← Chapters

။ ရန်ငြိုးအကြည့်၊ လောကသစ်သို့ဝင်ရောက်ခြင်း

Vol. 46 Ch. 863

။ ရန်ငြိုးအကြည့်၊ လောကသစ်သို့ဝင်ရောက်ခြင်း

Vol. 46 Ch. 863

ထိုအချိန်တွင် များစွာသောရှိန်လောက်သည့်တည်ရှိမှုများသည် ကောင်းကင်ပေါ်မှဆင်းလာခဲ့ပြီး ကျန်းချန်ရွှမ်နှင့် လူအားလုံးကကြည့်လိုက်လေသည်။

သူတို့သည် ဂိုဏ်းချုပ်ရွယ်ပင်း၊ အကြီးအကဲချုပ်လန်ယွဲ့ဟွား၊ အကြီးအကဲချုပ်သူတော်စင်ထွတ်ထိပ်နှင့် အခြားသူများသည် တပြိုင်နက်ထဲပေါ်လာခဲ့လေသည်။

ချက်ခြင်းပင်၊ လူတိုင်းသည် ဦးညွတ်လိုက်လေသည်။

ရွယ်ပင်းနှင့် အခြား စီနီယာအကြီးအကဲများသည် ခေါင်းညိတ်ကာတုံ့ပြန်လိုက်ကြသည်။

အချိန်မဖြုန်းတော့ပဲ သူသည် ကြီးမားသည့်သင်္ဘောများကိုဆင့်ခေါ်လိုက်ပြီး လူတိုင်းအား တင်ခေါ်လိုက်လေသည်။ ထိုသင်္ဘောများသည် လောကသစ်၏ဝင်ပေါက်သို့လျှင်မြန်စွာဖြင့် ရောက်သွားခဲ့လေသည်။

ထိုအချိန်တွင် ထိုနေရာ၌ ကောင်းကင်ရေတံခွန်ဂိတ်နယ်ပယ်နှင့် လောကသစ်ကို ဆက်သွယ်ထားသည့်ဝင်ပေါက်တစ်ခုသာရှိပါသည်။

၎င်းသည်ဟောက်ရန်ဂိုဏ်း၊ မိုးကြိုးချိုင့်ဝှမ်း သို့ အခြားဂိုဏ်းနှင့် မိသားစုများသည် အားလုံးသည် နေရာတစ်ခုတည်းသို့ဦးတည်နေကြလေသည်။

သေချာပါသည်။

အချိန်များကုန်လွန်သွားသည်နှင့် လောကသစ်နှင့် ကောင်းကင်ရေတံခွန်ဂိတ်တို့ ကြားရှိ ဝင်ပေါက်များသည် ထပ်မံ၍ပွင့်သွားခဲ့လေသည်။

သို့ရာတွင် ကောင်းကင်ရေတံခွန်ဂိတ်မှ လူသားကျင့်ကြံသူများသည် သေချာစွာလောကသစ်အား ထိန်းချုပ်နိုင်သည်နှင့် ဝင်ပေါက်ကပြောင်းလဲသွားပါစေ အကယ်၍ ဝင်ပေါက်များသည် အခြား မျိုးနွယ်များ၏ ပိုင်နက်ဖြစ်လျှင်ပင် ထိုလောကသစ်သည် သူတို့၏ဖမ်းဆုပ်ခြင်းအတွင်းတွင်ပင် ကျန်ရှိမည်ဖြစ်ပါသည်။

ရွယ်ပင်းမောင်းနှင်လာသည့် ထိုလှေသင်္ဘောသည် အလွန်မြန်ဆန်သည့်အရှိန်ဖြင့် မောင်းနှင်လာခဲ့သည်။

အချိန်မကြာသေးမီပင် ကျန်းချန်ရွှမ်နှင့် အုပ်စုသည် မြင့်မားသောတောင်ထိပ်ပေါ်တွင် တွေ့လိုက်ရသည်။

သူ၏နတ်အသိကိုသုံးကာ ထိုဧရိယာကိုရှာဖွေလိုက်ရာ ကျန်းချန်ရွှမ်သည် လူအများစုက ထိုနေရာတွင် စုဝေးနေသည်ကို သတိပြုမိသွားသည်။

