တာအိုဖွဲ့စည်းခြင်းသူတော်စင်အရှင်ကို တိုက်ခိုက်ခြင်း
Vol. 45 Ch. 847
ထိုအကြီးအကဲ၏ ကြောက်မက်ဖွယ်ဖိအားသည် ပြန်ဆုတ်ခြင်းမရှိဘဲ ပို၍ ကျဆင်းလာကာ ကျန်းချန်ရွှမ်၏မျက်လုံးသည်လည်း အေးစက်မှုများနှင့် လင်းလက်သွားသည်။
သူ၏နောက်တွင် ငါးရောင်ခြယ်အလင်းတန်းက ပေါက်ထွက်နေပြီး ချက်ခြင်းပင် ရောင်စုံအလင်းက တိုက်မိသွားကာ သူတို့၏ပတ်လည်မှနေရာလပ်အား အက်ကွဲကာရစ်ပတ်သွားစေသည်။
ဝုန်း..ဝုန်း….ဝုန်း…
ကျန်းချန်ရွှမ်၏ပုံရိပ်သည် လေထဲတွင် နောက်ပြန်ဆုတ်လိုက်ရကာ သူ၏ခြေလှမ်းများသည် ပြန်ဆုတ်တိုင်း စွမ်းအင်လှိုင်းများကိုဖန်တီးခဲ့လေသည်။
သူသည် သူ၏သွေးများသည်ဆူပွက်နေကာ သူ၏နတ်စွမ်းအားက သူ့အတွင်းတွင် ဖရိုဖရဲလိမ့်တက်နေသည်ကိုခံစားလိုက်ရသည်။
သို့ရာတွင် ငါးရောင်ခြယ်အကာအကွယ်အလင်းသည် သူ၏ဘေးပတ်လည်တွင်ရှိနေကာ သူ၏ဒြပ်စင်ငါးပါးပိုင်နက်ကိုမပြိုလဲစေခဲ့ခြင်းသည် ရှိနေသည့်လူတိုင်းကိုအံ့အားသင့်စေခဲ့သည်။
ဘာတွေဖြစ်နေတာလဲ?
ကျန်းချန်ရွှမ်သည် တာအိုဖွဲ့စည်းခြင်းသူတော်စင်အရှင်၏ ဖိနှိပ်မှုစွမ်းအားကိုသည်းခံနိုင်ခဲ့ပေသည်။
ကြည့်ရှုသူများအတွက် ၎င်းသည် တွေးမတတ်အောင်ပင်ဖြစ်နေရလေသည်။
သိရမည်မှာ ဗလာနယ်ပြန်အဆင့်နှင့် တာအိုဖွဲ့စည်းခြင်းအဆင့်ကြားရှိ ကွာခြားချက်မှာ မသေးငယ်ပါ။
၎င်းသည် အလွန်ကျယ်ပြောကာ ကောင်းကင်အလင်းအဆင့်နှင့် ထွင်းမြင်အဆင့်ထပ် ပို၍ ကြီးမားပါသည်။
သာမန်အားဖြင့် တာအိုဖွဲ့စည်းခြင်းသူတော်စင်၏ဖိအားသည် ဗလာနယ်ပြန်ကျင့်ကြံသူများအတွက် သည်းမခံနိုင်လောက်အောင်ဖြစ်ကာ ကျန်းချန်ရွှမ်ကမူ သည်းခံနိုင်သည်သာမက ထိခိုက်ခြင်းပင် မရှိဘဲ အနည်းငယ်သာ ဖရိုဖရဲဖြစ်သွားခဲ့သည်။
မျက်ခုံးဖြူနှင့် အကြီးအကဲသည်ပင် ထိုအလှည့်အပြောင်းကြောင့် နောက်ဆုတ်သွားသည်။ သူ၏မျက်လုံးသည် အံဩမှုဖြင့် လင်းလက်သွားသည်။
သို့ရာတွင် သူ၏အံ့အားသင့်မှုသည် သတ်ဖြတ်ရန်ရည်ရွယ်ချက်အဖြစ်ပြောင်းလဲသွားခဲ့သည်။
တကယ်ပင်။
သူသည် သူ၏စွမ်းအားအပြည့်နှင့်တိုက်ခိုက်မှုကို တားဆီးနိုင်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သို့ရာတွင် သူကောက်ချက်ချနိုင်သည့် တစ်ခုတည်းသောအရာမှာ ကျန်းချန်ရွှမ်သည် အသက်ရှင်ရန်ခွင့်ပြု၍မဖြစ်နိုင်ပါ။
ထွင်းမြင်အဆင့်တွင် ကျန်းချန်ရွှမ်သည် ထိုကဲ့သို့ ရှိန်လောက်သည့် စွမ်းအားကိုပိုင်ဆိုင်နေပြီဖြစ်ကာ အနာဂတ်တွင် သူသည် တာအိုဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖောက်နိုင်သည်နှင့် သူသည် သူ၏ပြိုင်ဘက် မည်သို့ဖြစ်နိုင်တော့မည်နည်း?
