← Chapters

မဟာယာနတာအိုအရှင်၊ ရက်စက်သောအကြံပြုချက်

Vol. 45 Ch. 850

မဟာယာနတာအိုအရှင်၊ ရက်စက်သောအကြံပြုချက်

Vol. 45 Ch. 850

သူတော်စင်ကောင်းကင်ဖြူအား နောက်ထပ်မကြည့်ဘဲနှင့် ယွင်ရီကျန်းသည် သူ၏အာရုံကို နတ်ဘုရားအရိပ်ဂိတ်မှ သူတော်စင်နေလထံသို့ လည့်လိုက်ကာ သူ၏နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

“သူတော်စင်နေလ၊ ခင်ဗျား အခုပင်ပန်းသွားပြီ။ နတ်ဆိုးလမ်းစဉ်က ကောက်ကျစ်ပြီး အသူရာနတ်ဆိုးတွေကို ခေါ်လာမယ်လို့မမျှော်လင့်ထားမိဘူး။

ခုခံနိုင်ဖို့အတွက် ခင်ဗျားရှိနေလို့တော်သေးတယ်။ မဟုတ်ရင် အကျိုးဆက်က မတွေးနိုင်အောင်ပါပဲ။”

ရှန်းရူယန်၏ အကျဉ်းချုပ်ပြောကြားချက်ကြောင့် ယွင်ရီကျန်းသည် အခြေအနေအား သိနားလည်သွားခဲ့သည်။

ထိုအသိအမှတ်ပြုမှုသည် သူတော်စင်နေလအားတကယ်ပင် ကျန်းချန်ရွှမ်၏ကိစ္စတွင် ဝင်ပါလိုက်ခြင်းအား သိသွားစေခဲ့သည်။

အကယ်၍ သူသည် သူတော်စင်ကောင်းကင်ဖြူအား အသူရာနတ်ဆိုးများအား ဆန့်ကျင်တိုက်ခိုက်ရန် တွန်းအားမပေးခဲ့လျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏အခြေအနေသည် ယခုထပ် ခက်ခဲနေလောက်ပါသည်။ သို့ရာတွင် ချင်ခုန်းခန်းမ၏သူတော်စင်သားတော် သေဆုံးခြင်းက ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်အပေါ် အနာဂတ်တွင် အပြစ်တင်မှုအချို့က ကျရောက်လာမည်ဖြစ်ပါသည်။

ဤသည်ကိုမူတည်၍ သူတို့နှစ်ဦးသည် အနာဂတ်တွင် ဂရုစိုက်ရန်လိုအပ်ပါသည်။

သို့ရာတွင် ထိုစိုးရိမ်မှုများသည် အနာဂတ်အတွက်ဖြစ်သည်။

ချက်ခြင်းဦးစားပေးရမည်မှာလက်တစ်ကမ်းအလိုမှတိုက်ပွဲကိုနိုင်ရန်ဖြစ်သည်။ ထို့ကြောင့် ယွင်ရီကျန်းသည် အားလုံးကို တိုက်ပွဲနေရာမှ အဝေးသို့သွားရန် ဦးဆောင်လိုက်သည်။

လူတိုင်းထွက်ခွာပြီးကြောင်း သေချာလျှင် ယွင်ရီကျန်းသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ သူတော်စင်ကောင်းကင်ဖြူနှင့် အပြန်အလှန်တိုက်ခိုက်နိုင်သည့်စွမ်းအားကို အံ့ဩမှုအား ဖော်ပြခဲ့သည်။

“ငါတကယ်ပဲ မင်းတို့နှစ်ယောက် ကောင်းကင်ဖြူနဲ့ အပြန်အလှန်တိုက်ခိုက်နိုင်မယ်လို့ မမျှော်လင့်ထားဘူး။

ဒါပေမဲ့ ဒီလိုဆိုရင် ချင်ခုန်းခန်းမက မင်းတို့ကို ရန်သူအဖြစ်သတ်မှတ်လိုက်နိုင်တယ်။

အခွင့်အရေးရှိရင် သူတို့ကသေချာပေါက်မင်းတို့ကို တိုက်ခိုက်မှာပဲ။”

ထိုအချိန်တွင် ယွင်ရီကျန်းက ခနရပ်ကာ ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ မင်းတို့သိပ်ပြီးစိတ်ပူစရာမလိုပါဘူး။ ငါမင်းတို့ကို တာအိုအမှတ်လုပ်ထားပေးမယ်။

