တာအိုဖွဲ့စည်းခြင်းသူတော်စင်၏ အကျပ်ကိုင်မှု၊ ကျန်းချန်ရွှမ်၏ပြတ်သားစွာငြင်းပယ်ခြင်း
Vol. 45 Ch. 846
ဝုန်း..ဝုန်း…ဝုန်း….
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ပိုင်နက်များအပေါ် နွယ်ပင်များ၏သက်ရောက်မှုသည် ဂယက်များထစေရုံသာရှိပါသည်။ များစွာသောသိသာသည့်ပျက်စီးမှုကို မဖြစ်စေခဲ့ပါ။
ထိုသို့သောစွမ်းအားသည် ကြည့်ရှုသူများကို အံ့အားသင့်စေခဲ့လေသည်။
ထိုစုံတွဲက မည်မျှသန်မာပါသနည်း?
ထျန်းကန်းကျီ၏ရှိန်လောက်သည့်စွမ်းအားသည်ပင် နွယ်ပင်များ၏တိုက်ခိုက်မှုအား သည်းခံနိုင်ခြင်း မရှိသော်လည်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အတွက်မူ ကိုင်တွယ်ရန်လွယ်ကူနေပုံပေါက်ပါသည်။
နွယ်ပင်များသည် တိုက်ခိုက်မှုများ ထပ်၍ပြင်ဆင်နေသကဲ့သို့ ကျယ်လောင်သည့်ဟိန်းသံတစ်ခုက အဝေးမှ ထွက်လာခဲ့လေသည်။
“သားရဲကောင် မင်းကများ။”
ဝုန်း…
အော်သံနှင့်အတူ စွမ်းအားကြီးသည့် အရောင်အဝါသည် အဝေးမှ လိမ့်တက်လာခဲ့သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်အပါအဝင် ရှိနေသည့်လူတိုင်းသည် ထိုတည်ရှိမှုကြောင့် အရိုးထိအောင် ကြက်သီးထသွားကြသည်။
“ဒါကတာအိုဖွဲ့စည်းခြင်းသူတော်စင်ပဲ။”
ထိုအတွေးသည် လူတိုင်း၏စိတ်ထဲတွင် ရှိသွားသည်နှင့် များစွာသောမျက်နှာများသည် စိတ်ချကာ ပျော်ရွင်သွားကြလေသည်။
ဤအခြေအနေသည်သေရေးရှင်ရေးဖြစ်ခဲ့ပြီး ထိုက်ကျန်းကျီပင် နွယ်ပင်များကြား ကျဆုံးခဲ့ရပေသည်။
အကယ်၍ ကျန်းချန်ရွှမ်ကြောင့်သာမဟုတ်ခဲ့လျှင်၊ သူတို့အားလုံးကျဆုံးသွားနိုင်ပါသည်။
၎င်းသည် ဖြောင့်မတ်လမ်းစဉ်ဂိုဏ်းများမှ လုံးဝမျှော်လင့်ထားခြင်းမရှိသည့်အရာပင်ဖြစ်ပါသည်။
ဝုန်း…..
ဂုဏ်ကျက်သရေရှိသည့် ပုံရိပ်ကျဆင်းလာသည်နှင့် လူတိုင်းသည် အနက်ရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းလူအား တွေ့လိုက်ရသည်။
သူ၏ဝတ်စားဆင်ယင်ပုံအရ ခန့်မှန်းရလျှင်၊ သူသည် နတ်ဘုရားအရိပ်ဂိတ်မှ တာအိုဖွဲ့စည်းခြင်း သူတော်စင်အရှင် ဖြစ်ပေလိမ့်မည်။
အကြီးအကဲယွမ်ဖန်၊ အကြီးအကဲချီယန်၊ နတ်အရှင်နှင်းဓားနှင့် ယွင်ချန်ကျွင်းတို့က စိတ်ချစွာ သက်ပြင်းချလိုက်ကြကာ အသစ်လာရောက်သူသည် ချင်ခုန်းခန်းမမှမဟုတ်သောကြောင့် ကျေးဇူးတင်နေကြလေသည်။
မဟုတ်လျှင်၊ အရာများသည် တကယ်ပင်….
