← Chapters

အပြစ်သင့်သူ

Vol. 45 Ch. 836

အပြစ်သင့်သူ

Vol. 45 Ch. 836

“ယောကျ်ား…”

ရှန်းရူယန်သည် သိသာစွာတုန်လှုပ်နေသည်။

ထိုနှစ်ပေါင်းများစွာအတွင်း ၎င်းသည် သူ၏ယောကျာ်းကို ပထမဆုံးအနေဖြင့် ထိုသို့မြင်ရခြင်း ဖြစ်သည်။

“တစ်ခုခုဖြစ်နေလို့လား?”

သူမသည် ချက်ခြင်းပင် စိုးရိမ်စိတ်ဖြင့်မေးလိုက်သည်။

ကျန်းချန်ရွှမ်က ခေါင်းညိတ်လိုက်သည်။

“ကိုယ် စီနီယာအစ်ကိုကျောက်ထျန်းဖန်က တစ္ဆေခန်းမနဲ့တိုက်ပွဲကနေ အပြင်းအထန်ဒဏ်ရာ ရလာတယ်လို့ သတင်းရထားတယ်။ သူ့ရဲ့အခြေခံက ပျက်စီးသွားခဲ့ပြီ။ ကိုယ်သူ့ကိုချက်ခြင်း သွားတွေ့ဖိုလိုတယ်။”

“စီနီယာအစ်ကိုကျောက်ကို ပြန်ခေါ်လာကြပြီလား?”

ရှန်းရူယန်က စိုးရိမ်စိတ်ဖြင့်မေးလိုက်သည်။

ကျန်းချန်ရွှမ်က ခေါင်းညိတ်လိုက်သည်။

“သူ့ကိုပြန်ခေါ်လာကြပြီး အခု ဆရာ့ရဲ့ရှန်းဝူတောင်ထိပ်မှာ ပြန်လည်ကုသနေတယ်။ ရူယန် မင်းကိုယ်နဲ့လိုက်ခဲ့ပါ။”

“ကောင်းပါပြီ။”

ရှန်းရူယန်သည် ချက်ခြင်းခေါင်းညိတ်လိုက်လေသည်။

.....

မကြာမီ၊ ထိုစုံတွဲသည် တိမ်တိုက်မြူတောင်ထိပ်မှ ထွက်ခွာပြီး ရှန်းဝူတောင်ထိပ်ဆီသို့ လာခဲ့လေသည်။

ရှန်းဝူတောင်ထိပ်သို့ရောက်သောအခါ၊ သူတို့သည် ရှီရှန်းယောင်သည် သတိပြန်မလည်လာ သေးသော ကျောက်ထျန်းဖန်အားကြည့်ကာ မျက်နှာမသာမယာဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။

ကျန်းချန်ရွှမ်ကဲ့သို့ပင် သူသည်လည်း သူ၏ဂျူနီယာမောင်လေး၏ အပြင်းအထန် ဒဏ်ရာရလာသည့်သတင်းကိုကြားကာ ရောက်လာခြင်းဖြစ်သည်။

သူမသည် ချင်ရှန်းဝူအားကြည့်ကာ သူမ၏အသံက ဒေါသဖြင့်တင်းမာနေခဲ့သည်။

“ဆရာ၊ ဂျူနီယာမောင်လေး ဘယ်လိုနေလဲ? သူပြန်ကောင်းလာဖို့ အခွင့်အရေးရှိလား?”

ချင်ရှန်းဝူ၏မျက်နှာသည်လည်း တူညီစွာပင်မဲမှောင်နေသည်။

အချိန်အနည်းငယ်စဉ်းစားဆင်ခြင်ပြီးနောက်၊ သူသည် အက်ကွဲနေသည့်အသံဖြင့် ပြောလိုက်သည်။

“ဒါက ခက်ခဲလိမ့်မယ်။ ထျန်းဖန်ရဲ့မူလဝိညာဉ်က ပြန်လည်မဆယ်နိုင်တဲ့ပျက်စီးခါနီးဖြစ်နေတာ။ သူ့ပြန်ကောင်းနိုင်ဖို့အတွက် တစ်ခုတည်းသောမျှော်လင့်ချက်က အဆင့် ၉ ကိုးရောင်ခြယ် ကောင်းကင်ကြာပွင့်ကို ရှာတွေ့ဖို့ပဲ။

