← Chapters

ကျိုးမုဟွမ်

Vol. 152 Ch. 2166

ကျိုးမုဟွမ်

Vol. 152 Ch. 2166

လူတိုင်းက မော့ခယ်၏ အပြုအမူကြောင့် ဇဝေဇဝါ ဖြစ်သွားကြသည်။ သူက လမ်းလျှောက်သွားပြီး နတ်ဘုရားခေါင်းတလားထဲရှိ မြင့်မြတ်သော ရုပ်ကြွင်းကို တစ်ချက်ကြည့်လိုက်သည်။

မော့ခယ်က တစ်ချက်ကြည့်လိုက်ပြီးနောက် ညည်းတွားလိုက်၏။ သူ့ခန္ဓာကိုယ်က တွန့်လိမ်သွားကာ သူ့မျက်လုံးများမှ သွေးတို့ တစ်ဖန်စီးကျလာပေသည်။ ထိုမြင်ကွင်းက ကြောက်စရာပင် ဖြစ်သည်။

"သေစမ်း..." လူတိုင်းက ရှေ့တွင် ရပ်နေသော ရီဖူရှင်းအား ကြည့်လိုက်သည်။

အကြိမ်ရေများစွာ ကြည့်ပြီးနောက် အသားကျလာမည်လား။ ယခုလို ဖြစ်နေလျှင် သူတို့က မည်ကဲ့သို့ ဆက်ကြည့်ရပါမည်နည်းဟု လူအများက တွေးလိုက်ကြသည်။

မော့ခယ်က ဒုတိယတစ်ကြိမ် ကြိုးစားခြင်း ဖြစ်ပါသော်လည်း သူ့မျက်လုံးများတွင် သွေးတို့ ပြည့်နေဆဲ ဖြစ်သည်။

သူတို့က မည်သို့ ဆက်ကြည့်၍ ဖြစ်နိုင်ပါမည်နည်း။ သူတို့က အကြိမ်များစွာ ကြည့်ရန် မဆိုထားနှင့် တစ်ကြိမ်ထပ်ကာ ကြည့်မိလျှင်ပင် အကန်းဖြစ်သွားနိုင်သည်။ ၎င်းက ကြောက်စရာပင် ဖြစ်၏။

ထို့နောက်မှသာ သူတို့အားလုံးသည် ရီဖူရှင်းက မော့ခယ်အား ကစားနေသည်ကို သတိပြုမိခဲ့သည်။ အကြိမ်များစွာ ကြည့်ရုံနှင့် ကျင့်သားရလာနိုင်စရာအကြောင်း မရှိပေ။ သို့သော်လည်း မော့ခယ်သည် သူ၏ ထိုရယ်စရာ အကြောင်းပြချက်အား အမှန် ယုံကြည်ခဲ့၏။

ရီဖူရှင်းသည် ၎င်းကို ကိုယ်တိုင် ကြိုးစားခဲ့ပြီး နတ်ဘုရားရုပ်ကြွင်းကို ထပ်ကာတလဲလဲ ကြည့်ရှုခဲ့သည်။ သူက တဖြေးဖြေး အသားကျလာခဲ့ပြီး ထိုသည်မှာ သူ့စကားက အမှန်ဖြစ်ကြောင်း ပြောနေသလိုပင် ဖြစ်သည်။

မဟုတ်လျှင် မော့ခယ်က အလိမ်ညာခံရလိမ့်မည် မဟုတ်ပေ။

ထို့နောက်တွင် မော့ခယ်က မျက်လုံးများအား ဖွင့်လိုက်ပြီး အေးစက်သော အကြည့်များ၌ သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်နေခဲ့သည်။ သူသည် ယခင်က ရီဖူရှင်း နှင့် မျက်မမြင်ထျယ်တို့ကို မြင်ခဲ့စဥ် တည်ငြိမ်ကာ ပေါ့ပေါ့ပါးပါး ဆက်​ဆံခဲ့သည်။ သို့သော် သူ့ကဲ့သို့ အဆင့်အတန်းအား အလေးထားသူတစ်ယောက် အနေနှင့် လူအများရှေ့တွင် ရီဖူရှင်း၏ အကြိမ်ကြိမ် အရူးလုပ်ခံရပြီးနောက် သူ၏ ခံစားချက်က ဆိုးဝါးလာပေသည်။ ထိုသည်မှာ အမှန်တကယ် ရှက်စရာပင် ဖြစ်၏။ ယခုချိန်၌ သူ၏ ခံစားချက်ကို လူတိုင်း အလွယ်တကူ ခန့်မှန်းနိုင်ပေသည်။

