မင်းဘာလို့ ချင်ခုန်းခန်းမက ကျင့်ကြံသူတွေကို မကယ်ရတာလဲ?
Vol. 45 Ch. 844
ဝုန်း…ဝုန်း….ဝုန်း
ကျန်းချန်ရွှမ်နှင့် နတ်အရှင်နှစ်ဦးဖြစ်သည့် အဖြူအမဲနှင့် ငရဲလောကတို့ကြားမှတိုက်ပွဲသည် ပြင်းထန်သည့်အခြေအနေသို့ရောက်နေပေသည်။
သူတို့၏ရင်ဆိုင်မှုမှ ထွက်လာသည့်လှိုင်းများသည် ကျယ်ပြန့်ကာ ဝေးလံသည့်နေရာထိရောက်ပြီး များစွာသောနတ်ဆိုးကျင့်ကြံသူများအား အမှုန်အဖြစ်ပြောင်းလဲသွားစေခဲ့သည်။
နတ်အရှင်အဖြူအမဲနှင့် နတ်အရှင်ငရဲလောကတို့ နှစ်ဦးလုံးသည် တိုက်ပွဲပြင်းထန်လာသည်နှင့် သတိထားလာကြလေသည်။
သူတို့အပေါ်မှ ဖိအားသည် သိသာစွာ ကြီးမားလာခဲ့သည်။
ကျန်းချန်ရွှမ်သည် အဘယ်ကြောင်း ဤမျှစွမ်းအားကြီးနေရပါသနည်း? သူကျင့်ကြံသည့် နည်းလမ်းမှာ မည်သို့သောကျင့်ကြံခြင်းမျိုးဖြစ်ပါသနည်း?
ဝုန်း…
ထိုအတွေးက သူတို့စိတ်ထဲဝင်သွားသည်နှင့် ကျန်းချန်ရွှမ်သည် ရုတ်တရက် သူတို့၏ရှေ့တွင် ပေါ်လာခဲ့သည်။
ခွမ်း…
ဒြပ်စင်ငါးပါးကားချပ်သည် မြေနက်လှံအဖြစ်ပြောင်းလဲသွားခဲ့ပြီး သူတို့ထံသို့ ပြင်းထန်စွာ လွဲလိုက်လေသည်။
ဝုန်း…..
အသံတစ်ခုထွက်ပေါ်လာခဲ့ပြီး နတ်အရှင်နှစ်ဦးလုံး၏ပိုင်နက်သည်ချက်ခြင်းပင် လှံ၏စွမ်းအား အောက်တွင် ကွဲကြေသွားခဲ့လေသည်။
ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားသည် မြေနက်လှံအားဖြတ်သန်းသွားကာ သူတို့၏ ခန္ဓာကိုယ်တွင်းသို့ဝင်ရောက်သွားခဲ့ပြီး သွေးမြူအဖြစ်ပေါက်ကွဲသွားစေခဲ့လေသည်။
“သေစမ်း။”
တုံ့ဆိုင်းခြင်းမရှိဘဲ၊ ငါးရောင်ခြယ်နတ်အလင်းသည် ကျန်းချန်ရွှမ်၏နောက်မှ ထွက်ပေါ်လာခဲ့ပြီး နတ်အရှင်များရှိသည့်နေရာသို့ဖြတ်သွားကာ သွေးမြူအဖြစ်ပြောင်းလဲသွားစေခဲ့သည်။
ကျီဟူသောအသံမြည်သွားခဲ့သည်။
သူတို့၏ပြန်လည်ဖွဲ့စည်းနေသည့်ခန္ဓာကိုယ်များသည် လေထဲတွင် တောင့်နေခဲ့သည်။
ထိုအချိန်တွင် ငါးရောင်ခြယ်ဓားအရောင်အဝါက ကောင်းကင်ပေါ်မှ ထပ်မံ၍ ကျဆင်းလာခဲ့သည်။
နတ်အရှင်အဖြူအမဲနှင့် နတ်အရှင်ငရဲလောကတို့သည် ကြောက်ရွံ့စွာဖြင့် အော်လိုက်ကြသည်။
“မဟုတ်ဘူး။”
ဝှစ်…
ချက်ခြင်းပင် သူတို့၏တည်ရှိမှုသည် သဲလွန်စပင်မကျန်အောင်ပျောက်ကွယ်သွားလေတော့သည်။
နတ်အရှင်အဖြူအမဲနှင့် နတ်အရှင်ငရဲလောကတို့သည် ကျဆုံးသွားခဲ့လေပြီ။
ထိုမြင်ကွင်းသည် ရှိနေသည့်လူတိုင်းကိုထိတ်လန့်စေခဲ့သည်။
ထွင်းမြင်အဆင့်၏အထွတ်အထိပ်တွင် ရှိသည့်သူများသည် ထိုကဲ့သို့လွယ်ကူစွာ သတ်ခံရလိမ့်မည်ဟု မည်သူမှမထင်ထားခဲ့ပေ။
ကျန်းချန်ရွှမ်က မည်သည့်အဆင့်တွင်ရှိနေပါသနည်း?