အဲ့တာထပ်၊ သူရဲ့လက်ရှိကျင့်ကြံဆင့်ကိုမကျသွားအောင်ထိန်းသိမ်းထားနိုင်ရင် တော်တော်လေး ကောင်းနေပြီ။”

“စီနီယာအစ်ကိုကျောက်ကို ဒီလောက်ဒဏ်ရာရအောင်ဘယ်သူကလုပ်လိုက်တာလဲ?”

ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ဝင်လာခဲ့သည်။

ချင်ရှန်းဝူနှင့် ရှီရှန်းယောင်တို့သည် သူတို့ရောက်လာသည့်အတွက် မအံ့ဩသွားပါ။

သူတို့သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အားအနည်းငယ်ခေါင်းညိတ်ပြကာ ရှီရှန်းယောင်က ပြောလိုက်သည်။

“အဲ့တာက တစ္ဆေခန်းမက နတ်အရှင်အဖြူအမဲနဲ့ နတ်အရှင်ငရဲလောက တို့ပဲ။ ဒါပေမဲ့ ဂျူနီယာမောင်လေးကျောက်ကို ဒီလိုဖြစ်စေခဲ့တဲ့နောက်ကွယ်က သူက ချင်ခုန်းခန်းမက ထိုက်ကန်းကျီပဲ။”

“ထိုက်ကန်းကျီ။”

နတ်အရှင်အဖြူအမဲနှင့် နတ်အရှင်ငရဲလောကတို့၏နာမည်များကိုကြားလိုက်ရသောအခါ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏မျက်လုံးများက စူးရှသွားခဲ့ပြီး ကျောက်ထျန်းဖန်၏အပြင်းအထန် ဒဏ်ရာရခြင်းက သူတို့နှင့် ဆက်နွယ်နေမည်ဟု မထင်ထားခဲ့ပေ။

“စီနီယာအစ်မ၊ ကျွန်တော် ဘာတွေဖြစ်သွားလဲဆိုတာ အသေးစိတ်သိချင်တယ်။”

ရှီရှန်းယောင်က ရုတ်တရက် ကျန်းချန်ရွှမ်အားလေးနက်စွာကြည့်လိုက်ကာ ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ။ မင်းသိချင်တယ်ဆို ငါပြောပြမယ်။”

ချင်ရှန်းဝူကလည်း သူမအား မတားပါ။

ရှီရှန်းယောင်က ပြောလိုက်သည်။ “ဂျူနီယာမောင်လေးကျောက်နဲ့ အခြားဂိုဏ်းတွေက ထွင်းမြင်အဆင့်ကျင့်ကြံသူတွေပါဝင်တဲ့တာဝန်ကအတူတကွ မသေမျိုးပင်လယ်မြို့က ကျင့်ကြံသူတွေကိုကူညီဖို့ပဲ။

သူတို့က ပထမဆုံးရောက်ခဲ့တယ် ဒါကြောင့် သူတို့ရဲ့တိုက်ပွဲက တစ္ဆေခန်းမနဲ့အခြားနတ်ဆိုးဂိုဏ်း တွေကို ဖြိုခွဲဖို့ဖြစ်တယ်။

မမျှော်လင့်ပဲ၊ တစ္ဆေခန်းမက နတ်အရှင်အဖြူအမဲနဲ့ နတ်အရှင် ငရဲလောကတို့ကို ပုန်းကွယ်ပြီး လွတ်လိုက်တယ်။

အဲ့ဒီနှစ်ယောက်က သာမန်ထွင်းမြင်အဆင်ကျင့်ကြံသူတွေမဟုတ်ဘဲ တာအိုဖွဲ့စည်းခြင်းအဆင့် ရောက်ခါနီး စွမ်းအားရှင်နစ်ယောက်ဖြစ်တယ်။ စည်းမျဉ်းအခြေခံနတ်စွမ်းအားတောင် သူတို့နဲ့တိုက်ရင် ရုန်းကန်ရလိမ့်မယ်။

