တာအိုဖွဲ့စည်းခြင်းသူတော်စင်အရှင်နှင့် တိုက်ခိုက်ခြင်း
Vol. 46 Ch. 854
ထိုကိစ္စအား သာမန်တွေးမိလျှင် ဘာမှမဖြစ်သော်လည်း သေချာတွေးကြည့်လျှင်မူ လူတိုင်း၏ မျက်နှာကို သုန်မှုန်သွားစေသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ရှိသည့်နေရာအား ဖြောင့်မတ်လမ်းစဉ်၏ အကြီးပိုင်းများသာ သိကြခြင်း ဖြစ်သည်ကို အားလုံးသိကြပါသည်။
၎င်းသည် ဖြစ်နိုင်ချေတစ်ခုကို ပြသနေသည်။ သူတို့၏အဆင့်မှလူတစ်ဦးက အရေးကြီးသည့် အချက်အလက်အား နတ်ဆိုးများထံ ပေါက်ကြားစေလိုက်ခြင်းပင်ဖြစ်ပါသည်။
ထိုသူသည် အခြေခံစည်းမျဉ်းနှင့် သစ္စာရှိခြင်းကိုချိုးဖောက်လိုက်ခြင်းဖြစ်ပါသည်။
အကယ်၍ သစ္စာဖောက်အားရှာတွေ့လျှင်အကယ်၍ တာအိုဖွဲ့စည်းခြင်းအရှင်ဆိုလျှင်ပင်၊ ဤမဟာမိတ်ထဲမှ ထုတ်ပယ်ပစ်ရမည်ဖြစ်သည်။
သို့ရာတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏သတင်းကို ပေါက်ကြားစေသောသူအား ရှာဖွေရန်မှာ ရိုးရှင်းသောအရာမဟုတ်ပေ။
သံသယဝင်ရမည့်လူမှာ အားလုံးဖြစ်နိုင်ပြီး အထူးသဖြင့် ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းနှင့် အဆုံးမဲ့ဓားဂိုဏ်းများကဲ့သို့ ဟောက်ရန်ဂိုဏ်းနှင့်် မိုးကြိုးချိုင့်ဝှမ်းတို့နှင့် ရန်ငြိုးရှိသောသူများ သို့ သူတို့နှင့် ယခင်ကပြသနာရှိခဲ့သည် ချင်ခုန်းခန်းမမှလူများလည်း ဖြစ်နိုင်ပါသည်။
သို့သော် သံသယတစ်ခုတည်းဖြင့် မလုံလောက်ပါ။
တစ်စုံတစ်ဦး၏အပြစ်အား သက်သေပြရန် သေချာသည့်သက်သေရှိခြင်းလိုအပ်ပါသည်။
ယေဘုယျအားဖြင့်ထိုသို့သောသတင်းအား ပေါက်ကြားစေနိုင်မည်မှာ အနည်းဆုံး ဗလာနယ်ပြန်နတ်အရှင်ဖြစ်ပြီး ဂိုဏ်းတစ်ခုမှ အဆင့်မြင့်ရာထူးရှိသူဖြစ်ပေသည်။
အကယ်၍ မလိုအပ်လျှင် မည်သည့်ဂိုဏ်းမှ ထိုသို့သောကျင့်ကြံသူအား လက်လျော့လိမ့်မည် မဟုတ်ပါ။
အစိုးရိမ်ရဆုံးအခြေအနေမှာ မည်သည့်အတိုင်းအတာအထိ သတင်းပေါက်ကြားမည့် အကြောင်းပင်ဖြစ်သည်။ အကယ်၍ ရန်သူသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်အကြောင်းကို အသေးစိတ်သိရှိထားလျှင် မဟာမိတ်များအားပို၍ချိန်းခြောက်နိုင်မည်ဖြစ်ပြီး ၎င်းတို့အား သတင်းဆက်လက်ပေါက်ကြားခြင်းမှ မည်သို့တားဆီးရမည်နည်း?