သူသည် တာအိုဖွဲ့စည်းခြင်းအဆင့်သို့ရောက်နေပါသလား?
ထိုအတွေးသည် ကြည့်ရှုနေသည့်သူများ၏စိတ်တွင် ပေါ်ပေါက်လာခဲ့ပြီးနောက် ပြန်လည် ပထုတ်လိုက်သည်။
အကယ်၍ ကျန်းချန်ရွှမ်သည် တာအိုဖွဲ့စည်းခြင်းသူတော်စင်တစ်ဦးဆိုလျှင် မဟာအစီအရင်ကို ချိုးဖောက်ရန်မှာ ၎င်းပေါ်ထွက်လာသည်နှင့် စိန်ခေါ်မှုတစ်ခုဖြစ်နေမည်မဟုတ်ပါ။
သူ၏လက်ဖြောက်တီးလိုက်ရုံဖြင့်ပင် ထိုအကာအကွယ်အစီအရင်ကို ဖျက်စီးနိုင်လိမ့်မည်ဖြစ်သည်။
ကျန်းချန်ရွှမ်၏ ကျွမ်းကျင်ထားသည့်စည်းမျဉ်းများအားနားလည်ခြင်းသည်ပင် လူတိုင်း၏ နားလည်မှုကို ကျော်လွန်နေပြီဖြစ်သည်မှာ တစ်ခုတည်းသောရှင်းလင်းချက်ဖြစ်သည်။
ဝုန်း…
တစ်ချိန်တည်းမှာပင်။
အခြားတစ်ဘက်တွင် ရှန်းရူယန်သည်လည်း သူမ၏ ရှိန်လောက်သည့်တိုက်ခိုက်စွမ်းအားကို ပြသနေပါသည်။
ချက်ခြင်းပင် သူမနှင့် ရင်ဆိုင်နေသည့်ထွင်းမြင်အဆင့်ကျင့်ကြံသူနှစ်ဦးသည် သူမ၏ မိုးကြိုးတိုက်ခိုက်မှုကြောင့် ပြာမှုန်များအဖြစ်သို့ပြောင်းလဲသွားခဲ့ပြီး ဖြောင့်မတ်လမ်းစဉ်ဘက်၏ အကျိုးအမြတ်ကို ကာကွယ်ထားပေးနိုင်ခဲ့သည်။
သို့ရာတွင် ထိုအချိန်၌ ပြင်းထန်သည့်တွန်းကန်စွမ်းအားတစ်ခုသည် ရုတ်တရက် မသေမျိုးပင်လယ်မြို့ထဲမှ ပေါ်ထွက်လာခဲ့သည်။
ထိုဖိအားကိုခံစားရသောသူတိုင်း ထိတ်လန့်ကုန်ကြပေသည်။
“အဲ့ဒီကြောက်မက်ဖွယ်စွမ်းအားက ဖြစ်နိုင်တာ…?”
လေးနက်သည့်အခြေအနေကိုအာရုံခံမိသဖြင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန် အပါအဝင် လူတိုင်း၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့လေသည်။
ထိုပြင်းထန်သည့်အရောင်အဝါသည် မြို့ထဲမှ တာအိုဖွဲ့စည်းခြင်းသူတော်စင်ထံမှဖြစ်ကြောင်း သေချာပါသည်။
ခွပ်….