သဏ္ဌာန်မဲ့စွမ်းများ မော့ခယ်ထံမှ ထွက်လာခဲ့သည်။ တစ်စုံတစ်ယောက်က ကောင်းကင်သို့ ထိုးတက်လာပေသည်။ ထိုသူမှာ အခြားမဟုတ်ဘဲ မျက်မမြင်ထျယ်ပင် ဖြစ်သည်။ မျက်မမြင်ထျယ်က အစွမ်းထက်အရှိန်အဝါအား ထုတ်လွှတ်ရန် ဆုံးဖြတ်လိုက်ပြီး မော့ခယ်အား လွှမ်းခြုံလိုက်သည်။ ကြည့်ရသည်မှာ သူက မော့ခယ်အား ကိုယ့်နေရာကိုယ် သိရန် ကြိုးစားနေခြင်း ဖြစ်ပေမည်။

မော့ခယ်သည် ထိုအရှိန်အဝါအား ခံစားမိပြီး မျက်မမြင်ထျယ်ကို ကြည့်လိုက်သော်လည်း သူ့မျက်လုံးများတွင် သတ်ဖြတ်လိုသည့် ဆန္ဒများ ပျော်ဝင်နေဆဲ ဖြစ်သည်။ သူ့ မျက်လုံးထောင့်၌ သွေးတို့ ရှိနေဆဲ ဖြစ်ပြီး သူ့ကို မြင်ရသည်မှာ ကြောက်မက်ဖွယ် ကောင်းနေပေသည်။

"တစ်စုံတစ်ယောက်အတွက် သူ တပ်မက်ဖို့ မထိုက်တန်တဲ့ အရာတွေ ရှိတယ်။ အဲဒါက ဘယ်လိုလုပ်လုပ် မပြောင်းလဲနိုင်မယ့်အရာပဲ။ လိုချင်တဲ့အရာကို ယူနိုင်စွမ်းရှိခဲ့တဲ့ လွန်ခဲ့တဲ့ သုံးနှစ်ကနဲ့မတူဘူး။" မျက်မမြင်ထျယ်က ပြောလိုက်သည်။ သူသည် မော့ခယ်က နတ်ဘုရားရုပ်ကြွင်းအား ကြည့်ရန် မထိုက်တန်ဟု သရော်နေခြင်း ဖြစ်ပေသည်။

"မင်း ဘယ်တော့မှ မပြောင်းလဲခဲ့ဘူးပဲ။ မင်းရဲ့ စကားတွေက အရင်လို အနှောက်အသွားမလွတ် ဖြစ်နေတုန်းပဲ။" မော့ခယ်က ​ပြောလိုက်သည်။ "ငါက နတ်ဘုရားခေါင်းတလားကို ကြည့်ဖို့ မထိုက်တန်ဘူးဆိုရင် ရှန်ချင်းနယ်မြေထဲက ဘယ်သူမှ အဲဒီလိုလုပ်ဖို့ မထိုက်တန်ဘူးလို့ ပြောတာနဲ့ အတူတူပဲမလား။"

"ငါ့ စကားက ကြားရတာ ကျေနပ်စရာ မကောင်းပေမယ့် အဲဒါ အမှန်ပဲ။ ငါ ကိုယ်တိုင်တောင်မှ အဲဒီလိုလုပ်ဖို့ မထိုက်တန်ဘူး။ ငါ့အတွက် ဒီကိစ္စအပေါ် သကာရည်လောင်းဖို့ တခြားအကြောင်းပြချက် ရှိလား။" မျက်မမြင်ထျယ်က ပြန်ဖြေလိုက်သည်။ သူသည် ထိုနှစ်များ၌ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ ပြီးသည့်နောက် မော့ခယ်အကြောင်း ပိုသိလာခဲ့သည်။ သူတစ်ချိန်က ညီအစ်ကိုဟု ခေါ်ခဲ့ဖူးသည့် ထိုလူသည် အလိုရှိသည့်အရာသာ ရနိုင်မည်ဆိုလျှင် မည်သည့် နည်းလမ်းမဆို မရွေးသောသူ ဖြစ်ပေသည်။

သူသည် အစောပိုင်းက မော့ခယ်အား ရန်စရန် တမင်သက်သက် ပြောခဲ့ခြင်း ဖြစ်သော်လည်း သူ မည်သည့်အရာကို အာရုံစိုက်ကြောင်း သူ့ အသိစိတ်က ရှင်းလင်းနေပေသည်။