ပြင်းထန်တဲ့တိုက်ပွဲပြီးတော့၊ ဂျူနီယာမောင်လေးကျောက်နဲ့သူ့အဖွဲ့က အရေးနိမ့်နေတယ်။

အဲ့ဒီအချိန်မှာချင်ခုန်းခန်းမက ကျင့်ကြံသူတွေနဲ့ အခြားဖြောင့်မတ်လမ်းစဉ်က လူတွေရောက်လာခဲ့တယ်။

မသိနိုင်တဲ့အကြောင်းအရင်းတစ်ချို့ကြောင့် ချင်ခုန်းခန်းမက ထိုက်ကန်းကျီက အခြားလူတွေကို နောက်ကျမှကူညီဖို့အမိန့်ပေးခဲ့တယ်။

သူတို့က ဂျူနီယာမောင်လေးကျောက်နဲ့အခြားသူတွေ တစ်ယောက်ပြီးတစ်ယောက် ရှုံးနိမ့်တာကို ဒီအတိုင်းကြည့်နေခဲ့တယ်။ တစ်ချို့က နတ်အရှင်အဖြူအမဲနဲ့ နတ်အရှင်ငရဲလောကတို့ သတ်တာကိုတောင် ခံလိုက်ရတယ်။

အကယ်၍ ဆရာပေးထားတဲ့ အသက်ကယ်ပစ္စည်းကြောင့်သာမဟုတ်ခဲ့ရင်၊ သူလည်း ကျဆုံးသွားတဲ့သူတွေထဲ ပါနေလောက်ပြီ။”

ရှီရှန်းယောင်၏ပြန်လည်ပြောပြခြင်းကိုကြားလျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ဒေါသများထွက်လာခဲ့လေသည်။

အကယ်၍ ထိုက်ကန်းကျီနှင့် အဖွဲ့သည် အချိန်မှီရောက်မလာခဲ့လျှင်ပင် နားလည်နိုင်ပါသေးသည်။

သို့ရာတွင်၊ သူတို့၏လှုပ်ရှားမှုသည် ရောက်လာခဲ့ပြီးမှ ကျောက်ထျန်းဖန်နှင့် အခြားသူများ ရှုံးနိမ့်နေသည်ကို ကြည့်နေခြင်းသည် အလွန်သည်းမခံနိုင်စရာဖြစ်သည်။

သူတို့သည် ကူညီဖို့ရန်ရည်ရွယ်ချက်မရှိလျှင် အဘယ်ကြောင့် လာခဲ့သေးသနည်း?

“ဒီကိစ္စအတွက်ဘာလုပ်ပြီးပြီလဲ?”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ချင်ရှန်းဝူမှ အဖြေပေးရန်ကြည့်လိုက်ကြသည်။

ရှီရှန်းယောင်က ချင်ရှန်းဝူထပ်အရင်ဖြေလိုက်လေသည်။ “ဆရာက ချင်ခုန်းခန်းမကို ဖြေရှင်းချက်တောင်းထားပြီးပြီ။ ကံမကောင်းစွာနဲ့ သူတို့က ဘာမှ ပြင်ဆင်လာခြင်းမရှိဘူး။ သူတို့ရဲ့ပိုင်နက်ဆိုတော့၊ ချင်ခုန်းခန်းမက မဟာယာနတာအိုအရှင်ကတောင် ဆရာ့ကိုပြန်ပြောသွားတယ်။ ဆရာ့မှာလုပ်ပိုင်ခွင့်မရှိဘူး။ အထူးသဖြင့် စစ်ပွဲအချိန်တွေမှာပေါ့။ မဟုတ်ရင် ဒီလိုကိစ္စမျိုးအတွက် ဆရာ့မှာ…”

