ဂိုဏ်းသို့ပြန်ခြင်း၊ အကျိုးအမြတ်များကိုရေတွက်ခြင်း
Vol. 46 Ch. 858
ထိုအရာကိုမြင်လျှင် ချင်ရှန်းဝူက နှာခေါင်းရှုံ့လိုက်လေသည်။
ခနအကြာတွင် ကြီးမားသည့် ငါးရောင်ခြယ်အလင်းရစ်ပတ်နေသည့် ဧရာမလက်ကြီးတစ်ခုသည် သူ၏နောက်မှ ပေါ်လာခဲ့ပြီး ထွက်ပြေးရန်ကြိုးစားနေသည့် နတ်ဆိုးအရှင်အရိုးမျက်နှာဆီသို့ ရိုက်ချလိုက်လေသည်။
ဂျုန်း…
မြေကြီးက အက်ကွဲသွားကာ ကောင်းကင်က ပြိုကျသွားသည်။
ဦးတည်ချက်အမျိုးမျိုးသို့ထွက်ပြေးရန် မရေတွက်နိုင်သော ကိုယ်ပွားများအဖြစ် ပြောင်းလဲသွားပြီး နတ်ဆိုးအရှင်အရိုးမျက်နှာသည် ရုတ်တရက် အော်လိုက်လေသည်။
ထိုအချိန်တွင် သူ၏ကိုယ်ပွားများအားလုံးသည် ဘာမှမရှိသည်အထိပျက်စီးသွားကာ သူ၏နှလုံးသည် ကြောက်ရွံ့မှုဖြင့်ပြည့်လာခဲ့သည်။
မျော်လင့်ချက်မရှိတော့ဘဲ သူသည် နတ်ဆိုးမီးတောက်များကိုဆင့်ခေါ်လိုက်ပြီး သူ၏ ကျင့်ကြံခြင်းကို ချက်ခြင်းပင်လောင်ကျွမ်းပစ်လိုက်လေသည်။
မျက်စိတမှိတ်အတွင်း များစွာသောကိုယ်ပွားများက ထွက်ခွာသွားကြပြီး မိုင်ပေါင်းထောင်ချီ ဖုံးလွမ်းသွားလေသည်။
သို့သော် နောက်ဆုံးတွင် အများစုသည် ချင်ရှန်းဝူ၏ ငါးရောင်ခြယ်လက်ဖဝါးမှ သုတ်သင်ရှင်းလင်း ခံလိုက်ရပြီး သူ၏ကြောက်မက်ဖွယ်စွမ်းအားကိုသက်သေခံနေလေသည်။
“ဟမ်..”
“ဟမ့်.. မင်းဒီနေ့ကံကောင်းသွားတယ်မှတ်ပါ။ နောက်တစ်ကြိမ်ငါမင်းကိုတွေ့ရင် မင်းသေမယ်။”
နတ်ဆိုးအရှင်အရိုးမျက်နှာ၏ရောင်ဝါသည် လုံးဝပျောက်ကွယ်သွားသည်ကိုအာရုံခံမိလျှင် ချင်ရှန်းဝူသည် ထပ်မံ၍ နှာခေါင်းရှုံ့လိုက်ပြီးကောင်းကင်အမွေခံမြို့၏အတွင်းတွင် ပေါ်ထွက်လာလေသည်။
ကောင်းကင်အမွေခံမြို့ထဲမှလူအားလုံး သူ၏ရောက်ရှိမှုအားလေးစားစွာဦးညွတ်လိုက်ကြပြီး လန်ယွဲ့ဟွားသည်ပင် ရှေ့သို့ထွက်ကာ ဦးညွတ်လိုက်လေသည်။
“နှုတ်ဆက်ပါတယ်။ စီနီယာအစ်ကိုချင်။”
ချင်ရှန်းဝူသည် အပြုံးဖြင့်ခေါင်းညိတ်လိုက်လေသည်။
“ဂျူနီဘာညီမလန်၊ မင်းကတော့ အချိန်နည်းနည်းလောက် အင်အားစိုက်ထုတ်ပေးပါဦး။ အခြေအနေတွေတည်ငြိမ်သွားမှသာ ဂိုဏ်းကိုပြန်လာခဲ့ပါ။”
ချင်ရှန်းဝူ၏စကားကြောင့် လန်ယွဲ့ဟွား၏နှလုံးခုန်မြန်သွားလေသည်။ “စီနီယာအစ်ကိုချင်၊ ရှင်ဆိုလိုတာက….?”
