← Chapters

ယွင်ရီကျန်း လှုပ်ရှားခြင်း၊ ကျင့်ကြံခြင်းသက်တမ်းနှစ်ပေါင်း ၃၀,၀၀၀ စာကုန်ဆုံးခြင်း

Vol. 45 Ch. 849

ယွင်ရီကျန်း လှုပ်ရှားခြင်း၊ ကျင့်ကြံခြင်းသက်တမ်းနှစ်ပေါင်း ၃၀,၀၀၀ စာကုန်ဆုံးခြင်း

Vol. 45 Ch. 849

ထိုအချိန်တွင် သူတော်စင်ကောင်းကင်ဖြူသည် အသစ်လာသည့်လူ၏အထောက်အထားကိုသတိပြုမိပါသည်။

၎င်းသည် အခြားသူမဟုတ်ဘဲ မိုးကြိုးချိုင့်ဝှမ်း၏လက်ရှိဂိုဏ်းချုပ် ယွင်ရီကျန်းဖြစ်ကာ သမိုင်းတွင် အသန်မာဆုံး ချိုင့်ဝှမ်းသခင်ဖြစ်ပြီး မဟာယနအဆင့်သို့တက်ရောက်နိုင်မည်ဟု ခန့်မှန်းထားကြသောသူ ဖြစ်သည်။

ထိုသို့သောသူကိုရင်ဆိုင်ရခြင်းသည် သူတော်စင်ကောင်းကင်ဖြူကဲ့သို့ တာအိုဖွဲ့စည်းခြင်းအရှင် သည်ပင် ယုံကြည်ချက်မရှိပေ။

ယခုအသူရာနတ်ဆိုးများကဲ့သို့ပင်ဖြစ်သည်။

အကယ်၍ ယွင်ရီကျန်းက သူ့အားတစ်ခုခုလုပ်လိုလျှင် သူသည် ခုခံနိုင်စွမ်းလုံးဝရှိလိမ့်မည် မဟုတ်ပါ။

ဝှစ်…

ယွင်ရီကျန်းသည် လူတိုင်း၏ရှေ့တွင် လျှပ်တစ်ပြက်ပေါ်လာခဲ့သည်။

ရှန်းရူယန်သည် ချက်ခြင်းပင် ချဉ်းကပ်ကာ လေးစားစွာဖြင့် “ဆရာ”ဟူ၍ ခေါ်လိုက်လေသည်။ ကျန်းချန်ရွှမ်တို့ကလည်း “နှုတ်ဆက်ပါတယ်။ ဆရာဦးလေးချင်ဟု နှုတ်ဆက်လိုက်ကြသည်။

ယွင်ရီးကျန်းသည်ပြုံးကာ သူတို့နှစ်ဦးကိုခေါင်းညိတ်ပြလိုက်သည်။

သို့ရာတွင် ကျန်းချန်ရွှမ်၏အခြေအနေကိုသတိပြုမိလျှင် သူ၏မျက်ခုံးသည် အနည်းငယ် ကွေးသွားခဲ့သည်။

“တူလေး ကျန်း၊ မင်းဘာဖြစ်တာလဲ? ဒီဒဏ်ရာတွေက အသူရာနတ်ဆိုးဆီကရတဲ့ပုံမပေါ်ဘူး။ ဟုတ်လား?”

သူ၏မေးခွန်းသည် ချက်ခြင်းပင် သူတော်စင်အရှင်ကောင်းကင်ဖြူ၏နှလုံးကိုခုန်သွားစေခဲ့သည်။

သို့ရာတွင်၊ သူမတုံ့ပြန်နိုင်ခင်တွင် ကျန်းချန်ရွှမ်၏ဘေးတွင်ရှိနေသည့် ရှန်းရူယန်သည် ယွင်ရီကျန်းအား ပြောလိုက်လေသည်။

“ဆရာ ကျွန်မယောကျ်ားခန္ဓာကိုယ်က ဒဏ်ရာတွေက ချင်ခုန်းခန်းမက သူတော်စင်အရှင်ကြောင့် ရခဲ့တာပါ။”

ထိုသို့ဖြင့်၊ သူမသည် ယွင်ရီကျန်းအား အရာအားလုံးကို ပြောပြလိုက်လေသည်။

“အိုး…မဟုတ်ဘူး။”

ချက်ခြင်းပင် အခြားတစ်ဘက်တွင်ရှိနေသည့် သူတော်စင်အရှင်ကောင်းကင်ဖြူသည် စိတ်တွင်းမှ ပြောလိုက်သည်။