မင်းတို့ တာအိုဖွဲ့စည်းခြင်းအဆင့်ကနေချိန်းခြောက်ခံရရင် မင်းတို့ဒီအမှတ်ကို ချက်ခြင်းအသက်သွင်းလိုက်နိုင်တယ်။ ငါချက်ခြင်းအမြန်လာခဲ့ပေးမယ်။ လာမဲ့တိုက်ပွဲက ပိုပြီးတော့တောင်အန္တရာယ်များသေးတယ်။ ငါတို့ရဲ့လက်ရင်းတပည့်တွေအနေနဲ့ မင်းတို့က သေချာပေါက် ဘေးထွက်နေလို့မရဘူး။ ဒါပေမဲ့ မင်းရဲ့လက်ရှိအခြေအနေအရ ငါမင်းရဲ့ဆရာနဲ့နောက်မှ ဆွေးနွေးပြီး ငါတို့မိုးကြိုးချိုင့်ဝှမ်းနဲ့ဟောက်ရန်ဂိုဏ်းရှိတဲ့နေရာမှာ မင်းအတွက် စီစဉ်ပေးမယ်။”

ယွင်ရီကျန်း၏စကားကိုကြားလျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် လေးစားစွာဦးညွတ်ကာ သူတို့၏ကျေးဇူးတင်မှုကိုဖော်ပြလိုက်သည်။

“ကျွန်မတို့ကို ဂရုစိုက်ပေးလို့ကျေးဇူးတင်ပါတယ် ဆရာ။”

“ကျွန်တော်တို့ကို ဂရုစိုက်ပေးလို့ကျေးဇူးတင်ပါတယ် ဆရာဦးလေးယွင်။”

ယွင်ရီကျန်းက ပြုံးကာ ခေါင်းခါလိုက်သည်။

“ငါနဲ့ဒီလိုယဉ်ကျေးနေစရာမလိုပါဘူး။”

ပြီးနောက်၊ ယွင်ရီကျန်းသည် သူတို့အားမိုးကြိုးချိုင့်ဝှမ်းသို့ ပြန်ခေါ်သွားခဲ့သည်။

ပြီးနောက်တွင် သူသည် ချင်ရှန်းဝူနှင့် ဆက်သွယ်ကာ သူတို့အား ကောင်းကင်အမွေခံမြို့ဟုခေါ်သည့်‌ ရှေ့တန်းခံတပ်မြို့တွင်စီစဉ်ပေးခဲ့သည်။

၎င်းသည်လည်း ဟောက်ရန်ဂိုဏ်းနှင့် မိုးကြိုးချိုင့်ဝှမ်းတို့တာဝန်ကျရာ အရေးကြီးဆုံးမြို့များထဲမှ တစ်ခုဖြစ်ပါသည်။

စောင့်ရှောက်သူမှာ အခြားသူမဟုတ်ပဲ ဟောက်ရန်ဂိုဏ်း၏တာအိုဖွဲ့စည်းခြင်းအရှင် လန်ယွဲ့ဟွား ဖြစ်ပေသည်။

သူမသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား မြင်လျှင် အပြုံးတစ်ခုက သူမ၏အေးစက်သည့် မျက်နှာတွင် ပေါ်လာခဲ့သည်။

သူမသည် သူတို့နှစ်ဦးကိုခေါင်းညိတ်ပြလိုက်ကာ ပြောလိုက်သည်။

“မင်းတို့နှစ်ယောက် ငါ့ကိုလာကူကာ တကယ်ပဲ အားအများကြီးချွေတာရာရောက်စေတယ်။”

လန်ယွဲ့ဟွားသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏စစ်မှန်သည့်လုပ်နိုင်စွမ်းကို သတိပြုမိနေသည်မှာ ရှင်းလင်းပါသည်။

သူတို့သည် တာအိုဖွဲ့စည်းခြင်းအရှင်ကိုပင် ရင်ဆိုင်နိုင်သူများဖြစ်သည်။

ဗလာနယ်ပြန်အဆင့်တွင် မည်သူမှသူတို့အား မယှဉ်နိုင်ပါ။

“ဆရာဦးလေး လန်၊ ကျွန်တော်တို့ကိုမြောက်နေပါပြီ။”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က နှိမ့်ချစွာတုံ့ပြန်လိုက်သည်။

......

