သူတော်စင်ကောင်းကင်ဖြူအား တိုက်ပွဲထဲသို့ဝင်ရန်တွန်းအားပေးခြင်း၊ ကြောက်မက်ဖွယ်မိုးကြိုး
Vol. 45 Ch. 848
“ဘာ?”
ထိုမြင်ကွင်းသည် ထပ်မံ၍ ရှိနေသည့်လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။
၎င်းသည် ယခင်ကအတိုင်းမဟုတ်ပေ။
ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် တာအိုဖွဲ့စည်းခြင်းသူတော်စင်အရှင်၏ ထိုတိုက်ခိုက်မှုအား အပြည့်အဝ နင်းချေလိုက်လေသည်။
ထိုဗလာနယ်ပြန်ကျင့်ကြံသူများအတွက်မူ ၎င်းသည် မတွေးနိုင်သောအရာပင်ဖြစ်ပါသည်။
ကျန်းချန်ရွှမ်သည်များစွာဒဏ်ရာရထားပုံပေါ်သော်လည်း သူ၏အပြုအမူများသည် သူခံစားနေရသည့် ဒဏ်ရာများကို ကျော်လွန်နေပါသည်။
သူတော်စင်ကောင်းကင်ဖြူသည်လည်းယုံကြည်ရန်ခက်ခဲနေလေသည်။
သူသည် သူ၏တိုက်ခိုက်မှုအားလျော့ချမထားသည်မှာသေချာပါသည်။ သို့သော် ထိုကလေးသည်….
တစ်ပြိုင်နက်ထဲ သတ်ဖြတ်ခြင်းရည်ရွယ်ချက်က သူတော်စင်အရှင်ကောင်းကင်ဖြူ၏ နှလုံးသားထဲတွင် မြင့်တက်သွားခဲ့သည်။
သူသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား ထပ်မံ၍တိုက်ခိုက်တော့မည့်အချိန်တွင် ကျယ်လောင်သည့်ဗုံးသံသည် မသေမျိုးပင်လယ်မြို့မှ ထွက်ပေါ်လာခဲ့သည်။
ထိုသို့ဖြင့် နတ်ဘုရားအရိပ်ဂိတ်မှ တာအိုဖွဲ့စည်းခြင်းသူတော်စင်အရှင်က အတော်လေး စိတ်ခြောက်ခြားစရာ အခြေအနေသို့ ရောက်နေသလိုဖြစ်သွားပုံရသည်။
သူသည် စိတ်ဆိုးစွာဖြင့် သူတော်စင်အရှင်ကောင်းကင်ဖြူကိုစိုက်ကြည့်ကာ အော်လိုက်လေသည်။
“ကောင်းကင်ဖြူ၊ မင်းဘာလုပ်နေတာလဲ? အခု ဘာက အရေးကြီးတယ်ဆိုတာ မသိဘူးလား?
အမြန် ငါနဲ့အတူ အသူရာနတ်ဆိုးတွေကို တိုက်ခိုက်ကြမယ်။”
“အသူရာနတ်ဆိုး?”
