← Chapters

ထွင်းမြင်အဆင့်သို့တက်ရောက်ခြင်း၊ လူတိုင်း၏ဂုဏ်ပြုခြင်း

Vol. 45 Ch. 837

ထွင်းမြင်အဆင့်သို့တက်ရောက်ခြင်း၊ လူတိုင်း၏ဂုဏ်ပြုခြင်း

Vol. 45 Ch. 837

အချိန်များကုန်လွန်လာသည်နှင့်၊ ကျန်းချန်ရွှမ်ဂူပိတ်ကျင့်ကြံနေသည်မှာ နှစ်ပေါင်းငါးဆယ်က ရှိသွားခဲ့သည်။

ကျန်းချန်ရွှမ်ကျင့်ကြံနေသည့်ဂူအတွင်းတွင်၊ အစိမ်း၊ အနီ၊ အဝါ၊ အဖြူနှင့် အပြာရောင်အလင်း များသည် ဆက်တိုက်သူ့အားလည့်ပတ်ကာ ရစ်ပတ်နေခဲ့သည်။

အဆုံး၌ လှိုင်းများအားရိုက်ခတ်နေသောအသံများ၊ လောင်ကျွမ်းနေသောမီးတောက်များ၊ တုန်ခါနေသောမြေကြီးများ၊ အသီးအပင်များပွင့်လာခြင်းနှင့် သတ္တုရိုက်ခတ်သံ၏ပဲ့တင်သံများအား ကြားရလေသည်။

ထိုအသံများသည် စတင်၍ ဖရိုဖရဲဖြစ်လာပြီး တဖြည်းဖြည်းနှင့်မှ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခဲ့ပြီး သံစဉ်တစ်ခုထွက်လာခဲ့လေသည်။

ဒြပ်စင်များ၏တောက်ပမှုက တစ်ကြိမ်ထင်ရှားလာပြီး သူတို့၏ကိုယ်ပိုင်အလင်းဖြင့် လည့်ပတ်နေကာ စတင်၍ ပေါင်းစည်းနေကြသည်။

နောက်ဆုံး၌ သူတို့သည်ငါးရောင်ခြယ်ရောင်ခြယ်အလင်းစက်ဝန်းကိုဖွဲ့စည်းခဲ့သည်။

ထိုအလင်းစက်ဝန်းသည် ကျန်းချန်ရွှမ်၏ဒြပ်စင်ငါးပါးအလင်းစက်ဝန်းနတ်စွမ်းအားသည် မူလက ဒြပ်စင်ငါးပါးစည်းမျဉ်းပေါင်းစပ်မှုမှဖြစ်ပေါ်လာခြင်းဖြစ်ပေသည်။

ကျန်းချန်ရွှမ်၏ခေါင်းပေါ်တွင် ပျံဝဲနေကာ ၎င်းသည်စည်းမျဉ်းအခြေခံအနှစ်သာရ ကြိုးမျှင်တစ်ခု ထွက်လာခဲ့သည်။

ရက်များသည် နှစ်များအဖြစ်နှင့် ပြောင်းလဲသွားပြီး သုံးနှစ်အကြာတွင် ငါးရောင်ခြယ် အလင်းစက်ဝန်း က တဖြည်းဖြည်းနှင့် ကျန်းချန်ရွှမ်၏ခန္ဓာကိုယ်ထဲပေါင်းစပ်သွားခဲ့သည်။

ကျီ…

ထိုအချိန်တွင်၊ ငါးရောင်ခြယ်အလင်းသည် သူ၏အရေပြားနှင့် ဒွါရာပေါက်များမှ ပေါက်ထွက် လာခဲ့သည်။

သူ၏အရောင်အဝါများသည် အကြီးအကျယ်ထိုလွမ်းမိုးမှု၏အောက်မှ လိမ့်တက်လာခဲ့သည်။

ခလုတ်တစ်ခုဖွင့်လိုက်သလိုပင်။

ကျန်းချန်ရွှမ်၏အထဲမှ ချုပ်နှောင်မှုများပွင့်ထွက်သွားသကဲ့သို့ဖြစ်သွားသည်။ တပြိုင်နက်ထဲပင်၊ ပိုင်နက်တစ်ခုက ငါးရောင်ခြယ်အလင်းထဲမှ လျှင်မြန်စွာဖြင့် ပြန့်နှံလာခဲ့ပြီး ဂူပြင်သို့ပင် ထွက်သွားကာ တောင်ထိပ်နှင့် မရေတွက်နိုင်သည့်သစ်တောများထိရောက်သွားလေသည်။

