏ အော်မြည်သံနှင့် အရိပ်များထွက်ပေါ်လာခဲ့သည်။

အပူချိန်ကထိုးကျလာကာ နတ်ဆိုးကဲ့သို့လေချွန်သံများသည် အချို့ကျင့်ကြံသူများ၏စိတ်ထဲတွင် ထိုးဖောက်ဝင်ရောက်လာလေသည်။

သို့ရာတွင် ထိုမကောင်းသည့်လေချွန်သံများသည် ကျင့်ကြံသူများအားပစ်မှတ်ထားခြင်းမဟုတ်ဘဲ အထူးသဖြင့် အစီအရင်ကိုချိုးဖောက်ရာတွင် အာရုံစိုက်နေကြသည့် ကျန်းချန်ရွှမ်နှင့် အဖွဲ့အား ပစ်မှတ်ထားခြင်းဖြစ်လေသည်။

ကျန်းချန်ရွှမ်သည် ကောင်းချန်ဖေးနှင့် အခြားသူများအတွက် သူတို့၏တာဝန်ကိုပြုလုပ်နိုင်ရန် ထိုအဆောင်အား တစ်ဦးတည်းရင်ဆိုင်ရမည်ကိုသိပါသည်။

ထို့ကြောင့်၊ သူသည် ရှောင်မပြေးဘဲ အဆောင်ဆီသို့ဦးတည်သွားလိုက်သည်။

ဝုန်း…

ချက်ခြင်းပင်၊ သာမန်မီးတောက်များအဟုတ်ဘဲ အသန်မာဆုံးနှင့် အသန့်ရှင်းဆုံးယန်စွမ်းအားရှိသည့် သန့်စင်သောယန်စစ်မှန်မီးဖြစ်သည့် နေစစ်မှန်မီး၏ အဆုံးမရှိသည့်မီးတောက်များသည် သူ၏ပတ်လည်တွင် လိမ့်တက်လာလေသည်။

ခီ…ခီ….ခီ…

လူတိုင်း၏အမြင်တွင် မရေတွက်နိုင်သည့် ရန်ငြိုးဝိညာဉ်များသည် ထိုမီးတောက်များမှ ဖျက်စီးခံလိုက်ရလေသည်။

အမှန်ပင် နတ်ဆိုးလေချွန်သံများက ထိုနတ်ဆိုးများကဲ့သို့ ကျန်းချန်ရွှမ်၏အသိစိတ်ပင်လယ်ထဲသို့ ပြေးဝင်လာကြသည်။

အဆောင်၏စွမ်းအားကို သိသော ကျင့်ကြံသူတိုး၏အမူအရာသည် ထိုမြင်ကွင်းကိုမြင်ရလျှင် ပြောင်းလဲသွားကြသည်။

သူတို့သည် ကျန်းချန်ရွှမ်က မည်မျှယုံကြည်ချက်ရှိ၍ ထိုသို့ပြုလုပ်သည်ကိုမသိပါ။

၎င်းသည်သေချာပေါက် ဟာသမဟုတ်ပေ။

အနည်းငယ်မှားယွင်းသောခြေလှမ်းသည်ပင် တစ်ဦး၏မူလဝိညာဉ်ကိုနစ်မြုပ်သွားစေကာ နတ်ဆိုးလေချွန်သံအောက်ရှိရုပ်သေးဖြစ်လာနိုင်ပါသည်။

ထိုစိန်ခေါ်မှုသည် စွမ်းအားကြီးသည့် ထွင်းမြင်အဆင့်ကျင့်ကြံသူများအတွက်လည်း အတူတူပင်ဖြစ်သည်။

သို့သော် အားလုံးအား အံ့အားသင့်စေခဲ့သည်မှာ နတ်ဆိုးလေချွန်သံသည် ကျန်းချန်ရွှမ်၏ စိတ်ထဲသို့ကျူးကျော်ဝင်ရောက်သွားသော်လည်း သူ၌ လုံးဝသက်ရောက်ခံရခြင်းမရှိသည့်ပုံပင်။

သန့်စင်သည့်ယန်စစ်မှန်မီးနှင့် နေစစ်မှန်မီးတို့သည် ပို၍လွမ်းမိုးနိုင်ကာ ပြင်းထန်လာခဲ့သည်။

ဝုန်း…

ချက်ခြင်းပင် မရေတွက်နိုင်သည့် ရန်ငြိုးဝိညာဉ်များသည် ကျန်းချန်ရွှမ်၏မီးတောက်ကြောင့် ပြာအဖြစ်သို့ပြောင်းလဲသွားခဲ့ပြီး သူကိုယ်တိုင်ကလည်း နတ်ဆိုးလေချွန်သံများ၏ သက်ရောက်ခြင်းမရှိဘဲ ကျန်ခဲ့လေသည်။

သူသည် သူ၏လက်ကိုမြောက်ကာ များစွာသောအစီအရင်အလံများကိုထုတ်ပြီး အစီအရင်အခြေခံ၏ အရေးကြီးသည့် နေရာနှင့် လျှင်မြန်စွာပေါင်းစည်းလိုက်သည်။

ကျီ..ကျီ…..ကျီ

ထိုအချိန်တွင် ကောင်းချန်ဖေးနှင့် အခြားသူများ၏ အားထုတ်မှုသည် နောက်ဆုံးအဆင့်သို့ ရောက်သွားခဲ့သည်။

ကျန်းချန်ရွှမ်ထုတ်လိုက်သည့် အစီအရင်အလံများကိုမြင်လျှင် သူတို့၏မျက်နှာများသည် အံ့ဩဝမ်းသာသွားပုံကိုပြနေပါသည်။

ကျန်းချန်ရွှမ်၏လှုပ်ရှားမှုသည် အရေးပါပါသည်။

ချက်ခြင်းနီးပါးပင်၊ သူတို့သည်လည်း အစီအရင်အလံဒါဇင်ချီ၍ထုတ်လိုက်ကာ အစီအရင်အခြေခံ၏များစွာသောနေရာများတွင် အောင်မြင်စွာကျရောက်သွားခဲ့သည်။

ဝုန်း…….

ရုတ်တရက် အစကတုန်လှုပ်နေသော အကာအကွယ်အစီအရင်သည်ပို၍ ပြင်းထန်စွာ လှုပ်ရှားလာခဲ့သည်။

ထိုအချိန်တွင် မြို့၏အကာကွယ်မဟာအစီအရင်ကတုန်လှုပ်မှုသည် ယခင်ထပ်ပို၍ ပြင်းထန်လာပြီး အစီအရင်၏အလင်းသည် စတင်၍မှိန်လာခဲ့သည်။

ပြီးနောက် ထိုအရေးကြီးသည့် အချိန်တွင် ကျန်းချန်ရွှမ်သည် ရုတ်တရက် များစွာသော ပစ္စည်းများကိုထုတ်လိုက်သည်။

ထိုပစ္စည်းများသည် လျှင်မြန်စွာပျော်ဝင်သွားပြီး လေထဲတွင် ပြန်လည်ဖွဲ့စည်းကာ အဆုံး၌ အစီအရင်ကိုးခုကိုဖွဲ့စည်းခဲ့သည်။

ဝှစ်ဟူသောအသံမြည်သွားခဲ့သည်။

၎င်းတို့သည် တိုက်ရိုက်ပင် မဟာအစီအရင်၏ အားအနည်းဆုံးအပိုင်းသို့ ရောက်သွားခဲ့လေသည်။

***

All Chapters