← Chapters

အဆင့် ၈ အစီအရင်၏စွမ်းအား၊ ဓားသွားများကိုဓားအိမ်မှထုတ်လိုက်ခြင်း

Vol. 46 Ch. 855

အဆင့် ၈ အစီအရင်၏စွမ်းအား၊ ဓားသွားများကိုဓားအိမ်မှထုတ်လိုက်ခြင်း

Vol. 46 Ch. 855

ဝုန်း..ဝုန်း…ဝုန်း…

ချက်ခြင်းပင် မရေတွက်နိုင်သည့် အက်ကွဲကြောင်းများသည် လျှင်မြန်စွာဖြင့် ကျန်းချန်ရွှမ်၏ ဒြပ်စင်ငါးပါးသုတ်သင်ခြင်းနတ်အလင်း၏မျက်နှာပြင်တွင်ပေါ်လာခဲ့ပြီး သူနှင့် သူ၏ဇနီးကို ပြင်းထန်စွာလှုပ်ခါလိုက်လေသည်။

ဒါက အကူအညီမဖြစ်နိုင်ဘူး။

အဆုံး၌ သူတို့သည်တာအိုဖွဲ့စည်းခြင်းသူတော်စင်အရှင်သုံးဦးကိုရင်ဆိုင်တိုက်ခိုက်နေရခြင်းဖြစ်ပါသည်။

သူတို့၏စွမ်းအားကြီးသည့် စည်းမျဉ်းအခြေခံနတ်စွမ်းအားဖြင့်ပင် သူတို့သည် ထိုရှိန်လောက်သည့် ပြိုင်ဘက်များ၏ စုပေါင်းစွမ်းအားကိုမခံနိုင်ပေ။

သို့ရာတွင် သူတို့၏ခုခံခြင်းသည် ရှင်းလင်းစွာပင် တစ်ခုတည်းမဟုတ်ပါ။

သူ၏ဒြပ်စင်ငါးပါးသုတ်သင်ခြင်းအလင်းမကျိုးပျက်သွားခင်တွင်ပင် ကျန်းချန်ရွှမ်၏မျက်လုံးတွင် အေးစက်သည့်အလင်းတစ်ခုလင်းလက်သွားခဲ့သည်။

သူသည် ထိုနေ့က ရှေးဟောင်းဂူထဲမှယူလာသည့် အဆင့် ၈ အစီအရင်ချပ်ပြားဝိုင်းကို ယူထုတ်လာခဲ့လေသည်။

နေကိုးစင်းကောင်းကင်မီးအစီအရင်။

ဝုန်း…

ကျန်းချန်ရွှမ်သည် နေကိုးစင်းကောင်းကင်မီးအစီအရင်ကိုအသက်သွင်းလိုက်ပြီး အဆုံးမဲ့ ကောင်းကင်မီးများ ကောင်းကင်တွင်လိမ့်တက်လာပြီး ချက်ခြင်းပင် တောက်ပနေသည့် နေကိုးစင်းအဖြစ် ပြောင်းလဲသွားလေသည်။

အနီရောင်မီးတောက်များသည် သူတော်စင်သေခြင်းဝိညာဉ်နှင့် သူ၏အဖော်တို့အား ဖုံးလွမ်းသွားခဲ့လေသည်။

“ဘာ?” ထိုရုတ်တရက်ပြောင်းလဲခြင်းသည် သူတော်စင်သေခြင်းဝိညာဉ်နှင့် အခြားသူများကို သတိလွတ်သွားစေခဲ့ကာ သူတို့၏မျက်လုံးများသည် ဖြူဖျော့သွားသည်။

“အဆင့် ၈ အစီအရင်။”

၎င်းသည် ကျန်းချန်ရွှမ်၏လက်ထဲ ထိုဝှက်ဖဲရှိခြင်းက သူတော်စင်သေခြင်းဝိညာဉ်နှင့် အခြားသူများ၏ အိမ်မက်ကိုကျော်လွန်နေခဲ့ပေသည်။

သူတို့သည် ဖြောင့်မတ်လမ်းစဉ်မဟာမိတ်များအလွယ်တကူမရနိုင်သော ပြင်းထန်သည့် တန်ဖိုးရှိသောပစ္စည်းဖြစ်သည့် အဆင့် ၈ အစီအရင်ချပ်ပြားဝိုင်းကို ရင်ဆိုင်ရလိမ့်မည်ဟု မည့်သည့်အချိန်ကမှမထင်ခဲ့ပေ။

