← Chapters

တာအိုသူတော်စင်အရှင်များကျဆုံးခြင်း၊ စနစ်၏ဆုလဒ်

Vol. 46 Ch. 856

တာအိုသူတော်စင်အရှင်များကျဆုံးခြင်း၊ စနစ်၏ဆုလဒ်

Vol. 46 Ch. 856

အဆင့် ၈ နေကိုးစင်းကောင်းကင်မီးအစီအရင် အတွင်းတွင်ဖြစ်သည်။

တာအိုဖွဲ့စည်းခြင်းသူတော်စင်သုံးဦးသည်သူတော်စင်သေမင်းဝိညာဉ်နှင့် သူ၏အဖော်များသည် သူတို့၏မျက်စိသူငယ်အိမ်များကျဉ်းမြောင်းသွားပြီး သူ၏မျက်နှာများသည် ကြောက်ရွံ့မှုနှင့် ပြောင်းလဲသွားခဲ့သည်။

သူတိုသည် ထိပ်တန်းအဆင့် ကောင်းကင်ဆက်ဝိညာဉ်ရတနာက တာအိုဖွဲ့စည်းခြင်းပင် မရောက်သေးသည့်သူ၏ လက်ထဲမည်သို့အဆုံးသတ်သွားကြောင်း မတွေးနိုင်ဘဲ မည်ကဲ့သို့ ၎င်း၏စစ်မှန်စွမ်းအားကို ထုတ်လွတ်နိုင်သည်ကိုလည်း မတွေးနိုင်ခဲ့ပေ။

၎င်းသည် အဓိပ္ပာယ်မရှိပါ။

သို့သော် မည်သို့ပုံမှန်မဟုတ်ကြောင်းထင်ရသော်လည်း ဓားသွားအရောင်အဝါသည် သူတို့၏ ခန္ဓာကိုယ်အနီးတွင် ရောက်နေပြီဖြစ်ပြီး သူတို့၏ဘေးပတ်လည်မှနေရာလပ်ကို တစ်ဆင့်ပြီး တစ်ဆင့် ပြိုကျစေခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသည့်အနက်ရောင်အပေါက်များသည် သူတို့ဆီသို့ရောက်လာခဲ့သည်။

သူတော်စင်သေမင်းဝိညာဉ်နှင့် အခြားသူများသည် အချိန်ဆွဲမနေရဲတော့ပေ။

သူတော်စင်သုံးပါးသည် သူတို့၏တာအိုပုံစံကို အပြည့်အဝထုတ်လွတ်လိုက်သည်။

နေကိုးစင်းကောင်းကင်နေအစီအရင်အတွင်းတွင် ကြာပွင့်နက်၊ ငရဲလမ်းနှင့် ကောင်းကင်ပေါက်ကွဲခြင်းသည် ရုတ်တရက်ပေါ်လာခဲ့လေသည်။

သို့ရာတွင်၊ သူတို့သည် သူတို့၏အခြေတည်ဝိညာဉ်ပုံရိပ်များအား အပြည့်အဝထုတ်လွတ်ကာ သူတို့၏စွမ်းအားနှင့်ကျင့်ကြံခြင်းများကိုထုတ်လွတ်လိုက်ပြီး သူတို့သည် ထိပ်တန်းအဆင့် ကောင်းကင်ဆက်ဝိညာဉ်ရတနာ ဖျက်စီးခြင်းဓား၏ စွမ်းအားကိုမခံနိုင်ခဲ့ပေ။

ဝုန်း…

သူတော်စင်ကောင်းကင်ချိုးဖောက်သူ၏ ကောင်းကင်ပေါက်ကွဲခြင်းသည် ထိုအဆုံးမရှိသည့် သတ်ဖြတ်ခြင်းရည်ရွယ်ချက်များဖြင့်ပြည့်နေသည့်အောက်တွင် ပထမဆုံးပြိုကျသွားခဲ့သည်။

