သူတော်စင် အာရုဏ်ဦးနှင့် သူတော်စင်တိမ်တိုက်ပင်လယ်တို့နှင့် တိုက်ခိုက်ခြင်း
Vol. 46 Ch. 870
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန် တို့ ၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည် ။
ထိုစုံတွဲသည် နီးကပ်လာသည်နှင့်အမျှ ဤနေရာသို့ ရောက်ရှိလာသည့်အချိန်တွင် ၎င်းတို့ ခံစားခဲ့ရသည့် စောင့်ကြည့်ခံရသည့် ခံစားချက်သည် သူတော်စင် အာရုဏ်ဦးနှင့် သူတော်စင်တိမ်တိုက်ပင်လယ်တို့၏ အကြည့်ကြောင့် အမှန်တကယ်ပင် ရှင်းလင်းလာသည် ။
ခဏအကြာတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏မျက်လုံးများသည် မနေနိုင်ဘဲ အလေးအနက် ဖြစ်လာခဲ့ကြသည်။
ထိုပြိုင်ဘက်များသည် သူတော်စင်ကောင်းကင်ဖြူထပ် အားကောင်းကာ သန်မာရုံသာမက ဒဏ်ရာရထားခြင်းမရှိဘဲ သူတို့၏ အကောင်းဆုံးအခြေအနေတွင်ရှိနေပါသည်။
ဝုန်း....!
ရုတ်တရက်တွင် သူတော်စင် အာရုဏ်ဦးနှင့် သူတော်စင်တိမ်တိုက်ပင်လယ်တို့၏ အောက်ရှိ နှင်းတောင်သည် ကြီးမားသော အရှိန်ဖြင့်ထွက်ပေါ်လာခဲ့ပြီး ရှိန်လောက်သည့်ပုံရိပ်နှစ်ခုက လျှင်မြန်စွာချဉ်းကပ်လာခဲ့ကာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ရှေ့တွင် နေရာယူလိုက်လေသည်။
"မင်းတို့က ငါတို့အငယ်ဆုံးအစ်ကို ကောင်းကင်ဖြူသေဆုံးမှုနောက်ကွယ်က တရားခံတွေဖြစ်တဲ့ ကျန်းချန်ရွှမ်နဲ့ ရှန်းရူယန်တို့လား?
သူတော်စင်အာရုဏ်ဦးက ဖြည်းဖြည်းချင်း မေးလိုက်သည်။
ကျန်းချန်ရွှမ်က ငြင်းပယ်ခြင်းမရှိပေ။
ထိုကဲ့သို့ မလွဲမရှောင်သာရင်ဆိုင်ရချိန်တွင် သူတို့၏ လုပ်ရပ်များကို ဝန်ခံခြင်း သို့မဟုတ် ငြင်းပယ်ခြင်း သည် အရေးမပါတော့ပါ။
ထို့နောက် သူတော်စင်တိမ်တိုက်ပင်လယ်က ပြောခဲ့သည် ။
“ဒီလိုဆိုရင် ဘာမှထပ်ပြောစရာမရှိတော့ဘူး ။
ငါတို့ချင်ခုန်းခန်းမက အကြီးအကဲချုပ်တစ်ဦးကိုသတ်ထားတဲ့အတွက် မင်းဘယ်သူဘယ်ဝါဖြစ်ပါစေ အဆင့်အတန်းဘယ်လိုဖြစ်ပါစေ ငါတို့လက်တုံ့ပြန်ရမယ်။"
ထိုစကားများဖြင့် သူတော်စင်တိမ်တိုက်ပင်လယ်၏ တံတောင်မှ ဓားအသေးတစ်ချောင်း ထွက်လာခဲ့သည် ။
ထိုပုံရိပ်သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ အာရုံစူးစိုက်မှုကို ဖမ်းစားနိုင်ခဲ့ပြီး ၎င်းတို့ကို သတိကြီးကြီးထားရန် လှုံ့ဆော်နေခဲ့ပေသည် ။
ကျန်းချန်ရွှမ်သည် သူ၏ ဒြပ်စင်ငါးပါးကားချပ်ကို ချက်ချင်းဆင့်ခေါ်ပြီး ၎ င်းတို့ကို ပတ်ပတ်လည်တွင် အကာအကွယ်ပေးသည့် အတားအဆီးအဖြစ် ပြောင်းလဲလိုက်သည် ။
ကျီ!
