← Chapters

နှစ်ယောက် တစ်ယောက် ရင်ဆိုင်ခြင်း၊ လွှမ်းမိုးနိုင်သည့် အောင်မြင်ခြင်း

Vol. 45 Ch. 843

နှစ်ယောက် တစ်ယောက် ရင်ဆိုင်ခြင်း၊ လွှမ်းမိုးနိုင်သည့် အောင်မြင်ခြင်း

Vol. 45 Ch. 843

ဝုန်း…ဝုန်း…ဝုန်း….

ရုတ်တရက်၊ ပြင်းထန်သည့် ပေါက်ကွဲမှုသည် မသေမျိုးပင်လယ်မြို့၏မဟာအစီအရင်၏ နှလုံးသားတွင် ဖြစ်ပေါ်သွားခဲ့လေသည်။

တစ်ခဏအတွင်း အစီအရင်တစ်ခုလုံး၏အလင်းသည် ပြင်းထန်စွာလင်းလက်သွားခဲ့ပြီး ကျယ်လောင်သည့်အသံနှင့်အတူ ပေါက်ကွဲသွားခဲ့သည်။

နတ်ဆိုးကျင့်ကြံသူများသည် ထိုမြင်ကွင်းကိုမြင်သွားပြီး သူတို့၏အမူအရာများသည် ချက်ခြင်းပင် အကြီးအကျယ်ပြောင်းလဲသွားခဲ့သည်။

အခြားတစ်ဘက်တွင်၊ ကျန်းချန်ရွှမ်နှင့် သူ၏ဖြောင့််မတ်လမ်းစဉ်မှ မိတ်ဆွေများသည် ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။

“ဒီတစ်ခေါက်တော့ ငါတို့ နတ်ဆိုးကျင့်ကြံသူတွေကို လုံးဝသုတ်သင်ရှင်းလင်းပစ်မယ်။”

သူတို့သည်ပြောဆိုရင်းနှင့် ဖြောင့်မတ်လမ်းစဉ်မှကျင့်ကြံသူများသည် ပို၍ ကြမ်းကြုတ်လာကြသည်။

နတ်ဆိုးအရှင်မျက်နှာတစ်ဝက်၊ နတ်အရှင်အဖြူအမဲနှင့် နတ်အရှင်ငရဲလောကတို့သည် သူတို့၏အမူအရာများသည်အလွန်ရှုံမဲ့သွားကြသည်။

သူတို့၏အကာအကွယ်မဟာအစီအရင်သည် အင်အားမသုံးပဲနှင့် ပျက်စီးသွားမည်ဟု ကြိုတင်မမျှော်လင့်ခဲ့မိပါ။

မမျှော်လင့်ထားသောအပြောင်းအလဲကြောင့် စိတ်လှုပ်ရှားကာ ဒေါသထွက်ခြင်းများက သူတို့၏တိုက်ခိုက်ခြင်းကို ပို၍ အင်အားကောင်းလာစေသည်။

ထိုတိုးတက်မှုသည်အကြီးအကဲယွမ်ဖန်နှင့် အကြီးအကဲချီယန်တို့အား ပြသနာကိုအနည်းငယ် ဖြေရှင်းပေးနိုင်လေသည်။

နတ်အရှင် အဖြူအမဲနှင့် နတ်အရှင်ငရဲလောကသည် ထွင်းမြင်အဆင့်၏အထွတ်အထိပ်အဆင့်တွင် ဖြစ်ကြောင်း သိရာ သူတို့အားရင်ဆိုင်ခြင်းသည် အဆင့်တူကျင့်ကြံသူများအတွက် တုန်လှုပ်စရာ ဖြစ်ပါသည်။

အကြီးအကဲယွမ်ဖန်နှင့် အကြီးအကဲချီယန်တို့၏ဖိအားများပြင်းထန်လာသည်နှင့် ပုံရိပ်တစ်ခုသည် သူတို့၏ဘေးတွင် ရုတ်တရက်ပေါ်လာခဲ့သည်။

“စီနီယာအစ်ကိုတို့ အခြားသူတွေနဲ့သွားပြီးရင်ဆိုင်လိုက်ပါ။ ဒီနှစ်ယောက်ကိုကျွန်တော့်ဆီအပ်ထားလိုက်ပါ။” ထိုသူမှာ ကျန်းချန်ရွှမ်ဖြစ်သည်။

သူသည် သူ၏စီနီယာအစ်ကိုကျောက်ထျန်းဖန်အား ဒဏ်ရာရစေခဲ့ပြီး သူ၏ကျင့်ကြံခြင်းလမ်းကို ရပ်သွားစေခဲ့သော ထိုနှစ်ဦးအားမေ့သွားခြင်းမရှိပေ။