မျက်မမြင်ထျယ်၏ စကားက နားထောင်မကောင်းသော်လည်း ဤနေရာ၌ ရှိ​နေသူများမှာ ရန်ဟောင်အဆင့်မှ လူများ ဖြစ်ကြပြီး အချို့မှာ အလွန် အစွမ်းထက်ကြသည်။ ထို့ကြောင့် သူတို့သည် မျက်မမြင်ထျယ်က အမှန်ပြောနေခြင်းဖြစ်ကြောင်း သိရှိပေသည်။

၎င်းက သာမန် နတ်ဘုရားရုပ်ကြွင်း မဟုတ်ဘဲ ရှေးခေတ်အချိန်အခါက နတ်ဘုရားတစ်ပါး ဖြစ်သည့် မဟာအင်ပါယာ ရှန်ကျား၏ ရုပ်ကြွင်း ဖြစ်ပေသည်။ သူတို့က ၎င်းအား ကြည့်ရန် မတတ်နိုင်လျှင် ထိုသည်မှာ သူတို့နှင့် အမှန်တကယ် မထိုက်တန်၍ ဖြစ်သည်။ ထိုသည်မှာ ရှက်စရာ မလိုပေ။

မော့ခယ်က သူ၏ အကြည့်များကို မျက်မမြင်ထျယ်ထံမှ လွှဲကာ ရီဖူရှင်းထံ လှည့်လိုက်သည်။ သူက ရီဖူရှင်း နောက်ပြန်ဆုတ်တော့မည်ကို မြင်သောအခါ ရီဖူရှင်း ရှိနေသော လေဟာနယ်ကို ကြီးမားသည့် စွမ်းအားနှင့် လွှမ်းခြုံပိတ်ဆို့ထားလိုက်သည်။ သူက အေးစက်စွာ ပြောလိုက်၏။ "မင်း ကျင့်သားရသွားပြီဆိုရင် ဘာလို့ နောက်ထပ် ထပ်မကြည့်တော့ဘဲ ပြန်ဆုတ်ဖို့ ပြင်နေတာလဲ။"

ထိုစဥ် ရီဖူရှင်း အနီးမှ ကြောက်မက်ဖွယ် နတ်အလင်းတို့ ထွက်ပေါ်လာရာ မော့ခယ်က မျက်လုံးများကို ရုတ်တရက် ပိတ်လိုက်ပြီး ပြန်ဆုတ်ခွာရန် ကြိုးစားလိုက်သော်လည်း သူက မဟာလမ်းစဥ်စွမ်းအားများ၏ တားဆီးခြင်းကို ခံလိုက်ရသည်။

ဘုန်း...

သူက ကြီးမားသော ဖိအားကို ထုတ်လွှတ်လိုက်ပြီးနောက် နောက်သို့ ဆုတ်ခွာလိုက်သည်။ မျက်မမြင်ထျယ်က မည်သည်တို့ ဖြစ်ပျက်နေသည်ကို ခံစားမိပြီးနောက် စတင်တိုက်ခိုက်လိုက်သည်။ သူက အထက်မှ နတ်ဘုရားတူကို လွှဲယမ်းလိုက်ပြီး မော့ခယ်ထံ ပြင်းထန်စွာ ဦးတည်လိုက်သည်။

မော့ခယ်က သူ့လက်ကို မြှောက်ကာ အထက်သို့ ဆုပ်ဆွဲဟန် ပြုလိုက်၏။ ကြီးမားသော လက်ကြီးတစ်ဖက်က နတ်ဘုရားတူနှင့် ထိပ်တိုက်တွေ့ဆုံကာ ထိုဝန်းကျင်သို့ ပြင်းထန်သော မဟာလမ်းစဥ်စွမ်းအားများက လွှမ်းခြုံသွားပြီး ပြင်းထန်သည့် မုန်တိုင်းက အောက်ဘက်သို့ သက်ဆင်းသွားကာ လူအများက အထိတ်တလန့်နှင့် ​ရှောင်ရှားလိုက်ကြရပေသည်။

"မင်းတို့နှစ်ယောက် နယ်မြေသခင်အိမ်တော်ရဲ့ အပြင်ဘက်မှာ ဘာလုပ်နေကြတာလဲ။" နယ်မြေသခင်အိမ်တော်မှ အသံတစ်ခု ထွက်ပေါ်လာသည်။ လူကို မမြင်ရခင် အသံကို အရင်ကြားရပေသည်။ ထို့နောက် နယ်မြေသခင်အိမ်တော်မှ လူတစ်စု လျှောက်ထွက်လာပြီး လေထဲတွင် လူတစ်စု ထွက်ပေါ်လာကာ အချင်းချင်း တိုက်ခိုက်နေကြသည့် မော့ခယ်နှင့် မျက်မမြင်ထျယ်အား ကြည့်လိုက်သည်။