တာအိုဖွဲ့စည်းခြင်းသူတော်စင်ဖြစ်သည့် မျက်ခုံးဖြူအကြီးအကဲလောက် မည်သူမှပို၍မသိနိုင်ပါ။ သူသည် ထွင်းမြင်အဆင့်၌ အခြေအနေသည် ပို၍နက်ရှိုင်းလာလျှင် တာအိုဖွဲ့စည်းခြင်းအဆင့်သို့ ရောက်လျှင် ပို၍တာအိုအဆင့် မြင့်လာနိုင်ပြီး ပို၍ကြီးမားသည့်စွမ်းအားကိုရရှိစေမည်ဖြစ်ပါသည်။
သူသည် စဉ်းစားဆင်ခြင်းရင်းနှင့် ဓားချီတစ်မျှင်က ရုတ်တရက် မျက်ခုံးဖြူအကြီးအကဲ၏ မျက်ခုံးကြားမှထွက်လာခဲ့လေသည်။
အကြီးအကဲ၏မျက်ခုံးကြားမှ ထွက်လာသည့်ဓားချီသည် ကြည်လင်ကာ သေချာသည့် စည်းမျဉ်းအနှစ်သာရကို သယ်ဆောင်ထားလေသည်။
ထိုကဲ့သို့သောတိုက်ခိုက်မှုသည် သာမန်ထွင်းမြင်ကျင့်ကြံသူများ ရင်ဆိုင်နိုင်ရန်မဆိုနှင့် ခြေရာခံနိုင်ရန်ပင် မဖြစ်နိုင်ပေ။
“ဂရုစိုက်ပါ။ ယောကျ်ား။”
အခြားသူများသည် တိုက်ခိုက်မှုကိုသတိမထားမိနိုင်သော်လည်း ရှန်းရူယန်နှင့် ကျန်းချန်ရွှမ်တို့ကမူ သေချာပေါက်သတိထားမိလေသည်။
ရှန်းရူယန်၏သတိပေးချက်နှင့်အတူ ကျန်းချန်ရွှမ်၏ မူလဝိညာဉ်ရတနာဖြစ်သည့် ဒြပ်စင်ငါးပါးကားချပ်သည် ရုတ်တရက် သူ့ရှေ့တွင်ရောက်လာပြီး အကြီးအကဲ၏တိုက်ခိုက်မှုအား ရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေလေသည်။
ကျွီး…..
ဒြပ်စင်ငါးပါးကားချပ်က လည်သွားသည်နှင့် ၎င်းသည် ကြီးမားသည့် အစိမ်းရောင်အလံအဖြစ် ပြောင်းလဲသွားကာ ကျယ်လောင်စွာတုန်လှုပ်နေခဲ့သည်။
ချက်ခြင်းပင် အဆုံးမဲ့ အစိမ်းရောင်အလင်းများသည် ပေါက်ထွက်လာပြီး မြင့်မားသောသစ်ပင်များ နှင့် ကျယ်ပြောသည့် သစ်တောများကဲ့သို့ဖြစ်နေခဲ့သည်။
ဂျုန်း….
တပြိုင်နက်ထဲပင် ဓားချီမျှင်က အစိမ်းရောင်အလံများနှင့် ဖန်တီးထားသည့် သစ်တောများအတွင်း ဝင်ရောက်လာခဲ့ပြီး များစွာသောကြီးမားသည့် သစ်ပင်များအား ပြိုကျလာပြီး ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားစေခဲ့သည်။
သို့ရာတွင် အချို့သစ်ပင်များသည် ကျန်ရှိခဲ့ပြီး ပြင်ပရောင်ဝါကိုထုတ်လွတ်ခဲ့လေသည်။
“ဟမ်? ဒါကဘာလဲ?”