ကောင်းကင်တစ်ခုလုံးသည်များစွာသော အနက်ရောင်အက်ကွဲကြောင်းများအဖြစ်အက်ကွဲသွာပြီး လုံးဝပြိုပျက်သွားလေသည်။

သူတော်စင်ကောင်းကင်ချိုးဖျက်သူသည် လေထဲတွင် တောင့်သွားကာ ကျန်းချန်ရွှမ်နှင့်ရှန်းရူယန် တို့အား တစ်ခုခုကိုပြောချင်နေပေသည်။

သို့သော် သူသည် ပါးစပ်ကိုဖွင့်လိုက်သည်နှင့် သူသည် အလင်းအမှုန်များအဖြစ်ပပျောက်သွားခဲ့ပြီး ပုံစံနှင့် ဝိညာဉ်နှစ်ခုလုံးပျောက်ကွယ်သွားခဲ့လေသည်။

ဝုန်း…

တစ်ပြိုင်နက်ထဲပင် ကောင်းကင်ပေါ်တွင် ကြီးမားသည့်တာအိုအရိပ်ကြီးသည် ပြိုကျသွားခဲ့သည်။

၎င်းသည် တာအိုဖွဲ့စည်းခြင်းသူတော်စင်အရှင်၏ကျဆုံးခြင်း ဖြစ်ပေသည်။

အဝေးရှိကောင်းကင်အလင်းမြို့နှင့် ပို၍ဝေးသောကောင်းကင်အမွေခံမြို့တွင်ပင် များစွာသော ကျင့်ကြံသူများသည် ပြိုကျသွားသောတာအိုအရိပ်အားကြည့်နေကြကာ တာအိုဖွဲ့စည်းခြင်း သူတော်စင်တစ်ဦး ကျဆုံးသွားပြီဖြစ်ကြောင်း သိလိုက်ကြလေသည်။ ဒါကဘယ်လိုဖြစ်နိုင်မှာလဲ?

ယခုအချိန်ထိ စစ်ပွဲ၏အစတွင်ချန်မိသားစု၏အကြီးအကဲ၏ကျဆုံးခြင်းမှလွဲ၍ မည်သည့် တာအိုဖွဲ့စည်းခြင်းသူတော်စင်မှ ကျဆုံးခြင်းမရှိသေးပါ။

ထိုကျဆုံးခြင်းက ဤစစ်ပွဲတွင် ကျဆုံးသော ဒုတိယတာအိုဖွဲ့စည်းခြင်းသူတော်စင်ဖြစ်ပေသည်။

သို့သော် ၎င်းသည် အဆုံးသတ်မဟုတ်သေးပါ။

သူတော်စင်ကောင်းကင်ချိုးဖျက်ခြင်း၏ ကျဆုံးခြင်းပြီးနောက် သူတော်စင်ကြာပွင့်နက်၏ အခြေတည်တာအိုပုံရိပ်ဖြစ်သော ဧရာမ အနက်ရောင်ကြာပွင့်သည် ရုတ်တရက် ၎င်း၏ အနက်ရောင်အလင်း ပျောက်ကွယ်သွားသည်ကိုတွေ့လိုက်ရသည်။

ပြီးနောက်၊ ရှိန်လောက်သည့်ဓားရောင်ဝါသည် ကြီးမားသည့် အနက်ရောင်ကြာပွင့်ကို ဖြတ်သွားခဲ့လေသည်။

အနက်ရောင်ကြာပွင့်သည် ပြင်းထန်စွာလည့်ပတ်နေခဲ့သည်။

ပြီးနောက်တွင် လျှင်မြန်သည့်အရှိန်ဖြင့် ၎င်းသည် ထပ်ပိုင်းကွဲသွားခဲ့သည်။

သူတော်စင်ကြာပွင့်နက်သည် ကြောက်လန့်နေပုံဖြင့် “မင်း..” ဟူသောစကားကိုသာထွက်နိုင်ခဲ့ပြီး သူသည်လည်းအလင်းမှုန်များအဖြစ်ပျောက်ကွယ်သွားခဲ့ပြီး သူ၏အဖော်အတိုင်းပင် ပျောက်ကွယ်သွားခဲ့လေသည်။

ဝုန်း….