မော့ခယ်က နောက်ပြန်ဆုတ်လိုက်ကာ မျက်မမြင်ထျယ်သည်လည်း တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်၏။ ရီဖူရှင်းက နောက်ပြန်ဆုတ်ကာ မော့ခယ်အား ကြည့်လိုက်သည်။

အစွမ်းထက်သော ငယ်ရွယ်သည့် အမျိုးသားနှင့် အမျိုးသမီးများအပြင် ​စီနီယာများလည်း ပေါ်ပေါက်လာသည်။ သူတို့က စွမ်းအားများကို ထိန်းချုပ်ထားကြ၏။ သူတို့က လူတိုင်းအပေါ်တွင် ဖိအားသက်ရောက်ခြင်းမှ ကာကွယ်ရန် လေထဲတွင် ရပ်နေရန် လိုပေသည်။

ခေါင်းဆောင်ဖြစ်သော သက်လတ်ပိုင်းလူမှာ ရှန်ချင်းနယ်မြေမှ နယ်မြေသခင်၏ သားဖြစ်သူ ကျိုးမုဟွမ် ဖြစ်လေသည်။ သူ့ကို နယ်မြေသခင်အိမ်တော်၏ သခင်ငယ်လေးဟုလည်း ခေါ်နိုင်ပေသည်။ သူ့စွမ်းအားက မြင့်မားပြီး သူက ရှန်ချင်းနယ်မြေ၏ အစွမ်းထက်ဆုံး တန်ခိုးရှင်များထဲမှ တစ်ယောက် ဖြစ်သည်။ သူသည် မဟာလမ်းစဥ် အဆင့်ကိုးမှ ရန်ဟောင်တစ်ပါး ဖြစ်သည်။ ထိပ်သီးတန်ခိုးရှင်များကြားမှ အစွမ်းထက်သူများသည်ပင် ကျိုးမုဟွမ်ကို ဆန့်ကျင်နိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ။

...

ရှန်ချင်းနယ်မြေ၏ အဖေနှင့် သား နှစ်ယောက်လုံးက အထွတ်အထိပ်တွင် ရပ်တည်နေကြပေသည်။

ကျိုးမုဟွမ်သည်ပင် နှစ်တစ်ရာကျော် ကျင့်ကြံထားခဲ့ခြင်း ဖြစ်လေရာ နယ်မြေသခင်က သေချာပေါက် ပို၍ အသက်ကြီးမှာ သေချာပေသည်။ သူသည် လွန်ခဲ့သော မျိုးဆက်မှ လူများအကြားတွင် ထူးချွန်သည့် တစ်စုံတစ်ယောက် ဖြစ်ပေသည်။ သို့သော် ကျိုးမုဟွမ်၏ ပြိုင်ဘက်ကင်း ကျင့်ကြံမှုကြောင့် သူက အသက်လေးဆယ်ထက် ငယ်ရွယ်ပုံပေါ်သည်။

ရှန်ချင်းနယ်မြေအတွင်းတွင် ထိုသခင်လေးကို မလေးမစား ပြုမူရဲသူ အနည်းငယ်သာ ရှိပေသည်။ ၎င်းသည် သူ၏ အဆင့်အတန်းနှင့် စွမ်းအားမှာ နယ်မြေအတွင်းရှိ အစွမ်းထက်တန်ခိုးရှင်များထက် ပို၍ သာလွန်သောကြောင့် ဖြစ်သည်။

"သခင်လေးကို နှုတ်ဆက်ပါတယ်။" လူအများက နှုတ်ဆက်လိုက်ကြသည်။ အားနည်းသော စွမ်းအားကိုပိုင်ဆိုင်ထားသူများသည် ကျိုးမုဟွမ်ကို ဦးညွှတ်ကာ အရိုအသေပြုလိုက်ကြသည်။ လေထဲ၌ ရပ်နေသော ကျိုးမုဟွမ်က အောက်ဘက်ရှိ လူအုပ်ကြီးကို ဝေ့ကြည့်ကာ ပြောလိုက်သည်။ "လူတိုင်းပဲ သက်သာသလို နေကြပါ။"