တစ်ချိန်တည်းမှာပင်၊

သူတော်စင်အရှင်ကောင်းကင်ဖြူသည် ချင်ခုန်းခန်းမသို့ပြန်သွားခဲ့ပြီး သူတို့၏ လက်ရှိမဟာယာန တာအိုအရှင်ဖြစ်သည့် တာအိုအရှင်တောင်အလင်းကို သွားရောက်တွေ့ဆုံခဲ့လေသည်။

ထိုအချိန်တွင် သူသည် တာအိုအရှင်အား မသေမျိုးပင်လယ်မြို့တွင်ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများကိုပြောပြပြီးဖြစ်လေသည်။

နောက်ဆုံး၌ သူသည် မုန်းတီးစွာပြောလိုက်သည်။

“စစ်သည်တော်ဦးလေး တောင်အလင်း၊ ကျွန်တော်မြင်သလောက်၊ သူတော်စင်သားတော် သေဆုံးမှုဟာ ကျန်းချန်ရွှမ် ၊ ရှန်းရူယန်တို့နဲ့ ပက်သက်မှုရှိနေရမယ်။ ဘယ်လိုဖြစ်ဖြစ် ကျွန်တော်တို့ ချင်ခုန်းခန်းမက ဟောက်ရန်ဂိုဏ်းနဲ့ မိုးကြိုးချိုင့်ဝှမ်းကို သင်ခန်းစာပေးသင့်နေပြီ။

ပြီးတော့ ယွင်ရီကျန်း၊ သူက အမှားအမှန်ကိုမတွေးဘဲ ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းသက်တမ်း နှစ်ပေါင်းသုံးသောင်းကိုယူသွားခဲ့တယ်။

ဒီကိစ္စအတွက် ကျွန်တော့်ကိုကူညီပေးဖို့ စစ်သည်တော်ဦးလေးကို တောင်းဆိုချင်ပါတယ်။”

သူ၏စကားအဆုံး၌ သူတော်စင် ကောင်းကင်ဖြူသည် တာအိုအရှင်တောင်အလင်းအား တိုက်ရိုက်ပင် ဒူးထောက်လိုက်လေသည်။

တာအိုအရှင် တောင်အလင်း၏အမူအရာက မဲမှောင်နေလေသည်။

သူသည် သူမျှော်လင့်ထားသည့် တက်ရောက်နိုင်ရန်ပင်ယုံကြည်ထားသည့် တပည့်က ထိုကဲ့သို့ ဝမ်းနည်းဖွယ်ကောင်းစွာကျဆုံးသွားလိမ့်မည်ဟု မထင်ထားခဲ့ပါ။

၎င်းသည် သူက လံးဝ လက်ခံနိုင်စရာမရှိကြောင်း တွေ့ခဲ့ရသည်။

ထို့အပြင်၊ သူတို့၏ဂိုဏ်းမှ ကျင့်ကြံခြင်းသက်တမ်းနှစ်ပေါင်းသုံးသောင်းအားယူသွားခြင်းမှာလည်း စိတ်ဆိုးစရာဖြစ်ပါသည်။

အကယ်၍ လက်ရှိဖြစ်နေသည့်စစ်ပွဲသည်ဖြောင့်မတ်လမ်းစဉ်နှင့် နတ်ဆိုးလမ်းစဉ်တို့ကြားမှ စစ်ပွဲဖြစ်ကာ ချင်ခုန်းခန်းမအတွက်အကျိုးအမြတ်များစွာရနိုင်သည့် လောကသစ်ကို ရှာဖွေတွေ့ရှိသည့် စစ်ပွဲမဟုတ်ခဲ့လျှင် သူသည် ကိုယ်တိုင် ဟောက်ရန်ဂိုဏ်းနှင့် မိုးကြိုးချိုင်ဝှမ်းသို့ သွားဖို့ အခွင့်အရေးရှာမည်ဖြစ်ပါသည်။

သူသည် တာအိုအရှင်ကောင်းကင်အရှင်ကိုကြည့်ကာ တဖြည်းဖြည်းပြောလိုက်လေသည်။

“ဒါက သေချာပေါက် ထားလိုက်လို့ရတဲ့အရာမဟုတ်ဘူး။

ဒါပေမဲ့ ငါထင်တာလက်ရှိအခြေအနေက ငါ ယွင်ရီကျန်းနှင့် ချင်ရှန်းဝူတို့ကိုတိုက်ခိုက်လိုက်လို့ မရဘူးဆိုတာ မင်းလည်းသိမှာပါ။