သို့ရာတွင် သူတို့စိတ်ချသွားပြီးနောက်၊ ဒေါသဖြင့်အော်သံတစ်ခုက အဝေးမှ ထွက်ပေါ်လာလေသည်။ “ဘယ်သူက ငါ့ချင်ခုန်းခန်းမက သူတော်စင်သားတော်ကို သတ်ရဲတာလဲ? ထွက်လာစမ်း။”
အကြီးအကဲယွမ်ဖန်၊ နတ်အရှင် နှင်းဓားနှင့် အခြားသူများ၏အမူအရာများသည် အကြီးအကျယ် ပြောင်းလဲသွားကြသည်။
“အို မဟုတ်ဘူး။ ဒါက ချင်ခုန်းခန်းမက တာအိုဖွဲ့စည်းခြင်းကျင့်ကြံသူပဲ။”
ချက်ခြင်းပင် သူတို့၏နှလုံးသားသည် လေးပင်သွားကြသည်။
မကြာမီ၊ ချင်ခုန်းခန်းမမှတာအိုဖွဲ့စည်းခြင်းကျင့်ကြံသူသည် လူတိုင်း၏ရှေ့သို့ရောက်လာခဲ့သည်။
၎င်းသည် မုတ်ဆိတ်ရှည်ကာ အဖြူရောင်မျက်ခုံးမွေးများနှင့် အသက်ကြီးသူတစ်ဦးဖြစ်သည်။
သူသည် အမူအရာမှာ မဲမှောင်နေပြီး သူ၏မျက်ခုံးများသည် လူသတ်ချင်သည့်ရည်ရွယ်ချက်များဖြင့် မြင့်တက်နေသည်။
သူရောက်လာသည်နှင့် နတ်ဘုရားအရိပ်ဂိတ်မှ တာအိုဖွဲ့စည်းခြင်းသူတော်စင်အရှင်သည် နွယ်ပင်၏ ကိစ္စကို စတင်ပြောလိုက်ကာ သူ၏အကြည့်သည် စုဝေးနေသည့်ကျင့်ကြံသူများထံသို့ အေးစက်စွာ ကြည့်လိုက်လေသည်။
“ပြောစမ်း၊ ဘယ်သူက ငါတို့ရဲ့ချင်ခုန်းခန်းမက သူတော်စင်သားတော်ကိုသတ်တာလဲ?
ငါဒီနေ့ အဲ့ဒီကောင်ရဲ့အရိုးတွေနဲ့အသားတွေကို ပြာမှုန့်ဖြစ်အောင် မီးရှို့ပစ်မယ်။”
စကားပြောပြီးသည်နှင့် ရှိနေသည့်လူတိုင်းသည် မတတ်နိုင်ဘဲ ကြီးမားသည့်ဖိအားကို ခံစားလိုက်ရလေသည်။
အချို့သူများသည် ဖုံးကွယ်ထားရန် အကောင်းဆုံးကြိုးစားခဲ့သည်။
သို့ရာတွင် အချို့သူများသည် ကျန်းချန်ရွှမ်တို့ဘက်သို့ကြည့်နေလေသည်။
၎င်းသည် မျက်ခုံးဖြူနှင့်လူအို၏အာရုံစိုက်မှုမှမည်သို့လွတ်မြောက်နိုင်မည်နည်း?
ချက်ခြင်းနီးပါးပင်၊ မျက်ခုံးဖြူလူအိုသည် ရုတ်တရက် ကျန်းချန်ရွှမ်ကိုကြည့်လိုက်သည်။
“ကောင်လေး၊ မင်းကငါတို့ဂိုဏ်းရဲ့သူတော်စင်သားတော်သေဆုံးမှုနဲ့ပက်သက်နေလား?”