"ကောင်းကင်ဆက် ဝိညာဉ်ရတနာလား!"
သူတော်စင် အာရုဏ်ဦးနှင့် သူတော်စင်တိမ်တိုက်ပင်လယ်တို့ နှစ်ဦးစလုံးသည် ဗလာနယ်ပြန် ကျင့်ကြံသူတစ်ဦး၏ ပိုင်ဆိုင်မှုတွင် ဤကဲ့သို့သောရတနာကိုတွေ့ရသောကြောင့် အံ့အားသင့်သွား ခဲ့ကြလေသည် ။
ပထမအဆင့် တာအိုဖွဲ့စည်းခြင်းကျင့်ကြံသူအများအပြားသည်ပင် ထိုကဲ့သို့သောရတနာများကို မပိုင်ဆိုင်ခဲ့ကြသည်ကို သိရန်လိုအပ်ပါသည်။ ၎င်းသည် သူတို့နှစ်ဦးနှင့် သေဆုံးသွားသူ ကောင်းကင်ဖြူတို့လည်း အပါအဝင်ဖြစ်သည်။
ဝုန်း....!
ဒြပ်စင်ငါးပါးကားချပ်မှ ဖန်တီး ထားသော အကာအကွယ်နှင့် ဓားအသေးတို့အကြား တိုက်ခိုက်မှုသည် ကြောက်မက်ဖွယ်ပေါက်ကွဲမှု တစ်ခုကို ထုတ်လွှတ်ခဲ့ပြီး ၊ ဦးတည်ချက်အားလုံး တွင် ထင်ရှားသော တုန်ခါမှုများကို ပေးပို့လိုက်သည် ။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ထိုသက်ရောက်မှုအောက်တွင်နောက်ပြန်ဆုတ်ရန် အတင်းအကျပ် ဖိအားပေးခံနေရလေသည် ။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က သူတို့ ၏ အစွမ်းသတ္တိများတူညီလျှင်ပင် စွမ်းအားပြည့် တာအိုဖွဲ့စည်းခြင်း ကျင့်ကြံသူနှစ်ဦးကို ရင်ဆိုင်နေရခြင်းသည် ခက်ခဲသည့်အလုပ်တစ်ခုဖြစ်မည်ကို နားလည်ကြပါသည်။ သူတို့ကိုယ်တိုင်လည်း တာအိုဖွဲ့စည်းခြင်းအဆင့်သို့ မရောက်ရှိသေးသောကြောင့် လည်းပါ,ပါသည်။
ကျီ!
ထိုအချိန်တွင် ကြယ်များသည် အထက်ကောင်းကင်တွင် စတင်တောက်ပလာပြီး သူတော်စင်အာရုဏ်ဦး၏ နောက်တွင် နေကဲ့သို့ ကြီးမားသော ကြယ်တစ်စင်း ပေါ်ထွက်လာခဲ့သည် ။
၎ င်း၏ ထိတ်လန့်ဖွယ်ဖိအားက ပတ်ပတ်လည်ရှိ နေရာလပ်ကို ဆိုးရွားစွာ ပျက်စီးစေခဲ့ပေသည် ။
ဝှစ်.... ဝှစ်.... ဝှစ်....
