အဆင့် ၇ လက်နက်ဆရာအဖြစ်အဆင့်တက်ခြင်း၊ ဆုလဒ်
Vol. 45 Ch. 851
အချိန်များကြာလာသည်နှင့်အမျှ သူတော်စင်ကောင်းကင်ဖြူ၏နှလုံးက လေးပင်နေပုံပေါ်ကာ ထိုအချိန်မှ တာအိုအရှင်တောင်အလင်းက စကားပြောလာခဲ့သည်။
“ဒီကိစ္စကို မင်းသင့်တော်သလိုသာကိုင်တွယ်လိုက်ပါ။ မင်းအသေးစိတ်ကိုနားလည်မယ်လို့ယုံတယ်။ ပြီးတော့ ငါ ထပ်ပြီး အားစိုက်ထုတ်စရာမလိုတော့ဘူး။”
ထိုစကားများသည် သူတော်စင်အရှင် ကောင်းကင်ဖြူ၏နားထဲရောက်သွားသည်နှင့် ချက်ခြင်းပင် သူ့အား တစ်ဦးတည်း လုပ်ဆောင်ရမည့်ခံစားချက်နှင့် ပြည့်သွားခဲ့သည်။
သူသည် လျှင်မြန်စွာပင် အာမခံ၍ ခေါင်းညိတ်လိုက်လေသည်။
“စိတ်ချပါ စစ်သည်တော်ဦးလေး၊ ကျွန်တော်ဒီကိစ္စကို ဦးလေးစိတ်မပျက်စေရအောင် သေချာကိုင်တွယ်လိုက်ပါ့မယ်။”
“ကောင်းပြီ။ ဆက်လုပ်ပါ။” တာအိုအရှင် တောင်အလင်းက အဆုံးသတ်လိုက်ကာ သူ၏မျက်လုံးကို ဖြည်းဖြည်းပိတ်လိုက်လေသည်။
ထိုအရာကိုမြင်လျှင် သူတော်စင်အရှင်ကောင်းကင်ဖြူသည် ထပ်မံ၍ မနှောက်ယှက်ရဲတော့ပဲ။ လေးစားစွာဖြင့် ဦးညွတ်လိုက်ကာ အခန်းထဲမှ တိတ်တဆိတ်ထွက်ခွာသွားလေသည်။
အပြင်သို့ရောက်သည်နှင့် သူတော်စင်ကောင်းကင်ဖြူ၏မျက်နှာ၌ အေးစက်သည့်ထေ့ငေါ့ခြင်းက ဖြစ်ပေါ်လာပြီး သူ့ကိုယ်ကိုယ် ရေရွတ်လိုက်လေသည်။
“ယွင်ရီကျန်း၊ ချင်ရှန်းဝူ စောင့်နေလိုက်။ မကြာခင် မင်းတို့ဆီ အရေးကြီးတဲ့လက်ဆောင်တစ်ခုက ရောက်လာလိမ့်မယ်။”
....
နှစ်အနည်းငယ်ကြာပြီးနောက်။
ကျီယန်မြို့အတွင်းတွင် ကျန်းချန်ရွှမ်၏ဂူထဲမှ ဝိညာဉ်လှိုင်းများလိမ့်တက်လာခဲ့ပြီး ဓားအရိပ်က ကောင်းကင်ပေါ်တွင် ပေါ်ထွက်လာခဲ့သည်။
ထိုမြင်ကွင်းကိုမျက်မြင်တွေ့နေရသည့် ကျင့်ကြံသူများက စိတ်လှုပ်ရှားမှုဖြင့် မျက်လုံးများ မြင့်တက်လာခဲ့လေသည်။
ရှန်းရူယန်နှင့် အတူရှိနေသည့် လန်ယွဲ့ဟွားက ပြုံးကာ သူမဘက်သို့လည့်လိုက်ပြီး “ရူယန် မင်းယောကျ်ားက ဝိညာဉ်ရတနာကို အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့ပြီထင်တယ်။
ဒါတကယ်ပဲ ဂုဏ်ပြုဖို့ထိုက်တန်တယ်။”
ဤသည်ကိုကြားလျှင် ရှန်းရူယန်သည် ပြုံးလိုက်သည်။
တစ်ချိန်တည်းမှာပင်၊
ကျန်းချန်ရွှမ်၏ဂူအတွင်း၌ များစွာသောရှေးဟောင်းစာများပါသည့်ဓားသည် အနီရောင်နှင့် ရွှေရောင်ဖြင့်ရစ်ပတ်နေပြီး သူ၏ရှေ့တွင်တိတ်တဆိတ်နှင့် ကြီးမားလာခဲ့သည်။
