ကောင်စီခန်းမထဲရှိအစည်းအဝေး၊ လန်ယွဲ့ဟွား၏ငြင်းဆန်ခြင်း
Vol. 46 Ch. 853
အပြင်ဘက်သို့ခြေလှမ်းလိုက်သည်နှင့် ကျန်းချန်ရွှမ်သည် ချက်ခြင်းပင် ရှန်းရူယန်နှုတ်ဆက်သည်ကို တွေ့လိုက်ရသည်။
သို့ရာတွင်၊ သူသည် လျှင်မြန်စွာဖြင့် သူ၏မျက်နှာမှ လေးပင်နေခြင်းကိုတွေ့လိုက်ရပြီး တစ်ခုခု ဖြစ်နေကြောင်း သူ့အားအချက်ပြနေလေသည်။
တုံ့ဆိုင်းခြင်းမရှိပဲ သူက မေးမြန်းလိုက်သည်။
“မိန်းမ၊ ဘာတွေဖြစ်နေတာလဲ?”
ရှန်းရူယန်က အနည်းငယ်ခေါင်းညိတ်လိုက်သည်။
“ကျွန်မတို့ ပြသနာနည်းနည်းနဲ့ရင်ဆိုင်နေရတယ်။
ရှင့်ရဲ့ကျင့်ကြံခြင်းကကော ဘယ်လိုလဲ? ထူးထူးခြားခြားချိုးဖောက်နိုင်ခဲ့တာမျိုးရှိလား?”
စကားပြောရင်းနှင့် သူမသည် အရေးကြီးသည့်တစ်ခုခုကိုမှတ်မိသွားပုံနှင့် ထပ်၍ပြောလိုက်သည်။ “စစ်သည်တော် ဒေါ်လေးလန်ဆီကို အရင်ဆုံးသွားကြတာပေါ့။ ကျွန်မတို့လမ်းမှာမှ စကားဆက်ပြောကြမယ်။”
ရှန်းရူယန်၏ အရေးကြီးနေသည့်အမူအရာကိုမြင်လျှင် ကျန်းချန်ရွှမ်သည် သူဂူပိတ်ကျင့်ကြံနေသည့် အချိန်တွင် အရေးကြီးသည့် ပြသနာတစ်ခုခုဖြစ်သွားသည်ကို သိလိုက်ရသည်။
မဟုတ်လျှင် သူ၏တာအိုအဖော်၏ အမူအကျင့်အရ၊ သူမသည် သေချာပေါက်ထို့သို့ ပြုမူမည် မဟုတ်ပါ။
နှောင့်နှေးခြင်းမရှိဘဲ ထိုနှစ်ဦးသည် လန်ယွဲ့ဟွား နေထိုင်သည့် ကောင်စီခန်းမသို့သွားလိုက်လေသည်။
.....
လမ်းတွင်။
ကျန်းချန်ရွှမ်သည် သူ၏ကျင့်ကြံခြင်းအောင်မြင်မှုများအား ရှန်းရူယန်ကိုပြောလိုက်ရာ သူမ၏ မျက်နှာတွင် ဝမ်းမြောက်မှုပေါ်လာခဲ့သည်။
သူမသည် ကျန်းချန်ရွှမ်က အောင်မြင်စွာဖြင့် အဆင့် ၇ ကောင်းကင်ဆက်ဝိညာဉ်ရတနာကို ပြုလုပ်နိုင်ခဲ့သည်ကို အံ့ဩဝမ်းသာစွာသိခဲ့ရသည်။ ထို့ပြင် သူသည် တာအိုတွင် နားလည်မှုကို အဆင့်မြင့်နိုင်ခဲ့သည်ကိုလည်း သိခဲ့ရသည်။
၎င်းသည် အခြားနတ်ဘုရားစွမ်းအားတစ်ခုဖြစ်သည့် ပြန်လည်ရှင်သန်ခြင်းလက်ကို နားလည် စေနိုင်ခဲ့ပေသည်။
၎င်းသည် ကြီးမားသည့် အံ့ဩစရာတစ်ခုဖြစ်ပေသည်။
သို့ရာတွင်သူသည် မကြာမီတွင် ရှန်းရူယန်ထံမှတစ်ဆင့် နတ်ဆိုးမျိုးနွယ်က အလင်းရောင်မြို့ကို တိုက်ခိုက်သည့်အကြောင်း သိခဲ့ရလေသည်။