ရုတ်တရက် တောက်ပနေသောကြယ်များသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်အားပစ်မှတ်ထားနေသော ပြိုကျနေသည့် ဥက္ကာခဲများအဖြစ် ပြောင်းလဲသွားခဲ့သည်။
ဤအရာကို မြင်ပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ချက်ချင်း တုံ့ဆိုင်းမနေတော့ပေ။
ကျန်းချန်ရွှမ်သည် ရောက်သွားကာ ဖမ်းလိုက်လေသည်။
ကောင်းကင်သည် ပြန်လည်မွေးဖွားခြင်းသံသရာများကို ထင်ဟပ်နေပုံရပြီး ကျန်းချန်ရွှမ်သည် သူ့လက်၏ ကျယ်ပြန့်သော လှုပ်ရှားမှုဖြင့် သူ၏ စည်းမျဉ်းအခြေပြုနတ်စွမ်းအားဖြစ်သော ပြန်လည်မွေးဖွားခြင်းလက်ကို ဆင်းသက်လာသော ကြယ်များကို ဆုပ်ကိုင်ရန် ထုတ်လွတ် လိုက်လေသည်။
တစ်ချိန်တည်းမှာပင် ရှန်းရူယန်၏မျက်ခုံးများသည် မိုးကြိုး၏ ပုံရိပ်ကို ထုတ်ဖော်ပြသခဲ့ပြီး သူမသည် စစ်မှန်သောမိုးကြိုးဝိညာဉ်ကိုယ်ခန္ဓာအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည် ။
သူမ၏ နောက်တွင် လျှပ်စီးလှံများကဲ့သို့ လှံများသည် ထွက်လာပြီး ကောင်းကင်သို့ စဉ်ဆက်မပြတ် ပစ်ခတ်နေခဲ့သည် ။
ဝုန်း...ဝုန်း...ဝုန်း.....
ကောင်းကင်တွင်ပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွားခဲ့လေသည်။
တစ်ချိန်တည်းမှာပင် မည်သည့်ဘက်မှ အသာစီးမရခဲ့ခြင်းသည် သူတော်စင်အာရုဏ်ဦးနှင့် သူတော်စင် တိမ်တိုက်ပင်လယ်တို့ အား အံ့အားသင့်စေခဲ့လေသည်။
အမှန်မှာ ၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ သူတော်စင်များနှင့် ယှဉ်ပြိုင်ရန်ဖြစ်နိုင်ချေရှိသည်ဟူသော ကောလာဟလများသည် မှန်ကန်ပုံရပါသည် ။
သူတို့သည်အစပိုင်းတွင် ထိုကောလဟသများကို အလွန်အမင်း ချဲ့ကားသည်ဟု ထင်ခဲ့ကြသည် ။
သူတော်စင်ကောင်းကင်ဖြူ ကျဆုံးပြီးနောက်ပိုင်းတွင်ပင် အများစုက ၎င်းသည် ထိုစုံတွဲ၏ ကိုယ်ပိုင်အင်အားကြောင့်မဟုတ်ဘဲ ပြင်ပအင်အားများကြောင့်ဖြစ်သည်ဟု ယုံကြည်ခဲ့ကြသည် ။
ယခုမူ ကောလဟာသများသည်ပင် သူတို့အား အထင်သေးခဲ့ခြင်းမှာ သိသာထင်ရှားနေပါသည်။
ထိုကဲ့သို့သောစွမ်းရည်နှင့်စွမ်းအားများဖြင့် ၎င်းတို့ကိုဆက်လက်တိုးတက်ရန်ခွင့်ပြုခြင်းသည် ချင်ခုန်းခန်းမအတွက် အဆုံးမဲ့ပြသနာများရှိစေမည်ကို ဆိုလိုခြင်းဖြစ်ပါသည်။
တာအိုဖွဲ့စည်းခြင်းအဆင့်ကိုမချိုးဖောက်မီ ၎င်းတို့ကိုဖယ်ရှားရန်ဆုံးဖြတ်ရာတွင် သူတော်စင် အာရုဏ်ဦးနှင့် သူတော်စင် တိမ်တိုက်ပင်လယ်တို့သည် တွန့်ဆုတ်ခြင်းမရှိတော့ပါ ။
သူတော်စင်အာရုဏ်ဦးသည် မရေတွက်နိုင်သောကျယ်များတောက်ပနေသည့်အထဲမှ ကြယ်စုတန်းအဖြစ်သို့ ပြောင်းလဲလိုက်လေသည်။
ဤကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကိုဖုံးအုပ်ထားပြီး ၎င်းတို့ကို ခိုင်မာစွာပိတ်ဆို့ထားလေသည် ။
တစ်ချိန်တည်းတွင်။
သူတော်စင် တိမ်တိုက်ပင်လယ်သည်သူ၏ လက်၌ ကောင်းကင်လျှို့ဝှက်ချက်များ၏ ကံကြမ္မာချပ်ပြားဝိုင်းအား ထုတ်လိုက်လေသည်။ ၎င်းသည် ရှေးဟောင်းစာများဖြင့် ရေးထိုးထားကာ နှေးကွေးစွာလည်ပတ်မှုဖြင့် ကံကြမ္မာအား ကိုယ်စားပြုနေပါသည်။
ထိုရတနာသည် သေစေနိုင်သောတိုက်ခိုက်မှုများအတွက် ကံကြမ္မာကိုခွဲခြားခြင်းတွင် အသုံးချနိုင်ပြီး ယခုမူ ကျန်း နှင့် ရှန်းတို့ ၏ ကံကြမ္မာကိုပြောင်းလဲရန် ရည်ရွယ်ပြီး သူတို့ကို တည်ရှိမှုမှဖျက်ပစ်ရန် ရည်ရွယ်ထားလေသည် ။
ကျီ!
