ပြန်လည်ရှင်သန်စေသောလက်
Vol. 45 Ch. 852
ရက်အနည်းငယ်အကြာတွင်။
သတင်းများသည် ရုတ်တရက် ကောင်းကင်အမွေခံမြို့သို့ရောက်လာခဲ့သည်။
မြို့အား စောင့်ကြပ်ရာတွင် တာဝန်ရှိသည့် လန်ယွဲ့ဟွားသည် ချက်ခြင်းပင် ရှန်းရူယန်အပါအဝင် ဗလာနယ်ပြန်ကျင့်ကြံသူများအား ဆင့်ခေါ်လိုက်လေသည်။
အပိုစကားများမပြောတော့ပဲ၊ လန်ယွဲ့ဟွားသည် ရှိနေသည့်လူတိုင်းကိုသတင်းပေးလိုက်သည်။
“ငါတို့ အခုပဲ ငါ့တို့အနီးက အလင်းရောင်မြို့ကနေသတင်းရထားတာ သူတို့နတ်ဆိုးကျင့်ကြံသူတွေ ဆီက တိုက်ခိုက်ခံရတယ်တဲ့။
တိုက်ခိုက်သူတွေက တစ္ဆေခန်းမ၊ ပေါင်းစည်းခြင်းချိုင့်ဝှမ်းနဲ့ အရိုးအထွတ်အမြတ်ဂိုဏ်းသုံးခု ပေါင်းထားတဲ့ပုံပဲ။”
အကျဉ်းချုပ်ပြောပြပြီးနောက် လန်ယွဲ့ဟွားက ဆက်ပြောလိုက်သည်။
“အလင်းရောင်မြို့က ငါတို့ဆီအချက်ပြလာပြီး အခြားအနီးအနားက မသေမျိုးမြို့တွေကလည်း တိုက်ခိုက်ခံရတယ်လို့သိရတယ်။
ငါတို့ အထောက်အပံ့ပို့သင့် မပို့သင့်ဆုံးဖြတ်ကြတာပေါ့။”
သူမသည် ရရှိထားသည့်သတင်းအား အားလုံးနှင့် အတူမျှဝေလိုက်သည်။
ထိုသတင်းကိုကြည့်ပြီးနာက် ရီဖေးဟုန်အမည်ရှိကျင့်ကြံသူတစ်ဦးက သူ၏အမြင်ကို ထုတ်ပြောလာသည်။
“လေးစားစွာဖြင့် စစ်သည်တော်ဒေါ်လေးလန်၊ ကျွန်တော်ထင်တာတော့ သူတို့ကို အကူအညီသွားပေးသင့်တယ်။
ကောင်းကင်အလင်းမြို့ရဲ့ချန်မိသားစုနဲ့ ကျွန်တော်တို့ဂိုဏ်းက ဆက်ဆံရေးကောင်းပြီး နတ်ဆိုးမျိုးနွယ်ရဲ့တပ်ဖွဲ့က သံသယဝင်စရာကောင်းတယ်။
သူတို့ဘာလို့ အလင်းရောင်မြို့ကိုတိုက်ခိုက်တယ်ဆိုတာနားမလည်နိုင်ဘူး။”
ရီဖေးဟုန်၏စကားဆုံးလျှင် ရှန်းရူယန်အပါအဝင် အခြားသူများသည် သဘောတူ၍ ခေါင်းညိတ်လိုက်ကြပြီး ထိုဖြစ်ရပ်သည် သာမန်မဟုတ်ဟု ခံစားမိနေကြသည်။
“ဒါဆိုရင်….”
ရီဖေးဟုန်က ထပ်၍ ပြောလိုက်သည်။ “အကယ်၍ အလင်းရောင်မြို့ကို ဒီအတိုင်း တိုက်ခိုက်ခွင့်ပြုလိုက်ရင် ကျွန်တော်သံသယဝင်မိတာ နတ်ဆိုးလမ်းစဉ်ဘက်က အခြားမြို့တွေကို ထပ်ပြီးတိုက်ခိုက်လာဦးမှာပဲ။”
ထို့နောက်တွင် အခန်းထဲမှ အခြားသူများသည် သူတို့၏အမြင်များကိုမျှဝေကြပြီး အများစုက ထောက်ပံ့ရန်ဆန္ဒရှိကြပြီး အချို့ကသာ အနည်းငယ်စောင့်ပြီး ထပ်မံ၍ လေ့လာရန် အကြံပြုကြလေသည်။
“ရူယန်၊ မင်းဘယ်လိုထင်လဲ?”