ထိုနေရာတွင် များစွာသောဂိုဏ်းများနှင့် အရှင်သခင်ဂိုဏ်းများရှိနေလေသည်။

သူတို့ကြားရှိ အနည်းငယ်စကားများဖလှယ်နေကြကာ လူတိုင်းသည် လောကသစ်၏ ဝင်ပေါက်ကိုအနီးကပ် စောင့်ကြည့်နေကြလေသည်။

ထိုကဲ့သို့ပင်။

ထိုနေရာတွင်သုံးရက်စောင့်ပြီးနောက် လူများပိုရောက်လာကြပြီး အချိန်ရောက်လာသောအခါ မဟာယာနတာအိုအရှင်များသည် နောက်ဆုံးတွင် လေဟာနယ်ထဲမှပျံသန်းလာခဲ့သည်။

များစွာလှုပ်ရှားခြင်းမရှိဘဲ သူတို့သည်မန္တာန်များကိုချမှတ်လိုက်ပြီး လေဟာနယ်ထဲတွင် ဂယက်များကို ထလာစေခဲ့သည်။

ကျန်းချန်ရွှမ်နှင့် အခြားသူများသည် ချက်ခြင်းပင် တောက်ပနေသည့်တံခါးက ဘာမှမရှိသည့် လေဟာနယ်ထဲတွင် ပေါ်လာခဲ့လေသည်။

၎င်းသည် ကောင်းကင်ရေတံခွန်ဂိတ်နှင့် ဆက်သွယ်ထားသည့်လောကသစ်ဖြစ်ပါသည်။

ရှင်းလင်းနေသည်မှာ ဝင်ပေါက်သည်အထူးသဖြင့် ကောင်းကင်ရေတံခွန်ဂိတ်နယ်ပယ်မှ ကျင့်ကြံသူများမှ အထူးတည်ငြိမ်စေရန်လုပ်ထားခြင်းဖြစ်ပြီး လောကနှစ်ခုကြားဆက်သွယ်သည့် နေရာ၌ နေရာလပ်မုန်တိုင်းများအား ပို၍တည်ငြိမ်စေရန်လုပ်ထားခြင်းဖြစ်သည်။

“အားလုံးပဲ၊ ပြင်ဆင်ထားကြပါ။ လောကနှစ်ခုကိုဆက်သွယ်ထားတဲ့ ဝင်ပေါက်ကပွင့်လာပြီ။

မင်းတို့အားလုံးပဲ မကြာမီမှာဝင်လို့ရပါပြီ။ အကြီးအကဲတွေရဲ့အနီးအနားမှာနေပြီ နောက်ကျမကျန်ခဲ့ဖို့သတိထားပါ။”

ရွယ်ပင်း၏အသံက ဟောက်ရန်ဂိုဏ်းနှင့် မိုးကြိုးချိုင့်ဝှမ်းတို့၏ဂိုဏ်းသားများနားထဲသို့ ရောက်သွားခဲ့ပြီး သူတို့အား အသင့်ဖြစ်နေစေခဲ့သည်။

သူတို့၏အုပ်စုဝင်ရောက်ရမည့်အချိန်သို့ရောက်လျှင်၊ ရွယ်ပင်းနှင့် ယွင်ရီကျန်းတို့၏အသံသည် အတူတူထွက်လာခဲ့သည်။

“သွားကြစို့။”

ဝှစ်..ဝှစ်….ဝှစ်….

ချက်ခြင်းပင် အလင်းတန်းများက ကောင်းကင်ဆီသို့ပျံဝဲတက်နေပြီး မျက်စိတမှိတ်အတွင်းတွင် ကျန်းချန်ရွှမ်နှင့်အခြားသူများသည် ရောင်စုံဝင်ပေါက်၏ရှေ့သို့ရောက်လာခဲ့လေသည်။

ထိုအချိန်တွင်၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ရုတ်တရက် အလွန်အာဏာပြင်းထန်သည့် အကြည့်တစ်ခုက သူတို့အားကြည့်နေသည်ကို တွေ့လိုက်ရလေသည်။

ထိုအကြည့်သည် အလွန်ပီရိပြီး သူတို့၏နှလုံးသားထဲတွင် သတိပေးချက်အသံမြည်သွားသကဲ့သို့ပင် ဖြစ်သွားသည်။

