တာအိုပေါင်းစည်းခြင်းသူတော်စင်၏ချိန်းခြောက်မှု၊ ချင်ရှန်းဝူရောက်ရှိလာခြင်း
Vol. 46 Ch. 857
သူတို့၏အောင်မြင်ခြင်းနောက်လိုက်၍ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ထိုနေရာတွင်ပင် မရပ်သွားပါ။
သူတို့သည် လျှင်မြန်စွာပင် လှုပ်ရှားလိုက်ကာ ထိုအချိန်တွင် လွတ်မြောက်နိုင်ခြင်းမရှိသည့် နတ်ဆိုးကျင့်ကြံသူများအား ဖမ်းဆီးခြင်း သုတ်သင်ခြင်းများကိုပြုလုပ်ခဲ့လေသည်။
သူတို့သည် ထိုနေရာတွင်ပင် သူတို့၏ဓမ္မစွမ်းအားများကိုချိတ်ပိတ်ခဲ့ပြီး ခုခံနိုင်ရန် အခွင့်အရေးပင်မပေးခဲ့ပေ။
အလင်းရောင်မြို့၏ကျင့်ကြံသူဖြင့်စကားစမြည်ပြောဆိုပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန် တို့သည် ဖမ်းမိသည့်အကျဉ်းသားများဖြင့် ကောင်းကင်အမွေခံမြို့သို့ ပြန်လာခဲ့လေသည်။
သူတို့၏ရည်ရွယ်ချက်က ရှင်းလင်းပါသည်။
သူတို့သည် သူတို့၏နေရာကိုပေါက်ကြားစေသည့်သူ၏တိကျသည့်သတင်းအချက်အလက်ကို ထိုသူများမှသိနိုင်ရန် မျှော်လင့်ထားလေသည်။
ထိုနတ်ဆိုးကျင့်ကြံသူများမှ သတင်းအချက်အလက်ရရှိရန်မှာ မလွယ်ကူမှန်းသိသော်လည်း သူတို့သည် လက်လျော့ရန်ငြင်းပယ်ခဲ့လေသည်။
သူတို့၏သုံ့ပန်းများနှင့် ကောင်းကင်အမွေခံမြို့သို့ပြန်လာခဲ့ပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သိချင်စိတ် အံ့ဩခြင်းတို့နှင့် တွေ့လိုက်ရလေသည်။
သေချာပါသည်။
တာအိုဖွဲ့စည်းခြင်းသူတော်စင်နှစ်ဦး၏ ကျဆုံးခြင်းသည် သေချာပေါက်သူတို့နင့် ပက်သက်နေရမည်ဖြစ်ပြီး အခြေအနေအရ ထိုနေရာတွင် မည်သူမှထို့သို့လုပ်နိုင်စွမ်းမရှိပေ။
အထူးသဖြင့် ယခုကဲ့သို့ ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့နတ်ဆိုးကျင့်ကြံသူများအား ဖမ်းခေါ်လာသည်ကို မြင်သောအခါ သူတို့၏မသေချာသော ခန့်မှန်းမှုများသည် ချက်ခြင်းပင် အတည်ပြုပြီးသားဖြစ်သွားသည်။
တာအိုဖွဲ့စည်းခြင်းသူတော်စင်နှစ်ဦးသေဆုံးခြင်း၌ သေချာပေါက် ထိုစုံတွဲပါဝင်နိုင်ပေသည်။
ထိုအချိန်တွင် လန်ယွဲ့ဟွားသည် ကောင်းကင်အမွေခံမြို့နံရံတွင် ပေါ်လာခဲ့သည်။
သူမသည် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့အား ကြည့်ကာပြောလိုက်လေသည်။
“စစ်သည်တော်တူလေး ကျန်းနဲ့ စစ်သည်တော်တူမလေးရှန်းတို့ ငါ့နေရာကို အရင်လာခဲ့ကြပါ။
အဲ့ဒီလူတွေကို အခြားသူတွေနဲ့ချန်ခဲ့လိုက်။ ငါယုံကြည်တာ သူတို့ဆီကအချက်အလက်တွေရဖို့ အချိန်သိပ်မကြာတော့ပါဘူး။”
ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့သည်လည်း လန်ယွဲ့ဟွား၏ဖိတ်ခေါ်မှုအား မငြင်းပယ်ပါ။
သူတို့သည် အမှန်တရားသည် အခြားသူများမှ ဖုံးကွယ်ထားနိုင်ပြီး သူမကဲ့သို့ တာအိုဖွဲ့စည်းခြင်းသူတော်စင်ကိုမူ မဖုံးကွယ်နိုင်ကြောင်း သိပါသည်။
သို့ရာတွင် ဤကိစ္စ၌ သူတို့သည် သူမအားဖုံးကွယ်ရန်အတွက်လည်း ရည်ရွယ်ချက်အစီအစဉ် မရှိပါ။
မကြာမီ ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့သည် လန်ယွဲ့ဟွား၏ဂူထဲသို့ရောက်သွားလေသည်။
“ဒါဆိုရင် သူတော်စင်ကြာပွင့်နက်နဲ့ သူတော်စင်ကောင်းကင်ချိုးဖောက်သူတို့က မင်းတို့လက်ချက်လား?”
