စစ်ပွဲပြီးဆုံးခြင်း၊ လောကသစ်အတွက်ယှဉ်ပြိုင်ပွဲ
Vol. 46 Ch. 860
အပြင်သို့ထွက်လိုက်သည်နှင့် ရှန်းရူယန်က သူ့ဆီသို့လာကာ နှုတ်ဆက်သည်ကို တွေ့လိုက်ရသည်။
“ကျင့်ကြံလို့ပြီးသွားပြီလား ယောကျ်ား? အခြေအနေဘယ်လိုလဲ? အထူးအကျိုးအမြတ်တွေရရှိခဲ့တာရှိလား?” သူသည် ကြိုတင်သိချင်သည့်စိတ်ဖြင့် မေးလိုက်လေသည်။
အပြုံးသည်ကျန်းချန်ရွှမ်၏မျက်နှာပေါ်တွင် ဖြတ်သွားခဲ့ပြီး ရှန်းရူယန်အားခေါင်းညိတ်ပြလိုက်သည်။
“ရထားတာတွေက အရေးကြီးတယ်။ ကိုယ် ကိုယ့်ကိုကိုယ်ချမှတ်ထားတဲ့ပန်းတိုင်တွေကို ရောက်ခဲ့တယ်။”
“တကယ်လား?”
အံ့ဩမှုနှင့် ဝမ်းသာမှုက ရှန်းရူယန်၏မျက်နှာပေါ်တွင် ပေါ်လာခဲ့လေသည်။
ထို့နောက် ထိုစုံတွဲသည် သူတို့၏သက်ဆိုင်ရာ ဂူပိတ်ကျင့်ကြံခြင်းအကြောင်းများ၏ရလဒ်များကို မျှဝေလိုက်ကြသည်။
သူတို့ပြောနေရင်းနှင့်ပင် သူတို့၏ဆက်သွယ်ရေးအဆောင်များသည် တပြိုင်နက်တည်း လင်းလာခဲ့လေသည်။
အကြည့်ချင်းဖလှယ်လိုက်ကြပြီးသူတို့သည် သူတို့၏အဆောင်များကို ကြည့်လိုက်ကြသည်။
တစ်ခါတည်းနှင့် သူတို့၏မျက်နှာများတွင် အံ့ဩသည့်အမူအရာများပေါ်လာခဲ့လေသည်။
သူတို့ရရှိသည့်သတင်းသည် ဖြောင့်မတ်လမ်းစဉ်နှင့် နတ်ဆိုးလမ်းစဉ်တို့၏ကြားရှိ ကြာရှည်ဖြစ်နေသည့် စစ်ပွဲသည်အဆုံးသတ်သို့ရောက်လာခဲ့ပြီဖြစ်ကြောင်းပင်ဖြစ်သည်။
နှစ်ဘက်စလုံးမှ မဟာယာနတာအိုအရှင်များသည် ရှေ့ထွက်ကာ ဟောက်ရန်ဂိုဏ်းနှင့် မိုးကြိုးချိုင့်ဝှမ်းတို့အပါအဝင်အထူးဂိုဏ်းများမှ ခေါင်းဆောင်များကလည်း စစ်ပွဲပြေငြိမ်းသည့် သဘောတူညီချက်ကိုလက်မှတ်ထိုးကြလေသည်။
ဂိုဏ်းခေါင်းဆောင်များနှင့် မိသားစုခေါင်းဆောင်များသည် သဘောတူညီချက်တွင် ဂိုဏ်းနာမည် များဖြင့် သူတို့အင်အားစု၏ဆုံးဖြတ်ချက်ကို ကိုယ်စားပြုကာ လက်မှတ်ရေးထိုးခဲ့ကြလေသည်။
ထိုအချိန်မှစ၍ နှစ်ထောင်စုနှစ်အထိရှည်ကြာသည့် ဖြောင့်မတ်လမ်းစဉ်နှင့်နတ်ဆိုးလမ်းစဉ်မှ မဟာစစ်ပွဲကြီးသည် တရားဝင်ပြီးဆုံးသွားလေသည်။
တိုက်ပွဲငယ်များနှင့် ရန်ပွဲများသည် နှစ်ဘက်စလုံးရှိကျင့်ကြံသူများကြား ဖြစ်ပွားသော်လည်း ဤကဲ့သို့ကြီးမားသည့်စစ်ပွဲမျိုးသည် ထပ်မံ၍ဖြစ်ပွားတော့မည်မဟုတ်ပါ။
၎င်းသည် အလုံးစုံလိုအပ်သည့်အခြေအနေဖြစ်ပါသည်။
ဆက်လက်၍ ဖြစ်ပွားနေသည့် စစ်ပွဲများသည် လူသားမျိုးနွယ်၏စွမ်းအာကို အားနည်းစေနိုင်ပြီး အခြားမျိုးနွယ်များ၏မတည်ငြိမ်မှုများဖြစ်လာစေကာ မမြင်နိုင်သည့်အခြေအနေများသို့ ဦးတည်သွားစေနိုင်ပါသည်။
