အကူညီမဲ့ခြင်း ထိုက်ကန်းကျီကျဆုံးခြင်း
Vol. 45 Ch. 845
ဝုန်း..ဝုန်း…
ထိုနေရာသည် ကြောက်မက်ဖွယ်ကောင်းသည့် ပေါက်ကွဲသံသည် ယခင်ကထပ်ပိုပြင်းထန်ပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ပိုင်နက်ကိုပင် အနည်းငယ်လှုပ်ခါခဲ့လေသည်။
အတွင်းမှလူတိုင်းသည် ထိုက်ကန်းကျီနှင့် သူ့အပေါင်းအဖော်များက သေရေးရှင်ရေး အခြေအနေတွင် ရှိနေကြောင်း ရှင်းလင်းစွာတွေ့မြင်နိုင်ပါသည်။
သို့ရာတွင် ကျန်းချန်ရွမ်နှင့် ထိုက်ကန်းကျီတို့၏ဆက်ဆံရေးအား သတိပြုမိကြသဖြင့် မည်သူမှ အကူအညီကမ်းလှမ်းခြင်းမရှိကြပေ။
ကျန်းချန်ရွှမ်အား ကြားဝင်ရန်မျှော်လင့်နေခြင်းသည် သူ့အားအတင်းအကြပ်လုပ်ခိုင်းနေသကဲ့သို့ ဖြစ်ကာ သူသည် ရှင်းလင်းစွာပင် အလျော့ပေးရန်လိုလားလိမ့်မည်မဟုတ်ပေ။
၎င်းသည် ယွင်ကျန်းကျီနှင့် ပြောဆိုနေစဉ်၌ပင် သိနိုင်ပါသည်။
ကျန်းချန်ရွှမ်သည် ဂရုမစိုက်ပုံပေါက်ပြီး အကယ်၍ မျှော်လင့်ထားခြင်းမရှိလျှင် ထိုက်ကန်းကျီနှင့် သူ၏နောက်လိုက်များသည် ထိုနွယ်ပင်များ၏အောက်တွင် ကျဆုံးသွားနိုင်ပါသည်။
“အား..”
ရုတ်တရက် ချင်ခုန်းခန်းမမှ အမျိုးသမီးကျင့်ကြံသူတစ်ဦးသည် နွယ်ပင်များဖြင့်ရစ်ပတ်ခံရပြီး သူမ၏မျက်နှာသည် ကြောက်လန့်ကာ တုန်လှုပ်ခြောက်ခြားနေ၍ ထိုက်ကန်းကျီအား အကူအညီ ပေးရန် အော်ခေါ်လိုက်လေသည်။
“သူတော်စင်သားတော်၊ ကျွန်မကိုကယ်ပါဦး။”
ဝုန်း……
သို့ရာတွင်၊ ထိုက်ကန်းကျီသည် မတုံ့ပြန်နိုင်ခင်တွင် သူမ၏ခန္ဓာကိုယ်သည် လေထဲတွင် ဘာမှ မရှိတော့သည်အထိ ပျောက်ကွယ်သွားခဲ့သည်။
ထိုမြင်ကွင်းသည် ထိုက်ကန်းကျီနှင့် ယွင်ကျန်းကျီတို့၏အမူအရာများကိုမဲမှောင်သွားစေကာ သူတို့၏ မျက်နှာသည် ဒေါသဖြင့်ပြည့်နေပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား ကြည့်နေလေသည်။
သို့ရာတွင် ထိုစုံတွဲသည် မတုန်လှုပ်ပေ။
ဝှစ်…ဝှစ်…ဝှစ်…
တစ်ကြိမ်ထပ်မံ၍ ပိုအားကောင်းသည့်နွယ်ပင်များသည် မသေမျိုးပင်လယ်မြို့မှပေါ်ထွက်လာကာ သူတို့၏အရောင်အဝါသည် သိသာစွာပင် ယခင်ထပ် ပို၍သန်မာနေလေသည်။ ၎င်းသည် ထိုက်ကန်းကျီ၏အုပ်စုအားကြောက်ရွံ့မှုဖြင့်ပြည့်သွားစေသည်။
“မင်းတို့တကယ်ပဲ ငါတို့သေတာကိုရပ်ကြည့်နေတော့မှာလား?”