အချိန်အနည်းငယ်ကြာပြီးနောက်၊
လန်ယွဲ့ဟွားသည် မေးလိုက်လေသည်။ သူမ၏မျက်နှာတွင် အအံအားသင့်မှုများပေါ်နေလေသည်။
ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့သည် အချင်းချင်းကြည့်လိုက်ကြသည်။
အဆုံး၌ သူတို့သည် သဘောတူ၍ ခေါင်းညိတ်ပြလိုက်သည်။
တာအိုအဖော်များဖြစ်သည့်အလျှောက် မည်သူကလုပ်ဆောင်သည်မှာ အရေးကြီးသောအရာမဟုတ်ပါ။
အပြင်လူများအတွက်မူ အသေးစိတ်များနှင့် သူတို့၏လုပ်နိုင်စွမ်းအား သိချင်နေကြသည်။
“ဖူး….”
အတည်ပြုခြင်းကိုရပြီးနောက် လန်ယွဲ့ဟွားသည် မနေနိုင်ဘဲ သက်ပြင်းချလိုက်လေသည်။
ကျန်းချန်ရွှမ်၏ အစောပိုင်း၌ သူတော်စင်ကြာပွင့်နက်နှင့် သူတော်စင် ကောင်းကင်ချိုးဖောက်သူ တို့အား သတ်ဖြတ်ခဲ့ခြင်းကိုကြည့်လျှင် ပြင်ပမှအကူအညီကြောင့် ဖြစ်သော်လည်း ရလဒ်မှာ သူမအားအံ့အားသင့်စေခဲ့လေသည်။
အဆုံး၌ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူတို့၏ဗလာနယ်ပြန်အဆင့်တွင် တကယ်ပင် တာအိုဖွဲ့စည်းခြင်းသူတော်စင်နှစ်ဦးကို ရှင်းလင်းခဲ့ခြင်းဖြစ်ပေသည်။ ၎င်းသည် အထူးသဖြင့် လူအားလုံး၏မျက်လုံးထဲတွင် မယုံကြည်နိုင်စရာထိတ်လန့်ဖွယ်တစ်ခုအဖြစ်ကျန်ခဲ့လေသည်။
လူတို့သည် မည့်သည့်အရာကိုအသုံးပြုခြင်းကို ဂရုမစိုက်ကြပါ။
သူတို့သည် ဗလာနယ်ပြန်ကျင့်ကြံသူက တာအိုဖွဲ့စည်းခြင်းသူတော်စင်နှစ်ဦးကို သတ်နိုင်ပြီး အ ခြားတစ်ဦးကို ဒဏ်ရာရအောင်ပြုလုပ်နိုင်သည်ကိုသာ မြင်ကြမည်ဖြစ်သည်။
ထိုသို့သောအောင်မြင်မှု ထိုသို့သောစွမ်းအားသည် သံသယဝင်နိုင်ဖွယ်မရှိအောင်ပင် နှစ်သောင်းချီအထိမရှိခဲ့ဖူးသည့်အရာ ဖြစ်သည်။
“စစ်သည်တော်တူလေးကျန်း၊ စစ်သည်တော်တူမလေးရှန်း မင်းတို့ ဒီကောင်းကင်အမွေခံမြို့မှာ ဆက်နေလို့မရတော့ဘူး။”
....
ခနအကြာတွင်။
လန်ယွဲ့ဟွားသည် အတွေးတစ်ခုဖြင့် တည်ငြိမ်စွာပြောလိုက်လေသည်။
“ငါမင်းတို့ရဲ့ဂိုဏ်းချုပ်နဲ့ မင်းတို့ရဲ့ဆရာကို ဒီသတင်းအကြောင်း သတင်းပို့လိုက်မယ်။
မင်းတို့ရဲ့ ဆရာက မင်းတို့ကိုခေါ်ဖို့ သူရဲ့ကိုယ်ပွားကိုလွတ်ဖို့အချိန်ကြာမှာမဟုတ်ပါဘူး။
ဒီလိုဖြစ်သွားပြီဆိုတော့ မင်းတို့ ဂိုဏ်းမှာပဲကျင့်ကြံခြင်းမှာအာရုံစိုက်ပြီး တတ်နိုင်သလောက် အမြန်တာအိုဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖောက်လိုက်သင့်တယ်။”
လန်ယွဲ့ဟွား၏စကားကိုကြားလျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် လျှင်မြန်စွာဖြင့်နားလည်ကာ ခေါင်းညိတ်လိုက်ကြသည်။
အကယ်၍ ယခင်က ကောင်းကင်အမွေခံမြို့တွင် နေခြင်းမှာ လုံခြုံသော်လည်း ဆက်လက်၍ နေနေလျှင် အလွန်အန္တရာယ်များလာလိမ့်မည်ဖြစ်သည်။
နတ်ဆိုးလမ်းစဉ်သည် စည်းမျဉ်းများ ယှဉ်ကျေးမှုများကို ဂရုစိုက်တော့မည်မဟုတ်ပါ။
သူတို့၏တည်နေရာကို သိသည်နှင့် တာအိုဖွဲ့စည်းခြင်းအဆင့်၏ ဒုတိယအဆင့် တာအိုပေါင်းစည်းခြင်းသူတော်စင်ရောက်လာရန် အချိန်အနည်းငယ်သာလိုအပ်လိမ့်မည်ဖြစ်သည်။
ထို့သို့ဖြင့် ကောင်းကင်အမွေခံမြို့၏ခုခံမှုသည် စွမ်းအားကြီးသည့်တိုက်ခိုက်မှုကို ခံနိုင်မည် မဟုတ်ပါ။
“ဟမ်…?”
