အထူးမစ်ရှင်၊ မူလတာအိုမြေကို ရှာဖွေခြင်း
Vol. 46 Ch. 862
ရှင်းလင်းစွာပင်၊ လောကသစ်အားရှာဖွေခြင်းနှင့်ပက်သက်၍ မည်သည့်လူတစ်ဦးမှ ထွက်ခွာလိုစိတ် မရှိကြပေ။
ရွယ်ပင်းနှင့် အခြားသူများသည် ထိုအဖြေကိုကြိုတင်မျှော်လင့်ထားသကဲ့သို့ အနည်းငယ် ခေါင်းညိတ်လိုက်ကြသည်။
“ဒီလိုဆိုရင် လာမဲ့လောကသစ်ခရီးအတွက် စီစဉ်ထားတာကိုပြောပါရစေ။
ငါတို့ဟောက်ရန်ဂိုဏ်းက ဒီစူးစမ်းရေးခရီးအတွက် မိုးကြိုးချိုင့်ဝှမ်းနဲ့ အင်အားစုတွေ ပူးပေါင်းမှာဖြစ်ပါတယ်။
ငါတို့အသင်းရဲ့ခေါင်းဆောင်က ငါတို့ဂိုဏ်းနဲ့ မိုးကြိုးချိုင့်ဝှမ်းက တာအိုဖွဲ့စည်းခြင်းအကြီးအကဲတွေ ဖြစ်ပါလိမ့်မယ်။
မင်းတို့က သူတို့ရဲ့ညွှန်ကြားချက်ကို လိုက်ဖို့ပဲလိုပါတယ်။”
ထိုသို့ဖြင့် ရွယ်ပင်းသည် ရှိနေသည့်လူတိုင်းနှင့် အသေးစိတ်အချက်အလက်ကိုမျှဝေကာ ပြီးနောက် ထပ်မံ၍ထည့်လိုက်သည်။
“အကယ်၍ မေးခွန်းမရှိတော့ရင်၊ ငါတို့လောကသစ်ကိုစူးစမ်းမဲ့ခရီးက တစ်လအကြာမှာ ထွက်ခွာပါမယ်။”
တက်ရောက်သူအများစု ထွက်ခွာသွားသောအခါ ရွယ်ပင်းနှင့် လန်ယွဲ့ဟွားတို့သည် အခြားစီနီယာမျာနှင့်အတူ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ အားနေခဲ့ရန် ပြောလိုက်လေသည်။
“စစ်သည်တော်တူလေးကျန်း၊ စစ်သည်တော်တူမရှန်း၊ ခနစောင့်ပါဦး။”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည်လည်း ခေါင်းညိတ်လိုက်ကြသည်။
ခန်းမက ရှင်းလင်းသွားသည်နှင့် ရွယ်ပင်းနှင့် လန်ယွဲ့ဟွားတို့သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ဖက်သို့ လှည့်ကြည့်လိုက်သည်။ အခြားသူတော်စင်ထွတ်ထိပ်နှင့် သူတော်စင်များသည် သိချင်စိတ်ဖြင့် ကြည့်နေကြလေသည်။
“အဟွတ်..အဟွတ်…
ရုတ်တရက် ရွယ်ပင်းသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အားမပြောခင် ချောင်းဟန့်လိုက်သည်။
“ငါတို့မင်းတို့ကိုနေခဲ့ဖို့ပြောရတဲ့အကြောင်းက မင်းတို့ကိုပေးချင်တဲ့ အထူးမစ်ရှင်တစ်ခုရှိလို့ပါ။”
“အထူးမစ်ရှင်လား?”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အနည်းငယ်ကြောင်အသွားကြသည်။
“မှန်တယ်။”
ရွယ်ပင်းသည် ခေါင်းညိတ်လိုက်သည်။