"နတ်ဘုရားခေါင်းတလားကို ချန်းယွမ်ကုန်းမြေကနေ ဒီနေရာထိ ယူဆောင်လာခဲ့တာ။ အဲဒါက ခန့်မှန်းမရအောင် လျှို့ဝှက်ဆန်းကြယ်ပေမယ့် အရမ်း အန္တရာယ်များတယ်။ အဲဒါကပဲ ကျုပ် အဖေက ခင်ဗျားတို့ကို မကြည့်ဖို့ တားမြစ်ရတာ။ ဒါပေမယ့် ခင်ဗျားတို့ထဲက ဘယ်သူမဆို ကြည့်ချင်တဲ့ ဆန္ဒရှိရင် နယ်မြေသခင်အိမ်တော်က ခင်ဗျားတို့ကို တားဆီးမှာ မဟုတ်ဘူး။ ဒါပေမယ့် အကျိုးဆက်ကတော့ ခင်ဗျားတို့အားလုံး ကိုယ့်ဘာသာ ခံရမယ်။ ခင်ဗျားတို့အားလုံးက ရှန်ချင်းနယ်မြေရဲ့ အတော်ဆုံးတွေလို့ဆိုနိုင်တယ်။ နတ်ဘုရားရုပ်ကြွင်းကို လေ့လာချင်တဲ့ ဘယ်သူမဆို လေ့လာလို့ရတယ်။ ဘယ်သူမှ တိုက်ခိုက်နေစရာ မလိုဘူး။" ကျိုးမုဟွမ်က အသေးစိတ် ပြောကြားလိုက်သည်။

မော့ခယ်နှင့် မျက်မမြင်ထျယ်က အစွမ်းထက် တန်ခိုးရှင်များ ဖြစ်ပြီး သက်တူရွယ်တူ ဖြစ်ကြသော်လည်း အမှန်တကယ် တွက်ကြည့်လျှင် သူတို့က ကျိုးမုဟွမ်၏ ဂျူနီယာများဟု ယူဆနိုင်ပေသည်။ အထူးသဖြင့် မျက်မမြင်ထျယ်၏ ကိစ္စဖြစ်ပွားခဲ့သော အချိန်ကို တွက်ကြည့်လျှင် မျက်မမြင်ထျယ်သည် ကျိုးမုဟွမ်ထက် အလွန် ငယ်ရွယ်သည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် ကျိုးမုဟွမ်၏ စကားလုံးများ၌ ကြီးမားသော အလေးချိန်ကို သယ်ဆောင်ထားပေသည်။

"ကျုပ်တို့ရဲ့ ရိုင်းပြမှုကို ခွင့်လွှတ်ပေးပါ မုဟွမ်" မော့ခယ်က လက်သီးဆုပ်ကာ အရိုအသေပြုဟန်လုပ်၍ ပြောလိုက်သည်။ သူ့တွင် အဆင့်အတန်းတစ်ခု ရှိသော်လည်း ကျိုးမုဟွမ်ရှေ့၌ ထောင်လွှား၍ မရနိုင်သေးပေ။

"ကောင်းပြီ။" ကျိုးမုဟွမ်က ခေါင်းညိတ်လိုက်သည်။ "ကျုပ်အဖေက နေရာအသီးသီးက တန်ခိုးရှင်တွေကို ဖိတ်ခေါ်ခဲ့တယ်။ ကျုပ်တို့က ဘယ်လို အငြင်းပွားမှုမှ ဖြစ်လာမှာကို မြင်ရဖို့ ဆန္ဒမရှိဘူး။ ခင်ဗျားတို့ ကြားမှာ ကိုယ်ရေးကိုယ်တာ ရန်ငြိုးရန်စ ရှိနေရင်တောင် ဒီနေရာမှာ မဖြေရှင်းဖို့ ကျုပ် အကြံပေးချင်တယ်။"

"ခင်ဗျားက ဒီလိုပြောတယ်ဆိုမှတော့ ကျုပ် လိုက်နာပါ့မယ် ။ မုဟွမ်" မော့ခယ်က ပြန်ဖြေလိုက်ပြီး မျက်မ​မြင်ထျယ်က ခေါင်းညိတ်လိုက်၏။

ကျိုးမုဟွမ်က ခေါင်းညိတ်ကာ သူ့မျက်လုံးများကို ရီဖူရှင်းထံ ပို့လိုက်သည်။ "မင်းရဲ့ ကျော်ကြားတဲ့ ဂုဏ်သတင်းကို ကြားဖူးနေတာ ကြာပါပြီ အင်ပါယာရီ။ အခု တွေ့လိုက်ရတော့ မင်းက တကယ်ပဲ ဂုဏ်သတင်းနဲ့ ထိုက်တန်ပါတယ်။"