၎င်းသည် သူတို့၏ဆရာက ယနေ့ကဲ့သို့အခြေအနေအားကြိုမြင်ကာ အရန်အစီအစဉ်အဖြစ် စီစဉ်ထားခြင်းဖြစ်နိုင်သည်။

“သေစမ်း။”

ထိုအချိန်တွင်၊ သူတော်စင်သေခြင်းဝိညာဉ်၊ သူတော်စင်ကြာပွင့်နက်နှင့် သူတော်စင် ကောင်းကင်ချိုးဖျက်သူတို့အားလုံး၏ မျက်နှာများသည် မဲမှောင်နေကြလေသည်။

အဆင့် ၈ အစီအစဉ်ထွက်ပေါ်လာခြင်းသည် သူတို့ကြိုတင်မမြင်ထားသည့် အရာပင်ဖြစ်သည်။

သူတို့အားအံ့ဩစေခဲ့သည်မှာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏စွမ်းအားပင်ဖြစ်သည်။

ဗလာနယ်ပြန်အဆင့်ကျင့်ကြံသူနှစ်ဦးအနေဖြင့် တာအိုဖွဲ့စည်းခြင်းသူတော်စင်သုံးဦး၏ ပူးပေါင်းတိုက်ခိုက်ခြင်းကို ခံနိုင်ရည်ရှိနေခြင်းပင်ဖြစ်သည်။

သို့သော် ၎င်းသည် ကျန်းချန်ရွှမ်အား သူပိုင်ဆိုင်သည့်အဆင့် ၈ အစီအရင်အားထုတ်လွတ်နိုင်ရန် အချိန်အနည်းငယ်သာ ခွင့်ပြုလိုက်မိခြင်းဖြစ်သည်။

ယခုမူ သူတို့၏စိုးရိမ်မှုသည် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့အားသတ်နိုင်ဖို့ရန်မဟုတ်ဘဲ ၎င်းအဆင့် ၈ အစီအရင်အတွင်းမှ မည်သို့အမြန်ဆုံးထွက်နိုင်မည်နည်းဟူသည့် အချက်ပင်ဖြစ်သည်။

ပြီးနောက်၊ အကယ်၍ အဆင့် ၈ အစီအရင်၏နောက်တွင် ဖြောင့်မတ်လမ်းစဉ်မှ တာအိုဖွဲ့စည်းခြင်း သူတော်စင်တစ်ယောက်ယောက် လာနိုင်သည်ကိုမသေချာသေးပေ။

အကယ်၍ ထိုသို့သာဖြစ်ခဲ့လျှင်၊ သူတို့သည် သူတို့ကိုယ်တိုင်အား အရေးကြီးသည့် အခြေအနေကိုကြုံတွေ့ရမည်ဖြစ်သည်။

“ကြည့်ရတာ နတ်ဆိုးလမ်းစဉ်က တကယ်ပဲ ငါတို့ကို တကယ်ပဲတိုက်ခိုက်ဖို့ရည်ရွယ်ထားပုံပဲ။” ကျန်းချန်ရွှမ်သည် နေကိုးစင်းကောင်းကင်မီးအစီအရင်၏ အပြင်ဘက်တွင် အေးအေးဆေးဆေး ပြောလိုက်သည်။

ယခုမူ သူတို့အား အထူးပစ်မှတ်ထားသည်မှာသေချာသွားသောအခါ ကျန်းချန်ရွှမ်၏စိတ်ရှည်မှုသည် အကန့်အသတ်သို့ရောက်သွားခဲ့သည်။

အကယ်၍ သူတို့၏ပြိုင်ဘက်သည်တာအိုဖွဲ့စည်းခြင်းသူတော်စင်များဖြစ်လျှင်ပင် ဘာဖြစ်သနည်း?

အကယ်၍ ရန်စလာခဲ့လျှင် ကျန်းချန်ရွှမ်သည် သူတို့မည့်သည့်ရာထူးဖြစ်ပါစေ ထိပ်တိုက်ရင်ဆိုင်ရန် ပြင်ဆင်ထားပြီးဖြစ်သည်။

ထိုအတွေးက သူ၏စိတ်ထဲတွင် ကျန်းချန်ရွှမ်၏မျက်လုံး၌ ရက်စက်မှုဖြင့် ပြည့်နှက်သွားခဲ့သည်။

သူ၏ဘေးမှရှန်းရူယန်သည်လည်း သူ၏ရည်ရွယ်ချက်ကို အာရုံခံမိပုံဖြင့် ချက်ခြင်းပင် လှပသည့်မျက်လုံးများနှင့် မော့ကြည့်လိုက်လေသည်။

