ကောင်စီခန်းမထဲမှ အစည်းအဝေး
Vol. 46 Ch. 861
ထိုအကြောင်းကိုကြားလျှင် ကျန်းချန်ရွှမ်နှင့် အခြားသူများသည် အခြေအနေကို နားလည်သွားကြသည်။
အထူးသဖြင့် ၎င်းသည် လောကသစ်အားပျိုးထောင်ခြင်းနှင့်ဆင်တူကာ တိုင်ကိုမြင့်မြင့်စိုက်ရမည် ဖြစ်ပြီး ပြိုင်ပွဲသည် ပို၍ပြင်းထန်မည်ဖြစ်သည်။
“ကောင်းပါပြီ ဆရာ။ ကျွန်မတို့ဖြောင့်မတ်လမ်းစဉ်က အင်အားစုတွေက လောကသစ်ရဲ့ မြစ်တွေ၊ ချောင်းတွေ၊ တောင်တွေနဲ့ တန်ဖိုးရှိတဲ့နေရာကို မရှင်လင်းသေးဘူးမလား? ကျွန်မတို့အဲ့ဒါတွေကို တဖြည်းဖြည်းနဲ့ရှာဖွေရမှာလား?”
ရှီရှန်းယောင်သည် ရုတ်တရက် မေးခွန်းကိုမေးလိုက်ရာ ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ကျောက်ထျန်းဖန်တို့သည် ချင်ရှန်းဝူထံသို့ အာရုံပြန်စိုက်လိုက်ကြသည်။
အမှန်တကယ်ပင်။
အပိုင်းများကိုပေးကာ ထိုလောကသစ်ကိုရှာဖွေရန်မှာ ထိုနေရာအကြောင်းကိုဘာမှမသိထားခြင်းက မကောင်းနိုင်ပါ။
မဟုတ်လျှင် သူတို့သည် သူတို့၏ကောင်းကင်ရေတံခွန်ဂိတ်နယ်ပယ်၏ စကေးနှင့် အဆင့်များကို လောကသစ်နှင့် နှိုင်းယှဉ်ကာ အတည်ပြုနိုင်မည်မဟုတ်ပါ။
ချင်ရှန်းဝူကလည်း သူတို့၏အတွေးကိုအတည်ပြုပေးလိုက်သည်။
မျှော်လင့်ထားသလိုပင်၊ ကောင်းကင်ရေတံခွန်ဂိတ်နယ်ပယ်တွင်ရှိသော အမျိုးမျိုးသော အင်အားစုများနှင့် အရှင်သခင်ဂိုဏ်းများက သေချာသည့်တန်ဖိုးရှိသောနေရာများနှင့် မိုင်းတွင်းကြောများ၏ တည်နေရာအပါအဝင် လောကသစ်၏အကြောင်းကို နားလည်မှုအချို့ ရှိနေပြီ ဖြစ်ပေသည်။
ဂိုဏ်းများစုစည်းရသည့် အကြောင်းအရင်းမှာ ထိုအကြောင်းအရင်းကြောင့်သာဖြစ်ပါသည်။
ဂိုဏ်းမှ ထိုတည်နေရာများကို လျှင်မြန်စွာဖြင့် ယူနိုင်ပြီး ဂိုဏ်း၏ကိုယ်စား အကာအကွယ်အစီအရင် ကို တည်ထောင်ရန် ရွေးချယ်ထားသောသူများနှင့် မျှဝေပေးမည်ဖြစ်ပါသည်။
သူတို့၏ဂိုဏ်းမှ အကာအကွယ်အစီအရင်ကို ချမှတ်ပြီးမှသာ အခြားဂိုဏ်းနှင့် မိသားစုများက သူတို့အပိုင်နေရာအဖြစ် အသိအမှတ်ပြုမည်ဖြစ်သည်။