“မှန်တယ်။”
ချင်ရှန်းဝူသည် ခေါင်းညိတ်ကာ အတည်ပြုလိုက်လေသည်။
“အကယ်၍ မမျှော်လင့်ထားတာမဖြစ်လာခဲ့ရင်၊ ဖြောင့်မတ်လမ်းစဉ်နဲ့ နတ်ဆိုးလမ်းစဉ်တို့ကြားက စစ်ပွဲက အဆုံးသတ်ကိုရောက်လာတော့မယ်။
ပြောရရင် ငါ့တပည့်နဲ့ သူ့တာအိုအဖော်ကို ကျေးဇူးတင်ရမှာပဲ။” သူပြောလိုက်သည့်အချိန်တွင် ချင်ရှန်းဝူနှင့် လန်ယွဲ့ဟွားတို့၏အကြည့်က အတော်လေးပဟေဠိဖြစ်နေသည့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ဆီသို့ လှည့်သွားခဲ့လေသည်။
ချင်ရှန်းဝူက ရယ်လိုက်သည်။ “မင်းတို့ရဲ့လုပ်ရပ် အကျိုးဆက်ကို အထင်မသေးနဲ့။
သူတော်စင်သေမင်းဝိညာဉ်အပါအဝင် သုံးဦးရဲ့သေဆုံးမှုကြောင့် ဖြောင့်မတ်လမ်းစဉ်နဲ့ နတ်ဆိုးလမ်းစဉ်တို့ကြားက လက်ရှိတိုက်ပွဲကို ဆုံးဖြတ်နိုင်တဲ့ နောက်ဆုံးကိစ္စဖြစ်သွားနိုင်တယ်။
ဖြောင့်မတ်လမ်းစဉ်က အစကတည်းက အားသာနေတာ ပြီးတော့ အခု အဆင့် ၈ အစီအရင်အတွက် အဓိကတာဝန်ရှိတဲ့ ရန်သူတွေက သေဆုံးသွားပြီဆိုတော့ အဲ့ဒီနေရာလပ်ကို လွယ်လွယ်ကူကူ ဖြည့်နိုင်မှာမဟုတ်ဘူး။
ဒီအခြေအနေအတိုင်းဆိုရင် နတ်ဆိုးမျိုးနွယ်က ဘယ်လောက်မှခံတော့မှာမဟုတ်ဘူး။
သူတို့ဒီစစ်ပွဲကို ဆွဲဆန့်ချင်ရင်တောင် မဖြစ်နိုင်ဘူး။
ဒီလိုလုပ်တာက ကောင်းကင်ရေတံခွန်ဂိတ်နယ်ပယ်ထဲက ငါတို့လူသားမျိုးနွယ်ရဲ့စွမ်းအားကို မညီမျှစေဘဲအနှောက်အယှက်ဖြစ်စေလိမ့်မယ်။
ပင်လယ်နက်လေလွင့်သူ၊ နတ်ဆိုးတွေနဲ့ သွေးနှောတွေက ဘာမှမလုပ်ဘဲ အလကား ထိုင်နေမှာမဟုတ်ဘူး။ ဒါကို ငါတို့ သို့ အဆင့်ပို့မြင့်တဲ့နယ်ပယ်တွေက ခွင့်ပြုမှာမဟုတ်ဘူး။
ဒါကြောင့်။
ဒီစစ်ပွဲက မကြာခင်မှာ ပြီးသွားလိမ့်မယ်။”
ချင်ရှန်းဝူ၏ရှင်းပြချက်ကိုကြားလျှင် ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် လန်ယွဲ့ဟွားတို့သည် သတိပြုမိသွားကြလေသည်။
ထိုအချိန်တွင် ချန်ရှန်းဝူက ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား အာရုံပြန်စိုက်လိုက်လေသည်။
“ကောင်းပြီ။ မင်းတို့နှစ်ယောက်ကတော့ ဒီမှာနေဖို့မသင့်တော်တော့ဘူး၊ ငါနဲ့အတူ ဟောက်ရန်ဂိုဏ်းကိုပြန်လိုက်ခဲ့ပါ။” သူကပြောလိုက်သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အကြည့်ချင်းဖလှယ်လိုက်ကြကာ တပြိုင်နက်ထဲ သဘောတူလိုက်ကြသည်။