တစ်ကြိမ်ထပ်မံ၍၊ ကောင်းကင်ပေါ်ရှိတာအိုအရိပ်သည် ပျက်စီးကာပြိုကျသွားလေသည်။

ထိုအရာကိုမြင်တွေ့ရသော လူတိုင်းသည် အလွန်အံ့အားသင့်နေကြလေသည်။

ဒုတိယတစ်ဦးဖြစ်သည် ၎င်းသည် ကျဆုံးသွားသည့်ဒုတိယတစ်ဦးဖြစ်လေသည်။

မည်သည့်အရာက ထိုကဲ့သို့တာအိုဖွဲ့စည်းခြင်းကျင့်ကြံသူများကို ကျဆုံးစေခဲ့ပါသနည်း?

လူတိုင်း၏နှလုံးသားထဲတွင် ကြက်သီးများထသွားကြပြီး ကြိုတင်၍ သိချင်နေကြလေသည်။

လန်ယွဲ့ဟွားသည်ပင် ထိတ်လန့်မှုနှင့် မသေချာမှုများဖြင့် ဖြစ်နေသည်။

သူမသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ထိုကိစ္စတွင် ပက်သက်နေမည်လားကို မဆုံးဖြတ်နိုင် ဖြစ်နေသည်။ အကယ်၍ ထိုသို့ဆိုလျှင် သူတို့သည် ထိုကဲ့သို့အောင်မြင်မှုကိုမည်သို့ရခဲ့ပါသနည်း? ၎င်းသည် ထွင်းမြင်အဆင့်ကျင့်ကြံသူတစ်ဦးအတွက် ကောင်းကင်စွမ်းအားကိုသာမန်သုံးခြင်းထပ် ကျော်လွန်နေပါသည်။

ထိုသို့ဆိုလျှင် ထိုသို့သောစွမ်းအားကို မည်သို့ရခဲ့ပါသနည်း?

၎င်းသည် ကောင်းကင်အလင်းကျင့်ကြံသူအား ထွင်းမြင်အဆင့်ကျင့်ကြံသူအား ရှင်းလင်းသုတ်သင်ခြင်း နှင့် အလွန်ကွာခြားသည်။

တာအိုဖွဲ့စည်းခြင်းသူတော်စင်အား ဗလာနယ်ပြန်ကျင့်ကြံသူတစ်ဦးက သတ်ဖြတ်ခြင်းမှာ ဆိုလိုရင်း မပါသေးပဲ ကိုယ်တိုင်၏စွမ်းအား သို့ ပြင်ပအကူအညီဖြင့်ဖြစ်စေ ခန့်မှန်းနိုင်စရာမဖြစ်ပေ။

“မဟုတ်ဘူး။ မဖြစ်နိုင်ဘူး။”

သူတော်စင်ကြာပွင့်နက်နှင့် သူတော်စင်ကောင်းကင်ချိုးဖျက်သူတို့ ကျဆုံးသွားသည်ကိုမြင်ရလျှင် သူတော်စင်သေမင်းဝိညာဉ်သည် အလွန်ကြောက်ရွံ့မှုဖြင့် ဖုံးလွမ်းခံခဲ့ရလေသည်။

ထိုအချိန်တွင် သူသည် သူ့ကိုယ်သူထပ် အခြားအရာများကို စိုးရိမ်ခြင်းမရှိတော့ပါ။

သူ၏အခြေတည်တာအိုပုံစံသည် ယာယီပေါက်ထွက်မှုဖြင့်ပေါက်ကွဲသွားပြီး လှိုင်းများ ထုတ်လွတ်ကာ ကြီးမားသည့်အနက်ရောင်ချောက်ကြီးကိုဖန်တီးလိုက်ပြီး လေဟာနယ်ထဲတွင် မီတာရာချီကျယ်ပြန့်သွားခဲ့သည်။