ထိုကဲ့သို့သောအဖြစ်အပျက်သည် ဖြောင့်မတ်လမ်းစဉ်ကျင့်ကြံသူများအားလုံးအတွက် ကြီးမားသည့် ရိုက်ခတ်မှုတစ်ခုဖြစ်ပေသည်။
“ငါဒီကိစ္စကို မဟာမိတ်တွေဆီကိုသတင်းပို့မှဖြစ်မယ်။” လန်ယွဲ့ဟွားကပြောလိုက်ပြီး သူမ၏အကြည့်သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ဆီသို့ရောက်သွားခဲ့သည်။
“မင်းတို့နှစ်ယောက် အခုလောလောဆယ် ကောင်းကင်အမွေခံမြို့ထဲမှာပဲနေပါ။
မင်းတို့ဒီထဲမှာရှိနေသရွေ့ မင်းတို့ဘယ်မှာရှိနေလဲဆိုတာသိရင်တောင်၊ ချိန်းခြောက်မှုမလုပ်နိုင်ဘူး။”
လန်ယွဲ့ဟွား၏စကားကိုကြားလျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အနည်းငယ်စဉ်းစားဆင်ခြင်ကာ ကျန်းချန်ရွမ်က ပြောလိုက်သည်။
“စစ်သည်တော်ဒေါ်လေးလန်၊ ကျွန်တော့်မိန်းမနဲ့ကျွန်တော်တို့က ဒီအခြေအနေကို ကိုယ်တိုင်ဖြေရှင်းနိုင်မယ်လို့ယုံကြည်ပါတယ်။”
“ဟမ်..”
လန်ယွဲ့ဟွားနှင့် ရှိနေသောသူများသည် အံ့ဩသွားကြသည်။
ကျန်းချန်ရွှမ်က ဆက်၍ပြောလိုက်သည်။ “ကျွန်တော်က ကျွန်တော်မိန်းမနဲ့အတူဆိုရင် ကျွန်တော်တို့ဒဏ်ရာမရဘဲ ပြန်လာနိုင်တယ်လို့ ယုံကြည်ချက်ရှိပါတယ်။
အကယ်၍ တာအိုဖွဲ့စည်းခြင်းသူတော်စင်အရှင်နဲ့ကြုံရရင်တောင်၊ ကျွန်တော်တို့ ပြန်လာနိုင်မယ်လို့ ယုံကြည်ပါတယ်။
အရေးအကြီးဆုံးအချက်က ကျွန်တော်တို့နတ်ဆိုးကျင့်ကြံသူတွေရဲ့ အထောက်အထားကို ဖော်ထုတ်ဖို့ ရည်ရွယ်ထားပါတယ်။”
ထိုစကားကိုကြားလျှင်၊ လန်ယွဲ့ဟွားနှင့် ရှိနေသည့်လူအားလုံးတို့သည် မတတ်နိုင်ဘဲ တုံ့ဆိုင်းနေကြလေသည်။
သူတို့သည် ထိုကဲ့သို့ စိန်ခေါ်မှုများသည့်ကိစ္စမျိုးအား ငြင်းဆန်မည်ဖစ်သော်လည်း သစ္စာဖောက်၏ အထောက်အထားကို သိရမည်ဖြစ်သဖြင့် ပြန်လည်၍ စဉ်းစားမိစေပါသည်။
“ဒီကိစ္စကမင်းရဲ့ဂိုဏ်းနဲ့ မင်းရဲ့ဆရာဆီကနေ ဆွေးနွေးတိုင်ပင်ဖို့လိုအပ်တယ်။
အကယ်၍ သူတို့ကလည် မင်းရဲ့ဆုံးဖြတ်ချက်အတိုင်းပဲဆိုရင် ငါတို့ မင်းအကြံပြုတဲ့အတိုင်း ဆက်လုပ်လို့ရတယ်။” လန်ယွဲ့ဟွားသည်ထိုသို့အဆုံးသတ်ပြောလိုက်ကာ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။
သူမသည် ဆယ့်ငါးမိနစ်အကြာတွင် ပြန်၍ ပေါ်လာခဲ့ပြီး မျက်လုံးများအားလုံးက ချက်ခြင်းပင် သူ့မဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
သို့ရာတွင် လန်ယွဲ့ဟွား၏အကြည့်သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ဆီ၌သာရှိနေစေသည်။
သူမသည် တဖြည်းဖြည်းပြောလိုက်လေသည်း၊ “မင်းရဲ့ဆရာက မင်းရဲ့ဆုံးဖြတ်ချက်ကို သဘောတူတယ်။ ဒါကြောင့် ငါတို့ မင်းအကြံပြုသလို ဆက်လုပ်ကြမယ်။