မဟုတ်လျှင် အကယ်၍ သူတို့၏လူများသည် ထိုနေရာတွင်ရှိနေလျှင်ပင် အကာအကွယ် အစီအရင်မရှိလျှင် ထိုဧရိယာသည် ပြိုင်ဆိုင်ခွင့်ရှိနေပါသေးသည်။
ချင်ရှန်းဝူ၏ရှင်းပြချက်ကိုကြားလျှင် လူတိုင်းသည်နောက်ဆုံး၌ ထိုခရီး၌ပြုလုပ်ရမည့် မစ်ရှင်အကြောင်းကို နားလည်သွားကြသည်။
“သေချာပါတယ် လောကသစ်က အရမ်းကျယ်ပြောတာကြောင့် ငါတို့မရှာတွေ့သေးတဲ့ အရမ်းကောင်းတဲ့နေရာတွေကျန်နေမှာ သံသယဝင်စရာမရှိဘူး။
အဲ့ဒီနေရာတွေနဲ့ သယံဇာတတွေကို မင်းတို့ ရှာဖွေပြီး စောင့်ကြပ်ဖို့လိုအပ်လိမ့်မယ်။
ဒါကလည်း မင်းတို့လောကသစ်ဆီသွားတဲ့လမ်းမှာ အရေးကြီးတဲ့ တာဝန်တစ်ခုပဲ။”
ချင်ရှန်းဝူကထပ်မံ၍ပြောလိုက်သည်။
ထိုသို့ဖြင့် ချင်ရှန်းဝူသည် လူတိုင်းကိုကြည့်လိုက်ကာ နောက်ဆုံး၌ အပြုံးဖြင့်ပြောလိုက်သည်။
“ကောင်းပြီ။ ဒါကအဓိကအချက်ပဲ။ ဂိုဏ်းရဲ့ကောင်စီခန်းမစီသွားပြီး အသေးစိတ် စီစဉ်ထားတာတွေကို သွားနားထောင်လိုက်ပါ။
ဂိုဏ်းချုပ်ရွယ်က မင်းတို့ကို အသေးစိတ်သတင်းအချက်အလက်ကိုပြောပြပါလိမ့်မယ်။”
ကျန်းချန်ရွှမ်နှင့် အခြားသူတို့သည် အကြည့်ချင်းဖလှယ်လိုက်ကြကာ သဘောတူ၍ ခေါင်းညိတ်လိုက်ပြီး သူ၏ဂူထဲမှ ထွက်ခွာသွားခဲ့သည်။
ချင်ရှန်းဝူ၏ဂူမှ ထွက်ခွာလာပြီးနောက်၊ ထိုအုပ်စုသည် အချင်းချင်းကြည့်လိုက်ကြပြီး တုံ့ဆိုင်းခြင်းမရှိဘဲ ကောင်စီခန်းမသို့ သွားလိုက်လေတော့သည်။
ခနအကြာတွင်။
ကျန်းချန်ရွှမ်နှင့် သူတို့အုပ်စုသည် ကောင်စီခန်းမထဲသို့ဝင်လိုက်ကြပြီး သူတို့သည် များစွာသော ရင်းနှီးသည့်မျက်နှာများနှင့် ပြည့်နေသည်ကို တွေ့သွားကြလေကာ အကြီးအကဲယွမ်ဖန်၊ ချီယန်၊ ဝမ်တောက်နှင့် အခြားသူများကို တွေ့လိုက်ရလေသည်။
“ဆရာ။” ကျန်းအန်းရန်သည် လူအုပ်ထဲမှ ရုတ်တရက်ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်ရွှမ်နှင့် အခြားသူများကို ချဉ်းကပ်လိုက်ကြလေသည်။
များစွာသော ဟောက်ရန်ဂိုဏ်း၏တပည့်များက သူမနှင့် အတူ လာပြီး ကျန်းချန်ရွှမ်နှင့် သူတို့အဖွဲ့အားတွေ့လျှင် ဦးညွတ်ကာနှုတ်ဆက်လိုက်ကြသည်။
“နှုတ်ဆက်ပါတယ်။ အကြီးအကဲကျန်း၊ အကြီးအကဲရှန်း၊ အကြီးအကဲရှီ၊ အကြီးအကဲကျောက်။”