“ဒါက မဟာယနတာအိုအရှင်ပဲ။”

ချက်ခြင်းနီးပါးပင် သူတို့သည် ထိုအကြည့်ပိုင်ရှင်ကိုသတိပြုမိသွားသည်။

သို့ရာတွင် သူတို့သည် နောက်လှည့်မကြည့်ပေ။

ထိုအခြင်းအရာသည်အလွန်သိမ်မွေ့သဖြင့် တာအိုဖွဲ့စည်ခြင်းသူတော်စင်သည်ပင် လွယ်ကူစွာ သတိမပြုမိနိုင်ပါ။

ထိုအချိန်တွင် နောက်သို့လှည့်ကြည့်ခြင်းက သူတို့ကိုယ်သူတို့အာရုံစိုက်ခံရအောင် လုပ်သလို ဖြစ်နိုင်ပြီး နောက်ပိုင်းတွင် သူတို့အတွက် အကျိုးမရှိစေပါ။

မကြည့်ဘဲဖြင့်ပင်၊ ထိုနှစ်ဦးသည် သူတို့အားစောင့်ကြည့်နေသောသူအား ကောင်းမွန်စွာ ခန့်မှန်းနိုင်ပါသည်။

၎င်းသည် ချင်ခုန်းခန်းမမှ တာအိုအရှင်ဖြစ်ပါသည်။

ကျီ….

ကံကောင်းစွာပင် လောကနှစ်ခုကိုဆက်သွယ်ထားသည့်ဝင်ပေါက်က ပိတ်သွားခဲ့သည်။

ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ဝင်ပေါက်ကိုကျော်ဖြတ်သွားပြီးဖြစ်ကာ လူတိုင်း၏ အမြင်မှ ပျောက်ကွယ်သွားခဲ့သည်။

အဝေးမှ ရွယ်ပင်းနှင့် ယွင်ရီကျန်းတို့က ကောင်းကင်ပေါ်မှဝင်ပေါက်အားကြည့်နေခဲ့ပြီး သူတို့၏ မျက်လုံးများမှ အေးစက်မှုတစ်ခုဖြတ်သန်းသွားခဲ့သည်။

ရွယ်ပင်းသည် ယွင်ရီကျန်းအား အသံပို့လိုက်လေသည်။ “ညီအစ်ကိုယွင် ခင်ဗျားအခုလေးတင် တစ်ခုခုကိုအာရုံခံလိုက်မိလား?”

ယွင်ရီကျန်းကလည်းတုံ့ပြန်လိုက်လေသည်။ “ညီအစ်ကိုရွှယ်၊ ဒီမေးခွန်းကိုမေးတာ ခင်ဗျားလည်း အဲ့ဒီလူရဲ့သတ်ဖြတ်ခြင်းရည်ရွယ်ချက်ကို ခံစားလိုက်မိတယ်ထင်တယ်ဟုတ်လား?”

အေးစက်မှုများက ပြင်းထန်လာခဲ့သည်။

“ကံကောင်းစွာနဲ့ သူက လှုပ်ရှားမှုမလုပ်ခဲ့ဘူး။ မဟုတ်ရင် အကယ်၍ ဒီနေ့ကမှန်ကန်တဲ့အချိန် မဟုတ်ခဲ့ရင်တောင် ငါက အထူးဂိုဏ်းရဲ့ နက်နဲတဲ့ အခြေခံကဘာလဲ သမိုင်းကြောင်းထောင်ချီရှိတဲ့ အထူးဂိုဏ်းပိုင်ဆိုင်တာဘာလဲဆိုတာကို ပြလိုက်ပြီးပြီ။”

ရွယ်ပင်းက ခေါင်းညိတ်လိုက်တယ်။

“ကျုပ်ကောပဲ။”

တစ်ချိန်တည်းမှာပင်။

ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ကျင့်ကြံသူအုပ်စုသည် ရောင်စုံဝင်ပေါက်ကိုဖြတ်သန်းလာပြီး နောက်ရုတ်တရက် လောကကြီးလည်သွားသကဲ့သို့မူးနောက်သည့်ခံစားချက်ကို ခံစားလိုက်ရလေသည်။