ယွင်ကျန်းကျီသည် လက်မလျော့ချင်ဘဲ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်အားထပ်၍ အော်ပြောလိုက်သည်။
သို့သော် တုံ့ပြန်မှုက အတူတူပင်ဖြစ်ပေကာသူတို့မကူညီနိုင်သည့်အတွက်တောင်းပန်ခြင်းဖြစ်ပြီး သူတို့၏ “သူတော်စင်သားတော်” ကိုသာ အကူအညီတောင်းရန် အကြံပြုခြင်းဖြစ်ပေသည်။
ထိုတုံ့ပြန်မှုသည် ယွင်ကျန်းကျီနှင့် သူ၏အဖော်များ၏ဒေါသကိုသာ မီးစာထည့်ပေးသလို ဖြစ်နေခဲ့လေသည်။
သူတို့၏သူတော်စင်သားတော်၌သာ ထိုသို့ကြားဝင်ရန်စွမ်းအားကိုပိုင်ဆိုင်ထားလျှင် သူသည် အစောကပင်လုပ်ပြီးဖြစ်ကာ ယခုအချိန်ထိစောင့်နေလိမ့်မည်မဟုတ်ပါ။
နွယ်ပင်များနီးကပ်လာသည်နှင့် ယွင်ကျန်းကျီနှင့် အခြားသူများသည် ထိုတိုက်ခိုက်မှုအား သူတို့ခံနိုင်မည်မဟုတ်ကြောင်း သတိပြုမိကာ ကြောက်ရွံ့နေသည့်အမူအရာများကို မထိန်းနိုင်တော့ပေ။
သူတို့၏ သူတော်စင်သားတော်၊ ထိုက်ကန်းကျီသည်ပင် မခံနိုင်လောက်ပါ။
ဝုန်း…ဝုန်း…ဝုန်း….
အဆုံး၌ ယွင်ကန်းကျီနှင့် အခြားသူများသည် နွယ်ပင်များနှင့် ဖုံးလွမ်းခံခဲ့ရလေသည်။
ထိုနွယ်ပင်များရှင်းလင်းသွားသည်နှင့် ကျန်ရှိသည်မှာ ထိုက်ကန်းကျီပင်ဖြစ်ပြီး အသက်လုနေရပြီး ယွင်ကျန်းကျီနှင် သူ့အဖော်များသည် အားလုံးကျဆုံးသွားကြပြီဖြစ်သည်။
ထိုထိတ်လန့်ဖွယ်ကောင်းသည့် အဖြစ်အပျက်သည် ရှိနေသောသူအားလုံးကို နေမထိထိုင်မသာ ဖြစ်စေခဲ့သည်။
ဝှစ်…
ထိုအရေးကြီးသည့်အချိန်၌ ထိုက်ကန်းကျီသည် ရုတ်တရက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ဆီသို့ ဦးတည်ကာ လှုပ်ရှားလိုက်လေသည်။
ထိုမမျှော်လင့်ထားသည့်လှုပ်ရှားမှုသည် အခြားကျင့်ကြံသူများ၏အမူအရာကို ပြောင်းလဲ သွားစေခဲ့သည်။
ထိုက်ကန်းကျီက မည်သည်အရာကိုလုပ်နေပါသနည်း? သူလုပ်ချင်သည်မှာ ထိုအရာ ဖြစ်နိုင်ပါသလား?