ထိုနာမည်ကိုကြားလျှင် သူတော်စင်အရှင် ကောင်းကင်ဖြူအပါအဝင် လူတိုင်း ပြင်းထန်စွာ တုံ့ပြန်လိုက်ကြလေသည်။
သူတို့သည် နတ်ဆိုးမျိုးနွယ်မှ အသူရာနတ်ဆိုးဟုခေါ်သည့် သက်ရှိများသည် အသိဉာဏ်မရှိဘဲ သဘာဝအတိုင်း သို့ သူတို့ဆရာ၏အမိန့်အတိုင်းသာ ပြုမူကြလေသည်။
ထိုအဆင့်အတိုင်းသာမွေးဖွားလာကြပြီး သူတို့၏ခွန်အားသည် ယေဘုယျအားဖြင့် အဆင့်တူ ကျင့်ကြံသူများထပ် ကျော်လွန်နေပြီး သတ်ဖြတ်ရန်ခက်ခဲသည့် သဘာဝကိုပိုင်ဆိုင်ထားကြသည်။
အဆင့် တစ်ခု သို့ နှစ်ခုမြင့်မားခြင်းက သူတို့အားသတ်ဖြတ်နိုင်ရန်လုပ်နိုင်စွမ်းရှိစေပါသည်။
မဟုတ်လျှင် သရေဖြစ်နေခြင်းသည်ပင် အောင်မြင်သည်ဟု သတ်မှတ်နိုင်ပါသည်။
အံ့ဩစရာမကောင်းစွာပင် တာအိုဖွဲ့စည်းခြင်းသူတော်စင်အရှင်နေလရင်ဆိုင်နေရသည့်အခြေအနေသည် သေရေးရှင်ရေး ဖြစ်နေပုံရပြီး သူတော်စင်အရှင်ကောင်းကင်ဖြူကို စိတ်မရှည်ဖြစ်စေလေသည်။
သူတော်စင်အရှင်ကောင်းကင်ဖြူသည် အင်အားပူးပေါင်းကာ အသူရာနတ်ဆိုးများကိုတိုက်ခိုက်ရန် မလုပ်ပဲ သူသည် သူ၏စွမ်းအားများကို ငယ်ရွယ်သည့်ကျင့်ကြံသူအပေါ်တွင်သာ သုံးနေလေသည်။
သူတော်စင်သားတော်၏သေဆုံးမှုမှာ အရေးကြီးသည်။ သို့သော် လက်တစ်ကမ်းအလိုတွင် ရှိသည့်အခြေအနေထပ် အရေးကြီးနိုင်ပါမည်လား?
သူတော်စင်ကောင်းကင်ဖြူသည် သူတော်စင်နေလ၏စကားများကြောင့် စိတ်ညစ်သွားပြီး သူမျက်နှာအသားအရောင်သည် ဒေါသဖြင့် နီရဲလာလေသည်။
နောက်ဆုံးတွင် အံကြိတ်လိုက်ပြီး သူသည် သူတော်စင်နေလအားတုံ့ပြန်ပြောလိုက်လေသည်။ “ကျေးဇူးပြု၍ သူတော်စင်အရှင်နေလ၊ အသူရာနတ်ဆိုးတွေကို အချိန်ဆွဲထားပေးပါဦး။ ကျွန်တော် ဒီဂျူနီယာတွေကို ဖြေရှင်းပြီးတာနဲ့၊ ကျွန်တော် ခင်ဗျားနဲ့ပူးပေါင်းပြီးအဲ့ကောင်တွေကို ရင်ဆိုင်ပါ့မယ်။”
စကားပြောပြီးနောက် သူသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်ထံသို့ အာရုံပြန်စိုက်လိုက်လေသည်။
သို့ရာတွင် ၎င်းသည် သူတော်စင်အရှင်နေလ၏မျက်လုံးတွင် ဒေါသအရိပ်အယောင်များကို ထွက်လာစေခဲ့သည်။
“ခင်ဗျားမှာ အရှက်မရှိဘူးဆိုတော့ ကျွန်တော့ရဲ့မယှဉ်ကျေးမှုအတွက် အပြစ်မတင်ပါနဲ့။”
ထိုအတွေးဖြင့် သူတော်စင်နေလ၏ပုံရိပ်သည် လျှပ်တစ်ပြက် သူတော်စင်ကောင်းကင်ဖြူ၏ ဘေးတွင် နေရာယူလိုက်လေသည်။
ဝှစ်…ဝှစ်…ဝှစ်…
တစ်ချိန်တည်းမှာပင်၊
မသေမျိုးပင်လယ်မြို့ဘက်မှ ကြီးမားသည့် နွယ်ပင်များသည် သူတော်စင်အရှင်နေလနှင့် သူတော်စင်အရှင်ကောင်းကင်ဘုံတို့ဆီသို့ ပစ်လွတ်လာလေသည်။
၎င်းကိုမြင်လျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား တိုက်ခိုက်နေသည့် သူတော်စင်အရှင် ကောင်းကင်ဖြူက အမူအရာပြောင်းလဲသွားကာ ပြောလိုက်လေသည်။
“သူတော်စင်အရှင်နေလ၊ ဒါက ဘာကိုဆိုလိုတာလဲ?”