အပြင်ဘက်တွင် ရှန်းရူယန်သည် တိမ်တိုက်မြူတောင်ထိပ်ပေါ်မှ များစွာသောဝိညာဉ်နှက်များ၊ သားရဲများနှင့် အတူ ကျန်းချန်ရွှမ်၏ဂူဘက်သို့ကြည့်နေကြလေသည်။

ရှန်းရူယန်၏မျက်နှာပေါ်တွင် ပျော်ရွင်မှုများပေါ်လာခဲ့သည်။

“ကျွန်မယောကျ်ား…သူထိုးဖောက်နိုင်သွားပြီ။”

ဝုန်း…

ထိုချိန်တွင် ဂူအပေါ်ရှိကောင်းကင်တွင် ရုတ်တရက် ငါးရောင်ခြယ်အလင်းက ရုတ်တရက် ပေါက်ထွက်လာခဲ့သည်။

ဝိညာဉ်တိမ်တိုက်များသည် တစ်ဆင့်ပြီးတစ်ဆင့်ပေါ်လာကာ ၎င်းနှင့်အတူ သိမ်မွေ့သည့် ဝိညာဉ်မိုးရွာသွန်းပြီး ချက်ခြင်းပင်ပတ်ဝန်းကျင်အား ကျက်သရေရှိသောအလင်းဖြင့် တောက်ပ စေခဲ့သည်။

တိမ်တိုက်မြူတောင်ထိပ်၏အပြင်ဘက်တွင် အကြီးအကဲများသည် ဆွေးနွေးခြင်းတွင် ပါဝင်နေကြပြီး မနေနိုင်ဘဲ သူတို့၏အကြည့်များသည် တောင်ထိပ်ပေါ်သို့ရောက်သွားကြသည်။

အံ့ဩခြင်းသည် သူတို့၏မျက်နှာများပေါ်တွင် ပေါ်လွင်နေပါသည်။

“ဝိညာဉ်တိမ်တိုက်တွေက ကောင်းကင်ပေါ်မှာရှိနေပြီး ကောင်းကင်အရောင်တွေကျလာပြီး ဒါကအကြီးအကဲတစ်ယောက်ယောက် ထွင်းမြင်အဆင့်ကိုတက်သွားတာကိုပြနေတာပဲ။” ခန်းမထဲတွင် အကြီးအကဲတစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

“ဒါက ကျန်ရှိနေတဲ့ အကြီးအကဲတစ်ယောက်က ထွင်းမြင်အဆင့်ကို တက်သွားတာကိုမြင်ရတာပဲ။ ငါတို့ဘာလို့ သူ့ကိုသွားတွေ့ပြီးဂုဏ်ပြုကြမလား?”

ရုတ်တရက် အစည်းအဝေးမှတာဝန်ရှိသူများဖြစ်သည့် အကြီးအကဲယွမ်ဖန်နှင့်အကြီးအကဲချီယန် တို့သည် မနေနိုင်ဘဲ အကြံပြုလိုက်ကြသည်။

“သွားကြစို့။”

“သွားကြမယ်။” များစွာသောအကြီးအကဲများသည် အမြန်ဆုံးသဘောတူသည်။

......

အချိန်တစ်ချို့ကြာပြီးနောက်။

များစွာသောအလင်းတန်းများက တိမ်တိုက်မြူတောင်ထိပ်၏အပြင်ဘက်တွင် စိတ်ရှည်စွာဖြင့် နှောက်ယှက်ခြင်းမရှိဘဲစောင့်ဆိုင်းနေကြသည်။

အချိန်သိပ်မကြာခင်တွင်။

များစွာသောအလင်းတန်းများက အဝေးမှ ချဉ်းကပ်လာကြပြီး သူတို့ထဲမှ တစ်ဦးသည် ကျန်းချန်ရွှမ်၏စီနီယာအစ်မ ရှီရှန်းယောင်ဖြစ်သည်။

သူမအားမြင်လျှင်၊ များစွာသောစုစည်းနေကြသည့် အကြီးအကဲများက သူမအားနွေးထွေးစွာ နှုတ်ဆက်လိုက်ကြသည်။