သူသည်စကားပြောရင်း သူ၏ခန္ဓာကိုယ်မှ ကျောက်စိမ်းပြားတစ်ခုကိုထုတ်လိုက်ပြီး ကျန်းချန်ရွှမ် ဆီသို့ လွဲပေးလိုက်လေသည်။
“ငါတို့လေ့လာမှုအရ၊ လောကသစ်ထဲမှာ မူလတာအိုမြေဆိုတဲ့နေရာတစ်ခုကို ရှာဖွေတွေ့ရှိထားတယ်။
ရိုးရိုးရှင်းရှင်းပြောရရင်၊ အဲ့တာက တာအိုကိုနားလည်နိုင်ဖို့နေရာတစ်ခုပဲ။
ကျင့်ကြံသူတွေက အဲ့ဒီနေရာမှာ တာအိုရဲ့စည်းမျဉ်းတွေကိုနားလည်စေနိုင်တဲ့ ကြီးမားတဲ့ အကျိုးကျေးဇူးတွေရှိတယ်။
လက်ရှိမှာ ငါတို့ဟောက်ရန်ဂိုဏ်းနဲ့ မိုးကြိုးချိုင့်ဝှမ်းတစ်ခုပဲ ဒီသတင်းကို သိသေးတယ်။
မင်းတို့ရဲ့တာဝန်က လောကသစ်ထဲကိုဝင်တဲ့အခါ ဒီမူလတာအိုမြေကိုရှာပြီး အကာအကွယ် အစီအရင်ကိုချပြီး ငါတို့ဂိုဏ်းနဲ့မိုးကြိုးချိုင့်ဝှမ်းတို့ရဲ့ ပိုင်နက်သတ်မှတ်ဖို့ပဲ။”
ရွယ်ပင်း၏ရှင်းပြချက်ကိုကြားလျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သိသာစွာနောက်ဆုတ်သွားကြသည်။
သူတို့သည် ထိုသို့အရေးကြီးသည့်တာဝန်ကိုပေးအပ်ခံရလိမ့်မည်ဟု မထင်ထားကြပေ။
ရွယ်ပင်း၏ရှင်းပြချက်၌ မူလတာအိုမြေသည်မည်မျှအရေးကြီးကြောင်း ရှင်းလင်းနေပါသည်။
ထိုသို့သောနေရာမှ ရရှိမည့်အကျိုးအမြတ်မှာ မဟာယနတာအိုအရှင်ကိုပင် ဆွဲဆောင်နိုင်သည်မှာ သံသယဝင်စရာမရှိပါ။
သို့ရာတွင်၊ မေးခွန်းများသည်ပေါ်ထွက်လာသည်။ ထိုအရေးကြီးသည့်နေရာအား ရှာဖွေရန် ပို၍သန်မာသောတာအိုဖွဲ့စည်းခြင်းသူတော်စင်အား ပေးအပ်ခြင်းမပြုရပါသနည်း?
ပြီးနောက် အကယ်၍ ယေဘုယျနေရာပတ်ဝန်းကျင်အား ရှာတွေ့ပြီးပြီဆိုလျှင် အဘယ်ကြောင့် ထပ်မံ၍ ရှာဖွေရန်လိုအပ်ပါသနည်း?
ထိုနေရာသည် ကိုယ်တိုင်ရွေ့လျားနေနိုင်ခြင်းဖြစ်ပါသလား?
သူတို၏ရှုပ်ထွေးနေမှုကို နားလည်ပုံဖြင့် ရွယ်ပင်းသည် ထပ်မံ၍ရှင်းပြလိုက်သည်။
“ပွင့်ပွင့်လင်းလင်းပြောရရင်၊ အစကမူလတာအိုမြေရဲ့တည်နေရာက အကြမ်းဖျင်းပဲရှိသေးတယ်။
အဲ့တုန်းက အခြေအနေအရ ငါတို့က တည်နေရာအတိအကျကို မပြောနိုင်သေးဘူး။
မှတ်ထားပါ။ လောကသစ်ကို ပထမဆုံးဝင်ရောက်မဲ့စူးစမ်းလေ့လာသူတွေက ငါတို့ဟောက်ရန်ဂိုဏ်းနဲ့ မိုးကြိုးချိုင့်ဝှမ်းက လူတွေပဲမဟုတ်ဘဲ ဖြောင့်မတ်လမ်းစဉ်နဲ့ နတ်ဆိုးလမ်းစဉ်က တာအိုဖွဲ့စည်ခြင်းကျင့်ကြံသူတွေလည်း ပါတယ်။
ငါတို့ဆီက ဖော်ပြချက်အနည်းငယ်ကလည်း အခြားသူတွေကို မူလတာအိုမြေရဲ့တည်ရှိမှုအကြောင်း သတိပေးသလိုဖြစ်သွားနိုင်တယ်။”