ထို့ပြင် သူတို့၏ကောင်းကင်အမွေခံမြို့မှ ရီဖေးဟုန်ဦးဆောင်သည့် အခြားသူများအဖွဲ့က အလင်းရောင်မြို့သို့ အကူအညီပေးရန်ထွက်ခွာပြီးဖြစ်ကြောင်းကိုလည်း သိခဲ့ရသည်။
ဤပြသနာ၏အဓိကမှာ ရီဖေးဟုန်သည် ဒဏ်ရာများစွာရသွားခဲ့ပြီး ကောင်းကင်အမွေခံမြို့သို့ ပြန်လာနိုင်ခဲ့ကာ သူ၏သေရေးရှင်ရေးသတင်းကိုပြန်ယူလာခဲ့လေသည်။
ကောင်းကင်အလင်းမြို့သို့အကူအညီသွားသည့်သူအားလုံးသည် သူဒဏ်ရာပြင်းထန်စွာရလာ၍ ပြန်လာနိုင်သည်မှလွဲ၍ အခြားသူများအားလုံးသည် ကျဆုံးသွားပြီဖြစ်ကြောင်း ပြောလိုက်လေသည်။
ထိုသတင်းသည် ကောင်းကင်အမွေခံမြို့ရှိကျင့်ကြံသူများအား အံ့အားသင့်သွားစေသည်။
အဆုံး၌၊ ရီဖေးဟုန်နှင့်သူ၏အဖွဲ့သည်ဗလာနယ်ပြန်ကျင့်ကြံသူများထဲ အားကောင်းသည့်သူများ ဖြစ်ကြကာ အနည်းဆုံး ဓမ္မပုံစံအဆင့်ရှိသောသူများဖြစ်ကြပါသည်။ သူတို့၏ကျဆုံးခြင်သည် မေးခွန်းများစွာ ထွက်လာစေသည်။
အဆုံး၌ သူတို့သည် ရီဖေးဟုန်ထံမှ အလင်းရောင်မြို့သို့ ကူညီရန်သွားကြသည့် သူများအား နတ်ဆိုးကျင့်ကြံသူများက ခြုံခိုတိုက်ခိုက်ရန်စီစဉ်ထားကြကြောင်းကို သိလိုက်ရသည်။
အရေးအကြီးဆုံးမှာ ရန်သူသည် ထွင်းမြင်အဆင့်ကျင့်ကြံသူ ခြောက်ဦးကို ခြုံခိုကာ ရီဖေးဟုန်နှင့် သူ့အဖွဲ့အား ပြန်လည်တိုက်ခိုက်ရန်မဖြစ်နိုင်အောင်လုပ်ခဲ့ပေသည်။
အကယ်၍ ရီဖေးဟုန်က ရှေ့နှစ်များအတွင်း ရရှိခဲ့သည့်အသက်ကယ်ဝှက်ဖဲကြောင့်သာ မဟုတ်ခဲ့လျှင် သူသည်လည်း ရန်သူ၏ခြုံခိုတိုက်ခိုက်ခြင်း၌ အသက်ဆုံးရှုံးရမည်ဖြစ်သည်။
ယခုမူ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် စစ်သည်တော်ဒေါ်လေးလန်ယွဲ့ဟွားရှိနေရာ ကောင်စီခန်းမသို့ရောက်သွားကြသည်။
အတွင်းတွင် များစွာသောပုံရိပ်များဖြင့်ပြည့်နေပြီဖြစ်ကာ လန်ယွဲ့ဟွားအပါအဝင် အယောက်စီတိုင်းသည် တည်ငြိမ်သည့်အမူအရာကိုဆောင်နေကြလေသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်အား တွေ့လိုက်သောအခါ လန်ယွဲ့ဟွား၏မျက်နှာတွင် အပြုံးတစ်ခုပေါ်လာလေသည်။
“တူလေးကျန်းနဲ့ တူမလေးရှန်းတို့ရောက်ပြီလား။”
“စစ်သည်တော်ဒေါ်လေး လန်ကိုနှုတ်ဆက်ပါတယ်။”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် လန်ယွဲ့ဟွားကိုဦးညွတ်လိုက်ပြီး သူမသည်လည်း ခေါင်းညိတ်ပြလိုက်ပြီး ထိုင်ရန်အချက်ပြလိုက်သည်။