သိသာစွာပင်။

ယခုမူ သူတို့သည် ယခုပင် ပြသလိုက်သည့် သူမှာ မည်သူမှမဟုတ်ဘဲ ရှီရှန်းယောင်၏ ဂျူနီယာမောင်ဖြစ်သူ ကျန်းချန်ရွှမ်ဖြစ်ကြောင်း နားလည်သွားခဲ့သည်။

သူသည် အောက်နယ်ပယ်မှတက်လာသူဖြစ်ကာ ဒြပ်စင်ငါးပါးနည်းကိုကျင့်ကြံ၍ သူတို့၏ ဂုဏ်ကျက်သရေရှိအကြီးအကဲချုပ်ချင်ရှန်းဝူ၏ လက်ရင်းတပည့်ဖြစ်သည်ဟု ပြောကြပါသည်။

လူအုပ်သည်အချင်းချင်းဆွေးနွေးနေကြချိန်တွင် တိမ်တိုက်မြူတောင်ထိပ်၏ပေါ်မှ တိမ်တိုက် များသည် ကင်းစင်သွားပြီး ပုံရိပ်နှစ်ခုပေါ်လာခဲ့သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ဖြစ်ပေသည်။

ရှီရှန်းယောင်အားခေါင်းညိတ်ပြလိုက်ပြီး သူတို့သည် စုဝေးနေသည့်လူအုပ်ကြီးဆီသို့ လှည့်ကြည့်လိုက်လေသည်။

ကျန်းချန်ရွှမ်သည် လူတိုင်းကိုလက်များကိုဆုပ်၍ နှုတ်ဆက်လိုက်ပြီး ယဉ်ကျေးစွာပြုံးလိုက်သည်။ “ကျွန်တော်အခုပဲ ကျင့်ကြံခြင်းအဆင့်ထိုးဖောက်ထားတာမလို့ အချိန်မီလာရောက် နှုတ်ဆက်လို့ မရတာကို ခွင့်လွတ်ပေးပါ။”

“စီနီယာအစ်ကိုကျန်း၊ ခင်ဗျားအရမ်းနှိမ့်ချနေပါပြီ။ ကျွန်တော်တို့ကသာ မဖိတ်ခေါ်ပဲလာမိတာပါ။” အကြီးအကဲတစ်ဦးက တုံ့ပြန်လိုက်သည်။

“တကယ်ပဲ ကျွန်တော်တို့က ခင်ဗျားကိုရုတ်တရက် လာနှောက်ယှက်မိတာကို တောင်းပန်ရမှာပါ။” အခြားတစ်ဦးက ပြောလိုက်သည်။

လူအုပ်ကြီးသည် ယဉ်ကျေးစွာတုံ့ပြန်ကြကာ စကားစမြည်ပြောကြပြီးနောက် ကျန်းချန်ရွှမ်က ပြုံးကာ ဖိတ်ခေါ်လိုက်သည်။

“အားလုံးပဲ။ အပြင်မှာရပ်မနေကြပါနဲ့။ အကယ်၍ စိတ်မရှိရင် ကျွန်တော့်ဂူထဲမှာ လာထိုင်ကြပါဦး။”

သဘာဝကျစွာပင် မည်သူမှ ဖိတ်ခေါ်ခြင်းကို ငြင်းပယ်ခြင်းမရှိကြပါ။

မကြာခင်တွင်ပင်၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ဦးဆောင်သည့် အုပ်စုသည် တိမ်တိုက်မြူ တောင်ထိပ်သို့ဝင်ကာ စကားများ ဖလှယ်နေကြလေသည်။

လာရောက်လည်ပတ်ကြသောအကြီးအကဲများထွက်ခွာသွားပြီးနောက်၊ ရှီရှန်းယောင်သည် လက်ဆောင်သုံးခုကိုထုတ်ကာ ကျန်းချန်ရွှမ်အားပေးလိုက်ကာ ပြောလေသည်။

“ဂျူနီယာမောင်လေး၊ ဒါက ငါ၊ ဆရာနဲ့ ဂျူနီယာမောင်လေးကျောက်တို့ရဲ့ လက်ဆောင်တွေပါ။ ဆရာက ဂိုဏ်းကနေမကြာခင်က ခနထွက်သွားတယ်။ ဒါကြောင့် ငါကကိုယ်စားလာပေးတာပါ။”