သူတော်စင်အရှင်နေလက ပြောလိုက်လေသည်။
“ဘာအဓိပ္ပာယ်လဲဆိုတော့ ရှင်းပါတယ်။
အကယ်၍ မင်းက ဘေးထွက်နေပြီး အရေးမပါတဲ့ လုပ်ရပ်တွေလုပ်နေချင်ရင် နောက်တစ်ခေါက် ပြန်စဉ်းစားလိုက်ဦး။”
“မင်း….”
သူတော်စင်ကောင်းကင်ဖြူသည် ရှုပ်ထွေးသွားကာ သူတော်စင်အရှင်နေလက ထိုသို့လှုပ်ရှားမည်ဟု မထင်ထားခဲ့ပါ။
ယခုမူ အကယ်၍ သူသည် နတ်ဆိုးများအား ယာယီလစ်လျူရှုလိုလျှင်ပင် မဖြစ်နိုင်ပါ။
ရွေးချယ်စရာမရှိဘဲ သူတော်စင်အရှင်ကောင်းကင်ဖြူသည် သူတော်စင်နေလနှင့် ပူးပေါင်းကာ အသူရာနတ်ဆိုးများအားတိုက်ခိုက်ရန်သာရှိတော့သည်။
ထိုပြောင်းလဲမှုသည် အကြီးအကဲယွမ်ဖန်၊ အကြီးအကဲချီယန်၊ နတ်အရှင်နှင်းဓား၊ ယွဲ့ချန်ကျွင်းနှင့် အခြားသူများအား စိတ်သက်သာရာရစေခဲ့သည်။
သူတော်စင်ကောင်းကင်ဖြူသည် အလုပ်ရှုပ်နေလျှင် သူသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား ပစ်မှတ်ထားရန်အချိန်မရှိနိုင်ပါ။
သူတို့ဂိုဏ်း၏တာအိုဖွဲ့စည်းခြင်းအရှင်ရောက်သည်နှင့် သူတော်စင်အရှင်ကောင်းကင်ဖြူသည် အချိန်ရလျှင်ပင် သူတို့အားဆန့်ကျင်တိုက်ခိုက်နိုင်ခြင်းရှိတော့မည်မဟုတ်ပါ။
သူတော်စင်ကောင်းကင်ဖြူကလည်း ထိုအကြောင်းကိုကောင်းစွာသိပြီး သူတော်စင်အရှင်နေလက သူ့အားတိုက်ပွဲသို့ဆွဲခေါ်သွားသည်ကို စိတ်ဆိုးနေခဲ့လေသည်။
ဝုန်း….ဝုန်း….ဝုန်း…..
ထိုအချိန်တွင် ကြောက်မက်ဖွယ်ကောင်းသည့် ပေါက်ကွဲမှုက မသေမျိုးပင်လယ်မြို့ဘက်မှ ပေါက်ထွက်လာခဲ့သည်။
၎င်းသည် နေရာလပ်က ဆုတ်ဖြဲခြင်းခံရကာတိုက်ပွဲကြားတွင် အနက်ရောင်အက်ကွဲကြောင်းများ ကျန်ရှိခဲ့ကြောင်း သက်သေပြနေသည်။
ကောင်းကင်အလင်းအဆင့်၏ကြံခိုင်ခြင်းနှင့် သတ်မှတ်ရလျှင် နှစ်ဘက်စလုံး၏တိုက်ပွဲသည် မည်မျှပြင်းထန်ကြောင်း ခန့်မှန်းနိုင်ပါသည်။
“ဒါကအလုပ်ဖြစ်မှာမဟုတ်ဘူး။ အရှင်နေလ ငါတို့ရဲ့စွမ်းအားနဲ့ငါတို့အကောင်းဆုံးလုပ်နိုင်တာက ဒီသားရဲတွေကိုတားဆီးထားဖို့ပဲ။
ရှုံးနိမ့်စေဖို့ သို့ သုတ်သင်ရှင်းလင်းဖို့ကတော့ မဖြစ်နိုင်ဘူး။”
သူတော်စင်အရှင်ကောင်းကင်ဖြူက ရုတ်တရက် သူတော်စင်အရှင်နေလဘက်သို့လည့်၍ စိတ်ပျက်စွာပြောလိုက်လေသည်။ သူတော်စင်နေလကလည်း သဘောတူ၍ ခေါင်းညိတ်လိုက်သည်။
“ငါလည်းအဲ့တာကိုသတိထားမိတယ်။
အစကတည်းက ဒီကောင်တွေကို သတ်နိုင်ဖို့ မမျှော်လင့်ထားဘူး။ ငါတို့ရဲ့ပန်းတိုင်က တောင့်ခံထားဖို့ပဲ။”
“အာ၊ မင်းဆိုလိုတာက…?”