ကျန်းချန်ရွှမ်သည် အေးစက်တည်ငြိမ်သည့်လေသံဖြင့်ပြောလိုက်လေသည်။

“မိန်းမ ဒီနေ့ နတ်ဆိုးလမ်းစဉ်က ကိုယ်တို့ကို ဒီလိုအစီအစဉ်ချလုပ်ကြံတယ်။

အကယ်၍ ဒါကိုဒီအတိုင်းပေးပြီးလိုက်ရင် သူတို့က ကိုယ်တို့ကို အနာဂတ်မှာတူညီတဲ့လမ်းနဲ့ ထပ်ပြီးတိုက်ခိုက်နေဦးမှာပဲ။

အကယ်၍ တာအိုဖွဲ့စည်းခြင်းအဆင့်ကိုမချိုးဖောက်နိုင်ဘဲ ထိပ်တိုက်တိုက်ခိုက်မှုတွေကနေ ရှောင်ပြေးနေရင် ကိုယ်တို့ ဘယ်ချိန်ထိပုန်းနေနိုင်မှာလဲ? ကိုယ်တို့ဘယ်ချိန်ထိ ခုခံနိုင်မှာလဲ?”

“ဒါဆို ကျွန်မတို့ဘာလုပ်သင့်တယ်လို့ ရှင်ထင်လဲ?” ရှန်းရူယန်ကမေးလိုက်ကာ သူ၏စကားလုံးများထဲမှ လေးနက်မှုကိုသိလိုက်လေသည်။

သူမသည် မနေနိုင်ဘဲ အံ့အားသင့်သွားလေသည်။

သူတို့၏မကြာမီက ထိုးဖောက်မှုနှင့် သူတို့၏တာအိုဖွဲ့စည်းခြင်းသူတော်စင်များအား ရင်ဆိုင်တိုက်ခိုက်နိုင်၍ သူတို့အား နေကိုးစင်းကောင်းကင်မီးအစီအရင်ထဲတွင် ဖမ်းချုပ် ထားနိုင်သော်လည်း သူတို့သည် ထိုအဆင့်မြင့်ကျင့်ကြံသူများအား သတ်ဖြတ်နိုင်သည်ဟု ဆိုလိုခြင်းမဟုတ်ပါ။

အဆုံး၌ အဆင့်မြင့်သောသူသည် ကျင့်ကြံဆင့်မြင့်ပြီး အဆင့်များအကြားကွာခြားချက်က ကျယ်ပြန့်ပါသည်။

ပို၍အဆင့်မြင့်သည့်သူအား ကျော်နိုင်ရန်မှာ ပို၍ ခက်ခဲလိမ့်မည်မှာသေချာပါသည်။

လွတ်မြောက်ရန် သို့ ရှင်သန်ရန်မှာပင် မယုံနိုင်စရာကောင်းသောအောင်မြင်မှုဖြစ်နေပြီဖြစ်သည်။

အခြားသောကျင့်ကြံသူများအတွက်မူ ၎င်းသည် သူတို့ထပ် အဆင့်မြင့်သည့်ကျင့်ကြံသူအား တိုက်ခိုက်နိုင်ခြင်းသည်ပင် မယုံနိုင်စရာကောင်းနေပြီဖြစ်သည်။

အဆင့်တစ်ဆင့်မြင့်သည့်ကျင့်ကြံသူအားသတ်ဖြတ်ရန်မှာ……..

ရှန်းရူယန်သည်ပင် ထိုကဲ့သို့အတွေးကိုမတွေးခဲ့ဖူးပါ။

သို့သော် သူမထပ် မည်သူမှကျန်းချန်ရွှမ်ကိုပိုမသိနိုင်ပါ။

ကျန်းချန်ရွှမ်သည် ထိုကဲ့သို့ဆုံးဖြတ်ကာ ကြေငြာချက်ကိုလုပ်ပြီးသည်နှင့် သူမသည် ထိုယုံကြည်ချက်၏ နောက်တွင် အကြောင်းရင်းရှိနေလိမ့်မည်ဖြစ်ကြောင်းကို သိပါသည်။

ကျန်းချန်ရွှမ်သည် တာအိုဖွဲ့စည်းခြင်းအရှင်များ၏အသက်ကို ချိန်းခြောက်နိုင်သည့်တစ်ခုခုကို ပိုင်ဆိုင်ထားခြင်းကြောင့် ဖြစ်လိမ့်မည်။