လူအို၏အရောင်အဝါသည် ကြောက်မက်ဖွယ်ကောင်းအောင်ပင် ဖိနှိပ်နေကာ သူ၏တည်ရှိမှုအောက်၌ ရှိနေသည့်သူများအား အရိုးများကိုပင် ကျိုးသွားစေနိုင်ကာ အချို့ကျင့်ကြံအဆင့်နိမ့်သည့်သူများသည် ပါးစပ်မှသွေးများထွက်လာလေသည်။
သို့ရာတွင်၊ ချင်ခုန်းခန်းမမှ တာအိုဖွဲ့စည်းခြင်းသူတော်စင်အရှင်သည် လုံးဝပင် ဂရုမစိုက်ပေ။ သူ၏အကြည့်သည်ကျန်းချန်ရွှမ်ထံတွင်သာရှိနေသည်။
ကျန်းချန်ရွှမ်သည် တုံ့ပြန်မှုသိပ်မရှိပေ။
သူသည် မျက်ခုံးဖြူနှင့်လူအိုအားမော့ကြည့်ကာ အလွန်တည်ငြိမ်သည့်အသံနှင့် ဖြေလိုက်လေသည်။
“ကျွန်တော်ခင်ဗျားတို့ရဲ့ သူတော်စင်သားတော်ကိုမသတ်ဘူး။
သူသေရတာက နွယ်ပင်တွေရဲ့ပိုင်ရှင်ကြောင့်ပဲ။
အကယ်၍ ခင်ဗျားက ခင်ဗျားတို့ရဲ့သူတော်စင်သားတော်အတွက် ကလဲ့စားချေချင်ရင် နတ်ဘုရားအရိပ်ဂိတ်က စီနီယာနဲ့အတူ အဲ့ဒီက နွယ်ပင်ပိုင်ရှင်နဲ့သွားပြီးရင်ဆိုင်လိုက်ပါ။”
ထိုမမျှော်လင့်ထားသည့် ကျန်းချန်ရွှမ်ထံမှ တာအိုဖွဲ့စည်းခြင်းသူတော်စင်အရှင်ထံသို့ တုံပြန်မှုက လူတိုင်းကို အံ့ဩသွားစေခဲ့သည်။
လူအို၏မျက်လုံးများက ကျဉ်းမြောင်းသွားပြီး သူ၏မျက်နှာတွင် အေးစက်မှုတစ်ခုဖြစ်လာခဲ့သည်။
“အဲ့လိုလား? ဒါဆို ဘာလို့ ငါက ငါတို့သူတော်စင်သားတော်သေဆုံးခြင်းက မင်းနဲ့ပက်သက်နေတယ်လို့ခံစားနေရတာလဲ?
မင်းက ငါတို့သူတော်စင်သားတော်သေဆုံးခြင်းနဲ့မပက်သက်တဲ့အကြောင်းကို ကောင်းကင်သစ္စာ ကျိန်ဆိုရင်ကော ဘယ်လိုလဲ?” သူက အကြံပြုလိုက်သည်။
အကြီးအကဲယွမ်ဖန်၊ နတ်အရှင်နှင်းဓားနှင့် အခြားသူများသည် ထိုစကားကိုကြားလျှင် သိသာစွာ တုန်လှုပ်သွားကြသည်။
သူတို့သည် ထိုကိစ္စက စေ့စေ့စပ်စပ်ကြည့်လျှင် ထိုက်ကန်းကျီ၏သေဆုံးခြင်းသည် ကျန်းချန်ရွှမ်နှင့် သွယ်ဝိုက်ကာ ပက်သက်မှုရှိပါသည်။
အကယ်၍ သူသည်တကယ်ပင် မျက်ခုံးဖြူလူအိုပြောသည့်အတိုင်း ကောင်းကင်သစ္စာကျိန်ဆိုခဲ့လျှင် ၎င်းသည် သေချာပေါက် သူ၏အနာဂတ်ကျင့်ကြံခြင်းတွင် ဖျက်စီးခြင်းဖြစ်စေလိမ့်မည်။
တကယ်ပင် သူ၏အနာဂတ်ကျင့်ကြံခြင်းလမ်းပြတ်တောက်သွားရန်ပင်ဖြစ်နိုင်ပါသည်။
ထိုအချိန်တွင် ကျန်းချန်ရွှမ်၏အမူအရာသည် မဲမှောင်သွားခဲ့သည်။
မျက်ခုံးဖြူလူအိုအပေါ် သူ၏အကြည့်အား ပြင်ဆင်လိုက်ပြီး အေးစက်စွာပြန်ပြောလိုက်သည်။
“ကျွန်တော်ငြင်းရင်ကော?”