မှတ်ထားပါ၊ မင်းတို့ရဲ့လုံခြုံရေးက ဦးစားပေးပဲ” “ဟုတ်ကဲ့ပါ ဒေါ်လေးလန်။”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ချက်ခြင်းအမိန့်ကိုနာခံလိုက်သည်။
တစ်ချိန်တည်းမှာပင် လန်ယွဲ့ဟွားသည် အခြားသူများဘက်သို့လှည့်ကာ ပြောလိုက်လေသည်။
“ဒီမစ်ရှင်ကို ကောင်းမွန်စွာအောင်မြင်ဖို့ အားလုံးပဲ စစ်သည်တော်တူလေးကျန်းနဲ့ တူမလေးရှန်းတို့ ပြန်မလာခင် ကျွန်မနဲ့အတူနေဖို့ တောင်းဆိုချင်ပါတယ်။”
လန်ယွဲ့ဟွား၏စကားကိုကြားလျှင် လူအုပ်သည် ကြက်သီးထသွားပြီး ယုံကြည်ရသည့်အနည်းငယ်မှ လွဲ၍ လန်ယွဲ့ဟွားသည် ကျန်သည့်သူများအား ယုံကြည်ခြင်းမရှိကြောင်းကို ပြသနေသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည်မလိုအပ်ဟုထင်သော်လည်း သူတို့သည် ကန့်ကွက်မှု မပြုလုပ်ကြပါ။
လန်ယွဲ့ဟွားနှင့် အခြားသူများကိုနှုတ်ဆက်ပြီးနောက်၊ သူတိုသည် ကောင်းကင်အမွေခံမြို့မှ ထွက်ကာ အလင်းရောင်မြို့သို့သွားလိုက်လေသည်။
.......
အလင်းရောင်မြို့၏အပြင်ဘက်တွင်။
သူတော်စင်သေခြင်းဝိညာဉ်နှင့် အခြားနှစ်ယောက်က လေဟာနယ်ထဲရှိ ပုံမှန်မဟုတ်သည့် လှိုင်းများကိုခံစားလိုက်ရသည်။
သူတို့၏အကြည့်သည် ချက်ခြင်းပင် ထိုနေရာသို့ကြည့်လိုက်ကြလေသည်။
စက္ကန့်အနည်းငယ်အကြာတွင် သူတို့၏မျက်လုံးများသည် တပြိုင်နက်ကျဉ်းမြောင်းသွားကြပြီး မျက်နှာများသည် စိတ်လှုပ်ရှားမှုဖြင့် လင်းလက်လာကြသည်။
သူတို့သည် လာရောက်သည့်သူများက အခြားသူမဟုတ်ဘဲ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ဖြစ်ကြောင်းကို သတိပြုမိသွားကြသည်။
“ဟားဟား ကြည့်ရတာ ငါတို့ အဲ့ဒီချိန်းခြောက်မှုဖြစ်လာနိုင်တဲ့နှစ်ယောက်ကိုရှင်းပစ်လို့ရနိုင်ပြီ။
သူတို့ကိုရင်ဆိုင်ပြီးရင်၊ ငါတို့မဟာမိတ်ခေါင်းဆောင်ဆီကိုပြန်သွားတဲ့အခါ သူက ငါတို့ကို ဆုကောင်းကောင်းပေးမှာသေချာတယ်။” သူတော်စင်ကောင်းကင်ချိုးဖျက်သူက မနေနိုင်ဘဲ အပြုံးဖြင့်ပြောလိုက်လေသည်။
သူတော်စင်သေခြင်းဝိညာဉ်နှင့် သူတော်စင် ကြာပွင့်နက်တို့ကလည်း သဘောတူညီလျှက် ခေါင်းညိတ်လိုက်ကြသည်။
“ဒီလိုဆိုရင် ငါတို့ မနှောင့်နှေးနေသင့်တော့ဘူး။ သူတို့က အခု ရှင်းပစ်လိုက်ကြတာပေါ့။”
“သေချာတာပေါ့။”
ထိုသို့ဖြင့် ထိုသုံးဦးသည် သူတို့၏တည်ရှိမှုအားဖုံးကွယ်ထားခြင်းမရှိတော့ဘဲ လေဟာနယ်ထဲတွင် စွမ်းအင်များလိမ့်တက်လာလေသည်။
ခနအကြာတွင် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့သည် လေထဲတွင်ပျံဝဲနေရင်း သူတို့သည်ရုတ်တရက် သူတို့၏ရှေ့တွင် လူသုံးဦး၏ပုံရိပ်နှင့် ရင်ဆိုင်လိုက်ရလေသည်။
“အမ်?”