ထိုင်လိုက်သည်နှင့် လန်ယွဲ့ဟွားသည် လူစုဘက်သို့လှည့်ကာ စတင်၍ပြောလိုက်သည်။
“လူတိုင်းက အခြေအနေကိုနားလည်မယ်လို့ ယုံကြည်ပါတယ်။
အခု ငါတို့ ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာဆွေးနွေးရအောင်၊ အားလုံးပဲအတွေးအမြင်တွေကို လွတ်လွတ်လပ်လပ် ပြောကြပါ။” သူမစကားပြောပြီးနောက် အချိန်အနည်းငယ် တိတ်ဆိတ်သွားကြပြီးမှ နောက်ဆုံး၌ ပြောလိုက်ကြလေသည်။
“စစ်သည်တော်ဒေါ်လေးလန် ကြည့်ရတာနတ်ဆိုးလမ်းစဉ်က ကျွန်တော်တို့ကိုလျှို့ဝှက်ပူးပေါင်း ကြံစည်နေပုံ ရတယ်။
အကယ်၍ ကျွန်တော်တို့ကျင့်ကြံသူတွေဆက်ပို့နေရင် သူတို့က လမ်းမှာခြုံခိုတိုက်ခိုက် လာနိုင်သေးတယ်။
ကျွန်တော်တို့ ကောင်းကင်အမွေခံမြို့ကနေ နတ်ဆိုးကျင့်ကြံသူတွေအတွက် ခြိမ်းခြောက်မှုဖြစ်နိုင်တဲ့ အရေးပါတဲ့အင်အားတစ်ခုကို မပို့မချင်းလုပ်နေမှာစိုးရတယ်။”
ထိုသုံးသပ်ချက်က ကျိုးကြောင်းသင့်ပါသည်။ များစွာသောကျင့်ကြံသူများက ထောက်ခံ၍ ခေါင်းညိတ်ကြလေသည်။
ပြီးနောက်တွင် အခြားအသံတစ်ခုက အခြားဗျူဟာတစ်ခုနှင့်အကြံပြုလိုက်လေသည်။
“အခြားတစ်ခုက ရန်သူထပ်စွမ်းအားကြီးတဲ့သူကိုပို့လိုက်ဖို့ပဲ။ ဒီလိုဆိုရင် သူတို့ရဲ့ခြုံခိုတိုက်ခိုက်မှုက အရာထင်တော့မှာမဟုတ်ပဲ ကျွန်တော်တို့ဘက်က အောင်အောင်မြင်မြင် ပြန်လည်တိုက်ခိုက် လိုက်နိုင်တယ်။”
ထိုသို့ဖြင့် ပြောဆိုလိုက်သည့်သူသည် အခြားသူများနှင့်အတူ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်အား ကြည့်လိုက်ကြပြီး ထိုမစ်ရှင်အတွက် အသင့်တော်ဆုံးသူများဖြစ်ကြောင်း ပြနေလေသည်။
ထိုနေရာတွင် မည်သူ့ကိုမှမလွှတ်ပဲ ရီဖေးဟုန်နှင့်အခြားသူများ၏ရှုံးနိမ့်မှုအား မျက်ကွယ် ပြုလိုက်ရန်လည်း ရွေးချယ်နိုင်ပါသည်။
သို့ရာတွင် ထိုရွေးချယ်စရာအား အားလုံးက လျစ်လျူရှုထားကြပုံပေါ်သည်။
အားလုံး၏အကြည့်များကိုသတိပြုမိလျှင်၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်သည် အချင်းချင်း ကြည့်လိုက်ကြသည်။
ရှန်းရူယန်က ပြောလိုက်သည်။ “ဒေါ်လေးလန် အခြေအနေက ဒီလိုဖြစ်လာပြီဆိုတော့ ဒီကိစ္စကိုကျွန်မနဲ့ကျွန်မယောကျ်ားဆီပဲအပ်လိုက်ပါ။”