အဆင့်၈ နေကိုးစင်းကောင်းကင်မီးအစီအရင်သည် ချက်ခြင်းပင် ထိုအင်အား၏အောက်တွင် ပျက်စီးသွားလေသည်။

မှိန်ပြသည့်အရိပ်က လင်းလက်နေပြီး လေဟာနယ်ထဲတွင် ပျောက်သွားခဲ့ကာ အလွန် လျှင်မြန်စွာဖြင့် ရွေ့သွားသဖြင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည်ပင် သူတို့၏အရှိန်နှင့် လိုက်၍မဖမ်းနိုင်ခဲ့ပေ။

သူတို့သည် ပြိုင်ဘက်က ပျောက်ကွယ်သွားသည်ကိုသာ ကြည့်နေနိုင်ခဲ့သည်။

သို့ရာတွင် ထိုကိုယ်တိုင်ဖျက်စီးခြင်းလုပ်ရပ်ပြီးနောက်တွင် သူတော်စင်သေမင်းဝိညာဉ်သည် သူ၏သက်တမ်းအစိတ်အပိုင်းတစ်ခုသာကျန်ရှိပေတော့သည်။

သူ၏တာအိုပုံရိပ်အား ကိုယ်တိုင်ဖျက်စီးခြင်းသည် သူ၏ကျင့်ကြံခြင်းလမ်းကို စည်းချလိုက်ပြီး သူ၏သက်တမ်းတွင် သေစေနိုင်သည့်ရိုက်ခတ်တစ်ခုပင်ဖြစ်သည်။

အကယ်၍ သူ၏ကံမကောင်းခဲ့လျှင် သူသည် မကြာမီကောင်းကင်အတိဒုက္ခကိုရင်ဆိုင်ရမည်ဖြစ်ပြီး သူသည် သံသယကင်းစွာပင် ကျော်ဖြတ်ရန်ကျဆုံးလိမ့်မည်ဖြစ်သည်။

အနှစ်ချုပ်မှာ သူတော်စင်သေမင်းဝိညာဉ်သည် သူ၏ကိုယ်ပိုင်ပုံရိပ်၏အခွံသာ ကျန်ရှိတော့မည် ဖြစ်သည်။

ဖျက်စီးခြင်းဓားသွား၏စွမ်းအားဖြင့် သူတို့သည် တာအိုဖွဲ့စည်းခြင်းသူတော်စင်နှစ်ဦးကိုသတ်နိုင်ခဲ့ပြီး အခြားတစ်ဦးကို ဒဏ်ရာပြင်းထန်စွာရရှိအောင် ပြုလုပ်နိုင်ခဲ့သော်လည်း ကျန်းချန်ရွှမ်၏ မူလပန်းတိုင်အား လုံးဝမဖြည့်ဆည်းနိုင်ခဲ့ပါ။

ရုတ်တရက် လေဟာနယ်ထဲတွင်ရပ်ကာ ကျန်းချန်ရွှမ်သည် ကြိုတင်မခန့်မှန်းနိုင်သည့် အားနည်းချက်က သူ့အပေါ်တွင်ဖြတ်သွားသည်ကိုခံစားလိုက်ရပြီး ဖျက်စီးခြင်းဓားသွားကို သုံးခြင်း၏ အကျိုးဆက်အဖြစ် ဓမ္မစွမ်းအားကုန်ခန်းခြင်းဖြစ်ပေသည်။

တုံ့ဆိုင်းခြင်းမရှိဘဲ သူသည် ချက်ခြင်းပင် ဒြပ်စင်ငါးပါးကားချပ်အတွင်းမှ သိုလှောင်ထားသည့် ဓမ္မစွမ်းအားကို ထုတ်လိုက်လေသည်။

ခနအကြာတွင် သူ၏မူလကကုန်ဆုံးနေသည့်ဓမ္မစွမ်းအားများသည် အပြည့်အဝပြန်လည် ဖြည့်တင်းပြီးသားဖြစ်သွားခဲ့သည်။