မျှော်လင့်ထားသလိုပင်။

ယွင်ရီကျန်း၏မူလကတည်ငြိမ်နေသည့်မျက်နှာသည် မဲမှောင်သွားပြီး သူ၏အကြည့်သည် သူတော်စင်ကောင်းကင်ဖြူအပေါ်သို့ရောက်သွားလေသည်။

“သူတော်စင်ကောင်းကင်ဖြူ၊ မင်းက တကယ်ပဲ လွန်တာပဲ။

အကူအညီပေးဖို့စေလွတ်ခံရတာကို အသူရာနတ်ဆိုးတွေကို အရင်ရင်ဆိုင်ဖို့ကျရှုံးရုံတင်မကဘူး ဂျူနီယာတွေကိုပါ ပစ်မှတ်ထားလိုက်သေးတယ်။”

သူတော်စင်ကောင်းကင်ဖြူ၏နဖူးသည်ချေးစေးများပြန်လာခဲ့ပြီး သူသည် လျှင်မြန်စွာရှင်းပြရန် ကြိုးစားလိုက်လေသည်။

“ချိုင့်ဝှမ်းသခင်ယွင်၊ ဒါက အားလုံးအထင်လွဲနေကြတာပါ။

ဒါက ခင်ဗျားထင်သလိုမဟုတ်ပါဘူး။ စိတ်အရမ်းဝမ်းနည်းသွားတော့ ကျွန်တော်ထိန်းချုပ်မှုလွတ်သွားတာက ဒီလိုတွေဖြစ်စေခဲ့….”

ဝုန်း….

ရုတ်တရက် မိုးကြိုးသွားများသည် ကောင်းကင်ပေါ်တွင်လင်းလက်သွားကာ သူတော်စင်ကောင်းကင်ဖြူဆီသို့ဦးတည်ကာလာနေခဲ့သည်။

ရှင်းလင်းစွာပင် ယွင်ရီကျန်းသည် အခြားဆင်ခြေများနားထောင်ရန်စိတ်ဝင်စားခြင်းမရှိလဲ ချက်ခြင်းပင် လှုပ်ရှားလိုက်ခြင်းဖြစ်ပေသည်။

ချက်ခြင်းပင် သူတော်စင်ကောင်းကင်ဖြူကကပ်ဆိုးလာတော့မည်ကို ခံစားလိုက်ရသည်။

ထိုရုတ်တရက်ကျရောက်လာသည့်မိုးကြိုးကိုရင်ဆိုင်ရလျှင် သူသည် လုံးဝအင်အားမရှိဘဲ ကြောက်ရွံ့စွာပင်အော်ဟစ်လိုက်တော့သည်။

“ချိုင့်ဝှမ်းသခင်ယွင်၊ ခင်ဗျားကျွန်တော့ကိုသတ်လို့မရဘူး။ ကျွန်တော်က ဖြောင့်မတ်လမ်းစဉ်မဟာမိတ်အဖွဲ့ဝင်ပဲ။

အကယ်၍ ကျွန်တော့်ကိုသတ်ရင် ခင်ဗျား မဟာမိတ်အဖွဲ့တွေကို ဘယ်လိုရှင်းပြမှာလဲ။”

“အို၊ မင်းက ငါ့ကိုဖိအားပေးဖို့ မဟာမိတ်အဖွဲ့ကိုသုံးရဲတယ်ပေါ့?”

ယွင်ရီကျန်း၏မျက်လုံးထဲတွင် အေးစက်သည့်အလင်းတစ်ခုဖြတ်သွားခဲ့သည်။

ကျရောက်လာသည့်မိုးကြိုးသည် မှေးမှိန်လာရမည့်အစား ပို၍ ကြောက်မက်ဖွယ် ကောင်းလာခဲ့လေသည်။

သူတော်စင်ကောင်းကင်ဖြူသည် သူ၏အရိုးထဲထိကြက်သီးများထသွားပြီး သူယခု မည်သို့ပင်ပြောပါစေ အလကားပင်ဖြစ်ကြောင်း သိသွားခဲ့သည်။

အခြားရွေးချယ်စရာမရှိဘဲ သူသည် အံကြိတ်ကာ အနက်ရောင်ချပ်ပြားဝိုင်းကို ထုတ်လိုက်လေသည်။

၎င်းသည်ပေါ်ထွက်လာသည်နင့် စွမ်းအားကြီးသည့်ရောင်ဝါကိုထုတ်လွတ်နေခဲ့သည်။

ယွင်ရီကျန်း၏အကြည့်က ယာယီစူးရှသွားခဲ့သည်။

“ငါ မင်းက ကောင်းကင်ဆက်ဝိညာဉ်ရတနာကိုပိုင်ဆိုင်ထားမယ်လို့မထင်လိုက်ဘူး။

ဒါမဲ့ မင်းရဲ့ကောင်းကင်ဝိညာဉ်ရတနာက ငါ့ရဲ့တိုက်ခိုက်မှုကိုတားဆီးနိုင်မယ်လို့ထင်လား?”