ထိုဓားသည် အမှောင်နီရွှေရောင်ကျောက်စိမ်းဓား ဖြစ်ပြီး သူ ပြုလုပ်နေသည့် အသစ်သော အဆင့် ၇ ဝိညာဉ်ရတနာဖြစ်ပေသည်။
၎င်းသည် အမျိုးမျိုးသော တန်ဖိုးရှိသည့်အရာများထဲမှ တစ်ခုဖြစ်ပြီး ကျန်းချန်ရွှမ်သည် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာက ထိုထုဆစ်ခြင်းလုပ်ငန်းစဉ်ကိုစတင်ခဲ့ပြီး ယခုမှအောင်မြင်သွားခြင်းဖြစ်သည်။
[ဒင်]
သူသည် အောင်မြင်စွာဖြင့် အမှောင်နီရွှေရောင်ကျောက်စိမ်းဓားကို ပြုလုပ်နိုင်ခဲ့သည်နှင့် စနစ်၏အသိပေးချက်က ရုတ်တရက် သူ၏စိတ်ထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။
[အဆင့် ၇ လက်နက်ဆရာအဖြစ် အဆင့်တက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်။ host။ သင်သည် ရတနာတိုးမြင့်ခြင်းကျောက်တုံးနှင့် တစ်ကြိမ်သုံးအဆင့်မြင့် ကောင်းကင်ဆက်ဝိညာဉ်ရတနာ ဖြစ်သည့် သတ်ဖြတ်ခြင်းဓားသွားကို ရရှိပါတယ်။]
ရတနာတိုးမြင်ခြင်းကျောက်တုံးသည် နာမည်ကဲ့သို့ သဘာဝအားဖြင့်ရတနာများ၏အဆင့်ကို တိုးမြင့်နိုင်သည့်အရာတစ်ခုဖြစ်သည်။
ကျန်းချန်ရွှမ်သည် ဒြပ်စင်ငါးပါးကားချပ်ကို အဆင့် ၈ ကောင်းကင်ဆက်ဝိညာဉ်ရတနာအဖြစ် အဆင့်မြင့်တင်သည့်အခါသုံးရန် စီစဉ်ထားလေသည်။
နောက်တစ်မျိုးမှာ တစ်ခါသုံး အဆင့်မြင့် ကောင်းကင်ဆက်ဝိညာဉ်ရတနာ သတ်ဖြတ်ခြင်းဓား ဖြစ်လေသည်။
ထိုဓားသွားသည် တစ်ကြိမ်သာအသုံးပြုနိုင်ပါသည်။
အသုံးပြုသည့်အခါ ၎င်းသည် အသုံးပြုသူ၏ဓမ္မစွမ်းအားအားလုံးကို ကုန်ဆုံးသွားစေမည်ဖြစ်ကာ တာအိုအစပြုခြင်းအဆင့်သူတော်စင် ကိုပင် သတ်ဖြတ်နိုင်သည့် စွမ်းအားမျိုးကိုထုတ်လွတ်ပေးမည် ဖြစ်ပေသည်။
တာအိုအစပြုခြင်းအဆင့်သည်တာအိုဖွဲ့စည်းခြင်းနယ်ပယ်၏ ပထမဆုံးအဆင့်ဖြစ်ပေသည်။
၎င်းပြီးနောက်တွင် တာအိုပေါင်းစည်းခြင်းအဆင့်နှင့် တာအိုနက်နဲအဆင့်တို့ ရှိပေသည်။ ဗလာနယ်ပြန်အဆင့်ကဲ့သို့ပင် တာအိုဖွဲ့စည်းခြင်းနယ်ပယ်သည်လည်း အဆင့် သုံးခုခွဲထားပါသည်။
အဆင့် တစ်ခုချင်းဆီ၏ စွမ်းအားကွာခြားမှုသည် ကောင်းကင်နှင့်မြေကြီးလောက်ဟု ပြော၍ရပေသည်။
ထိုအချိန်တွင် ကျန်းချန်ရွှမ်သည်သူ၏ဂူမှထွက်ခွာခြင်းမရှိဘဲ စနစ်မှ ပေးထားသည့် ရတနာတိုးမြင့်ခြင်းကျောက်တုံးကို ထုတ်လိုက်လေသည်။
ပြီးနောက်တွင် သူသည် ရတနာတိုးမြင့်ခြင်းကျောက်တုံးအား သူ၏မူလဝိညာဉ်ရတနာဖြစ်သည့် ဒြပ်စင်ငါးပါးကားချပ်ကို အသုံးပြုလိုက်လေသည်။
ကျီ…..