ထိုက်ကန်းကျီကဲ့သို့ပင် ထိုသူတို့သည်လည်း သူ့ရန်ငြိုး၏ပစ်မှတ်များဖြစ်ပါသည်။

သူတို့သည် ထိုက်ကန်းကျီနှင့် တွေ့လျှင် သတိထားဖို့ရန်လိုအပ်သော်လည်း ထိုနှစ်ယောက်နှင့် တိုက်ခိုက်ရန်မူ နောက်ဆုတ်နေရန်မလိုအပ်ပါ။

အကြီးအကဲယွမ်ဖန်နှင့် အကြီးအကဲချီယန်တို့သည် ကျန်းချန်ရွှမ်၏ရုတ်တရက် ပေါ်ထွက်လာမှုကြောင့် အံ့အားသင့်သွားကြလေသည်။

သူတို့သည် ထိတ်လန့်နေစဉ်တွင် အတော်လေးစိုးရိမ်နေကြသည်။

“ဂျုနီယာညီလေးကျန်း၊ ဒီနှစ်ယောက်က ငါတို့နဲ့တောင် အတော်လေးသန်မာတယ်။ မင်းတစ်ယောက်ထဲ ကိုင်တွယ်မှာ သေချာလား?”

ဤနေရာသို့မရောက်မှီတွင် သူတို့သည် သူတို့၏ဂိုဏ်းချုပ် ရွယ်ပင်းထံမှ ညွန်ကြားချက်ကို ရခဲ့ပေသည်။

တရားဝင်အားဖြင့် ထိုအစီအစဉ်သည် သူတို့က အခြားသူများနှင့် အတူ ဦးဆောင်မှုနောက်သို့ လိုက်ရန်ဖြစ်ကာ ညွန်ကြားချက်အစစ်မှာ ကျန်းချန်ရွှမ်အားလျော့ပေးဖို့ရန်ဖြစ်သည်။

ရွယ်ပင်းထပ် ကျန်းချန်ရွှမ်ကယခုမည်မျှရှိန်လောက်စရာဖြစ်လာကြောင်းကို မည်သူမှ နားလည်မည်မဟုတ်ပါ။

သူသည် သူတို့၏နောက်ကွယ်မှညွန်ကြားနေသည့် ပုန်းကွယ်ထားသည့်လက်ဖြစ်ပေလိမ့်မည်။ သူနှင့်ဆိုလျှင် တာအိုဖွဲ့စည်းခြင်းအရှင်အဆင့်အောက်မှလူများသည် ဟောက်ရန်ဂိုဏ်းအား မည့်သည့်ချိန်းခြောက်မှုမှပြုလုပ်နိုင်မည်မဟုတ်ပါ။

ထိုအကြောင်းကြောင့် အကြီးအကဲယွမ်းဖန်နှင့် အကြီးအကဲချီယန်တို့သည် ကျန်းချန်ရွှမ်အား ယဉ်ကျေးမှု၊ လေးစားမှုဖြင့် ဆက်ဆံကြပါသည်။ အရေးကြီးနေသည့်အချိန်တွင်ပင် သူတို့သည် သူ၏ကမ်းလှမ်းမှုကိုမငြင်းပယ်ကြပေ။

ကျန်းချန်ရွှမ်သည် သူတို့၏စိုးရိမ်မှုနှင့် ဂရုစိုက်မှုအား အပြည့်အဝနားလည်ပါသည်။ ထို့ကြောင့် ပြန်လည်ချေပပြောဆိုခြင်းမရှိတော့ပဲ သူတို့အား စိတ်ချထားရန် ပြုံးပြလိုက်သည်။

“စိတ်ချပါ။ အကယ်၍ ကျွန်တော့မှာ သူတို့ကိုရင်ဆိုင်ဖို့ ယုံကြည်ချက်မရှိရင်၊ ကျွန်တော်က အလကားသွားအသေခံမယ်လို့ထင်လို့လား?”