အကျဉ်းချုပ်ရှင်းပြပြီးနောက် ရွှယ်ပင်းက ဆက်လက်၍ပြောလိုက်သည်။
“မင်းတို့ကိုပို့ရတဲ့အကြောင်းအရင်းက တကယ်တော့ မင်းတို့ရဲ့ဆရာက အကြံပေးလို့ပါ။”
“ကျွန်တော်တို့ဆရာက အကြံပြုတယ်လား?” ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အံ့အားသင့်သွားပုံပေါ်ပါသည်။
ချင်ရှန်းဝူသည် ထိုအကြောင်းကို သူတို့ရှန်းဝူတောင်ထိပ်တွင်ရှိစဉ်က လုံးဝမပြောခဲ့ပါ။
ရွယ်ပင်းက ထပ်၍ပြောလိုက်သည်။ “ဒါ့အပြင်၊ အရေးကြီးဆုံးအချက်က မင်းတို့ရဲ့စွမ်းအားက လုံလောက်မှုရှိလို့ပဲ။
လောကသစ်ထဲဝင်ပြီးရင် အကြီးအကဲချုပ်လန်ယွဲ့ဟွားနှင့် သူတော်စင်ထွတ်ထိပ်တို့က အခြားအရေးကြီးတဲ့တာဝန်တစ်ခုရှိတယ်။
ဒါ့အပြင် မူလတာအိုမြေက သူ့ရဲ့နာမည်လိုပဲ တာအိုဖွဲ့စည်းခြင်းကျင့်ကြံသူချဉ်းကပ်သွားရန် သူတို့က အထဲကတာအိုစည်းမျဉ်းနိယာမနဲ့ တိုက်မိပြီး သက်ဆိုင်ရာအခြေအနေကို ထွက်လာစေလိမ့်မယ်။
အကယ်၍ အဲ့လိုဖြစ်ရင် သူများတွေရဲ့အာရုံစိုက်မှုကိုရပြီး ငါတို့အဲ့ဒီနေရာကိုရနိုင်ဖို့အတွက် ခက်ခဲစေလိမ့်မယ်။
ဒါပေမဲ့ မင်းတို့နှစ်ယောက်အတွက်က ကွာခြားတယ်။ ဗလာနယ်ပြန်ကျင့်ကြံသူအနေနဲ့ အဲ့ဒီ မူလတာအိုမြေကို ချဉ်းကပ်သွားရင် တုံ့ပြန်မှုရှိမှာမဟုတ်ဘူး။
မင်းတို့ရဲ့ မမျှော်လင့်ထားတဲ့အခြေအနေတွေကို ကိုင်တွယ်ဖို့အတွက် လုံလောက်တဲ့စွမ်းအား ရှိတာပါ ထည့်ပေါင်းလိုက်ရင် မင်းတို့က ဒီတာဝန်အတွက် အသင့်တော်ဆုံးသူတွေပဲ။
ရွယ်ပင်း၏ရှင်းပြချက်ကိုကြားလျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် နောက်ဆုံး၌ သူတို့၏ ဂူပိတ်ကျင့်ကြံခြင်း၏နောက်ကွယ်မှရည်ရွယ်ချက်အား နားလည်သွားကြသည်။
သူတို့သည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး ရွယ်ပင်းအားအတူတူပင်ခေါင်းညိတ်ပြလိုက်သည်။
“ဂိုဏ်းချုပ်၊ ကျွန်တော်တို့ မစ်ရှင်ကိုလက်ခံပါတယ်။”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည်သဘောတူသည်ကိုမြင်လျှင် ရွယ်ပင်း၊ လန်ယွဲ့ဟွားနှင့် အခြားသူများ၏မျက်နှာတွင် အပြုံးများပေါ်လာကြလေသည်။
ရွယ်ပင်းက ကျေနပ်စွာခေါင်းညိတ်လိုက်ပြီးပြောလိုက်သည်။ “ငါတို့ လူကဲခတ်မမှားခဲ့ဘူးပဲ။