ဂျုန်း….

ကောင်းကင်ပေါ်မှ မိုးကြိုးသည် အဆပေါင်းများစွာတိုးပွားလာခဲ့ပြီး တစ်ခုမှနှစ်ခု ပြီးနောက် လေးခု၊ ရှစ်ခု၊ ဆယ်ခြောက်ခုနှင့် မရေတွက်နိုင်သည်အထိ တိုးသွားခဲ့သည်။

ကျယ်လောင်သည့်ဟိန်းသံသည် ဆက်တိုက်ဖြစ်ပွားနေကာ လူတိုင်းကိုလွှမ်းမိုးသွားခဲ့ပြီး မိုးကြိုးသွား မည်မျှရှိကြောင်း ရေတွက်၍ပင် မရတော့ပေ။

မကြာမီ သူတော်စင်ကောင်းကင်ဖြူက ထုတ်ထားသည့် ချပ်ပြားဝိုင်းသည် လျှင်မြန်စွာ မှေးမှိန်နေကာ သူ၏နဖူးထဲသို့ပြန်ဆုတ်လာခဲ့လေသည်။

“အား…”

တစ်ချိန်တည်းမှာပင်၊

သူတော်စင်ကောင်းကင်ဖြူသည် ပါးစပ်အပြည့်သွေးများအန်ကာ သူ၏ရောင်ဝါသည် ချက်ခြင်းပင် အကြီးအကျယ်လုယူခံလိုက်ရလေသည်။

သူ၏မျက်နှာသည် ဖြူဖျော့ကာ သူသည်ကြောက်ရွံ့နေသည့်မျက်လုံးများဖြင့် ယွင်ရီကျန်းကို ကြည့်လိုက်လေသည်။

သူသည် အကယ်၍ ယွင်ရီကျန်းက သူ့အားသတ်ချင်လျှင် အင်အားပင်သုံးနေစရာမလိုကြောင်းကို သိပါသည်။

သာမန်ဝိညာဉ်ရတနာများကိုကျော်လွန်သည့် ကောင်းကင်ဆက်ဝိညာဉ်ရတနာဖြင့်ပင် ယွင်ရီကျန်း၏စွမ်းအားရှေ့တွင် အသုံးဝင်ခြင်းမရှိပေ။

အမှန်တကယ်ပင်။

ယွင်ရီကျန်းသည် လက်ကိုမြောက်လိုက်ကာ ဖိချလိုက်သည်။

ဝုန်း…

လျှပ်တစ်ပြက်အတွင်းတွင် သူတော်စင်ကောင်းကင်ဖြူအားထိမှန်သွားကာ သူ့၏ခန္ဓာကိုယ်သည် အဆင့်ဆင့်ပပျောက်သွားခဲ့သည်။

သူတော်စင်အရှင်ကောင်းကင်ဖြူသည် သူ၏ခန္ဓာကိုယ်အား ပြန်၍ ဖွဲ့စည်းလိုက်ပြီး သူ့ရောင်အဝါက ထပ်မံထွက်ပေါ်လာခဲ့သည်။

ထိုအချိန်တွင် သူ၏နှလုံးသည် ကြောက်ရွံ့မှု၊ နောင်တများဖြင့် ပြည့်နေခဲ့သည်။

သူသည် ဤအဆုံးသတ်နှင့် တွေ့မည်ကိုကြိုသိခဲ့လျှင် သူသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား မည်သည့်အခြေအနေဖြစ်ပါစေ တိုက်ခိုက်ခဲ့မည်မဟုတ်ပါ။

သူသည် ထိုအငယ်များအား အနိုင်ကျင့်ကာ ဂုဏ်သတင်းကိုဖျက်စီးခဲ့ရုံသာမက တာအိုဖွဲ့စည်းခြင်း သူတော်စင်တစ်ဦးအနေနှင့် ကျင့်ကြံသူအငယ်များအားတိုက်ခိုက်ခဲ့ခြင်းသည် မည့်သည့်ရလဒ်ကိုမှ မရယူနိုင်ခဲ့ပါ။

ယခုမူ သူသည် ယွင်ရီကျန်းထံမှ ညှာတာခြင်းမရှိ ပွင့်ပွင့်လင်းလင်းဆုံးမခံနေရပြီဖြစ်သည်။