ပြီးနောက်၊ လန်ယွဲ့ဟွားသည် ရှန်းရူယန်ဘက်သို့လည့်ကာ သူမ၏အမြင်ကိုမေးလိုက်သဖြင့် လူတိုင်းက သိချင်စိတ်ဖြင့်သူမအားကြည့်လိုက်ကြသည်။
သူမ၏ တာအိုဖွဲ့စည်းခြင်းသူတော်စင်နှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည့်စွမ်းအားကြောင့်် သူမ၏အတွေးအား တန်ဖိုးထားကြမည်ဖြစ်သည်။
ရှန်းရူယန်သည် ဘာမှမပြောဘဲ အချိန်အတန်ကြာတိတ်ဆိတ်နေခဲ့သည်။ မကြာမီ သူမသည် သူမ၏အဖြေကိုပေးလာခဲ့သည်။
“စစ်သည်တော်ဒေါ်လေးလန်၊ ကျွန်မလဲ ကျွန်မတို့အလင်းရောင်မြို့ကို ထောက်ကူသင့်တယ် ဆိုတာကို သဘောတူပါတယ်။
ဒါပေမဲ့လည်း ကျွန်မတို့ နတ်ဆိုးအင်အားစုရဲ့ရည်ရွယ်ချက်ကိုလည်း ဖော်ထုတ်ဖို့လိုအပ်တယ်။”
သူမဖော်ပြသည့်ဆိုလိုရင်းမှာ ပထမဆုံးပြောကြားသည့် ရီဖေးဟုန်နှင့် အတူတူပင်ဖြစ်သည်။
လန်ယွဲ့ဟွားသည် သဘောတူညီလျှက် ခေါင်းညိတ်လိုက်သည်။
ချက်ခြင်းပင်၊ သူမသည် ရီဖေးဟုန်ဘက်သို့လည့်ကာ အခြားကျင့်ကြံသူများဘက်သို့လှည့်ကာ ပြောလိုက်သည်။
“စစ်သည်တော်တူလေးရီနဲ့ အားလုံးပဲ၊ အလင်းရောင်မြို့ကိုထောက်ကူဖို့နဲ့ပက်သက်ပြီး မင်းတို့ကိုပဲ ဆက်လုပ်ဖို့အတွက်တာဝန်ပေးလိုက်မယ်။
မှတ်ထားပါ။ သတိရှိဖို့က ထိပ်ဆုံးကပဲ။
အကယ်၍ မင်းတို့ ပုံမှန်မဟုတ်တဲ့အခြေအနေနဲ့တွေ့ခဲ့ရင် ငါ့ကိုအရင်ဆုံးအကြောင်းကြားပါ။”
“ဟုတ်ကဲ့ပါ။”
ရီဖေးဟုန်နှင့် အခြားသူများသည် သဘောတူ၍ ခေါင်းညိတ်လိုက်ကြသည်။
မကြာမီ သူတို့သည် ကောင်းကင်အမွေခံမြို့မှထွက်ခွာလိုက်ကြပြီး အလင်းရောင်မြို့ဘက်သို့ ဦးတည်သွားလိုက်ကြသည်။
.........
တစ်ချိန်တည်းမှာပင်၊
အလင်းရောင်မြို့၏အပြင်ဘက်တွင်ဖြစ်သည်။
ထိုအချိန်တွင် အကာအကွယ်အား ထွင်းမြင်အဆင့် နတ်ဆိုးကျင့်ကြံသူခြောက်ဦး၊ ခုနစ်ဦးခန့်က တိုက်ခိုက်နေကြလေသည်။
ပြီးနောက် အလင်းရောင်မြို့၏အဝေးတွင် သူတော်စင်သေမင်းဝိညာဉ်၊ သူတော်စင်ကောင်းကင်ချိုးဖောက်သူနှင့် သူတော်စင်ကြာပွင့်နက်တို့က အလင်းရောင်မြို့ဘက်သို့ ကြည့်နေကြလေသည်။
သူတော်စင်ကြာပွင့်နက်က ပြောလိုက်သည်။ “ဒီတစ်ကြိမ်မှာတော့ငါတို့ ထွင်းမြင်အဆင့်ကျင့်ကြံသူ ခြောက်ယောက်ကိုလွတ်လိုက်တယ်။ ကောင်းကင်အမွေခံမြို့က တပ်ကူပို့မယ်လို့ထင်လား?”
