← Chapters

ခန္ဓာကိုယ်မွမ်းမံခြင်းအဆင့် ၇ နောက်ဆုံးအဆင့်သို့ရောက်ရှိခြင်းနှင့် အဆင့် ၇ အဆောင်ကျွမ်းကျင်သူဖြစ်လာခြင်း

Vol. 46 Ch. 859

ခန္ဓာကိုယ်မွမ်းမံခြင်းအဆင့် ၇ နောက်ဆုံးအဆင့်သို့ရောက်ရှိခြင်းနှင့် အဆင့် ၇ အဆောင်ကျွမ်းကျင်သူဖြစ်လာခြင်း

Vol. 46 Ch. 859

ကျန်းချန်ရွှမ်၏စကားကိုကြားလျှင် ရှန်းရူယန်သည်ချက်ခြင်းပြန်မေးလိုက်လေသည်။

“အကယ်၍ ဒီဝိညာဉ်ရတနာသန္ဓေသားကိုကျွန်မကိုပေးရန် ရှင့်အတွက်ကကော?”

ကျန်းချန်ရွှမ်သည်အပြုံးဖြင့်ပြန်ဖြေလိုက်သည်။

“မင်းမေ့နေပြီလား? ငါက ကောင်းကင်ဆက်ဝိညာဉ်ရတနာကို ပိုင်ဆိုင်ထားပြီးသားလေ ပြီးတော့ အဲတာက ငါ့ရဲ့မူလအသိစိတ်လည်းဖြစ်သေးတယ်။”

ရှန်းရူယန်အား ငြင်းပယ်ခွင့်မပြုတော့ပဲ သူသည် ထိုသန္ဓေသားအား သူမ၏လက်ထဲ ထည့်လိုက်လေသည်။

ဆက်လက်၍ ထိုစုံတွဲသည် ကျန်ရှိနေသည့်ရတနာများကိုခွဲဝေယူလိုက်ကြသည်။

အရာအားလုံးခွဲဝေပြီးသည်နှင့် သူတို့သည် သူတို့၏ဂူထဲသို့ကျင့်ကြံရန်ပြန်ဝင်သွားခဲ့လေသည်။

ဆယ်စုနှစ်ကြာပြီးနောက်၊ ကျန်းချန်ရွှမ်၏ကျင့်ကြံခြင်းဂူထဲတွင်ဖြစ်သည်။

သူ၏ဘေးပတ်လည်တွင် သွေးချီလှိုင်းများလိမ့်တက်လာလေပြီး သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်စွမ်းအားက ပေါက်ထွက်လာခဲ့လေသည်။

သူ၏နောက်တွင် နဂါး၊ ဆင်နှင့် ဂဠုန်တို့သည် တိုးပွားသွားပြီး သိပ်သည်းလာခဲ့ကာ သူတို့သည် အစစ်အမှန်အဖြစ်လေဟာနယ်ထဲမှ ထွက်လာခဲ့လေသည်။

ခွပ်…

ကျန်းချန်ရွှမ်သည် သူ၏လက်သီးကိုဆုပ်လိုက်ပြီး သူ၏ကြီးမားသောစွမ်းအား၏အောက်တွင် နေရာလပ်ကိုဖြစ်စေခဲ့လေသည်။

ဂယက်များပျံ့နှံ့သွားသည်ကို သာမန်မျက်စိဖြင့်ပင် မြင်နေရလေသည်။

စွမ်းအားတစ်ခုတည်းဖြင့် သူသည် သာမန်ထွင်းမြင်အဆင့်ကျင့်ကြံသူကို လွယ်ကူစွာ သတ်ဖြတ်နိုင်ခဲ့သည်။

“နောက်ဆုံးတော့ အဆင့် ၇နောက်ဆုံးအဆင့်ကိုရောက်ပြီ။”

ကျန်းချန်ရွှမ်၏မျက်နှာတွင် အပြုံးတစ်ခုထွက်ပေါ်လာခဲ့သည်။

လင်းလုံကောင်းကင်ရေစက်နှင့်မတူ တန်ဖိုးရှီဝိညာည်ဆေးပင်နှင့် ဆေးလုံးရာချီကို သောက်သုံးပြီးနောက် သူသည် အောင်မြင်စွာဖြင့် သူ၏ခန္ဓာကိုယ်မွမ်းမံခြင်းကိုအဆင့် ၇ ၏နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားစေခဲ့သည်။