ထူးဆန်သည့်အလင်းဖြတ်သန်းသွားသည်နှင့် ကျန်းချန်ရွှမ်၏လက်ထဲမှ ကျောက်တုံးဖြစ်သည့် ရတနာတိုးမြင့်ခြင်းကျောက်တုံးသည် လျှင်မြန်စွာဖြင့် ဒြပ်စင်ငငါးပါးကားချပ်နှင့် ပေါင်းသွားလေသည်။
ချက်ခြင်းပင်၊ အလွန်သန်မာသည့်အရောင်အဝါသည်လျှင်မြန်စွာဖြင့် ကျန်းချန်ရွှမ်၏ရှေ့တွင် နစ်မြုပ်သွားလေသည်။ တစ်ခါတစ်ရံ မီးတောက်များထဲတွင် နစ်ဝင်သွားပြီး တစ်ခါတစ်ရံ လှိုင်းများထဲ၊ တစ်ခါတစ်ရံသတ္တုရိုက်ခတ်သံများထဲ ဖုံးလွှမ်းခံနေရသည်။
၎င်းကိုကြည့်လျှင် ကျန်းချန်ရွှမ်သည်ရုတ်တရက် အသိပညာရသွားမည်ကိုမသုံးချင်ခြင်း ဖြစ်ပေသည်။
အကြောင်းမှာ ဒြပ်စင်ငါးပါးကားချပ်သည်သာမန်တစ်ခုလည်းမဟုတ်ပါပေ သို့သော်စည်းမျဉ်းများ ပြောင်းလဲခြင်းသည် စည်းမျဉ်းကိုကိုင်ထားသည့် မဟာတာအိုဆရာ၏ဦးတည်ချက် ဖြစ်လာ စေနေသည်။
၎င်းသည် အလွန်ရှားပါးသည့် အခွင့်အရေးဖြစ်သည်။
ထိုအချိန်မှသာ ဝိညာဉ်ရတနာသည် ကောင်းကင်ဆက်ဝိညာဉ်ရတနာအဖြစ် အဆင့်တက်သွားခဲ့သည့် အချိန်တွင် အခွင့်အလမ်းထောင်ချီထဲမှ တစ်ခုဖြစ်ပေသည်။
ပြီးနောက် ကျန်းချန်ရွမ်သည် သူတာဝန်ကျသည့် ကောင်းကင်အမွေခံမြို့အပြင်၌ပင် အမြင်ပွင့်ခြင်း အဆင့်သို့ ရောက်နေပြီဖြစ်သည်။
ထိုအချိန်တွင် မျာစွာသောပုံရိပ်များပေါ်လာခဲ့သည်။
ထိုထွက်ပေါ်လာသည့်ပုံရိပ်များ၏ဦးဆောင်သူမှာ ပို၍ ကြောက်မက်ဖွယ်ကောင်းပေသည်။
သူတို့သည် တစ္ဆေခန်းမမှ သူတော်စင်သေမင်းဝိညာဉ်၊ ပေါင်းစည်းခြင်းချိုင့်ဝှမ်းမှ ကောင်းကင်ချိုးဖောက်ခြင်းနှင့် အရိုးဂိုဏ်းမှ သူတော်စင် ကြာနက်တို့ဖြစ်ပေသည်။
သူတို့သည် အဝေးမှ ကောင်းကင်အမွေခံမြို့သို့ ကြည့်နေကြလေသည်။
ရုတ်တရက် သူတော်စင် သေမင်းဝိညာဉ်က “မင်းတို့နှစ်ယောက်လုံး၊ ငါတို့ဒီတစ်ခေါက်လာရတာကို ရှင်းလင်းနေမှာပါ။
သတင်းကို ဘယ်သူပေးလဲဆိုတာ ငါမသိပေမဲ့ သတင်းတိကျမှုကိုတော့ အတည်ပြုပြီးပြီ၊ ငါတို့ အခွင့်အရေးကိုဖမ်းဆုပ်ဖို့ပဲ ကျန်တော့တယ်။
ငါတို့ အဲဒီနှစ်ယောက်မတိုးတက်လာခင်မြေမြုပ်ပစ်မှရမယ်။
မဟုတ်ရင် သူတို့တာအိုဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖောက်နိုင်သွားတာနဲ့ မင်းတို့ငါတို့ အနာဂတ်မှာ သူတို့လက်ထဲသေရလိမ့်မယ်။”
သူတော်စင် သေမင်းဝိညာဉ်က ပြောလိုက်သည်။ “မင်းပြောတာမှန်တယ် ဒါပေမဲ့ ပြသနာက သူတို့က လက်ရှိမှာ ကောင်းကင်အမွေခံမြို့ရဲ့ အကာအကွယ်အစီအရင်ထဲမှာ ရှိနေတယ်။
ငါတို့သုံးယောက်ထဲဆို ကောင်းကင်အမွေခံမြို့ရဲ့အကာကွယ်ကို ဖျက်စီးနိုင်မှာမဟုတ်ဘူး။”
“ငါတို့ကောင်းကင်အမွေခံမြို့ကို ဖျက်စီးဖို့လိုတယ်လို့ ဘယ်သူပြောလဲ?”