ကျန်းချန်ရွှမ်၏စကားကိုကြားလျှင်၊ အကြီးအကဲယွမ်ဖန်နှင့် အကြီးအကဲချီယန်တို့သည် အကြည့်ချင်းဖလှယ်လိုက်ကာ တိတ်ဆိတ်စွာ သဘောတူ၍ ခေါင်းညိတ်လိုက်လေသည်။

နတ်အရှင်အဖြူအမဲနှင့် နတ်အရှင်ငရဲလောက တို့ထံ အခြားတိုက်ခိုက်မှုတစ်ခုထုတ်လွတ်ကာ သူတို့သည် ထိုတိုက်ပွဲမှ ဆုတ်ခွာသွားလေသည်။

ထိုအချိန်တွင်၊ ကျန်းချန်ရွှမ်၏ ဓားအလင်းသည် နတ်အရှင်အဖြူအမဲနှင့် နတ်အရှင်ငရဲလောက တို့၏ မျက်လုံးထဲတွင် အကြီးအကျယ် ကျယ်ပြန့်လာခဲ့လေသည်။

“ဒီနေ့၊ ငါ မင်းတို့ရဲ့အသက်နဲ့ ငါ့စီနီယာအစ်ကိုရဲ့ပျက်စီးသွားတဲ့ ကျင့်ကြံရေးလမ်းအတွက် ကလဲ့စားချေမယ်။” ကျန်းချန်ရွှမ်က ကြေညာလိုက်သည်။

ထိုသို့ဖြင့် ဓားအလင်းသည် ရုတ်တရက် အဆုံးမရှိကျယ်ပြန့်လာလေသည်။ နတ်အရှင်အဖြူအမဲနှင့် နတ်အရှင်ငရဲလောကတို့သည် အရာအားလုံးပြောင်းလဲမှုများကို မြင်ခဲ့လေသည်။

သစ်ပင်များခြောက်သွေ့ခြင်း၊ ကုန်းမြေများ ယိုယွင်းပျက်စီးခြင်းနှင့် ဖုံးလွမ်းလာသော မီးတောက်များ အားလုံးသည် သူ့တိုက်ခိုက်မှု၏ စွမ်းအားကို ပြသနေပေသည်။

“သေစမ်း။”

နတ်အရှင်အဖြူအမဲနှင့် နတ်အရှင်ငရဲလောကတို့၏အမူအရာများသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်ရွှမ်ထံမှ ထိုကဲ့သို့ရှိန်လောက်သည့်တိုက်ခိုက်မှုအတွက် မပြင်ဆင်ခဲ့မိပေ။

သို့ရာတွင် ကျန်းချန်ရွှမ်သည် ထိုတိုက်ခိုက်မှုတစ်ခုတည်းက ထိုနှစ်ဦးအားသတ်နိုင်မည်ဟု ရိုးရှင်းစွာတွေးနေသည်မဟုတ်ပါလား?

နတ်အရှင်အဖြူအမဲသည် သူ၏မီးတောက်နည်းစနစ်ဖြစ်သည့် အဖြူအမဲ သေခြင်းရှင်ခြင်းဘီး ကိုထုတ်လွတ်လိုက်ကာ နတ်အရှင်ငရဲလောကသည်လည်း သူ၏ငရဲလောကလမ်းကို ဆင့်ခေါ်လိုက်ပြီး ငရဲလောက၏ အော်မြည်သံများနှင့်အတူ လေထုသည်ချက်ခြင်းပင် သေခြင်းရှင်ခြင်းအနှစ်သာရများဖြင့် ရစ်ပတ်သွားလေသည်။

ကျန်းချန်ရွှမ်၏ခြေထောက်တွင် အော်မြည်နေသည့်တစ္ဆေများနှင့် အတူ သူ၏ရှေ့တွင် ငရဲလောက၏ လမ်းအစစ်အမှန်က ပွင့်လာပြီး လည့်ပြန်နိုင်ခြင်းမရှိသည့်လမ်းအား ဦးတည် နေသကဲ့သို့ ရက်စက်သည့် လမ်းတစ်ခုပေါ်ပေါက်လာလေသည်။

တုံ့ပြန်ချက်အနေနှင့်မူ ကျန်းချန်ရွှမ်က သာမန်ပင်ပြုံးလိုက်သည်။

ခနအကြာတွင်၊ သူ၏အရောင်အဝါက ပေါ်ထွက်လာကာ တလက်လက်တောက်ပနေသည့် အလင်းတန်းများထုတ်လွတ်လိုက်လေသည်။

တောက်ပသည့်ဓားအလင်းက ကောင်းကင်ကိုထိုးခွဲကာ အမှောင်ထုအားလုံးကိုဖြတ်ကျော်လာပြီး ဆိုးရွားသည့်စွမ်းအားအားလုံးကို ဘာမှမရှိတော့သည်အထိပြောင်းလဲပစ်၍ ကျဆင်းလာလေသည်။

သူ၏ခြေထောက်အောက်မှ ငရဲလောကလမ်းသည် တုန်လှုပ်ကာ အက်ကွဲသွားပြီး ကျယ်လောင်သည့် အသံနှင့်အတူ အစိတ်စိတ်ကွဲကြေသွားခဲ့သည်။