သို့ရာတွင် သူတို့ကြိုတင်မြင်နိုင်သည်ထပ် ကိစ္စများက ပို၍မြန်ဆန်နေခဲ့သည်။
သူတို့စကားပြောနေစဉ်အတွင်း ကြောက်မက်ဖွယ်ကောင်းသည့် ရောင်ဝါတစ်ခုသည် အပြင်ဘက်မှ ကောင်းကင်အမွေခံမြို့ဆီသို့ ချဉ်းကပ်လာကာ မြို့၏ခုခံခြင်းအစီအရင်ကို အနည်းငယ် တုန်လှုပ်သွားစေခဲ့သည်။
ထိုရုတ်တရက် ပြောင်းလဲမှုအား အာရုံခံမိလျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် လန်ယွဲ့ဟွား၏ ဂူအတွင်းမှနေ၍ သူတို့၏အမူအရာများပြောင်းလဲသွားကြသည်။
“ဒါက တာအိုပေါင်းစည်းခြင်းသူတော်စင်ပဲ။”
သူတို့သည် ရန်သူက ထို့မျှလောက်လျှင်မြန်စွာတုံ့ပြန်လာမည်ဟု မထင်ထားကြပေ။
သူတို့သည် နောက်ခြေလှမ်းကိုတိုင်ပင်နေရုံအချိန်၌ပင် ရန်သူက လှုပ်ရှားလာခဲ့ပြီဖြစ်သည်။
ကျန်းချန်ရွှမ်နှင့် အခြားသူများ ပို၍အံ့ဩသွားရသည်မှာ ကောင်းကင်အမွေခံမြို့သို့ အဝေးမှ မယုံနိုင်လောက်အောင် စွမ်းအားကြီးသည်အရောင်အဝါက ချဉ်းကပ်လာခြင်းပင်ဖြစ်သည်။
အသစ်လာသည့်တည်ရှိမှုသည် တာအိုပေါင်းစည်းခြင်းသူတော်စင်ထပ်ပို၍ စွမ်းအားကြီးပြီ လျှင်မြန်စွာချဉ်းကပ်လာနေသည်။
“ဒါက?”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏မျက်နှာများတွင် ပျော်ရွင်သည့်အမူအရာများပေါ်လာကြပြီး အသစ်လာရောက်သည့်သူမှာ အခြားသူမဟုတ်ဘဲ ကျန်းချန်ရွှမ်၏ဆရာ ချင်ရှန်းဝူဖြစ်နေသည်ကို သတိပြုမိသွားကြသည်။
၎င်းသည် ချင်ရှန်းဝူ၏ စစ်မှန်ခန္တာကိုယ်မှ ရောင်ဝါမဟုတ်ပဲ သာမန်ကိုယ်ပွားတစ်ခုသာ ဖြစ်သော်လည်း ထိုကိုယ်ပွား၏စွမ်းအားက တာအိုပေါင်းစည်းခြင်းသူတော်စင်ထပ်ပို၍ စွမ်းအားကြီးပေသည်။
“ဘယ်သူကိုတွေ့ရမလဲဆို အရိုးအထွတ်အမြတ်ဂိုဏ်းက နတ်ဆိုးအရှင် အရိုးမျက်နှာ ဖြစ်နေပါလား? မင်းက တော်တော်လေးမြန်တာပဲ။
ဒါပေမဲ့ မင်းရောက်လာပြီမှတော့ ကောင်းကောင်းနေသင့်တယ်။” ချင်ရှန်းဝူသည် ကောင်းကင်အမွေခံမြို့၏အပြင်ဘက်မှ အော်လိုက်လေသည်။
ချင်ရှန်းဝူ၏တည်ရှိမှုက ကောင်းကင်အမွေခံမြို့ဆီသို့ပျံသန်းလာသည်ကို အာရုံခံမိလျှင် နတ်ဆိုးအရှင်အရိုးမျက်နှာသည် ချက်ခြင်းဖြူဖျော့သွားခဲ့သည်။
ဒုတိယအကြိမ်မတွေးတော့ပဲ၊ သူသည် ချီမျှင်အဖြစ်ပြောင်းလဲကာ အဆုံးမဲ့နေရာလပ်ထဲမှ လွတ်မြောက်ရန်ကြိုးစားလိုက်တော့သည်။
***