သူတော်စင်သေမင်းဝိညာဉ်က သိမ်မွေ့စွာပြုံးကာ တုံ့ပြန်လိုက်သည်။
“စိတ်ချထားပါ။ ကြာပွင့်နက်၊ ငါအဲ့ဒီမိန်းမလန်ယွဲ့ဟွားအကြောင်း သိသလောက်ဆိုရင် သူမက သေချာပေါက် တစ်ယောက်ယောက်ကိုပို့လိုက်လိမ့်မယ်။
အနည်းဆုံးတော့ အခြေအနေကိုလေ့လာဖို့ တစ်ယောက်တော့လွတ်လိုက်မှာပဲ။
အဲ့ဒီအချိန်မှာ ငါတို့အင်အားထပ်ပို့ပြီး ကောင်းကင်အမွေခံမြို့က ကူညီဖို့လာတဲ့လူတွေကို သတ်ဖြတ်လိုက်လို့ရတယ်။
ဒီလိုနဲ့ ကောင်းကင်အမွေခံမြို့ကိုစောင့်ကြပ်ဖို့တာဝန်ရှိတဲ့ လန်ယွဲ့ဟွားက ဂရုမစိုက်ဘဲနေတော့မှာမဟုတ်ဘူး။
ပြီးတော့ သူမ ဒီကိုပို့လိုက်နိုင်တဲ့သူက ဘယ်သူတွေလို့ မင်းထင်လဲ?”
သူ၏စကားများချက်ခြင်းပင် သူတော်စင်ကြာပွင့်နက်နှင့် သူတော်စင်ကောင်းကင်ချိုးဖောက်သူ တို့က မျက်လုံးများမြင့်တက်လာခဲ့သည်။
“ဟဲဟဲ၊ အကယ်၍ ဒီလိုဆိုရင် လန်ယွဲ့ဟွားက ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ကောင်းကင်အမွေခံမြို့က မထွက်စေချင်ရင်တောင် မဖြစ်နိုင်လောက်ဘူးပေါ့ ဟုတ်တယ်မလား?”
သူတော်စင်ကောင်းကင်ချိုးဖျက်သူက အေးစက်စွာရယ်လိုက်သည်။
“သူတော်စင်သေမင်းဝိညာဉ်က တကယ်ပဲကောင်းတဲ့အစီအစဉ်ကိုထုတ်နိုင်တာပဲ။ ကျွန်တော်တို့ လေးစားမိပါတယ်။”
ထိုအချိန်တွင်၊
သူ၏ဂူတွင်း၌ရှိနေသည့် ကျန်းချန်ရွှမ်သည် အသိဉာဏ်ပွင့်ခြင်းအခြေအနေမှ ထွက်လာခဲ့ပြီ ဖြစ်သည်။
ထိုအသိဉာဏ်ပွင်ခြင်းအချိန်အတောအတွင်း သူ့အတွက် အကျိုးကျေးဇူးများစွာရခဲ့သည်မှာ မငြင်းနိုင်ခဲ့ပေ။
၎င်းသည် သူ့အတွက် ဒြပ်စင်ငါးပါးစည်းမျဉ်းလမ်းစဉ်တွင် ကြီးမားသည့်ရှေ့သို့တက်လှမ်းနိုင်ရန် အထောက်အကူဖြစ်စေခဲ့ပြီး စည်းမျဉ်းအခြေခံနတ်စွမ်းအားဖြစ်သည့် ပြန်လည်ရှင်သန်ခြင်းလက် ကိုလည်း နားလည်နိုင်ခဲ့သေးသည်။
၎င်းသည် ဒြပ်စင်ငါးပါးမှပြောင်းလဲလာပြီး သူ၏ကိုယ်ပိုင်အဆုံးမဲ့ဘီးဖြင့် ပေါင်းစပ်လိုက်ပြီး ပြန်လည်ရှင်သန်ခြင်းနှင့် ပက်သက်သည့်စည်းမျဉ်းစွမ်းအားကို ပြုလုပ်နိုင်ခဲ့သည်။
တစ်ကြိမ်ထုတ်လွတ်လိုက်သည်နှင့် ၎င်းသည် စကြဝဠာကိုပါပေါက်ကွဲစေနိုင်ကာ အဆုံးမရှိသည့် ပြန်လည်ရှင်သန်ခြင်းချောက်ထဲသို့ ဆွဲချသွားနိုင်ပါသည်။
၎င်းသည် အလွန်လွမ်းမိုးနိုင်စွမ်းရှိသည့် နတ်စွမ်းအားများက အဆုံးမဲ့စွမ်းအားများနှင့်အတူ ရှိပြီး သူ၏ ဒြပ်စင်ငါးပါးသုတ်သင်ခြင်းနတ်ဘုရားဓားကဲ့သို့ စွမ်းအားကြီးပေသည်။