ထိုသို့သောရလဒ်မျိုးကိုရှောင်ရှားရန်မှာ ဖြောင့်မတ်လမ်းစဉ်နှင့် နတ်ဆိုးတို့အားခွဲခြားကာ လူသားတစ်ရပ်လုံးကောင်းမွန်သည့် အခြေအနေအတွက်ဖြစ်ပြီး လူသားမျိုးနွယ်ခေါင်းဆောင်မှု၏ ဦးစားပေးဖြစ်ပေသည်။
ယခုမူ ဟောက်ရန်ဂိုဏ်းမှ ကျန်းချန်ရွှမ်၊ ရှန်းရူယန်တို့နှင့် အခြားကျင့်ကြံသူများအားလုံးသည် ဂိုဏ်းသို့ပြန်လာ၍ မဟာကောင်စီတွင်စုဝေးဖို့ရန် အရေးကြီးသတင်းကို လက်ခံရရှိခဲ့လေသည်။
ထိုသတင်းသည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် အထက် ကျင့်ကြံသူများအားလုံးအတွက်ဖြစ်ပြီး ကြိုတင်မမြင်ရသည့်အခြေအနေများမှကာကွယ်ရန်ဖြစ်ကာ အားလုံးတက်ရောက်ရန် လိုအပ်ပါသည်။
သို့ရာတွင် မဟာကောင်စီခန်းမသို့ သွားမည့်အစား ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့သည် ရှန်းဝူတောင်ထိပ်သို့ အရင်ဆုံးသွားရန်ဆုံးဖြတ်လိုက်ကြသည်။
သူတို့သည် ချင်ရှန်းဝူဂိုဏ်းသို့ပြန်ရောက်နေကြောင်းကို သိပြီး အားလုံးထပ် သူ့အားအရင် တွေ့လိုသည့်ဆန္ဒရှိသောကြောင့်ဖြစ်သည်။
သူတို့သည် အစည်းဝေး၌အထူးအကြောင်းအရာတစ်ခုခုရှိမည်လားကို သိချင်နေကြသည်။
ရှန်းဝူတောင်ထိပ်သို့ရောက်သည်နှင့် ကျန်းချန်ရွှမ်နှင့် သူတာအိုအဖော်တို့သည် သူတို့၏ စီနီယာအစ်မရှီရှန်းယောင်လည်း ရောက်နေသည်ကို တွေ့လိုက်ရလေသည်။
ကျောက်ထျန်းဖန်သည်လည်း သူ၏ဂူထဲမှထွက်လာခဲ့လေသည်။
သူတို့၏အစည်းအဝေးသည် နွေးထွေးမှုများပါဝင်ပေသည်။
၎င်းသည် သူတို့၏ဆရာချင်ရှန်းဝူထံမှသူတို့ကိုဆင့်ခေါ်သည့် သတင်းမရောက်လာချိန်အထိ ဖြစ်ပေသည်။
ချင်ရှန်းဝူ၏ဂူသို့ရောက်သည်နှင့် သူ၏လက်ရှိအခြေအနေကိုမြင်လျှင် ကျန်းချန်ရွှမ်နှင့် အခြားသူတို့သည် နောက်ဆုတ်သွားကြသည်။
ချင်ရှန်းဝူသည် ဖြူဖျော့နေကာ သူ၏ရောင်ဝါသည် အားနည်းနေပြီး ရှင်းလင်းစွာပင် သူသည် ပြင်းထန်သည့်ဒဏ်ရာများကိုရနေကြောင်း မြင်နေရပါသည်။
“ဆရာ၊ ဘာဖြစ်သွားတာလဲ?” သူတို့သည် စိုးရိမ်စိတ်ဖြင့်မေးလိုက်ကြသည်။
ချင်ရှန်းဝူသည် သို့ရာတွင် ဖျော့တော့သည့်အပြုံးဖြင့် ခေါင်းခါလိုက်လေသည်။
“ဒါဘာမှမပြင်းထန်ပါဘူး။ ငါ တာအိုအရှင်နတ်ဆိုးကောင်းကင်နဲ့ အကြိမ်အနည်းငယ်တိုက်ခိုက်ပြီး ငါ့ရဲ့တာအိုအနှစ်သာရအချို့ ဆုံးရှုံးသွားတာပါ။
ကျန်တာတွေကို ခနလောက်နားလိုက်ရင် ပြန်ပြီးသက်သာလာမှာပါ။”
“တာအိုအရှင်နတ်ဆိုးကောင်းကင်?”