“ဟုတ်ကဲ့ပါ။
ခနအကြာတွင် ချင်ရှန်းဝူသည် မျက်စိတမှိတ်အတွင်း ဟောက်ရန်ဂိုဏ်းဆီသို့ ပြန်ပို့လိုက်လေသည်။ “အခုအချိန်ကစပြီး မင်းတို့ အပြင်ကိုမထွက်နဲ့တော့။
ဂိုဏ်းထဲမှာပဲနေပြီး ကျင့်ကြံခြင်းမှာ အာရုံစိုက်ပါ။
စစ်ပွဲပြီးသွားမှ မင်းတို့ရဲ့နောက်ခြေလှမ်းကို ဆုံးဖြတ်ပါ။
အခုလောလောဆယ်တော့ အပြင်မထွက်ခင်အထိ တာအိုဖွဲ့စည်းခြင်းအဆင့်ကိုချိုးဖောက်နိုင်အောင်ကြိုးစားပါ။
အဆုံးမှာ မင်းတို့နှစ်ယောက်ကိုအန္တရာယ်ပြုချင်တဲ့သူတွေအများကြီးရှိနေတယ်။”
ချင်ရှန်းဝူသည် ဟောက်ရန်ဂိုဏ်းသို့ပြန်ပြီးနောက်တွင် အပြုံးဖြင့် အကြံပေးလိုက်ပြီး သိမ်မွေ့စွာ သတိပေးခဲ့သည်။
၎င်းသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား အတော်လေးထူးဆန်းစွာခံစားရစေသည်။
အမှန်တကယ်မူ။
သူတို့သည် စစ်ပွဲအတွင်း ဂယက်ထစေခဲ့ပါသည်။
နတ်ဆိုးလမ်းစဉ်မှလူများကျဆုံသွားသည်မှလွဲ၍ ချင်ခုန်ုးခန်းမနှင့် ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်း တို့ကဲ့သို့ အင်အားစုများသည်လည်း သူတို့အားကျဆုံးသည်ကို ဆန္ဒရှိနေကြလေသည်။
ချင်ရှန်းဝူက ကိုယ်တိုင်ကိုယ်ကျ ဟောက်ရန်ဂိုဏ်းသို့ပြန်လည်ခေါ်ဆောင်ပေးကာ အထူးသဖြင့် သူတို့အားသတိပေးသည်မှာလည်း အံ့ဩစရာမရှိပါ။
သို့ရာတွင် စစ်ပွဲ၏ဂယက်များမှ သူတို့အားအရေးကြီးသည့်အကျိုးအမြတ်များကိုလည်း ရရှိစေခဲ့ပါသည်။
၎င်းသည် သူတို့၏အတွေ့အကြုံနှင့် ကျင့်ကြံခြင်းကိုတိုးတက်နေသည့်အချိန်တစ်ခုဖြစ်သည်။
မျှော်လင့်ရသည်မှာ သူတို့ဂူပိတ်ကျင့်ကြံခြင်းမှထွက်လာသည်နှင့် စစ်ပွဲပြီးဆုံးရန်ဖြစ်သည်။
ချင်ရှန်းဝူ၏ကိုယ်ပွားသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့နှင့် ကြာကြာမနေခဲ့ပါ။
သူထွက်ခွာသွားသည်နှင့် ထိုစုံတွဲသည် အချိန်အနည်းငယ်အနားယူပြီးနောက် သူတော်စင် ကြာပွင့်နက်နှင့် သူတော်စင်ကောင်းကင်ချိုးဖောက်သူတို့၏ သိုလှောင်လက်စွပ်များကို ဖွင့်ရန်အတွက် ကြိုးစားလိုက်လေသည်။
တာအိုဖွဲ့စည်းခြင်းကျင့်ကြံသူနှစ်ဦး၏လက်စွပ်များကိုဖွင့်ရန်မှာ လွယ်ကူသည့်အလုပ်မဟုတ်ပေ။ လက်စွပ်များသည် ပိုင်ရှင်၏တာအိုအသိအမြင်ဖြင့် ချိတ်ပိတ်ထားကာ ဖွင့်ရန်အတွက် အချိန်နှင့် အင်အားတို့လိုအပ်ပါသည်။