စိတ်ချပါ။ ဒီမစ်ရှင်က အရေးကြီးတယ်။ ပြီးတော့ ငါတို့မင်းတို့ကို မလိုအပ်တဲ့စွန့်စားမှုတွေ မလုပ်ခိုင်းပါဘူး။ ဒါ့အပြင် မစ်ရှင်က ပြည့်စုံသွားတာနဲ့ ငါတို့ဂိုဏ်းနှစ်ခုစလုံးက ကြီးမားတဲ့ ဆုလဒ်တွေ ပြင်ဆင်ပေးမှာပါ။”
ကျန်းချန်ရွှမ်သည်ချက်ခြင်းပင်ခေါင်းခါလိုက်သည်။
“စစ်သည်တော်ဦးလေးရွယ် ကျွန်တော်တို့ကိုချဲ့ကားလွန်းနေပါပြီ။
ဟောက်ရန်ဂိုဏ်းနဲ့ မိုးကြိုးချိုင့်ဝှမ်းကကျင့်ကြံသူတွေအနေနဲ့ ဒါကဂိုဏ်းအတွက် ကျွန်တော်တို့ လုပ်ရမဲ့အလုပ်ပါ၊ စစ်သည်တော်ဦးလေးရွယ် ဒီလိုလုပ်စရာမလိုပါဘူး။”
ရွယ်ပင်းနှင့် အကြီးအကဲချုပ်များ တာအိုဖွဲ့စည်းခြင်းသူတော်စင်များအပါအဝင် အခြားသူများသည် ကျန်းချန်ရွှမ်၏တုံ့ပြန်မှုကြောင့် ဝမ်းသာသွားကြသည်။
ရွယ်ပင်းသည် သူ၏ခန္ဓာကိုယ်မှ သိုလှောင်လက်စွပ်ကိုယူပြီး သူတို့နှစ်ဦးအား ပေးလိုက်လေသည်။
“သိုလှောင်လက်စွပ်ထဲမှာ မင်းတို့အတွက် ငါတို့ပြင်ဆင်ထားပေးတဲ့ အကာကွယ်ရတနာတစ်ချို့ ရှိတယ်။ အရေးအကြီးဆုံးက ဂိုဏ်းနှစ်ခုပေါင်းပြီး သန့်စင်ထားတဲ့ အဆင့် ၈ အကာအကွယ် အစီအရင်ချပ်ပြားဝိုင်းတစ်ခုဖြစ်တဲ့ ဟောက်ရန်နတ်မိုးကြိုးအစီအရင် ရှိတယ်။
မင်းတို့မူလတာအိုမြေကိုရောက်တာနဲ့ အစီအရင်ကိုချလိုက်ပြီးရင် အားလုံးက အကာအကွယ်ထဲ ရောက်သွားလိမ့်မယ်။
ပြီးတော့လည်း ကျောက်စိမ်းပြားထဲမှာ မူလဝိညာဉ်မြေရဲ့ သတင်းအချက်အလက်အသေးစိတ်ကို ပေးထားတယ်။
မင်းတို့ အကြီးအကဲလန်နဲ့အခြားသူတွေနဲ့ လောကသစ်ကိုဝင်တာနဲ့ မင်းတို့က သူတို့နဲ့အတူတူ နေစရာမလိုဘူး။ ကိုယ်ဟာကိုယ်ပဲ သူတို့နဲ့ခွဲထွက်ဖို့အချိန်ရှာလိုက်ပါ။”
ညွန်ကြားချက်တစ်ချို့နဲ့ အသေးစိတ်အချက်အလက်များကိုရရှိပြီးနောက်၊ ကျန်းချန်ရွမ်နှင့် ရှန်းရူယန်တို့သည် ရွယ်ပင်းနှင့်အခြားသူများကိုနှုတ်ဆက်လိုက်ပြီး သူတို့၏ တိမ်တိုက်မြူတောင်ထိပ်သို့ ယာယီပြန်လာခဲ့လေသည်။
တစ်လသည်လျှင်မြန်စွာကုန်လွန်သွားခဲ့သည်။
သဘောတူထားသည့်အချိန်သို့ရောက်သည်နှင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် နှောင့်နှေးမနေပဲ လျှင်မြန်စွာဖြင့် ကျန်ရှိနေသည့် တာအိုရောင်ရင်းများနှင့် ညီအစ်ကိုများနှင့် သွားရောက် ပူးပေါင်းလိုက်ကြသည်။
***