အကယ်၍ ငါလုပ်လိုက်ရင်တောင် အခြားဂိုဏ်းတွေကနောက်ဆုံးမှာ ငါ့ကိုတားဖို့ ရှေ့ထွက်လာကြလိမ့်မယ်။

ဒါကြောင့် နောက်ဆုံးတော့ မင်းကိုမင်းပဲအားကိုးရမှာပဲ။

မင်းကိုမဖမ်းမိရင် မင်းဘာလုပ်လုပ် ငါမင်းအတွက်တာဝန်ယူပေးမယ်။”

သူတော်စင်ကောင်းကင်ဖြူသည် တာအိုအရှင်တောင်အလင်း၏ စကားကိုကြားလျှင် ပျော်ရွင်သွားခဲ့သည်။

ထိုနေ့တွင် သူအမှန်တကယ် လိုချင်သည်မှာ သူ၏စစ်သည်တော်ဦးလေးထံမှ ဂတိတစ်ခုပင်ဖြစ်သည်။

သို့ရာတွင် သူ၏စိတ်သည် မကြာမီအခြားအတွေးတစ်ခုတွေးမိလိုက်ကာ တာအိုအရှင်တောင်အလင်းကို ပြောလိုက်သည်။

“စကားမစပ် စစ်သည်တော်ဦးလေးချင်၊ ကျွန်တော်ကြားတာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က သူတို့ပိုင်နက်ဖြစ်တဲ့ ကောင်းကင်အမွေခံမြို့ကို ပို့ခံရတယ်လို့ကြားတယ်။”

“အာ? မင်းဘာကိုပြောချင်တာလဲ?”

တာအိုအရှင်တောင်အလင်း၏အကြည့်က စူးရှသွားခဲ့ပြီး သူတော်စင်အရှင်ကောင်းကင်ဖြူအား အေးစက်စွာကြည့်လိုက်သည်။ ၎င်းသည် သူတော်စင်အရှင်ကောင်းကင်ဖြူအား ချွေးစေးများ ပြန်လာစေခဲ့သည်။ သို့သော် သူက ဆက်ပြောလိုက်လေသည်။

“ကျွန်တော်စဉ်းစားတာက သူတို့က အခုကောင်းကင်အမွေခံမြို့မှာဆိုတော့ ကျွန်တော်သိသလောက် လန်ယွဲ့ဟွားက အဲ့ဒီမှာရှိတဲ့ တာအိုဖွဲ့စည်းခြင်းသူတော်စင်အရှင်ပဲ။

လက်ရှိမှာနတ်ဆိုးမျိုးနွယ်ကလည်း စွမ်းအားကောင်းလာနိုင်ချေရှိတဲ့ ကျန်းချန်ရွှမ်နဲ့ ရှန်းရူယန်တို့ကိုရှင်းချင်နေတာ။

ကျွန်တော်တို့ နတ်ဆိုးမျိုးနွယ်ကို ဒီအကြောင်း သတင်းပေးလိုက်လို့ရနိုင်မလား?”

သူ၏အကြံပြုချက်ကြောင့် တာအိုအရှင်တောင်အလင်းသည် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့လေသည်။ ၎င်းသည် သူတော်စင်ကောင်းကင်ဖြူ၏နှလုံးကို ခုန်နေစေခဲ့သည်။

သူသည် ထိုတောင်းဆိုချက်က မည်မျှအန္တရာယ်များကြောင်း သတိပြုမိပါသည်။

သူတို့၏ဘက်မှကျင့်ကြံသူ၏သတင်းအား နတ်ဆိုးမျိုးနွယ်နှင့် မျှဝေခြင်းမှာ ဒြပ်စင်ငါးပါးဂိုဏ်း သို့ အဆုံးမဲ့ဓားဂိုဏ်းသည်ပင် ပြုလုပ်မည့်ဆုံးဖြတ်ချက်မျိုးမဟုတ်ပေ။

သို့သော်၊ သူသည် ထိုသို့သောအကြံကို အဆိုပြုလာသေးသည်။

၎င်းသည် သူ့အားမစိုးရိမ်စေဟု ပြောလျှင် လိမ်ညာနေခြင်းဖြစ်လိမ့်မည်။

***

All Chapters