“ဆရာက ဂိုဏ်းကထွက်သွားတာလား?”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် နှစ်ဦးသား အံ့ဩမှုကိုပြလိုက်ကြသည်။

ရှီရှန်းယောင်သည် အတည်ပြုရန် ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်။ ဆက်ဖြစ်နေတဲ့ စစ်ပွဲကြောင့်ပဲ။”

“ကျွန်တော်သိပြီ။”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က နားလည်သွားခဲ့သည်။

ဂိုဏ်၏တာအိုဖွဲ့စည်းခြင်းအကြီးအကဲချုပ်အနေနှင့် စစ်ပွဲ၏နောက်ဆုံးအဆင့်တွင် ရှေ့တန်းမှ သွားရောက်တိုက်ခိုက်ရမည်မှာ မလွဲမရှောင်သာဖြစ်သည်။

ကျန်းချန်ရွှမ်သည် သူအတွက်ပေးသည့် ဂုဏ်ပြုလက်ဆောင်များအတွက်ကျေးဇူးတင်လိုက်ကာ ကျောက်ထျန်းဖန်၏အခြေအနေကို စုံစမ်းမေးမြန်းလိုက်သည်။

ကျန်းချန်ရွှမ်က ကျောက်ထျန်းဖန်၏အကြောင်းမေးသည်ကိုကြားလျှင်၊ ရှီရှန်းယောင်သည် မတတ်နိုင်ဘဲ ခေါင်းခါလိုက်လေသည်။

“လက်ရှိမှာ ဂျူနီယာမောင်လေးကျောက်ရဲ့ ကျင့်ကြံဆင့်ကို မကျအောင်ထိန်းထားနိုင်တာကပဲ အတော်ကောင်းနေပြီ။

ဆရာပြောတဲ့ကိုးရောင်ခြယ်ကောင်းကင်ကြာပွင့်မရှိဘဲနဲ့တော့ ပြန်လည်သက်သာလာဖို့ ဖြစ်နိုင်ချေက နည်းနည်းပဲမြင်တယ်။

အခုထိ ငါတို့က ဂျူနီယာမောင်လေးကျောက်က သူ့ရဲ့စိတ်ကိုတည်ငြိမ်အောင်လုပ်နိုင်အောင် မျှော်လင့်ရမယ်။ မဟုတ်ရင် အတွင်းနတ်ဆိုး ငြိတွယ်စေပြီး ထွင်းမြင်အဆင့်အတိဒုက္ခကို နှောက်ယှက်လာရင် အမှန်တကယ် ဒုက္ခရောက်လိမ့်မယ်။”

ကျန်းချန်ရွှမ်သည် ဗလာနယ်ပြန်အဆင့်သို့ ထိုးဖောက်ပြီးနောက် ကျင့်ကြံသူသည် သက်တမ်း၏ ကန့်သတ်ချက်နှင့် ရင်ဆိုင်ရတော့မည်မဟုတ်ကြောင်းနားလည်ပါသည်။

ပုံမှန်အတိဒုက္ခမရှိဘဲနှင့် နှစ်သောင်းပေါင်း သန်းပေါင်းချီအထိနေရန် ပြသနာမဟုတ်ပါ။

သို့ရာတွင်၊ စကြာဝဠာ၏လုပ်ဆောင်မှုက ထိုကဲ့သို့ ထွက်ပေါက်မရှိပေ။

ဗလာနယ်ပြန်အဆင့်သို့ရောက်ပြီးလျှင် နှစ်တစ်သောင်းကြာတိုင်း အတိဒုက္ခတစ်ခုကို ခံစားမည်ဖြစ်သည်။

ထိုအတိဒုက္ခအားဖြတ်သန်းရာ၌အောင်မြင်ခြင်းသည် အသက်ဆက်ရှင်ရန် ခွင့်ပြုပေးပြီး ကျရှုံးလျှင်မူ လုံးဝ သုတ်သင်ခံရမည်ဖြစ်သည်။

ထိုဖြစ်စဉ်တွင် ကျင့်ကြံသူ၏စိတ်အခြေအနေသည် အဓိကနေရာ၌ရှိပါသည်။

မညီမျှခြင်းများသည် လွယ်ကူစွာဖြင့် အတွင်းနတ်ဆိုးကိုနိုးထစေနိုင်ပြီး အတိဒုက္ခရောက်လာခြင်းကို လောဆော်နိုင်သည်။

***

All Chapters