ရုတ်တရက် များစွာသော နွယ်များက ကောင်းကင်ပေါ်မှ ပေါ်ထွက်လာခဲ့သည်။
ထိုအချိန်တွင် များစွာသောဖြောင့်မတ်လမ်းစဉ်ကျင့်ကြံသူများသည် ထိုနွယ်များဖြင့်ရစ်ပတ်မိကြပြီး ချက်ခြင်းပင် ဒါဇင်များစွာ ကျဆုံးသွားလေသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏မျက်လုံးများကျဉ်းမြောင်းသွားခဲ့သည်။
အကြောင်းမှာ ထိုအချိန်တွင် အံ့အားသင့်ဖွယ်ပင် ထိုနွယ်များ၏ပစ်မှတ်သည် ထွင်းမြင်အဆင့်ကျင့်ကြံသူများပင် ဖြစ်လေသည်။
“သေစမ်း။”
ထွင်းမြင်အဆင့်ကျင့်ကြံသူများ၏မျက်နှာသည်ဖြူဖျော့သွားသည်။
ထိုပြောင်းလဲသွားသည့် တိုက်ခိုက်မှုအားရင်ဆိုင်ရလျှင် သူတို့သည် ခုခံနိုင်စွမ်းရှိမည်မဟုတ်ပေ။ များစွာသောသူများသည် စုတ်ဖြဲခံရပြီး ပြန်လည်တိုက်ခိုက်နိုင်ခြင်းမရှိဘဲ သူတို့၏အဆုံးသတ်နှင့် တွေ့ကြုံခဲ့ရသည်။
အကြီးအကဲယွမ်ဖန်နှင့် အကြီးအကဲချီယန်တို့သည်ပင် အနည်းငယ်ခုခံနိုင်ကြကာ ချက်ခြင်းသေဆုံးခြင်းမှ ရှောင်လွဲနိုင်ခဲ့လေသည်။
ခွပ်…
ရုတ်တရက် မိုးကြိုးသွားများသည် လာရောက်နေသည့်နွယ်ပင်များအားမိုင်ရာပေါင်းများစွာထိ လောင်ကျွမ်းစေလိုက်သည်။
နတ်အရှင်နှင်းဓားသည် ဖြူဖျော့သွားသော်လည်း ရှန်းရူယန်ဘက်သို့လှည့်ကြည့်ကာ ကျေးဇူးတင်လိုက်လေသည်။
“ဂျူနီယာညီမရှန်း ကူညီတဲ့အတွက်ကျေးဇူးတင်ပါတယ်။” ရှန်းရူယန်သည် ခေါင်းခါလိုက်သည်။
“ယဉ်ကျေးနေစရာမလိုပါဘူး စီနီယာအစ်မနှင်းဓား။
ရှင်နဲ့ စီနီယာအစ်မယွဲ့တို့ ဂရုစိုက်သင့်တယ်၊ ကျွန်မသံသယဝင်နေကာ ဒါက ရန်သူရဲ့အစမ်း တိုက်ခိုက်မှုပဲ ဖြစ်နိုင်တယ်။”
ဝှစ်..ဝှစ်…ဝှစ်…
အမှန်တကယ်ပင်။
ရှန်းရူယန်သတိပေးပြီးသည်နှင့် ပို၍ ပြင်းထန်သည့် နွယ်များက သူတို့ဆီသို့ဦးတည်ကာ ရောက်လာခဲ့သည်။
ထိုအချိန်တွင် နွယ်ပင်များ၏ အရှိန်နှင့် စွမ်းအားက သိသာစွာပင် ယခင်တစ်ခေါက်တိုက်ခိုက်မှုထပ် ပို၍သာလွန်နေပြီး အကြီးအကဲယွမ်ဖန်နှင့် အကြီးအကဲချီယန်တို့ကဲ့သို့ ဝါရင့်ကျင့်ကြံသူများ သည်ပင် တားဆီးမရနိုင်သည့်အထိဖြစ်လာလေသည်။
ကံကောင်းစွာပင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ထိုပြင်းထန်လာသည့်တိုက်ခိုက်မှုအား အခက်အခဲမရှိဘဲ ရင်ဆိုင်နိုင်ခဲ့လေပြီး ချင်ခုန်းခန်းမမှ ထွင်းမြင်အဆင့်ကျင့်ကြံသူများမှလွဲ၍ ကျန်ကျင့်ကြံသူများအား ကယ်ဆယ်ခဲ့လေသည်။
၎င်းသည် ချင်ခုန်းခန်းမမှကျင့်ကြံသူများ၏ အမူအရာကို ရှုံမဲ့သွားစေသည်။