တစ်ချိန်တည်းမှာပင်။

နတ်အရှင်အဖြူအမဲက ထုတ်လွတ်လိုက်သည့် အဖြူအမဲသေခြင်းရှင်ခြင်းဘီးသည်လည်း ကျန်းချန်ရွှမ်၏ပိုင်နက်ဖြင့် တိုက်မိသွားသည်။

ချက်ခြင်းပင် အဖြူအမဲဘီးသည် ကျန်းချန်ရွှမ်၏ ရောင်စုံအလင်းတန်းဖြင့်တိုက်သောအခါ သိသာစွာခြားနားနေခဲ့ပါသည်။

အဖြူအမဲအရောင်များသည် ပေါက်ကွဲထွက်သွားပြီး အဆုံး၌ ခြေရာပင်မကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။

“ဘယ်လို….”

နတ်အရှင်အဖြူအမဲနှင့် နတ်အရှင်ငရဲလောကတို့၏မျက်စိသူငယ်အိမ်များသည် ထိတ်လန့်မှုဖြင့် ကျဉ်းမြောင်းသွားခဲ့လေသည်။

သူတို့သည် ကျန်းချန်ရွှမ်က ထိုကဲ့သို့သူတို့၏နားလည်မှုကိုစိန်ခေါ်နေသော သာလွန်သည့်စွမ်းအားကို ပိုင်ဆိုင်ထားသည်ကို ယုံကြည်ရန် ခက်ခဲကြလေသည်။

ထွင်းမြင်အဆင့်၏အထွတ်အထိပ်အဆင့်ဖြစ်သော သူတို့သည် ကိုယ်တိုင်က တာအိုဖွဲ့စည်းခြင်းအဆင့်အောက် အဆင့်တူများနှင့်ဆိုလျှင် မရှုံးနိုင်ဟု ခံယူထားခဲ့ကြသည်။

သူတို့နှင့် တိုက်ခိုက်လျှင် အများဆုံးသရေကျခြင်းသည်ပင် အကောင်းဆုံးရလဒ်ဖြစ်ပေသည်။

သို့သော် ကျန်းချန်ရွှမ်သည် သူတို့ထပ် စွမ်းအားကြီးနေသည်သာမကဘဲ နှစ်ယောက်လုံးကိုပင် တစ်ပြိုင်နက်ရင်ဆိုင်နိုင်သေးသည်။

ထိုမမျှော်လင့်ထားသည့် အလည့်အပြောင်းသည် များစွာသောကြည့်ရှုသူများအား ဆွဲဆောင်လိုက်ကာ ၎င်းတို့သည်လည်း ကျန်းချန်ရွှမ်၏ ရှိန်လောက်သည့်စွမ်းအားကြောင့် အံ့အားသင့်သွားကြလေသည်။

ကြည့်ရှုသူများထဲတွင် ချင်ခုန်းခန်းမမှထိုက်ကန်းကျီ၏အမူရာမှာ အရေးကြီးဆုံးဖြစ်ပေသည်။

သူ၏အမူအရာသည် ချက်ခြင်းပင် မဲမှောင်သွားခဲ့လေသည်။ သူသည် ကျန်းချန်ရွှမ်အား အထင်သေးခဲ့ပြီး ကံကောင်းမှုကြောင့်ဟု ခေါင်းထဲမှပယ်ထုတ်ရန် လုပ်ခဲ့သည်။

သို့ရာတွင် ကျန်းချန်ရွှမ်၏ အရည်အချင်းနှင့် လုပ်နိုင်စွမ်းသည် သူ့ထပ်မကျော်လွန်လျှင်ပင် ပြိုင်ဘက်အဖြစ် သတ်မှတ်နိုင်ခြင်းကြောင့် ထိုက်ကန်းကျီသည် လက်ခံနိုင်ရန်ခက်ခဲနေခဲ့လေသည်။

သို့ရာတွင် ကျန်းချန်ရွှမ်သည် ထိုက်ကန်းကျီနှင့် အခြားသူများ၏တုံ့ပြန်မှုကိုဂရုမစိုက်ပေ။

သူသည်သတိပြုမိလျှင်ပင် ၎င်းသည် သူ့အတွက် ပြသနာမဖြစ်နိုင်ပါ။

သူ၏အာရုံစိုက်မှုသည် နတ်အရှင်အဖြူအမဲနှင့် နတ်အရှင်ငရဲလောကတို့အပေါ်၌သာရှိပါသည်။

***

All Chapters