ထို့အပြင် သူ၏မူလဝိညာဉ်ရတနာ ဒြပ်စင်ငါးပါးကားချပ်က ယခုမူ အဆင့် ၈ ကောင်းကင်ဆက်ဝိညာဉ်ရတနာ အဖြစ် မြင့်တက်သွားပြီး တာအိုအနှစ်သာရအား ရုပ်လုံးဖော် ပေးနေလေသည်။
တာအိုဖွဲ့စည်းခြင်းအဆင့်နှင့် ဗလာနယ်ပြန်အဆင့်တို့ကြားကွာခြင်းမှုရှီကြောင်း နားလည်ရန်မှာ အရေးကြီးကာ ကောင်းကင်ဆက်ဝိညာဉ်ရတနာနှင့် သာမန်ဝိညာဉ်ရတနာတို့အကြားနှင့် တာအိုအဖြစ် ပြောင်းလဲနိုင်သည့် အမြစ်တစ်ခုအဖြစ်ပြောင်းလဲလိုက်ထားကြောင်း နားလည်ရမည် ဖြစ်သည်။
ပထမတစ်ခုမှာ စည်းမျဉ်းများအား တာအိုအဖြစ်ပြောင်းလဲပြီး စကြာဝဠာနှင့် ၎င်းတို့အကြား ပြည့်စုံသည့်ဟန်ချက်ညီမှုရယူရန်လမ်းကို စီစဉ်ထားခဲ့သည်။ အထူးသဖြင့် သူတို့၏သာလွန်သည့် တည်ရှိမှုသည် စည်းမျဉ်းများ၏အနစ်သာရနှင့် ပြည့်နေလေသည်။
လုပ်ဆောင်မှုတစ်ခုချင်းဆီတိုင်သည် စည်းမျဉ်းဖြင့်ရစ်ပတ်ထားပေသည်။
ဗလာနယ်ပြန်ကျင့်ကြံသူမည်သူမဆိုစည်းမျဉ်းအဆင့်တွင်သာရှိသေးသည်။
သူတို့သည် ထွင်းမြင်အဆင့်ကျင့်ကြံသူများဖြစ်သော်လည်း သူတို့သည် တာအိုအစစ်အမှန်နှင့် ဝေးနေပါသေးသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကဲ့သို့ သူတော်စင်များဖြင့် တိုက်ခိုက်နိုင်စွမ်းရှိသော သူတို့သည် တာအိုနားလည်ခြင်းကိုမူတည်၍ သူတို့ဖမ်းဆုပ်ထားသည့်တာအိုအပေါ် မှီခိုခြင်းမပြုဘဲ သူတို့ဖမ်းဆုပ်ထားသည့် စည်းမျဉ်းများက ပို၍စွမ်းအားကြီးမည်ဖြစ်ပါသည်။
သို့ရာတွင် ထိုအချိန်၌ ကျန်းချန်ရွှမ်သည် ဒြပ်စင်ငါးပါးကားချပ်အား ဝိညာဉ်ရတနာမှ ကောင်းကင်ဆက်ဝိညာဉ်ရတနာအဖြစ်သို့ တက်နိုင်ခဲ့ပြီး တာအိုကိုနားလည်ခြင်းသည် ဦးတည်ချက်များကို ရရှိစေနိုင်သည့် အသိအမြင်စသည့် နောက်ဆက်တွဲအသိအမြင်များကို ရရှိခဲ့လေသည်။
နောက်တစ်ခုမှာ သူသည် ထိုဦးတည်ချက်များကိုရှင်းလင်းအောင်လုပ်ရန်လိုအပ်ပြီး သူကျွမ်းကျင်သည့်စည်းမျဉ်းများပြောင်းလဲကာ တာအိုဖွဲ့စည်းခြင်းအဆင့်သို့ ခြေလှမ်းလှမ်းနိုင်တော့မည်ဖြစ်သည်။
ထိုအချိန်တွင် သူသည် စစ်မှန်သည့် တာအိုဖွဲ့စည်းခြင်းသူတော်စင်ရာထူးကိုရနိုင်ပေသည်။
“အချိန်ကျပြီ။ ငါလည်းထွက်ကြည့်သင့်ပြီ။”
ကျန်းချန်ရွှမ်သည် သူ၏ဂူထဲတွင်ကြာကြာဆက်မနေရန် ဆုံးဖြတ်လိုက်သည်။ အဆုံး၌ သူ၏ဂူထဲတွင် အကြမ်းဖျင်းပစ္စည်းစီစဉ်လိုက်ပြီး အပြင်သို့ထွက်လာခဲ့ပေသည်။
***