“မင်းဘာပြောလိုက်တယ်?”
အကြီးအကဲ၏မျက်လုံးသည် ကျဉ်းမြောင်းသွားခဲ့သည်။
လူတိုင်းက ကျန်းချန်ရွှမ်အတွက်စိတ်ပူနေကြလေသည်။
သူတို့သည်တာအိုဖွဲ့စည်းခြင်းအရှင်ကိုပင် သူသည် ထိုသို့ပြောဆိုရဲသည်ကိုကြည့်ကာ နောက်ဆုတ်သွားကြလေသည်။
၎င်းသည် မာနကြီးနေရုံသာမကဘဲ တာအိုဖွဲ့စည်းခြင်းသူတော်စင်အရှင်ကိုပင် မလေးစားခြင်း ဖြစ်ပါသည်။
ထိုသို့သောအခြေအနေအောက်တွင်၊ အကယ်၍ တာအိုဖွဲ့စည်းခြင်းသူတော်စင်သည် သူ့အား တိုက်ခိုက်လျှင် မည်သူမှ ဆန္ဒပြနိုင်မည်မဟုတ်ပါ။
အဆုံး၌ ကျန်းချန်ရွှမ်ကပင် လေးစားမှုမရှိသည်မှာ အရင်ဖြစ်ပေသည်။
“ကျွန်တော်သစ္စာဆိုဖို့ ငြင်းရင်ကော?”
မျက်ခုံးဖြူနှင့် အကြီးအကဲ၏ဘေးပတ်လည်မှ အရောင်အဝါသည် အန္တရာယ်ရှိသည်အထိ ပြင်းထန်လာပြီး သူတို့၏ပတ်ဝန်းကျင်မှ ကောင်းကင်သည် အမဲရောင်အဖြစ် ပြောင်းလဲ သွားလေသည်။
ကြောက်မက်ဖွယ်ကောင်းသည့်ဖိအားသည် ကျန်းချန်ရွှမ်ထံသို့ကျလာပြီး သူ့အားချေမွပစ်တော့မည့် အတိုင်း ဖြစ်နေသည်။
သို့သော် ကျန်းချန်ရွှမ်သည် သတ္တိကြောင်သူမဟုတ်ပါ။ ထိုအစားသူသည် ပို၍မတ်မတ်ရပ်လိုက်ပြီး အကြီးအကဲ၏ အကြည့်အား တည်ငြိမ်စွာ ရင်ဆိုင်ကာပြောလိုက်သည်။
“ကျွန်တော်က မဟုတ်ဘူးပြောရင် မဟုတ်ဘူးပဲ။ ခင်ဗျားကကျွန်တော့်ကို အကျပ်ကိုင်နေတာလား အကြီးအကဲ?”
ဝုန်း…
သူပြောပြီးသည်နှင့် ကျန်းချန်ရွှမ်၏နောက်တွင် စွမ်းအင်လှိုင်းတစ်ခုထွက်လာကာ အကြီးအကဲ၏ဖိနှိပ်ထားသည့်အရောင်အဝါကို ရင်ဆိုင်လိုက်လေသည်။
၎င်းကိုမြင်လျှင် အကြီးအကဲ၏မျက်လုံးသည် ပို၍ ပြင်းထန်သည့် အေးစက်မှုဖြင့် လင်းလက်သွားသည်။
သူက ကြေညာလိုက်သည်။
“ငါတကယ်ပဲ ငါတို့ဂိုဏ်းရဲ့သူတော်စင်သားတော်သေဆုံးမှုကို မင်းနဲ့ပက်သက်နေတယ်လို့ သံသယဝင်လာပြီ။
မင်းက ငါတောင်းဆိုတာကို ငြင်းမှတော့၊ ငါ့သူတော်စင်သားတော်ရဲ့သေဆုံးခြင်းမှာ အဖော်ပြုဖို့ ပြင်ဆင်ထားလိုက်တော့။”
***