ထိုနာမည်ကိုကြားသည်နှင့် သူတို့သည် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
သူတို့အားလုံးသည် ကောင်းကင်ရေတံခွန်ဂိတ်နယ်ပယ်ရှိ နတ်ဆိုးလမ်းစဉ်၏ စစ်မှန်နတ်ဆိုးဂိုဏ်းမှ နာမည်ကျော်ကြားသော မဟာတာအိုအရှင်အား ရင်းနှီးစွာသိကြပါသည်။
သူသည် ဖြောင့်မတ်လမ်းစဉ်နှင့် နတ်ဆိုးလမ်းစဉ်တို့၏ စစ်ပွဲတွင်ပေါ်လာပြီး သူတို့၏ ဆရာချင်ရှန်းဝူနှင့် တိုက်ခိုက်ခဲ့သည်မှာအံ့ဩဖွယ်ကိစ္စဖြစ်ပေသည်။
ပို၍အံ့ဩစရာကောင်းသည်မှာ သူတို့၏ဆရာသည် ရှိန်လောက်သည့်တာအိုအရှင်၏ တိုက်ခိုက်မှု အား ခံနိုင်ခြင်းပင်ဖြစ်ပေသည်။
“ကောင်းပြီ၊ ငါဒါကိုပြောဖို့ခေါ်လိုက်တာမဟုတ်ဘူး။” ချင်ရှန်းဝူကပြောသည်။
“ငါမင်းတို့ကိုဆင့်ခေါ်လိုက်ရတဲ့အဓိကအကြောင်းအရင်းက ဖြောင့်မတ်လမ်းစဉ်နဲ့နတ်ဆိုးလမ်းစဉ် ပြီးနောက် အမျိုးမျိုးသောဂိုဏ်းတွေနဲ့ မိသားစုတွေနဲ့ပက်သက်ပြီး ငါတို့ရှေ့မှာဘာတွေရှိနေလဲ ဆိုတာကို ဆွေးနွေးဖို့ပဲ။”
“ဟမ်..?”
ထိုသို့ဖြင့် ကျန်းချန်ရွှမ်၊ ရှန်းရူယန်၊ ရှီရှန်းယောင်နှင့် ကျောက်ထျန်းဖန်တို့သည် တစ်ခုခုကို သတိပြုမိပုံရှိပြီး သူတို့၏ဝိညာဉ်များသည် ချက်ခြင်းပင် မြင့်တက်သွားသည်။
“ဟား မင်းတို့ခန့်မှန်းနိုင်သွားပြီလား?”
ချင်ရှန်းဝူကရယ်လိုက်သည်။ “မှန်တယ်၊ ဒါကလောကသစ်အကြောင်းပဲ။”
မျှော်လင့်ထားသလိုပင်။
ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့်ရှီရှန်းယောင်တို့၏မျက်လုံးက ချင်ရှန်းဝူ၏စကားကိုကြားလျှင် တောက်ပသွားကြသည်။
ချင်ရှန်းဝူသည် ဆက်၍ ပြောလိုက်သည်။ “ဒီကောင်စီအစည်းအဝေးက ဒီခေါင်းစဉ်လည်းပါတယ်။
ငါ့ရဲ့တပည့်တွေအနေနဲ့ မင်းတို့ရဲ့စစ်ပွဲထဲမှာ စွမ်းဆောင်မှုအရ မင်းတို့က အကြောင်းအရာကို ပိုပြီးသိရမယ်ပြီးတော့ လုပ်ပိုင်ခွင့်လည်းပိုရလိမ့်မယ်။”
ချင်ရှန်းဝူသည် သူတို့အား ယေဘုယျအခြေအနေကို အကျဉ်းချုပ်ပြောပြလိုက်လေသည်။
စစ်ပွဲ၏ရလဒ်က သံသယကင်းစွာပင် ဖြောင့်မတ်လမ်းစဉ်အတွက် အောင်မြင်မှုကိုရရှိစေခဲ့ပြီး လောကအသစ်အား ခွဲဝေရာတွင် သူတို့သည် ကြီးမားသည့်အပိုင်းကိုရနိုင်မည်ဖြစ်ပြီး လုပ်ပိုင်ခွင့်လည်းပိုရမည်ဖြစ်ပါသည်။