လူတိုင်းက အံ့သြမှင်တက်သွားကြသည်။ ကျိုးမုဟွမ်က မော့ခယ်နှင့် မျက်မမြင်ထျယ်ကိုပင် လျစ်လျူရှုနိုင်သော ဂုဏ်သရေရှိ အဆင့်အတန်းမျိုး ဖြစ်သည်။ ဤနေရာ၌ အင်အားစုအသီးသီးမှ ထိပ်သီးပုဂ္ဂိုလ်များ ဖြစ်နေလျှင်ပင် လောကဝတ်ပြုနေရန် မလိုပေ။

သို့သော် သူက ရီဖူရှင်းကို ချီးကျူးနေသည်အား ကြည့်လျှင် သူ့ကို အလွန် သဘောကျပုံရလေသည်။

"ရှန်ချင်းနယ်မြေသခင်အိမ်တော်ရဲ့ သခင်လေး ကျိုးမုဟွမ်။ ​ချို့ယွင်းချက်ကင်း မဟာလမ်းစဥ်နဲ့ အဆင့်ကိုးရန်ဟောင်။" ရီဖူရှင်းက သွမ့်ချုံး၏ ရှင်းပြချက်ကို ကြားလိုက်ရပြီး သက်လတ်ပိုင်းလူကို ကြည့်လိုက်သည်။ သွမ့်ချုံး၏ စကားအရ သူ့အဖေ သွမ့်ထျန်းရှုံသည်ပင် ကျိုးမုဟွမ်ကို အနိုင်ယူနိုင်ခြင်း မရှိဟု ဖြစ်သည်။ ထို့အပြင် သူ၏ နာမည်ကို ကြည့်လျှင်ပင် သူက မည်မျှ ရည်မှန်းချက်ကြီးကြောင်း ပြောနိုင်ပေလိမ့်မည်။

ကျိုးမုဟွမ်…။

သူ့အဖေက သူ့သားအပေါ်၌ မျှော်လင့်ချက် မည်မျှများများ ထားရှိသနည်း။

သူက သူ၏ သားကို မဟာအင်ပါယာတစ်ပါး ဖြစ်လာရန် မျှော်လင့်ထားသည်လား။

ရီဖူရှင်းသည် တုန်းဟွာနယ်မြေနှင့် ရှန်ချင်းနယ်မြေစသည့် နယ်မြေနှစ်ခုသို့ ရောက်ရှိဖူးခဲ့ပြီး ဖြစ်သည်။ နယ်မြေသခင်အိမ်တော်မှ လူများအားလုံးက အစွမ်းထက်သူများ ဖြစ်ကြသည်။ တုန်းဟွာနယ်မြေမှ နင်ယွမ်နှင့် နင်ဟွာ နှစ်ယောက်လုံးက အစွမ်းထက်သူများ ဖြစ်ကြသည်။

ရီဖူရှင်း မြင်နေရသလိုပင် အရှင်ဒွန်ဟောင်အစား နယ်မြေဆယ့်ရှစ်ခုတွင် အုပ်စိုးသည့် နယ်မြေသခင်အိမ်တော်မှ လူများသည် သူတို့၏ ကိုယ်ပိုင်နယ်မြေအတွင်း အထူးချွန်ဆုံးသူများ ဖြစ်ကြသည်။ သူတို့အားလုံးသည် ထိပ်သီးပုဂ္ဂိုလ်များ ဖြစ်ကြပြီး ထိုသို့သော လူများ၏ စွမ်းအားမှာ မဟာတော်ဝင်နန်းတော်၌ တိုက်ရိုက် ခစားကြသော လူများနှင့် အနည်းငယ် ဆင်တူပေသည်။ အမှန်တကယ်၌ ထိုထိပ်သီးပုဂ္ဂိုလ်များက ပို၍ အစွမ်းထက်နိုင်သည်။

နယ်မြေဆယ့်ရှစ်ခုကို အုပ်ချုပ်သော နယ်မြေသခင်အိမ်တော်များမှာ မြင်နေရသလောက် မရိုးရှင်းပုံရလေသည်။