မင်းရဲ့ အခုအသူရာနတ်ဆိုးတွေကို ဆန့်ကျင်တိုက်ခိုက်မှုအရ ဒီနေ့ မင်းရဲ့အသက်ကို ငါချမ်းသာပေးလိုက်မယ်။” ယွင်ရီကျန်း၏အသံက တဖြည်းဖြည်းပဲ့တင်ထပ်လာသည်။

“ဒါပေမဲ့ သေခြင်းကိုရှောင်နိုင်ပေမဲ့၊ ဒဏ်ပေးတာကိုတော့ မလွတ်နိုင်ဘူး။”

တာအိုဖွဲ့စည်းခြင်းသူတော်စင်အရှင်တစ်ဦးအနေနဲ့၊ ငါ့ရဲ့တပည့်တွေကို ရန်လုပ်ပြီး အနိုင်ကျင့်တဲ့အတွက် ငါမင်းရဲ့ကျင့်ကြံခြင်းသက်တမ်း နှစ်သုံးသောင်းကို ဒဏ်ပေးတဲ့အနေနဲ့ ဖျက်စီးပစ်မယ်။”

ထိုသို့ဖြင့် ယွင်ရီကျန်းသည်ရောက်လာကာ သူတော်စင်ကောင်းကင်ဖြူ၏ခန္ဓာကိုယ်မှ အဖြူရောင်ချီသုံးမျှင်ကိုဆွဲထုတ်ကာ သူ၏လက်ဖဝါးထဲသို့ စုပ်ယူလိုက်လေသည်။

သူတော်စင် ကောင်းကင်ဖြူ၏မျက်နှာသည် ပို၍ဖျော့တော့သွားကာ သူ၏ခန္ဓာကိုယ်သည် ထိန်းချုပ်၍မရလောက်အောင် တုန်လှုပ်နေခဲ့သည်။

သူသည် ယွင်ရီကျန်းကသူ၏ကျင့်ကြံခြင်းသက်တမ်းနှစ်သုံးသောင်းကို တိုက်ရိုက်ယူသွားမည်ဟု ကြိုတင်မမျှော်လင့်ခဲ့မိပါ။

သူ၏အင်အားနည်းလာခြင်းသည် သေချာပေါက် သာမန်မျက်စိဖြင့်မြင်နိုင်ပါသည်။

တာအိုဖွဲ့စည်းခြင်းသူတော်စင်အရှင်၏သက်တမ်းအစစ်အမှန်မှာ မည်မျှဖြစ်ပါသနည်း?

တာအိုဖွဲ့စည်းခြင်းအဆင့်အစောပိုင်း၏သက်တမ်းမှာ အများဆုံး နှစ် သို့ သုံးသိန်းသက်တမ်းရှိပါသည်။

၎င်းသည် သူတို့ကြာရှည်စွာနေနိုင်ခြင်းမဟုတ်ခြင်းကြောင့် မဟုတ်ဘဲ ကောင်းကင်အတိဒုက္ခက ခွင့်မပြုသောကြောင့်ဖြစ်သည်။

ထိုအဆင့်တွင် အကယ်၍ တစ်ဦး၏လုပ်နိုင်စွမ်းကသာမန်ဖြစ်လျင်၊ အတိဒုက္ခရှောင်လွဲခြင်းရတနာ သည် အသုံးပြုပြီးသားဖြစ်ကာ သူတို့အား ကောင်းကင်ဆန့်ကျင်ခြင်းအခွင့်အလမ်းကို ရရှိသည်မှ လွဲ၍ အနာဂတ်အတိဒုက္ခအားရင်ဆိုင်ရမည်ဖြစ်ပေသည်။

သို့သော် သူတို့သည် ထိုအခွင့်အလမ်းကိုရရှိနိုင်မည်ဟု မည်သူပြောနိုင်ပါသနည်း?

ထို့ကြောင့် ကျင့်ကြံခြင်းသက်တမ်းသုံးသောင်းဆုံးရှုံးခြင်းသည် အထူးသဖြင့် ဘဝ၏ သက်တမ်းသုံးသောင်း ဆုံးရှုံးခြင်းကို ဆိုလိုခြင်းပင်ဖြစ်သည်။

သူတော်စင်ကောင်းကင်ဖြူအတွက်မူ ၎င်းသည် ကြီးမားသည့်ရိုက်ချက်ဖြစ်ပါသည်။

သို့သော် ထို့သို့သောရလဒ်ဖြင့် သူသည် မလေးစားမှုကို မပြရဲခဲ့ပါ။ အများဆုံးသူသည် သူ၏ နှလုံးသားထဲတွင် မုန်းတီးခြင်းကိုမြုပ်နှံထားကာ အခွင့်အလမ်းကိုသာစောင့်နေနိုင်ပေသည်။

***

All Chapters