ကံကောင်းစွာပင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သာမန်ထွင်းမြင်အဆင့်ကျင့်ကြံသူများ မဟုတ်ကြပါ။
အချိန်သုံးလ လေးလခန့်ကြာယူပြီးနောက် သူတို့သည်နောက်ဆုံး၌ သူတော်စင်နှစ်ဦး၏ သိုလှောင်လက်စွပ်များကို ဖွင့်နိုင်ခဲ့လေသည်။
ဖွင့်လိုက်သည်အချိန်တွင် သူတို့၏မျက်လုံးများသည်စိတ်လှုပ်ရှားမှုဖြင့်တောက်ပသွားခဲ့လေသည်။
သိုလှောင်လက်စွပ်များအတွင်းတွင် ကျန်းချန်ရွှမ်လိုအပ်နေသည့် လင်းလုံကောင်းကင်ရေစက် အပါအဝင် များစွာသော တန်ဖိုးရှိသည့်သယံဇာတများပါဝင်ပါသည်။ ထိုထိပ်တန်းအဆင့် အဆင့် ၇ ဆေးရည်သည် ကျန်းချန်ရွှမ်၏ခန္ဓာကိုယ်မွမ်းမံခြင်းအား အဆင့် ၇နောက်ပိုင်းအဆင့်သို့ တိုးတက်စေလိမ့်မည် ဖြစ်သည်။
ထို့ပြင် ထိုအထဲတွင် တန်ဖိုးရှိသည့် အသုံးအဆောင်ပစ္စည်း ပြုလပ်ရန်အတွက် ပစ္စည်းများ၊ ဆေးများအဆောင်များပါဝင်ပေသည်။
ကျန်းချန်ရွှမ်သည် အဆင့် ၇အဆောင်ကျွမ်းကျင်သူဖြစ်ရန် သယံဇာတများအား မည်မျှကြာအောင်စုဆောင်းရမည်ကိုတွေးဆလျှက်ရှိပေသည်။
ယခုမူ ထိုသိုလှောင်လက်စွပ်များဖြင့် သူသည် အင်အားချွေတာနိုင်ပြီဖြစ်သည်။
နောက်ဆုံးတွင် များစွာသောအဆင့် ၈ ရတနာများ၊ အမျိုးမျိုးသော သတ္တုရိုင်းများ၊ များစွာသော ဝိညာဉ်ဆေးပင်များနှင့် အဆင့် ၈ ကောင်းကင်ဆက်ဝိညာဉ်ရတနာသန္ဓေသားတို့ ပါဝင်ပါသည်။
ထိုပစ္စည်းများ၏တန်ဖိုးသည် အလွန်မြင့်မားပြီး သူတို့၏ပိုင်ဆိုင်မှုများစုပေါင်းသည်ထပ်ပင် ပို၍တန်ကြေးရှိနိုင်ပေသည်။
အဆင့် ၈ ကောင်းကင်ဆက်ဝိညာဉ်ရတနာသန္ဓေသားသည် အထူးသဖြင့် တာအိုဖွဲ့စည်းခြင်း ကျင့်ကြံသူ အသစ်များ ခုခံရန် ခက်ခဲသောအရာဖြစ်သည်။
လေလံပွဲတွင်ဆိုလျှင် ၎င်းသည် သံသယဝင်စရာမရှိအောင်ပင် ကြေးမြင့်မားစွာပေးရပါလိမ့်မည်။
သေချာပါသည်။
စိတ်မှန်သည့်သူ မည်သူမျှ ထိုပစ္စည်းကိုရောင်းချလိမ့်မည်မဟုတ်ပါ။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အပါအဝင်ပင်ဖြစ်သည်။
ကျန်းချန်ရွှမ်သည် အဆင့် ၈ ကောင်းကင်ဆက်ဝိညာဉ်ရတနာသန္ဓေသားအား ရှန်းရူယန်ထံ ပေးလိုက်ပြီးပြောလိုက်လေသည်။
“မင်းတာအိုဖွဲ့စည်းခြင်းကိုချိုးဖောက်နိုင်ခဲ့ရင်၊ ဒီသန္ဓေသားကို ကောင်းကင်ဆက်ဝိညာဉ်ရတနာ အဖြစ် ပြောင်းလဲနိုင်ဖို့အချိန်သိပ်လိုမှာမဟုတ်ဘူး။”
***