ကံကောင်းစွာပင် သူတို့၏အင်အားဖြင့် နေရာလပ်ပြောင်းလဲခြင်းသည် သူတို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ခဲ့ပါ။

လျှင်မြန်စွာဖြင့် သူတို့၏အခြေအနေများကို ပြန်တည့်မတ်လိုက်သည်။

သူတို့သည် ခံနိုင်ရည်ကိုပြန်ရသွားသည်နှင့် ကျယ်ပြောသည့်တောင်တန်းများသည် မျက်စိရှေ့တွင် ပေါ်ထွက်လာလေသည်။

လေထုသည် မူလဝိညာဉ်ချီဖြင့် သိပ်သည်းလာခဲ့ပြီး ၎င်း၏ကြွယ်ဝမှုဖြင့် ပြည့်နက်နေကာ လူများစွာကို မိန်းမောသွားစေသည်။

အထူးသဖြင့် သူတို့ထဲမှ ဝိညာဉ်ဖွဲ့စည်းခြင်းကျင့်ကြံသူများသည် ထိုမျှလောက် သိပ်သည်းကာ သန့်စင်သည့် မူလဝိညာဉ်ချီအား မတွေ့ခဲ့ဖူးပေ။

သူတို့မည်သည့်နေရာကို ကြည့်လိုက်ပါစေ၊ ထိုနေရာတွင် ဝိညာဉ်အပင်များသည် အလေ့ကျ ပေါက်နေကြပေသည်။

“ဘာ…?”

ဝိညာဉ်ဆေးပင်နှင့် ဆေးများအား တွေ့သောအခါ လူတိုင်းသည် မယုံကြည်နိုင်စွာဖြင့် စုပ်သပ်လိုက်ကြလေသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည်ပင် ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားကြသည်။

၎င်းသည် မတိုးတက်နိုင်သည့်လောကအသစ်ဖြစ်ပြီး မရေတွက်နိုင်သည့်သယံဇာတများဖြင့် ပြည့်နှက်နေခဲ့သည်။

ထိုနေရာကြောင့် ဖြောင့်မတ်လမ်းစဉ်နှင့် နတ်ဆိုးလမ်းစဉ်တို့ နောက်ဆုံးအဆင့်ရောက်သည်ထိ ပြင်းထန်သည့်စစ်ပွဲဖြစ်ပွားခဲ့သည်မှာ အံ့ဩစရာ မဟုတ်တော့ပါ။

လူတိုင်းက ထိုမြင်ကွင်းကြောင့် အံ့အားသင့်နေချိန်တွင် အကြီးအကဲချုပ် လန်ယွဲ့ဟွားနှင့် သူတော်စင်အထွတ်ထိပ်သည် ထိုအုပ်စုအားပြောလိုက်လေသည်။

“ဒီနေရာဟာ ဒီလောကရဲ့အပြင်ဘက်ဆုံးနဲ့ သာမန်အဖြစ်ဆုံးနေရာဖြစ်တယ်။

မင်းတို့တွေ့နေရတာက ထိပ်ဖျားလေးပဲရှိသေးတယ်။

အစစ်အမှန်တန်ဖိုးရှိတဲ့အရာတွေက အတွင်းနက်ရှိုင်းတဲ့နေရာမှာပဲ။

အခုမူလအစီအစဉ်အတိုင်းသွားကြတာပေါ့။”

ထိုစကားကိုပြောပြီးလျှင် သူတို့သည် ကျန်းချန်ရွှမ်၊ ရှန်းရူယန်တို့နှင့် အဓိပ္ပာယ်ပါသည့် အကြည့်ကို ဖလှယ်လိုက်ကြသည်။

သူတို့သည် အချင်းချင်း၏မျက်လုံးများထဲမှ အဓိပ္ပာယ်ကို နားလည်ကြပါသည်။

ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အုပ်စုမှ အလောတကြီးမထွက်ခွာသွားသေးဘဲ အဝေးတစ်နေရာသို့သွားနေသော အကြီးအကဲချုပ် လန်ယွဲ့ဟွားနှင့် သူတော်စင်အထွတ်ထိပ်တို့နှင့် လိုက်သွားခဲ့လေသည်။

***

All Chapters