အထူးသဖြင့် ထိုက်ကန်းကျီဖြစ်သည်။ သူ၏မျက်လုံးများသည် အလွန်အေးစက်သည့်အလင်းဖြင့် လက်နေခဲ့သည်။ သို့သော် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သတိမပြုမိပုံရလေသည်။
သူတို့သည် အင်အားသုံးကာ နွယ်ပင်များကိုရင်ဆိုင်၍ ကျင့်ကြံသူများကိုကယ်ဆယ်နေချိန်တွင် ချင်ခုန်းခန်းမမှလူများသည် ထိုက်ကန်းကျီနှင့် အခြားထွင်းမြင်အဆင့်ကျင့်ကြံသူများမှလွဲ၍ များစွာကျဆုံးခဲ့လေသည်။
ထိုဆိုးရွားသောရလဒ်ကိုရင်ဆိုင်ရလျှင် ထိုက်ကန်းကျီ၏ဘေးမှ ကျင့်ကြံသူတစ်ဦးဖြစ်သည့် ယွင်ကျန်းကျီသည်စိတ်ဆိုးစွာဖြင့် မေးလိုက်လေသည်။
“ကျန်းချန်ရွှမ်၊ ရှန်းရူယန် မင်းတို့ဘာဖြစ်ချင်တာလဲ? မင်းတို့လုပ်နိုင်စွမ်းရှိရဲ့သားနဲ့ ဘာလို့ ငါတို့ချင်ခုန်းခန်းမကလူတွေကိုမကယ်တာလဲ?”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ထိုမေးခွန်းကိုလစ်လျူရှုလိုက်နိုင်ပေသည်။
သို့သော်လည်း ကျန်းချန်ရွှမ်သည် အဖြေပေးလိုက်လေသည်။ “ကျွန်တော်တောင်းပန်ပါတယ်။ ဒီမှာက နွယ်ပင်တွေအရမ်းများနေတာ။ ကျွန်တော်နဲ့ကျွန်တော့်အဖော်တို့ရဲ့လုပ်နိုင်စွမ်းနဲ့ဆို ဒီလောက်ပဲ လုပ်နိုင်မယ်။ မင်းတို့ကတော့ ကိုယ့်ကိုကိုယ်ပဲ ရင်ဆိုင်လိုက်ပါ။”
“မင်း..”
ယွင်ကျန်းကျီသည် ဒေါသထွက်သွားလေသည်။
ကျန်းချန်ရွှမ်၏စကားများသည် ဆင်ခြေများပင်ဖြစ်ကြောင်း သိသာပါသည်။
သူတို့၏လုပ်ဆောင်မှုကမူ တစ်မျိုးဖြစ်ပေသည်။ အကယ်၍ သူတို့၏ကန့်သတ်ချက်သို့ အမှန်တကယ် ရောက်သွားလျှင် သူတို့သည် အခြားသူများကိုလည်း ကယ်ဆယ်နိုင်မည်မဟုတ်ပါ။
၎င်းသည် သူ၏စိတ်ထဲမှအတွေးများပင်ဖြစ်ကာ ယွင်ကျန်းကျီသည် ပြန်လည်ချေပရန် အချက် မတွေ့ခဲ့ပေ။ ၎င်းသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏လုပ်ဆောင်ချက်မှာ သူတို့၏လုပ်ပိုင်ခွင့်ပင် ဖြစ်လေသည်။
ဝှစ်..ဝှစ်…ဝှစ်..
ထိုအချိန်တွင် ပို၍သိပ်သည်းသော၊ ပို၍ ကြောက်မက်ဖွယ်ကောင်းကာ စွမ်းအားကြီးသည့် နွယ်ပင်လှိုင်းတစ်ခုက သူတို့ဆီသို့လာနေပြီး ယခင်တိုက်ခိုက်မှုထပ် သာလွန်သောတိုက်ခိုက်မှု ဖြစ်ပေသည်။
ဝုန်း….
၎င်းကိုတုံ့ပြန်ရန် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က သူတို့၏ပိုင်နက်များကို ချဲ့ထွင်လိုက်ကာ ချင်ခုန်းခန်းမမှလူများမှလွဲ၍ အခြားရှိနေသည့်သူအားလုံးကို ကာကွယ်လိုက်လေသည်။
***