၎င်းသည် ချက်ခြင်းပင် လူတိုင်းကို သိသာစေပါသည်။
ထိုက်ကန်းကျီသည် နွယ်ပင်များ၏အာရုံစိုက်မှုအား ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ဆီသို့ ပို့ကာ သူတို့ကြားဝင်လာစေရန် ရွေးချယ်ရမည့်အခြေအနေသို့တွန်းပို့လိုက်လေသည်။
ထိုက်ကန်းကျီ၏ အပြုအမူမှာ အလွန် ရက်စက်ပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား သတိလက်လွတ်ဖြစ်စေခဲ့သည်။
သို့ရာတွင် အေးစက်သည့်အလင်းတန်းတစ်ခုက ကျန်းချန်ရွှမ်၏မျက်လုံးရှေ့တွင် ဖြတ်သွားခဲ့သည်။
သူသည် ထိုက်ကန်းကျီအား တိုက်ရိုက်ရင်ဆိုင်တိုက်ခိုက်ရန် အကြောင်းအရင်းမရှိခဲ့ပါ။
ယခုမူ ထိုက်ကန်းကျီက သူ့ကိုယ်တိုင်တိုက်ခိုက်လာပြီဖြစ်သဖြင့်ပြန်၍ တိုက်ခိုက်ရန်အခွင့်အရေးကို ဆုံရှုံး၍ မဖြစ်ပေ။
ထိုအတွေးဖြင့် ကျန်းချန်ရွှမ်၏နှုတ်ခမ်းတွင် အေးစက်သည့်အပြုံးတစ်ခုထွက်ပေါ်လာခဲ့လေသည်။
ခနအကြာတွင်၊ အစိမ်း၊အနီ၊ အဝါ၊ အဖြူနှင့် အပြာရောင်အလင်းတန်းများသည် သူ၏နောက်တွင် ပေါ်လာခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသည့်အရောင်အဝါက တဖြည်းဖြည်း ပျံ့နှံ့လာလေသည်။
လူတိုင်းသည် ကျန်းချန်ရွှမ်၏အမူအရာကိုအာရုံခံမိကာ နောက်သို့ဆုတ်သွားကြသည်။
ကျန်းချန်ရွှမ်ကမည်သည်ကိုပြုလုပ်ရန် စီစဉ်နေပါသနည်း?
ထိုအတွေးက သူတို့၏စိတ်ထဲဖြတ်သန်းသွားချိန်တွင် ကျန်းချန်ရွှမ်ထံမှထွက်လာသည့် ငါးရောင်ခြယ်နတ်အလင်းက ထိုက်ကန်းကျီအားဖြတ်သွားခဲ့သည်။
ချက်ခြင်းပင် အစိမ်းရောင်ဓားအလင်းသည် ရုတ်တရက် လေထဲတွင် ပေါ်လာခဲ့လေသည်။
အဇူရာဧကရာဇ်ကောင်းကင်သုတ်သင်ခြင်းဓားဖြစ်သည်။
ဝှစ်ဟူသောအသံမြည်သွားခဲ့သည်။
ထိုဓားအလင်းသည် ထိုက်ကန်းကျီ၏ခန္ဓာကိုယ်အား တိုက်ခိုက်လိုက်ပြီးသူအား ကီလိုမီတာ သောင်းပေါင်းများစွာ လွင့်သွားစေခဲ့သည်။
အရေးကြီးဆုံးအချက်မှာ ထိုက်ကန်းကျီသည် မသေမျိုးပင်လယ်မြို့ဘက်သို့ ပျံသန်းသွားခြင်း ဖြစ်ပေသည်။
တိုက်ဆိုင်စွာပင် ထိုအချိန်၌ မရေတွက်နိုင်သည့် နွယ်ပင်များသည် မြို့ဘက်မှထွက်ပေါ်လာကာ လျှင်မြန်စွာဖြင့် ထိုက်ကန်းကျီဆီသို့ ရောက်လာခဲ့လေသည်။
“ကျန်းချန်ရွှမ်၊ မင်း…”
ထိုက်ကန်းကျီသည်ဒေါသထွက်သွားပြီး သူ၏မျက်လုံးများသည် ဒေါသဖြင့်ပြူးကျယ်နေခဲ့သည်။
သူသည် ကျန်းချန်ရွှမ်က သူ၏တိုက်ခိုက်မှုအား ထိုကဲ့သို့တုံ့ပြန်မည်ဟု မမျှော်လင့်ထားပေ။
ကျန်းချန်ရွှမ်သည် ထိုသို့သောလုပ်ရပ်အတွက် သူ၏ဂိုဏ်းမှ လက်တုံ့ပြန်မည်ကို မကြောက်ပါသလား?