ကောင်းကင်ဒေသကို အရှင်ဒွန်ဟောင် အုပ်စိုးသည့် နှစ်များက သိပ်မကြာမြင့်သေးပေ။ ကောင်းကင်ဒေသရှိ မြင့်မြတ်သူတို့မှာ သူတို့၏ ကိုယ်ပိုင်နယ်မြေများ ချဲ့ထွင်ကြပြီး အစွမ်းထက်သူများ ပေါများပေသည်။ အရှင်ဒွန်ဟောင်က ကောင်းကင်ဒေသတစ်ခုလုံးကို အုပ်ချုပ်ချင်လျှင် အစပိုင်းတွင် အစွမ်းထက် ထိပ်သီးပုဂ္ဂိုလ်များ၏ အကူအညီအား လိုအပ်ပေသည်။ ထိုသည်မှာ နယ်မြေဆယ့်ရှစ်ခုမှ နယ်မြေသခင်အိမ်တော်များ မည်သို့ ပေါ်ပေါက်လာခြင်းဟူသည့် အကြောင်းရင်း ဖြစ်နိုင်သည်။ သူတို့က အရှင်ဒွန်ဟောင်နှင့် ရင်းနှီးသော သူများဟု ဆုံးဖြတ်ရန် မလိုပေ။

"ကျုပ်ကို မြှောက်လွန်းနေပါပြီ စီနီယာ။" ရီဖူရှင်းက အရိုအသေပြုကာ ပြောလိုက်သည်။ နယ်မြေသခင်အိမ်တော်၏ သခင်လေးဟူသည့် အဆင့်အတန်းအပြင် ရီဖူရှင်း၏ စီနီယာဟုလည်း ဆိုနိုင်လေရာ သူက ကျိုးမုဟွမ်အား စီနီယာဟု ခေါ်ခြင်းက မမှားပေ။

"မင်းရဲ့ စွန့်စားမှုတွေအကြောင်း ကျုပ် တစ်ခုနှစ်ခု သိထားတယ်။ မင်း တုန်းဟွာနယ်မြေကနေ ထွက်လာပြီးနောက် လေးမျက်နှာကျေးရွာကို သွားခဲ့တယ်။ ရှေးဟောင်းတော်ဝင် သွမ့်မိသားစုနဲ့ ရင်းနှီးမှုလည်း ရနိုင်ခဲ့တယ်။ မင်းက ထူးချွန်တယ်ဆိုတာထက် ပိုပါတယ်။ တုန်းဟွာနယ်မြေရဲ့ နယ်မြေသခင်အိမ်တော်သခင် နင်ယွမ်က မင်းရဲ့ တောက်ပမှုတွေကို မမြင်ဘဲ မင်းလို အရည်အချင်း ရှိတဲ့ လူတစ်ယောက်ကို သတ်ချင်နေတာတော့ နှမြောစရာပဲ။ သူ ဘာတွေများ တွေးနေလဲဆိုတာ ကျုပ် သိချင်မိတယ်။"

ထို့နောက် ကျိုးမုဟွမ်က ရီဖူရှင်းကို ပြောလိုက်သည်။ "ရီဖူရှင်း မင်း ရှန်ချင်းနယ်မြေရဲ့ နယ်​မြေသခင်အိမ်တော်ကို ဝင်ပြီး ကျင့်ကြံချင်တဲ့ ဆန္ဒရှိရင် အဖေနဲ့ ကျုပ်က မင်းကို ကြိုဆိုပါတယ်။"

ကျိုးမုဟွမ်ထံမှ စကားကို ကြားသည့်အခါ လူတိုင်းက အံ့သြမှင်တက်သွားပေသည်။ သူက အပြင်ဘက်သို့ ထွက်လာပြီးနောက် ပထမဆုံး လုပ်သည့်အရာမှာ ရီဖူရှင်းအား သူ့ဘက်သို့ ရောက်လာစေရန် ကြိုးစားခြင်း ဖြစ်သည်။ သူက ရီဖူရှင်းကို နယ်​မြေသခင်အိမ်တော်၌ ကျင့်ကြံရန် အမှန်တကယ် ဖိတ်ကြားခဲ့ပေသည်။ သူက ရီဖူရှင်းအား အလွန် အထင်ကြီးပြီး ဤအခွင့်အရေးကို အသုံးချကာ ရင်းနှီးချင်နေသည်ဟု လူတိုင်း ပြောနိုင်ပေသည်။

ထို့အပြင် သူသည် တုန်းဟွာနယ်မြေ၏ အင်အားကြောင့် တုန့်ဆိုင်းသွားခြင်း မရှိဘဲ နင်ယွမ်၏ အမှားကို ထိုသို့ ကျယ်လောင်စွာ ပြောကြားခဲ့သည်။ ထိုသည်ကို ကြည့်လျှင် နယ်မြေသခင်အိမ်တော်များက အချင်းချင်း အကြံဉာဏ်ပေးရန် မဆိုထားနှင့် ရင်းနှီးရန် ခက်ခဲသည်ကို မည်သူမဆို ပြောနိုင်သည်။