၎င်းသည် တစ္ဆေခန်းမမှ သူတော်စင်သေခြင်းဝိညာဉ်နှင့် သူတော်စင်ကောင်းကင်ချိုးဖျက်သူနှင့် အရိုးအထွတ်အမြတ်ဂိုဏ်းမှ ကြာပွင့်နက်တို့ဖြစ်လေသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အတွက် အကြည့်တစ်ချက်ဖြင့်သာ ထိုသုံးဦး၏ အထောက်အထားများကို သိရှိသွားပါသည်။
အချိန်ဆွဲမနေကြပဲ ထိုသုံးဦးသည် သူတို့၏စွမ်းအားများကိုထုတ်လိုက်ကြသည်။
ဝုန်း…
ချက်ခြင်းပင် ကောင်းကင်သည် ကွဲကြေသွားပြီး အဆုံးမဲ့သေခြင်းစွမ်းအားများက ကောင်းကင်တွင် ဖြတ်သွားခဲ့သည်။
ကြီးမားသည့်အနက်ရောင်ကြာပွင့်ကြီးက ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ ခြေထောက်အောက်မှ နေရောင်ထဲတွင် တဖြည်းဖြည်းမြင့်တက်လာခဲ့လေသည်။
အကယ်၍ သာမန်ထွင်းမြင်ကျင့်ကြံသူဆိုလျှင်ထိုတာအိုဖွဲစည်းခြင်းအဆင့်သူတော်စင်သုံးဦးတိုက်ခိုက်မှုဖြင့် သူတို့သည် ရှင်သန်ရန်အခွင့်အရေးမရှိနိုင်ဘဲ သံသယမရှိစွာ ထိုနေရာတွင် မတုံ့ပြန်နိုင်ဘဲ သေဆုံးရမည်ဖြစ်ပေသည်။
သို့ရာတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သာမန်ထွင်းမြင်အဆင့်ကျင့်ကြံသူများမဟုတ်ကြပါ။
သူတို့သည် တာအိုဖွဲ့စည်းခြင်းသူတော်စင်အရှင်နှင့်အဖွဲ့တိုက်ခိုက်ခြင်းကိုခံရသည်နှင့် နှစ်ဦးသားသည် သူတို့၏ပိုင်နက်များကိုချဲ့ထွင်လိုက်ကြသည်။
တစ်ချိန်တည်းမှာပင်။
ရှန်းရူယန်သည် သူမ၏မိုးကြိုးဝိညာဉ်စစ်မှန်ခန္တာကိုယ်အဆင့်သို့ဝင်ရောက်လိုက်ပြီး အဆုံးမဲ့မိုးကြိုးများသည် သူမအပေါ်တွင်ရစ်ပတ်နေခဲ့သည်။
ဂျုန်း
ကောင်းကင်သည်ချက်ခြင်းပင် အဆုံးမဲ့မိုးကြိုးများဖြင့်လင်းလက်သွားခဲ့သည်။
တစ်ချိန်တည်မှာပင်။
ကျန်းချန်ရွှမ်သည် သူ၏စည်းမျဉ်းအခြေခံနတ်စွမ်းအားဖြစ်သည့် ဒြပ်စင်ငါးပါးသုတ်သင်ခြင်း နတ်အလင်းကို ထုတ်လွတ်လိုက်လေသည်။
အစိမ်း၊ အနီ၊ အဝါ၊ အဖြူနှင့် အပြာရောင်တို့ဖြင့် တောက်ပနေသည့် အလင်းစက်ဝန်းသည် ချက်ခြင်းပင် သူနှင့်ရှန်းရူယန်တို့အား ဖုံးလွမ်းသွားခဲ့ပြီး သူတို့အား တိုက်ခိုက်မှုမှ ကာကွယ်ခဲ့လေသည်။
***