မျက်ခုံးဖြူလူအိုကြီး၏မျက်လုံးသည် ရုတ်တရက် အာရုံစိုက်လိုက်သည်။
ခနအကြာတွင် သူသည် နှာခေါင်းရှုံ့လိုက်သည်။
“ငါ မင်းဘယ်အထိခံမလဲဆိုတာ သိချင်သေးတယ်။”
ထိုသို့ဖြင့် သူ၏နဖူးမှ ဓားချီမျှင်များသည် ဒါဇင်ပေါင်းများစွာထွက်လာခဲ့ပြီး ယခင်တစ်ခုထပ် ပို၍သန်မာနေလေသည်။
ထိုအခြေအနေသည် ပို၍ပြင်းထန်လာကာ လူတိုင်းက ကိစ္စအတိမ်အနက်ကို သတိပြုမိကြပါသည်။
အကြီးအကဲယွမ်ဖန်၊ အကြီးအကဲချီယန်နှင့် နတ်အရှင်နှင်းဓားနှင့် ယွဲ့ချန်ကျွင်းတို့ကပင် မနေနိုင်ဘဲ သူတော်စင် ကောင်းကင်ဖြူအား ပြောလိုက်ကြသည်။ “သူတော်စင်ကောင်းကင်ဖြူ၊ ကျွန်တော်တို့ဟောက်ရန်ဂိုဏ်းက ကျင့်ကြံသူကို ဒီလိုရဲတင်းစွာနဲ့ လုပ်ရဲတာ ကျွန်တော်တို့ ဟောက်ရန်ဂိုဏ်းကို ဘယ်လိုရှင်းပြရမယ်ဆိုတာကိုမစိုးရိမ်ဘူးလား?”
“ဟမ့်?”
ဤသည်ကိုကြားလျှင် သူတော်စင်ကောင်းကင်ဖြူ၏မျက်လုံးများက စူးရှသွားခဲ့ပြီး သူသည် စိတ်ပျက်စွာဖြင့် တုံ့ပြန်လိုက်လေသည်။
“ငါ့ကိုချိန်းခြောက်ရအောင် မင်းကဘာမလို့လဲ?”
ဝုန်း….
သူစကားပြောပြီးသည်နှင့် အလွန်ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားသည် ချက်ခြင်းပင် အကြီးအကဲယွမ်ဖန်နှင့် အခြားသူများထံသို့ရောက်လာခဲ့သည်။
အကယ်၍ အကြီးအကဲယွမ်ဖန်နှင့် အခြားသူများသည် မသေလျှင်ပင် ဒဏ်ရာအပြင်းအထန် ရသွားနိုင်ပါသည်။
သူတို့သည် တာအိုဖွဲ့စည်းခြင်းသူတော်စင်အရှင်တစ်ဦးသည် ဂျူနီယာများအပေါ် ညှာတာချင်းမရှိဘဲ အမှန်တကယ်တိုက်ခိုက်ခြင်းမျိုးကို မမျှောင်လင့်ထားခဲ့ပေ။
ထို့အပြင် သူသည် အခြေအနေကိုနားမလည်ပါသလား? ဦးစွာတိုက်ခိုက်ရမည့် ရန်သူမှာ မည်သူဖြစ်ပါသနည်း?
သူတော်စင်ကောင်းကင်ဖြူ၏ စွမ်းအားသည် ရိုက်မိတော့မည့်အချိန်တွင် မိုးကြိုးများသည် ရုတ်တရက် လေဟာနယ်ထဲတွင် မြည်လာခဲ့သည်။
ဂျုန်း…
ချက်ခြင်းပင် ကျရောက်လာသည့်ဖိအားက ပျောက်ကွယ်သွားလေသည်။
“ဟမ်?”
ထိုအချိန်တွင်၊ သူတော်စင်ကောင်းကင်ဖြူသည် မနေနိုင်ဘဲ အံ့အားသင့်သွားလေသည်။
မကြာမီ သူ၏အမူအရာသည်မဲမှောင်သွားခဲ့သည်။
သူသည် မိုးကြိုးချိုင့်ဝှမ်းမှဂျူနီယာ ရှန်းရူယန်က သူ၏တိုက်ခိုက်မှုအား အင်အားမသုံးဘဲ တိုက်ခိုက်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူကဲ့သို့ သူတော်စင်ကောင်းကင်ဖြူသည်လူတိုင်းတိုက်ခိုက်နိုင်လောက်အောင် သေးနုပ်နေပါသလား?