ကောင်းကင်ဖြူသည် တစ်ခုခုကိုသတိပြုမိသွားပုံရကာ သူ၏မျက်နှာသည် အနည်းငယ် ပြောင်းလဲသွားလေသည်။ ထို့နောက်တွင် အဝေးမှ အလွန်ကြောက်မက်ဖွယ်ကောင်းသည့် မိုးကြိုးသွားများလင်းလက်လာခဲ့သည်။
ထိုအချိန်တွင် လူတိုင်းသည် ဘာဖြစ်နေသည်ကို ဖမ်းဆုပ်မိပြီး အဆုံးမရှိမိုးကြိုးသွားများသည် မသေမျိုးပင်လယ်ထဲရှိ အသူရာနတ်ဆိုးများပေါ်သို့ကျရောက်နေခဲ့လေသည်။
ဟိန်းသံများ…
ပထမဆုံးအနေဖြင့် အသူရာနတ်ဆိုးများသည် နာကျင်ခြင်းနှင့် ကြောက်မက်မှုဖြင့် ဟိန်းသံများ ထုတ်လွတ်လာလေသည်။
သူတော်စင်အရှင်ကောင်းကင်ဖြူ၏မျက်ဆံများသည် ကျယ်လာခဲ့ပြီး မနေနိုင်ဘဲ ပြောလိုက်လေသည်။ “ကောင်းကင်နဲ့မြေကြီးပြောင်းပြန် သုတ်သင်ခြင်းနတ်ဘုရားမိုးကြိုး။”
ဂျုန်း..
စကားပြောပြီးသည်နှင့် မိုးကြိုးဟိန်းသံများအားကြားလိုက်ရခြင်းသည် မသေမျိုးပင်လယ်မြို့ထဲသို့ တစ်ကြိမ်ထပ်၍ ကမ္မာ၏အဆုံး၌ပေါက်ကွဲလာခြင်းနှင့် ဆင်တူပေသည်။
လူတိုင်းသည် ထိတ်လန့်စွာကြည့်နေကြပြီး သူတို့၏မျက်လုံးများပြူးကျယ်သွားလေသည်။
သူတော်စင်ကောင်းကင်ဖြူနှင့် သူတော်စင်နေလတို့သည်ပင် အံ့အားသင့်နေကြပေသည်။
ထိုအချိန်တွင် သူတို့ကိုတိုက်ခိုက်နေကာ အားနည်းစေခဲ့သော အသူရာနတ်ဆိုးများသည် ယခုမူ အဆုံးမဲ့မိုးကြိုးသွားများအောက်တွင်သုတ်သင်ခံနေရကာ တည်ရှိနေသည့် ခြေရာလက်ရာပင် မကျန်ခဲ့ပေ။
ထိုသို့သောအင်အား ထိုသို့သောနတ်စွမ်းအားသည် လူတိုင်းကိုဆွံ့အသွားစေခဲ့သည်။
သူတော်စင်ကောင်းကင်ဖြူ၏နဖူးတွင် အကြောင်းအရင်းမရှိဘဲ ချွေးစေးများ ထွက်လာလေသည်။
***