သူ၏နောက်ထပ်ပန်းတိုင်မှာ ထိုစွမ်းအားကိုသန့်စင်ဖို့ရန်ဖြစ်ပြီး တာအိုကို ထိနိုင်ဖို့ရန်ဖြစ်သည်။

ထိုအချိန်မှသာ သူ၏ခန္ဓာကိုယ်ကျင့်ကြံခြင်းသည် ထပ်မံ၍ တိုးတက်နိုင်မည်ဖြစ်ကာ အဆင့် ၈ နှင့် တာအိုဖွဲ့စည်းခြင်းအဆင့် သို့ရောက်နိုင်မည်ဖြစ်သည်။

သူသည် ကျင့်ကြံခြင်းဂူထဲမှ ချက်ခြင်းမထွက်သေးဘဲ ကျန်းချန်ရွှမ်သည် အမျိူးမျိုးသော အဆောင်ပြုလုပ်သည့် ပစ္စည်းများကို ယူလိုက်သည်။

သူသည် ထိုအေးချမ်းနေသည့်အချိန်အား အဆင့် ၇ အဆောင်ကျွမ်းကျင်သူဖြစ်အောင်လုပ်ရန် ဆုံးဖြတ်ထားပြီး စနစ်မှ အခြားဆုလဒ်ယူရန်ရည်ရွယ်ထားလေသည်။

ထိုဖြစ်စဉ်က နှစ်ပေါင်းငါးဆယ်ကြာသွားခဲ့သည်။

သူ၏ရှေ့မှ အလင်းတောက်ပမှုဖြင့် အဆင့် ၇ ပျောက်ဆုံးခြင်းအဆောင်သည် နောက်ဆုံးတွင် သူ၏လက်ဖြင့် ပြုလုပ်ပြီးစီးသွားလေသည်။

[ဒင်]

တစ်ချိန်တည်းမှာပင်၊ ရင်းနှီးနေသည့်စနစ်၏အသိပေးသံက ရုတ်တရက် သူ၏စိတ်ထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။

[အဆင့် ၇ အဆောင်ကျွမ်းကျင်သူဖြစ်သွားတဲ့အတွက်ဂုဏ်ပြုပါတယ်။ host သင်သည် အဆင့် ၈ ကောင်းကင်ဖြတ်အဆောင်နှင့် အသိဉာဏ်ပွင့်ခြင်းအဆောင်တစိခုကိုရရှိပါသည်။]

[အဆင့် ၈ ကောင်းကင်ဖြတ်အဆောင်သည် တာအိုဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူအား သေစေနိုင်သည့် ဒဏ်ရာရရှိစေပြီး တာအိုပေါင်းစည်းခြင်းအဆင့်ကို ဒဏ်ရာရရှိစေနိုင်ကာ တာအိုနက်နဲအဆင့်ကျင့်ကြံသူကိုမူ မထိခိုက်စေပါ။]

ပြောရမည်ဆိုလျှင် အဆင့် ၈ ကောင်းကင်ဖြတ်အဆောင်ပေါ်လာသည်နှင့် ချက်ခြင်းပင် သူ၏လက်ထဲမှ ဝှက်ဖဲကုန်ဆုံးနေမှုအတွက် ပြန်လည်ဖြည့်နိုင်ခဲ့ပေသည်။

ထိုအဆောင်သည် တာအိုနက်နဲအဆင့်ကျင့်ကြံသူများ၌ အသုံးမဝင်ဘဲ တာအိုပေါင်းစည်းခြင်း အဆင့် ကျင့်ကြံသူများကို သတ်ဖြတ်နိုင်ခြင်းမရှိ၍ တာအိုဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူကိုပင် သေစေနိုင်သည့်ချိန်းခြောက်မှုရှိသော်လည်း ၎င်း၏တန်ဖိုးသည် ကြီးမားပါသည်။

အထူးဂိုဏ်းများတွင် တာအိုပေါင်းစည်းခြင်း သို့ တာအိုနက်နဲသူတော်စင်က မည်မျှရှိမည်နည်း?