ကျန်းချန်ရွှမ်သည်ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။
ပြီးနောက်တွင် သူနှင့် ရှန်းရူယန်တို့သည် ကျန်းအန်းရန်အား အာရုံစိုက်လိုက်လေသည်။ မကြာသေးမီက ဖြောင့်မတ်လမ်းစဉ်နှင့်နတ်ဆိုးလမ်းစဉ်တို့၏ စစ်ပွဲထဲတွင် ကျန်းအန်းရန်၏ ကျင့်ကြံခြင်းသည် ဗလာနယ်ပြန်အဆင့်သို့ထိုးဖောက်နိုင်တော့မည့်အဆင့်သို့ ရောက်လာခဲ့ လေသည်။ သူသည် ထိုးဖောက်နိုင်ရန်အတွက် အချိန်သိပ်လိုတော့မည်မဟုတ်ပေ။
“အန်းရန်၊ မင်းငါတို့နဲ့အတူနေပါ။” ကျန်းချန်ရွှမ်ကပြောလိုက်ပြီး ကျန်းအန်းရန်၏ဘေးမှတပည့်များကိုကြည့်ကာ သူသည် ထပ်မံ၍ပြောလိုက်သည်။ “အကယ်၍ မင်းရဲ့တာအိုရောင်းရင်းတို့ဆန္ဒရှိရင်လည်း ငါတို့နဲ့ပူးပေါင်းနိုင်ပါတယ်။”
“တကယ်လား?”
“တကယ်လား?” သူတို့၏မျက်နှာများသည် အံ့ဩဝမ်းသာမှုများဖြင့် တောက်ပသွားခဲ့သည်။
သူတို့သည် ဟောက်ရန်ဂိုဏ်းတွင် ကျန်းချန်ရွှမ်က မည်သည့်နေရာတွင်ရှိသည်ကို သတိပြုမိကြပါသည်။
ကောလဟသများသည် သူ၏စွမ်းအားက တာအိုဖွဲ့စည်ခြင်းကျင့်ကြံသူများကိုပင်ယှဉ်တိုက်နိုင်ပြီး များစွာသောနတ်ဆိုးသူတော်စင်များက သူ၏လက်ထဲတွင် ကျဆုံးသွားရသည်ဟု ဆိုပါသည်။
ထိုကဲ့သို့ကျော်ကြားသည့်ပုံရိပ်ဖြင့် သိကျွမ်းရခြင်းသည် အနာဂတ်မှာတောက်ပလာနိုင်ပါသည်။
ကျန်းအန်းရန်သည် ထိုအပြုအမူကြောင့်ရင်ထဲထိသွားရသည်။ သူ၏ဆရာသည် သူမအတွက် အကူအညီဖြစ်ရန် ထိုသို့ပြုလုပ်သည်ကိုနားလည်ပါသည်။
အဆုံး၌ လူတစ်ဦး၌ ထောက်ပံ့ပေးသည့်သူတစ်ဦးရှိခြင်းက ခရီးကိုပို၍ချောမွေ့စေမည် ဖြစ်ပေသည်။
အခြားရင်းနှီးသည့် ဂိုဏ်းထဲမှအဖွဲ့ဝင်များနှင့် နှုတ်ဆက်ကြပြီး သူတို့၏ထိုင်ခုံကိုရှာလိုက်ကြသည်။ ဂိုဏ်းခေါင်းဆောင် ရွယ်ပင်း၊ အကြီးအကဲချုပ် လန်ယွဲ့ဟွား၊ အကြီးအကဲချုပ်သူတော်စင် အထွတ်ထိပ်နှင့် အခြားသူများသည် တစ်ယောက်ပြီးတစ်ယောက်ဝင်ရောက်လာရန် အချိန်သိပ်မကြာလိုက်ပါ။
သူတို့၏တည်ရှိမှုသည် ယခင်ကဆူညံနေသည့်ခန်းမအားတိတ်ဆိတ်သွားစေပြီး အားလုံး၏ အာရုံသည် ရွယ်ပင်း၊ လန်ယွဲ့ဟွားနှင့် အခြားအဆင့်မြင့်ဂိုဏ်းခေါင်းဆောင်များဆီသို့ ရောက်သွားခဲ့သည်။