ထိုစကားကိုကြားလျှင်၊ လန်ယွဲ့ဟွားသည်တုံ့ဆိုင်းနေပြီး သူမသည် အရေးကြီးသည့်အချက်အား ကျော်ကြည့်နေမိသကဲ့သို့ ခံစားနေရလေသည်။
ထို့ကြောင့် သူမသည် ချက်ခြင်းရှန်းရူယန်၏မေးခွန်းကိုမဖြေပေ။ ထိုအစား မျက်မှောင်ကုပ်ကာ ထိုကိစ္စအား အလေးအနက်ထားစဉ်းစားနေခဲ့သည်။
ရုတ်တရက်၊ သူမသည် အရေးကြီးသည့်အသေးစိတ်အချက်အားသတိထားမိသကဲ့သို့ လန်ယွဲ့ဟွား၏ မျက်လုံးများသည်ကျဉ်းမြောင်းသွားခဲ့ပြီး ရှန်းရူယန်အားပြတ်သားစွာ ဖြေလိုက်သည်။
“မဟုတ်ဘူး၊ မင်းတို့နှစ်ယောက်ကလွဲလို့ဘယ်သူမဆိုသွားလို့ရတယ်။”
“ဟမ်..?”
ထိုပြတ်သားသည့်ငြင်းပယ်ခြင်းသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်အပါအဝင် အားလုံးကို သတိလွတ်သွားစေပြီး ပဟေဠိဖြစ်သွားစေသည်။
ထိုအချိန်တွင် လန်ယွဲ့ဟွားသည်ပြောလိုက်သည်။ “မင်းတို့ ဒီနတ်ဆိုးကျင့်ကြံသူတွေရဲ့ ရည်ရွယ်ချက်က အလင်းရောင်မြို့မဟုတ်ဘဲ တူလေးရီနဲ့အခြားသူတွေလည်းမဖြစ်နိုင်ဘူးလို့ မထင်မိဘူးလား?”
သူမ၏စကားများသည် အခန်းအားယာယီတိတ်ဆိတ်သွားစေသည်။
လူတိုင်းကထိုယူဆချက်အား မတွေးနိုင်သေးမီ လန်ယွဲ့ဟွားကထပ်၍ပြောလိုက်သည်။
“တကယ့်အစစ်အမှန်ပစ်မှတ်က ကျန်းချန်ရွှမ်နှင့် ရှန်းရူယန် မင်းတို့နှစ်ယောက်လို့ ငါသံသယဝင်မိတယ်။”
“ကျွန်မတို့နှစ်ယောက်လား?”
လန်ယွဲ့ဟွားပြောပြီးသွားသည့်နောက်၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် မတတ်နိုင်ဘဲ မျက်မှောင်ကုပ်လိုက်ကြသည်။
အခြားသူများသည်လည်း တစ်ခုခုကိုသတိပြုမိပုံပေါ်ပြီး သူတို့၏အမူအရာသည် ချက်ခြင်း ပြောင်းလဲသွားကြသည်။
လက်ရှိအခြေအနေအရ၊ လန်ယွဲ့ဟွား၏ သီအိုရီသည် ဖြစ်နိုင်ချေများပါသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ အင်အားကို သိထားကြပြီဖြစ်ကာ နတ်ဆိုးကျင့်ကြံသူများအတွက် ထိုကဲ့သို့ ရှိန်လောက်စရာပြိုင်ဘက်ကို ရှင်းပစ်စရာ အကြောင်းအရင်းကိုဖြစ်စေနိုင်ပါသည်။
၎င်းသည် အခြားမေးခွန်းတစ်ခုကိုဦးတည်သွားစေသည်။
နတ်ဆိုးအင်အားစုကမည်ကဲ့သို့ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်အား ကောင်းကင်အမွေခံမြို့တွင် ရှိနေကြောင်း မည်သို့သိသွားကြပါသနည်း?
***