ထိုက်ကန်းကျီသည် သူ၏ဂိုဏ်းမှ သူ့အားမည်မျှတန်ဖိုးထားကြောင်း သိပါသည်။
ကျန်းချန်ရွှမ်သည် နှစ်ဦးနှစ်ဖက်လုံးပျက်စီးစေမည့်လမ်းကိုရွေးချယ်နေပုံပေါ်ပါသည်။
အမှန်တကယ်ပင်၊
ထိုက်ကန်းကျီ၏အမြင်တွင်မူ သူ၏ဂိုဏ်းသည် ထိုအကြောင်းကို သိသွားသည်နှင့် ထိုကိစ္စအား စုံစမ်းလျှင် သူတို့သည် ကျန်းချန်ရွှမ်အား ဟောက်ရန်ဂိုဏ်းမှ တာအိုဖွဲ့စည်းခြင်းသူတော်စင်၏ လက်ရင်းတပည့်ဖြစ်လျှင်ပင် ချမ်းသာပေးမည်မဟုတ်ပေ။
သို့သော် ကျန်းချန်ရွှမ်သည် ထိုသို့ပြုလုပ်ရန်ရွေးချယ်ခဲ့သေးသည်။
“ချင်ခုန်းခန်းမက ဘယ်တော့မှ ….”
ထိုက်ကန်းကျီသည် သူ၏စကားကိုအဆုံးသတ်နိုင်ခြင်းမရှိမီတွင် နွယ်ပင်များမှ ဖုံးလွမ်းခံလိုက်ရပေသည်။
လူတိုင်း၏နှလုံးသားတွင် ကြက်သီးများထသွားခဲ့သည်။
ချင်ခုန်းခန်းမ၏ တက်ရောက်နိုင်မည်ဟုမျှော်လင့်ထားကြသော သူတော်စင်သားတော်သည် ထိုကဲ့သို့ကျဆုံးသွားရလေသည်။
သူတိုသည် ချင်ခုန်းခန်းမ၏ဒေါသနှင့် မည်သို့တုံ့ပြန်လာမည်ကိုကြိုတင်ခန့်မှန်းနိုင်ပါသည်။
သေချာပါသည်။
ထိုက်ကန်းကျီ၏သေခြင်းသည် ကျန်းချန်ရွှမ်ကြောင့် မဟုတ်ပေ။
သို့ရာတွင် အကယ်၍တစ်စုံတစ်ဦးက နက်ရှိုင်းစွာဖော်ထုတ်ခဲ့လျှင် ထိုရလဒ်အတွက် ကျန်းချန်ရွှမ်က အရေးပါသည့်နေရာမှ ပါဝင်နေပါသည်။ အထူးသဖြင့် နောက်ဆုံးတိုက်ခိုက်မှုသည် ထိုက်ကန်းကျီ အား နွယ်ပင်များရှိသည့်လမ်းသို့ လွင့်သွားစေခဲ့ပြီး ကျဆုံးသွားရန်လုပ်ခဲ့ခြင်းဖြစ်ပေသည်။
အကြီးအကဲယွမ်ဖန်၊ အကြီးအကဲချီယန်၊ နတ်အရှင်နှင်းဓားနှင့် ယွဲ့ချန်ကျွင်းတို့အပါအဝင် အများစုသည် မနေနိုင်ဘဲ ကျန်းချန်ရွှမ်အတွက်စိတ်ပူနေကြလေသည်။
ကျန်းချန်ရွှမ်ကမူ သူ၏လုပ်ရပ်အတွက်နောင်တရနေပုံမပေါ်ပေ။
သူသည် ရုတ်တရက် သူ၏ကျင့်ကြံခြင်းနည်းစနစ်အား အားစိုက်လိုက်လေသည်။
ကျီ..ကျီ…ကျီ…
ထိုအချိန်တွင် သူထုတ်လွတ်ထားသည့် ပိုင်နက်သည် ယခင်ကထပ်ပို၍ ကျယ်ပြန့်သွားခဲ့သည်။
***