မကြာခန ရှေ့တန်းသို့ထွက်လာသည်မှာ တာအိုဖွဲ့စည်းခြင်းသူတော်စင်များပင်ဖြစ်သည်။

မည့်သည့်ဂိုဏ်းသို့ မိသားစုမှဟောက်ရန်ဂိုဏ်းကဲ့သို့သမိုင်းကြောင်းမရှိပါ။

ကျန်းချန်ရွှမ်ကဲ့သို့ ထွင်းမြင်အဆင့်ကျင့်ကြံသူအတွက်မူ တာအိုဖွဲ့စည်းခြင်းအဆင့်သူတော်စင်ကို ရင်ဆိုင်ရလျှင်ပင် ကံကောင်းသည်ဟု ဆိုရမည်ဖြစ်သည်။

ကောင်းကင်ဖြတ်အဆောင်နှင့် အသိဉာဏ်ပွင့်ခြင်းအဆောင်ကို သိုလှောင်ပြီးနောက်တွင် ကျန်းချန်ရွှမ်သည် စိတ်ထဲမှရှင်းလင်းသောရည်ရွယ်ချက်ဖြင့် တွက်ချက်ခြင်းပုတီးကို ထုတ်ယူလိုက်လေသည်။

သူ၏ကောင်းကင်တွက်ချက်ခြင်းနည်းလမ်းထဲသို့ အသိအမြင်များကိုကောက်ချက်ဆွဲရန် ဖြစ်ပေသည်။

လက်ရှိတွင် သူ၏ကောင်းကင်တွက်ချက်ခြင်းနည်းစနစ်သည် တတိယအဆင့်တွင်ရှိပေသည်။

သူ၏ကျင့်ကြံခြင်းကိုဆက်သွားရန် သို့ ပိုမြင့်မားသည့်ဖြစ်နိုင်ချေများကို ဖွင့်ရန်အတွက် သူသည် အဆင့်မြင့်ဖို့ရန်လိုအပ်ပါသည်။

အထူးသဖြင့် ယခုမူ သူ၏လက်ရှိစွမ်းအားဖြင့် ကောင်းကင်တွက်ချက်ခြင်းနည်းစနစ်သည် ၎င်း၏တတိယအဆင့်တွင် ကန့်သတ်ထားသည့် အထောက်အပံ့ကိုသာ ကမ်းလှမ်းနိုင်ပါသည်။

ထို့ကြောင့် သူသည် ၎င်းကို အဆင့်မြင့်၍ ထိုအထူးနည်းစနစ်မှအကျိုးအမြတ်ရရှိရန်လုပ်ဖို့ လိုအပ်ပါသည်။

တုံ့ဆိုင်းခြင်းမရှိဘဲ ကျန်းချန်ရွှမ်သည် တွက်ချက်ခြင်းပုတီးကို သုံးလိုက်ပြီး ကောင်းကင် တွက်ချက်ခြင်းနည်းစနစ်၏ နောက်ဆက်တွဲအကြောင်းအရာကိုတွက်ချက်ရန်ကြိုးစားလိုက်သည်။

တွက်ချက်လိုက်သည်နှင့် လိုက်လာသည့် တွက်ချက်ခြင်းနည်းစနစ်သည် လျှင်မြန်စွာဖြင့် သူ၏စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။

အချိန်မကြာခင်တွင်ပင် သူ၏ကောင်းကင်တွက်ချက်ခြင်းနည်းစနစ်သည် စတုထ္ထမြောက်အဆင့်သို့ ရောက်သွားခဲ့သည်။

သူသည် တွက်ချက်ခြင်းပုတီး၏အကူအညီဖြင့် ထိုအကြောင်းအရာများကိုစုပ်ယူရန် လုပ်လိုက်သည်နှင့် ကျန်းချန်ရွှမ်သည် ရုတ်တရက် သူ၏ဘယ်ဖက်မျက်လုံးတွင် အနည်းငယ် ယားယံခြင်းကိုခံစားလိုက်ရသည်။

ပြီးနောက်တွင် သူ့အား အံ့ဩသွားစေသည့် တစ်စုံတစ်ခုကဖြစ်လာခဲ့သည်။

သူ၏ကောင်းကင်အသိမျက်လုံးကို အသက်သွင်းခြင်းမရှိဘဲ ၎င်းသည် သူ့ကိုယ်သူ အလိုအလျောက်ပွင့်လာခဲ့လေသည်။

ပြီးနောက်တွင် လက်ရှိအချိန်မဟုတ်သောမြင်ကွင်းသည် စတင်၍ သူ၏ဘယ်ဖက်မျက်လုံးတွင် ပေါ်လာခဲ့လေသည်။

“ဒါက..?”