သိပ်မကြာခင်က ရီဖူရှင်းသည် နယ်မြေသခင်အိမ်တော်ကို ဝင်ရောက်ရန် ဆန္ဒရှိခဲ့ပြီး ထိုသို့ပြုလုပ်နိုင်ခဲ့လျှင် သူသည် အဆင့်အတန်းအရ ပိုမိုမြင့်မားလိမ့်မည်မှာ သေချာပေါက်ပင် ဖြစ်သည်။ သို့မှသာ တုန်းဟွာနယ်မြေမှ လူများသည်ပင် သူ့ကို လွယ်လွယ်နှင့် မထိရဲကြမည် ဖြစ်ပေသည်။

ရီဖူရှင်းက ထိုသို့ ဆက်ဆံမှုကြောင့် အတော်လေး အံ့အားသင့်သွားခဲ့သည်။ ဤသို့သော ဆက်ဆံမှုမျိုးကို သူ တုန်းဟွာနယ်မြေ၏ နယ်​မြေသခင်အိမ်တော်တွင် ကျင့်ကြံရန် ရည်ရွယ်ခဲ့စဥ်က ရရှိခဲ့လျှင် အတော်လေးကောင်းမည် ဖြစ်သည်။ သို့သော် သူက အကွက်ဆင်၍ အမဲလိုက်ခံခဲ့ရပေသည်။

သူက ထိုသို့သော ရည်ရွယ်ချက်များ ဆုံးရှုံးသွားချိန်မှ ရှန်ချင်းနယ်မြေ၏ နယ်မြေသခင်အိမ်တော်က သူ့ကို ဖိတ်ကြားခဲ့ပေသည်။

သို့သော် သူက ထိုသို့လုပ်ရန် သင့်တော်သော အခြေအနေ မဟုတ်ပေ။

သူက လေးမျက်နှာကျေးရွာသို့ ဝင်ရောက်ကာ သူတို့ထဲမှ တစ်ယောက် ဖြစ်နေမည် ဖြစ်သည့်အတွက် နယ်မြေသခင်အိမ်တော်ကြောင့် လေးမျက်နှာကျေးရွာကို စွန့်ပစ်ရန် အကြောင်းမရှိပေ။

"ကျုပ် တောင်းပန်ပါတယ် စီနီယာ။ ကျုပ်က လေးမျက်နှာကျေးရွာကို ဝင်ပြီးပြီဖြစ်တာကြောင့် နယ်​မြေသခင်အိမ်တော်မှာ ကျင့်ကြံဖို့ဆိုတာ ကျုပ်အတွက် မသင့်တော်ပါဘူး။ ဒါကြောင့် ရွေးချယ်စရာမရှိဘဲ ကမ်းလှမ်းချက်ကို ငြင်းပယ်ရပါလိမ့်မယ်။ ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ် စီနီယာ။" ရီဖူရှင်းက ပြန်ဖြေလိုက်သည်။

မျက်မမြင်ထျယ်၊ ဖန်းဟွမ်နှင့် အခြားလူများက တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြသည်။ ရွာမှ လူများသည် ရီဖူရှင်းအား ရွေးချယ်ခဲ့သည်မှာ မှန်ကန်သော ကိစ္စပင် ဖြစ်သည်။ သူက ရွာမှ ထွက်ခွာကာ နယ်မြေသခင်အိမ်တော်ကို ရွေးချယ်လျှင် ပို၍ အကျိုးအမြတ် ရှိပေလိမ့်မည်။

သို့သော်လည်း သူက လေးမျက်နှာကျေးရွာ၏ တန်ခိုးရှင်တစ်ယောက် ဖြစ်လာခဲ့ပြီး ရွာသည်လည်း ကျင့်ကြံခြင်းလောကသို့ ခြေချရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။ လေးမျက်နှာကျေးရွာသည် ရှန်ချင်းနယ်မြေအတွင်းရှိ ထိပ်သီးအင်အားစုများကြားမှ တစ်ခု ဖြစ်လာရန် ရည်ရွယ်ထားသည်။ ထိုသို့သော အခြေအနေတွင် သူက ရွာကို စွန့်လွှတ်ကာ အခြားအင်အားစုထံ ဝင်ရောက်ရန် မဖြစ်နိုင်ပေ။ ရွာက ကျင့်ကြံခြင်းလောကမှ သီးခြား ရပ်တည်နေဆဲ ဖြစ်လျှင် ထိုသို့ လုပ်ဆောင်ခြင်းက ပြဿနာ ဖြစ်လိမ့်မည် မဟုတ်ပါချေ။

***

All Chapters