ထိုအချိန်တွင် ဂိုဏ်းချုပ်ရွယ်ပင်းသည် ပထမဆုံးစကားပြောလိုက်ပေသည်။
“အားလုံးကိုဒီနေရာမှာစုစည်းလိုက်ရတာက တချို့ကတော့အကြောင်းအရင်းကို ခန့်မှန်းနိုင်ကြပါလိမ့်မယ်။
တကယ်ပဲ၊ ဒီစုဝေးပွဲက လောကသစ်အကြောင်းပါ။”
ဂိုဏ်းချုပ်ရွယ်သည် လောကသစ်ထဲစွန့်စားသွားလာခြင်း၏အရေးကြီးပုံနှင့် ရှိနေသည့် အရာများအတွက် ပိုင်နက်များအတွက်ပြိုင်ဆိုင်ရန်တို့ကို ပြောပြနေခဲ့သည်။
လူတိုင်းသည် အစ၌ အံ့အားသင့်ကာ ရှုပ်ထွေးနေကြသော်လည်း နောက်ပိုင်းတွင် စိတ်လှုပ်ရှားလာကြပေသည်။
ရှင်းလင်းစွာပင် လူတိုင်းက မရှာဖွေရသေးသည်လောကသစ်တွင် အခွင့်အလမ်းများစွာ ရှိနေကြောင်း နားလည်ကြပါသည်။
ထိုစွန့်စားမှုသည် အချို့တက်ရောက်သူများအတွက် ဘဝကိုပင်ပြောင်းလဲသွားစေသော အခွင့်အရေးဖြစ်နိုင်သည်ဟုပြောလျှင် ချဲ့ကားရာမကျပါ။
ရှားပါးပြီးတန်ဖိုးရှိသည့်ပစ္စည်းများအားစောင့်ရှောက်ခြင်းသည် တစ်စုံတစ်ဦးကိုအလွန်မြင့်မားသော နေရာသို့ မြင့်တင်ပေးနိုင်ပါသည်။
ဂိုဏ်းချုပ်ရွယ်သည် ဆက်လက်၍ ပြောလိုက်ပြီးလောကသစ်တွင် လိုက်နာရမည့်သတိပေးချက်နှင့် စည်းမျဉ်းများကို ပြောပြနေကာ ကျန်းချန်ရွှမ်နှင့်အခြားသူတို့အား ချင်ရှန်းဝူပြောပြသည့် အရာများပင် ဖြစ်ပါသည်။
နောက်ဆုံးတွင် ရွယ်ပင်းက လူတိုင်းကို ပတ်ကြည့်လိုက်ကာ တဖြည်းဖြည်းချင်းပြောလိုက်သည်။
“အခု အားလုံးပဲ အတွေးအမြင်တစ်ခုခုရှိလား သို့ ဒီမစ်ရှင်ကနေထွက်ချင်လား? ဒီလိုဆိုရင် အခုပဲမတ်တပ်ရပ်လိုက်ပါ။ ဂိုဏ်းက မင်းတို့ရဲ့ဆုံးဖြတ်ချက်အတွက် အပစ်တင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဘယ်သူမဆို လောကသစ်ထဲဝင်ပြီး အမိန့်တွေကိုမလိုက်နာဘူး။ ဂရုမစိုက်ပဲပြုမူမယ် သို့မဟုတ် အကြမ်းဖက်မယ်ဆိုရင် ဂိုဏ်းကမညှာတာလို့ အပစ်မပြောပါနဲ့။”
ထိုသို့သောသူများအားသက်ညှာပေးလိမ့်မည်မဟုတ်ပါ။
သူ၏စကားပြီးနောက်တွင် ဂိုဏ်းချုပ်ရွယ်ပင်းသည် အချိန်အနည်းငယ်စောင့်လိုက်ပြီး မစ်ရှင်မှ ထွက်ခွာရန် မည်သူမှ မတ်တပ်မရပ်ကြပေ။
***