“မှန်တယ်။”

ကျန်းချန်ရွှမ်သည် ခေါင်းညိတ်လိုက်သည်။

“သူတို့ကို ရှင်းလိုက်မှသာ ကိုယ်တို့ကိုအန္တရာယ်ပြုချင်နေတဲ့သူတွေကို ကိုယ်တို့က သူတို့ရဲ့ အသက်ကို ချိန်းခြောက်နိုင်တဲ့စွမ်းအားကို ပိုင်ဆိုင်ထားတယ်ဆိုတာ သိသွားစေမှာ။ အဲ့တာက ကိုယ်တို့ကို ပစ်မှတ်ထားတာကို သေချာအသိဝင်သွားစေလိမ့်မယ်။

သူတို့က နောက်ထပ်ကိုယ်တို့ဆီလာဖို့ဆို နှစ်ခါလောက်စဉ်းစားရပြီးတွန့်ဆုတ်နေလိမ့်မယ်။

ဒီလိုနဲ့ ကိုယ်တို့ကအနာဂတ်မှာကျင့်ကြံဖို့အတွက် အချိန်လုံလောက်အောင်လုပ်နိုင်လိမ့်မယ်။

ဒါကြောင့် ဒီသုံးယောက်က ဒီနေ့သေရမယ်။”

ထိုသို့ဖြင့် ကျန်းချန်ရွှမ်သည်ထပ်၍မတုံ့ဆိုင်းကြပါ။

သူ၏လက်မှဖမ်းချုပ်ခြင်းဖြင့် ဂလန်ဟူသောအသံမြည်သွားလေသည်။

သူ၏စနစ်နေရာလပ်မှ အဆင့် ၈ ဖျက်စီးခြင်းဓားသွားအား ယခုမူ သူ၏လက်ထဲခိုင်မြဲစွာ ကိုင်ထားလေသည်။

ကျီ…ကျီ….ကျီ….

ထိုဖျက်စီးခြင်းဓားသွားသည်ပေါ်ပေါက်လာသည်နှင့်် အလွန်ပါးလွာသည့်နေရာလပ်က ထိန်းချုပ်မရလောက်အောင်စတင်၍ တုန်လှုပ်လာသည်။

နေကိုးစင်းကောင်းကင်မီးအစီအရင်အတွင်းတွင် ထောင်ချောက်မိနေသော တာအိုဖွဲ့စည်းခြင်း သူတော်စင်များ၏မျက်နှာသည် ဖွဲ့စည်းပုံ၏အပြင်ဘက်တွင် လှိုင်းများကိုခံစားရလျှင် အကြီးအကျယ် ပြောင်းလဲသွားနိုင်သည်။

“ထိပ်တန်းအဆင့် ကောင်းကင်ဆက်ဝိညာဉ်ရတနာ၊ သူတို့က ဘယ်လိုလုပ်ဖြစ်နိုင်..?”

ဝှစ်…

သူတို့သည် စကားပြီးအောင်မပြောရသေးမီတွင် ကျန်းချန်ရွှမ်သည် ဖျက်စီးခြင်းဓားကို ဝှေ့ယမ်းလိုက်ပြီး သူတို့အားပြင်းထန်စွာခုတ်ချလိုက်လေသည်။

ဝုန်း…

ချက်ခြင်းပင်၊ အလွန်ရှည်လျားသည့်အက်ကွဲကြောင်းသည် လေဟာနယ်ထဲတွင်ပေါ်လာခဲ့သည်။

အက်ကွဲကြောင်းများအထဲတွင် ဖရိုဖရဲဖြစ်ကာ အစီအစဉ်မကျသောစွမ်းအင်များက ပေါက်ထွက်လာခဲ့သည်။

ကျန်းချန်ရွှမ်နှင့်ရှန်းရူယန် တို့သည် မနီးမဝေးတွင်ရပ်နေကာ အနက်ရောင် အက်ကွဲကြောင်းများထဲမှ ကြောက်မက်ဖွယ်စွမ်းအားများထွက်လာသည်ကို သိသာစွာခံစားနေမိလေသည်။

သူတို့၏လက်ရှိစွမ်းအားဖြင့် အကယ်၍ အနက်ရောင်အက်ကွဲကြောင်းမှဖုံးလွမ်းခံရလျှင် ထိုအတွင်းမှ ဖရိုဖရဲစွမ်းအားများသည် သူတို့အား ဆုတ်ဖြဲပစ်မည်မှာ သံသယဝင်စရာမရှိပါ။

***

All Chapters