တပြိုင်နက်ထဲပင် စနစ်မှ အသိပေးချက်က သူ၏စိတ်ထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။

[ဒင်]

[တာအိုဖွဲ့စည်းခြင်းသူတော်စင်အရှင်ကို ပထမဆုံးသုတ်သင်ခဲ့တဲ့ အောင်မြင်မှုအတွက် မှတ်တိုင်စိုက်နိုင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ သင်သည် ဖျက်စီးခြင်းပုလဲတစ်ခုနဲ့ တစ်ခါသုံး အဆုံးမဲ့ခုခံခြင်းအဆောင်တစ်ခုကို ဆုလဒ်အဖြစ်ရရှိပါတယ်။]

ဖျက်စီးခြင်းပုလဲ၏ အကျိုးကျေးဇူးမှာ ပြောစရာပင်မလိုပါ။

သို့ရာတွင်၊ တစ်ခါသုံး အဆုံးမဲ့ခုခံခြင်းအဆောင်က သူ၏အာရုံကိုဆွဲဆောင်လိုက်သည်။

စနစ်၏ဖော်ပြချက်အရ ထိုအဆောင်သည် မည်သည့်တိုက်ခိုက်မှုကိုမဆို ခံနိုင်ရည်ရှိပါသည်။

ဆိုလိုသည်မှာ မသေမျိုးနယ်ပယ်မှ မသေမျိုးများ၏တိုက်ခိုက်ခြင်းကိုပင် ခံနိုင်ပါသလား?

ကျန်းချန်ရွှမ်သည် ထိုအတွေးဖြင့် စိတ်လှုပ်ရှားမှုများလိမ့်တက်လာခဲ့သည်။

သူတော်စင်ကြာပွင့်နက်နှင့် သူ့အဖော်များအားသုတ်သင်ခြင်း၏တန်ဖိုးအနေဖြင့် အဆင့် ၈ ဝှက်ဖဲများကိုသုံးလိုက်ရခြင်းအပါအဝင် ကြီးမားစွာဆုံးရှုံးခဲ့ရသော်လည်း ရလဒ်သည်လည်း တန်ဖိုးတူညီပါသည်။

စနစ်မှရရှိသည့်ဆုလဒ်ကိုဘေးဖယ်ကြည့်လျှင် သူတော်စင်ကြာပွင့်နက်နှင့် သူတော်စင်ကောင်းကင် ချိုးဖောက်သူတို့၏ သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းများဖြင့်ပင် တာအိုဖွဲ့စည်းခြင်းသူတော်စင်နှစ်ဦး ၏ သက်တမ်းတစ်လျောက်စုဆောင်းထားသည့်အရာများဖြစ်၍ အလွန်များပြားနေပြီဖြစ်သည်။

တန်ဖိုးသည် ကြီးမားသည်။

ထို့အပြင်၊ ထိုတိုက်ပွဲ၏သက်ရောက်မှုသည်အရေးပါလှသည်။

တာအိုဖွဲ့စည်းခြင်းသူတော်စင်များ၏ကျဆုံးခြင်းက အရေးကြီးလွန်းသဖြင့် အခြားပြိုင်ဘက် များအား အချိန်တစ်ခုထိထွက်ပေါ်လာစေမည်မဟုတ်ပေ။

ထိုအရာများ၏အသေးစိတ်ကပျံနှံ့သွားလျှင် မည်သည့်တာအိုဖွဲ့စည်းခြင်းသူတော်စင်မဆို သူတော်စင်ကြာပွင့်နက်၊ သူတော်စင် ကောင်းကင်ချိုးဖောက်သူနှင့် သူတော်စင် သေမင်းဝိညာဉ်တို့၏ ကံကြမ္မာအတိုင်း မကြုံချင်လျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား ရင်ဆိုင်ရန် ဂရုတစိုက်ဆုံးဖြတ်ကြရပေမည်။

***

All Chapters