ရှီရှန်းယောင်က အဆုံးထိမပြောရသေးခင်တွင် ချင်ရှန်းဝူက သူမအားကြားဖြတ်လိုက်သည်။

“ကောင်းပြီ။ ရှန်းယောင်၊ ဒီကိစ္စကိုဆက်မပြောကြစို့။

အနာဂတ်မှာ အများကြီးသာဂရုစိုက်ကြပါ။

ငါတို့ ဂိုဏ်းနဲ့ မိုးကြိုးချိုင့်ဝှမ်းကလွဲလို့ အခြားဂိုဏ်းနဲ့မိသားစုတွေကိုသတိထားကြ။

အားလုံးအတွက် အခုကိစ္စမှာ ဝင်မပါအောင်ကြိုးစားကြ။”

ကျန်းချန်ရွှမ်ဘက်သို့လည့်ကာ ချင်ရှန်းဝူသည် ရှားပါးသည့်အပြုံးကို ပြုံးကာ ခေါင်းညိတ်လိုက်သည်။

“ချန်ရွှမ်၊ မင်းကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ။ ကြည့်ရတာ ထွင်းမြင်အဆင့်တိုက်တက်ဖို့ သိပ်မကြာတော့ဘူးပဲ။

ဂူပိတ်ကျင့်ကြံပြီး တတ်နိုင်သမျှမြန်မြန် ထိုးဖောက်ဖို့ကြိုးစားကြည့်ပါ။”

ချန်ရှန်းဝူသည် ဤကိစ္စအတွက် ကျန်းချန်ရွှမ်အား ဝင်မပါစေလိုသည်မှာ ရှင်းလင်းနေပါသည်။

သူ၏တာအိုအဖော်ရှန်းရူယန်နှင့် ရှီရှန်းယောင်တို့အပါအဝင်ဖြစ်သည်။ အထူးသဖြင့် သူသည် ရှီရှန်းယောင်အား စိတ်လိုက်မာန်ပါနှင့် လုပ်ရှားမည်ကို စိုးရိမ်ခဲ့လေသည်။

ထို့ကြောင့်။

ကျန်းချန်ရွှမ်ကိုပြောပြီးနောက်၊ ချင်ရှန်းဝူသည် ရှီရှန်းယောင်ဘက်သို့လှည့်လိုက်သည်။

“မင်းကတော့ အခုလောလောဆယ် ငါနဲ့အတူနေဦး။ မင်းရဲ့မောင်လေး ဂူပိတ်ကျင့်ကြံခြင်းက ထွက်လာမှ ငါမင်းကိုပေးသွားမယ်။”

ရှီရှန်းယောင်သည် ဘာပြောရမှန်းမသိပါ။

အချိန်တစ်ချို့ကြာပြီးမှ။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ယာယီအားဖြင့် ချင်ရှန်းဝူနှင့် ရှီရှန်းယောင်တို့အား နှုတ်ဆက်လိုက်ပြီး တိမ်တိုက်မြူတောင်ထိပ်သို့ ပြန်လိုက်လေသည်။

ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် ထွင်းမြင်အဆင့်သို့ ထိုးဖောက်နိုင်ခြင်းမရှိလျှင် ကျင့်ကြံခြင်းမှ မထွက်လာရန်ဆုံးဖြတ်ခဲ့လေသည်။

သူသည် ထိုဆုံးဖြတ်ချက်အား ရှန်းဝူ တောင်ထိပ်တွင်ပင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သူသည် ထိုးဖောက်ပြီးနောက်၊ သူသည် သူ၏စီနီယာအစ်ကိုကျောက်အတွက် တရားမျှတမှုရှာပေးမည်ဖြစ်သည်။

သူ၏ဆရာသည် ချင်ခုန်းခန်းမမှ ရှင်းပြချက်မရနိုင်သည့်အတိုင်း သူသည် အနာဂတ်တွင် ထိုက်ကန်းကျီအား သင်ခန်းစာပေးရန် စီစဉ်ခဲ့ပြီး ချင်ခုန်းခန်းမမှလည်း ဟောက်ရန်ဂိုဏ်းမှ ရှင်းပြချက်မရစေရန် သေချာလုပ်မည်ဖြစ်သည်။

***

All Chapters