ခနအကြာတွင် သူသည်နောက်မဆုတ်တော့ပါ။
အနီနှင့် အဖြူရောင်အလင်းတန်းတစ်ခုအား သူ့၏လက်ဖဝါးထဲတွင်စုစည်းလိုက်ကာ ရှန်းရူယန်ထံသို့ ဦးတည်၍ ပစ်လွတ်လိုက်လေသည်။
“ဂရုစိုက်။”
ထိုအချိန်တွင် လူတိုင်း၏မျက်နှာများက အကြီးအကျယ်ပြောင်းလဲသွားခဲ့ပြီး အထူးသဖြင့် အကြီးအကဲယွမ်ဖန်နှင့် နတ်အရှင်နှင်းဓားတို့သည် သူတို့၏ရင်ထဲတုန်လှုပ်သွားခဲ့လေသည်။
“မင်းကသေချင်နေတာပဲ။”
သို့ရာတွင် ထိုအချိန်၌ပေါက်ကွဲနိုင်သည့်အသံက ကျန်းချန်ရွှမ်၏ဘက်မှ ထွက်လာခဲ့လေသည်။
ပြီးနောက်၊ ကျန်းချန်ရွှမ်၏ပုံရိပ်သည်ပေါက်ကွဲမှုမှ ပေါ်ထွက်လာခဲ့သည်။
အချို့ကြီးမားကာ သေးငယ်သည့် ဒဏ်ရာများမှ လွဲ၍ ရောင်ဝါသည်ယခုမူပို၍ ရှိန်လောက်စရာ ဖြစ်ကာ ကြောက်မက်ဖွယ်ဖြစ်နေခဲ့သည်။
ဝုန်း….
သူ၏လက်ထဲမှအစိမ်းရောင်အလံသည် မြေနက်လှံအဖြစ်သို့ပြောင်းလဲသွားခဲ့လေသည်။
ကျီ…ကျီ…ကျီ…..
ငါးရောင်ခြယ်အလင်းစက်ဝန်းသည် လှံမှထွက်ပေါ်လာခဲ့ပြီး သူတော်စင်ကောင်းကင်ဖြူသည်ပင် တာအိုဖွဲ့စည်းခြင်းသူတော်စင်တစ်ဦးအနေဖြင့် သတိထားမိသည့် ပြင်းထန်သည့် ကြောက်မက်ဖွယ် ကောင်းသည့်အရောင်အဝါသည် ထွက်ပေါ်လာခဲ့သည်။
“ဒါက?”
သူသည် စိတ်တွင်းမှ ထိတ်လန့်သွားခဲ့သော်လည်း သူ၏အမူအရာက မဖော်ပြခဲ့ပေ။
အနီနှင့် အဖြူရောင်အလင်းတန်းများက သူ၏လက်ဖဝါးတွင် ထပ်မံ၍ ထွက်ပေါ်လာခဲ့သည်။ သို့ရာတွင် ထိုအချိန်၌ အနီနှင့် အဖြူရောင်အလင်းများသည် ရှန်းရူယန်ဆီသို့မဟုတ်ဘဲ ကျန်းချန်ရွှမ်အားဦးတည်နေပေသည်။
“ချိုးဖျက်စမ်း။”
ဒြပ်စင်ငါးပါးသုတ်သင်ခြင်းနတ်အလင်း။
ဂျုန်း…
ကြောက်မက်ဖွယ်ပေါက်ကွဲခြင်းတစ်ခုဖြစ်သွားခဲ့ပြီး သူတို့၏တိုက်ခိုက်မှုသည် ဦးတည်ချက်မျိုးစုံသို့ ပျံ့နှံ့နေလေသည်။
ပေါက်ကွဲခြင်းအလယ်တွင် ကျန်းချန်ရွှမ်၏ဒဏ်ရာများနှင့်ပုံရိပ်သည် ပေါ်ထွက်လာခဲ့သည်။ အနီနှင့် အဖြူရောင်အလင်းများသည်ရှန်းရူယန်ဆီသို့မရောက်မီ သူ၏လှံသည် ကြားဖြတ်တိုက်ခိုက် လိုက်ကာ ကောင်းကင်ပေါ်သို့ပျံဝဲတက်သွားခဲ့လေသည်။
***