ချင်ရှန်းဝူ၏ပြောကြားချက်အရ လောကအသစ်သည် ဖြောင့်မတ်လမ်းစဉ်က ၆၀ရာခိုင်နှုန်းပိုင်နက် ရရှိမည်ဖြစ်ကာ နတ်ဆိုးလမ်းစဉ်သည် လေးဆယ်ရာခိုင်နှုန်းရရှိမည်ဖြစ်ပါသည်။
၎င်းသည် လောကအသစ်ဖြစ်သည့်အလျှောက်၊ အတွင်းတွင်ရှိနိုင်သောသယံဇာတများနှင့် အခွင့်အလမ်းများသည် များပြားသည်ဟု မျှော်လင့်ထားနိုင်ပါသည်။
ကျောက်ထျန်းဖန်အရေးတကြီးလိုအပ်နေသည့် ကိုးရောင်ခြယ်ကြာပွင့်သည်လည်း ထိုအတွင်းတွင် ရှာဖွေတွေ့ရှိနိုင်ပါသည်။
၎င်းသည် ဖြောင့်မတ်လမ်းစဉ်မဟာမိတ်အတွင်းတွင် အမျိုးမျိုးသော ဂိုဏ်းများနှင့် မိသားစုများကို ခွဲဝေရန်အတွက် အငြင်းပွားစရာများဖြစ်လာစေခဲ့သည်။
ကံကောင်းစွာပင် ဟောက်ရန်ဂိုဏ်းသည် စစ်ပွဲတွင် ကောင်းမွန်စွာစွမ်းဆောင်နိုင်ခဲ့သောကြောင့် အောင်မြင်မှုအတွက် အရေးကြီးသည့်အပိုင်းကိုရခဲ့ပါသည်။
ရလဒ်အနေဖြင့် ဟောက်ရန်ဂိုဏ်းနှင့် မိုးကြိုးချိုင့်ဝှမ်းတို့သည် ဆုလဒ်အဖြစ်လောကအသစ်၏ ဆယ်ရာခိုင်နှုန်းကိုရရှိခဲ့လေသည်။
ဆယ်ရာခိုင်နှုန်းသည် သေးငယ်သည်ဟု ထင်မြင်ရသော်လည်း ထိုဧရိယာသည် ကျယ်ပြောပါသည်။
၎င်းသည် လက်ရှိဟောက်ရန်ဂိုဏ်းနှင့် မိုးကြိုးချိုင့်ဝှမ်းတို့ပူးပေါင်းထားသည့်ပိုင်နက်ထပ်ပင် ဒါဇင်ပေါင်းများစွာ အဆပေါင်းများစွာကြီးမားပါသည်။
သို့ရာတွင် ဟောက်ရန်ဂိုဏ်းနှင့် မိုးကြိုးချိုင့်ဝှမ်း တို့သည် လောကသစ်၏နေရာကို စောင့်ကြပ်ရန် အတူပူးပေါင်း၍ စွန့်စားသွားလာကာ သူတို့၏ပိုင်နက်အစစ်အမှန်ကို သူတို့ကိုယ်တိုင်ရှာဖွေရန် လိုအပ်ပါသည်။
ဖြောင့်မတ်လမ်းစဉ်၏မဟာမိတ်အတွင်းတွင် အခြားဂိုဏ်းနှင့် မိသားစုများလည်း အတူတူပင် ဖြစ်သည်။
ထို့ကြောင့် ဖြောင့်မတ်လမ်းစဉ် သို့ နတ်ဆိုးလမ်းစဉ်များတွင် မည်သည့် တာအိုပေါင်းစည်းခြင်း အဆင့်ကျင့်ကြံသူများမှလောကသစ်သို့မဝင်ရောက်ရန် သဘောတူထားကြလေသည်။
စည်းမျဉ်းထဲတွင် ပူးပေါင်းဆုံးဖြတ်သည့်လောကသစ်အားပိုင်နက်ခွဲခြားရာ၌ မည်သည့် အကြမ်းဖက်မှုမဆို ရန်စသည့်ဘက်မှ အရည်အချင်းမပြည့်မီဟု ဆုံးဖြတ်မည်ဖြစ်သည်။
ထို့ကြောင့်။
ထိုလောကသစ်အားရှာဖွေခြင်းသည် ဟောက်ရန်ဂိုဏ်းနှင့် မိုးကြိုးချိုင့်ဝှမ်းအတွက် အရေးကြီးသည့် အခြေခံအကျိုးအမြတ်တစ်ခုဖြစ်ပေသည်။
သူတို့သည် ထိုနေရာတွင် အင်အားကုန်စိုက်ထုတ်ရမည်ဖြစ်သည်။
***