ကျန်းချန်ရွှမ်သည် ထရပ်လိုက်မိပြီး သူယခုဖမ်းဆုပ်လိုက်မိသည့်အနာဂတ်အကြောင်း တွေးနေမိပေသည်။

အံ့ဩဖွယ်ပင် ထိုစွမ်းရည်အားတိုက်ပွဲတွင် အသုံးပြုလိုက်သည်နှင့် သူသည် ဘယ်ဖက်မျက်လုံးရှိ ထိုစွမ်းအားကိုဖွင့်ကာ ရန်သူ၏လှုပ်ရှားမှုကိုကြိုတင်မြင်နိုင်ပေသည်။ ၎င်းသည် သူ၏ရန်သူများအား ရင်ဆိုင်ရာတွင် အရေးကြီးသည့် တိုးတက်မှုကိုဖြစ်စေလိမ့်မည်။

“ဒါက ကောင်းကင်တွက်ချက်ခြင်းနည်းစနစ်ရဲ့ စတုထ္ထအဆင့်ရဲ့အထူးစွမ်းရည်လား? အနာဂတ်ကိုကြိုမြင်နိုင်တာလား..?”

ထိုအသိအမြင်အားအကျဉ်းချုပ်သိလိုက်ပြီး ကျန်းချန်ရွှမ်အား ကျေနပ်စရာဖြစ်သည်ထပ် ပျော်ရွင်စရာလည်းဖြစ်ပါသည်။

မဟာယာနတာအိုအရှင်သည်ပင် ထိုကဲ့သို့စွမ်းရည်မျိုးကို မပိုင်ဆိုင်လောက်ပေ၊ မသေမျိုးအဆင့်သို့တက်လှမ်းသွားသည့် သူများသာလျှင် အချို့အနာဂတ်ကိုကြိုမြင်နိုင်စွမ်း ရှိနိုင်ပါသည်။

သို့သော် အချို့အနာဂတ်အမြင်များသည်သူ၏အဆင့်ထပ်နိမ့်သည့်ကျင့်ကြံသူများကိုသာမြင်နိုင်ပြီး အဆင့်တူများတွင်မူ ကန့်သတ်ချက်များရှိပါသည်။

“ကောင်းကင်တွက်ချက်ခြင်းနည်းစနစ်ကို စတုထ္တအဆင့်ထိတင်လိုက်နိုင်တာက ဒီလိုအရေးကြီးတဲ့ဆုလဒ်ဖြစ်လာလိမ့်မယ်လို့ မထင်ထားမိဘူး။”

သံသယကင်းစွာပင် ကျန်းချန်ရွှမ်၏ တွက်ချက်ခြင်းစွမ်းရည်သည် ယခင်ကထပ်ပို၍ သာလွန်လာမည်ဖြစ်ပါသည်။

သို့ရာတွင် သူ၏ဘယ်ဘက်မျက်လုံး၏အထူးစွမ်းရည်ကိုရရှိပြီးနောက် တွက်ချက်ခြင်းပုတီးစေ့၏ လုပ်နိုင်စွမ်းက စွမ်းအင်ကုန်ခမ်းလာပုံပေါ်ပါသည်။

သို့သော် ကျန်းသည် တွက်ချက်ခြင်းဖြစ်စဉ်က ကြီးမားသည့်အကျိုးအမြတ်ကိုရရှိစေခဲ့သည်ဟု ခံစားလိုက်ရသည်။

သူ၏ဘယ်ဖက်မျက်လုံးမှ စွမ်းရည်အသစ်ကိုလေ့လာပြီးနောက် ကျန်းချန်ရွှမ်သည် ကျင့်ကြံခြင်းဂူ ထဲတွင် အချိန်ဆွဲမနေတော့ဘဲ ဂူထဲမှ ထွက်လာခဲ့လေသည်။

***

All Chapters