သူတော်စင်သေမင်းဝိညာဉ်၏မျက်နှာက ရုတ်တရက် အဓိပ္ပာယ်ရှိသည့် အပြုံးပြုံးလိုက်လေသည်။
သူတော်စင်ကောင်းကင်ချိုးဖောက်သူ နှင့် သူတော်စင်ကြာပွင့်နက်တို့က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
ပြီးနောက် သူတော်စင်ကောင်းကင်နက်က ပြောလိုက်သည်။
“သူတော်စင်သေမင်းဝိညာဉ် အဲ့တာက ဘာကိုဆိုလိုတာလဲ?”
“ရိုးရိုးလေးပါ။” သူတော်စင်သေမင်းဝိညာဉ်ကတုံ့ပြန်လိုက်သည်။
“ငါတို့ပစ်မှတ်က ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ပဲ ဒါကြောင့် ငါတို့အခြားအရာတွေကိုအားမစိုက်ဘူး။
ငါ့အမြင်မှာတော့ သူရဲ့ဘေးက မသေမျိုးမြို့တွေကိုသုံးတာက ကောင်းလိမ့်မယ်။
ဘယ်လိုထင်လဲ?”
အစီအစဉ်မှာကောင်းကင်အမွေခံမြို့အနီးတစ်ဝိုက်မှ မြို့များကိုတိုက်ခိုက်ကာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အားထွက်လာဖို့ ဆွဲဆောင်ရန် ဖြစ်လေသည်။
ပြီးနောက် သူတို့၏ပူးပေါင်းအင်အားဖြင့် သူတို့သည် မိုးကြိုးတိုက်ခိုက်မှုအားထုတ်၍ ထိုတိုက်ပွဲကို အချိန်တိုအတွင်းအပြီးသတ်ရန် စီစဉ်ထားလေသည်။
၎င်းသည် ဟောင်းသော်လည်း ထိရောက်သည့်နည်းလမ်းဖြစ်သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ကောင်းကင်အမွေခံမြို့မှ ထွက်လာသည်နှင့် သူတော်စင် အရှင်သုံးဦး၏ စွမ်းအားဖြင့် သူတို့အား ရှုံးနိမ့်နိုင်မည့်အခြေအနေသို့ပို့နိုင်မည်ဟု ထင်ထားကြပေသည်။
အဆုံး၌ တာအိုဖွဲ့စည်းခြင်းအရှင်နှင့် ဗလာနယ်ပြန်အရှင်တို့ ယှဉ်လိုက်လျှင် အထူးသဖြင့် ခြုံခိုတိုက်ခိုက်ခြင်းဖြင့်ဆိုလျှင် အထူးအခွင့်အရေးရှိမည်ဖြစ်သည်။
မည်သည့်ဗလာနယ်ပြန်ကျင့်ကြံသူမဆို ဤကဲ့သို့သော အခြေအနေတွင်အခွင့်အရေးရမည် မဟုတ်ပါ။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အတွက် အကယ်၍ အနည်းငယ်သာ နှေးကွေးခဲ့လျှင်ပင် သူတို့ကျဆုံးနိုင်မည့် အခွင့်အရေးများစွာရှိပါသည်။
“ကျွန်တော်ထင်တာ သူတော်စင်သေမင်းဝိညာဉ်ရဲ့နည်းလမ်းက အလုပ်ဖြစ်လောက်တယ်။” သူတော်စင်ကောင်းကင်ချိုးဖောက်သူက ပထမဆုံးသဘောတူလိုက်သည်။
သူတော်စင်ကြာပွင့်နက်ကလည်းထိုအချိန်တွင် ခေါင်းညိတ်လိုက်လေသည်။
“ကျွန်တော်လည်းကန့်ကွက်စရာမရှိပါဘူး။
ဒါပေမဲ့ ကျွန်တော်သူတို့ကိုအပြင်ထွက်လာဖို့လုပ်ရန် ကျွန်တော်တို့သုံးယောက်လုံး မျက်နှာပြလို့မဖြစ်ဘူး။
ပြီးမှ ကျွန်တော်တို့လက်အောက်ငယ်သားတွေကို ခိုင်းရလိမ့်မယ်။”
***