ထိုအချိန်တွင် ဒြပ်မဲ့ဖြစ်သော်လည်း သိသာထင်ရှားသောလှိုင်းတစ်ခုက ဖြတ်သန်းသွားခဲ့လေသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန် တို့သည် ၎င်းတို့၏ ကံကြမ္မာချည်မျှင်များကို တွန်းလှန်နေသည့် စွမ်းအားတစ်ခုကို ချက်ချင်းခံစားလိုက်ရသည် ။
၎င်းသည် ကျန်းချန်ရွှမ် ကို အေးစက်စွာထေ့ငေါ့လိုက်စေသည်။
"ကံကြမ္မာကို ခြယ်လှယ်ပြီး ငါတို့ကို ဖျက်ဆီးပစ်ချင်တာလား? လုံးဝရူးနေတာပဲ။
ဒီနေ့ ငါ မင်းကို ကံကြမ္မာရဲ့ စစ်မှန်တဲ့ လမ်းကြောင်းကို ပြမယ် ။"
ဤစကားလုံးများနှင့်အတူ ကျန်းချန်ရွှမ်သည် ကောင်းကင်တွက်ချက်မှုနည်းစနစ်ကို စတင်၍ အသက်သွင်းလိုက်သည် ။
သူ၏ နောက်ကွယ်တွင် အနာဂတ်၏ မရေမတွက်နိုင်သော ဖြစ်နိုင်ခြေများကို ကိုယ်စားပြုသည့် အရိပ်အယောင်များ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာပြီး ပင့်ကူကွန်ယက် သို့မဟုတ် သံမဏိကြိုးများကဲ့သို့ ကံကြမ္မာလမ်းကြောင်းများစွာကို အတူတကွ ပေါင်းစပ်ထားလေသည်။
၎င်းတို့သည် သူတော်စင်တိမ်တိုက်ပင်လယ် ခြယ်လှယ်ရန်ကြိုးစားခဲ့သည့် ကံကြမ္မာ၏ အထောက်အပံ့များကို ပြင်းထန်စွာ လှည့်ပတ်သွားစေခဲ့သည်။
သတ္တုကို ကြိတ်ခွဲသည့်အသံသည် လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်နှင့် သူတော်စင် တိမ်တိုက်ပင်လယ်၏ မျက်နှာသည် ဖြူဖျော့သွားခဲ့လေသည်။
သူ၏ ကောင်းကင်လျှို့ဝှက်ချက်များ ၏ ကံကြမ္မာချပ်ပြားဝိုင်းသည် ယခုမူ အက်ကွဲရာများဖြင့် ပြည့်နှက်သွားကာ သူ့အား မတည်ငြိမ်စေဘဲ တုန်လှုပ်လာစေခဲ့လေသည်။
"ဘယ်လိုလဲ... ဘယ်လိုဖြစ်နိုင်တာလဲ?
ကံကြမ္မာရဲ့ ကန့်သတ်ချက်တွေကနေ မင်းဘယ်လို လွတ်မြောက်နိုင်တာလဲ?"
သူတော်စင်တိမ်တိုက်ပင်လယ်သည် လုံးဝအံ့အားသင့်သွားခဲ့သည် ။
သူ၏ လက်၌ရှိသော ကောင်းကင်လျှို့ဝှက်ချက်ကံကြမ္မာချပ်ပြားဝိုင်းသည် သာမန်ရတနာမဟုတ်ဘဲ ၊ သာမန်ရတနာများတွင် မတွေ့ရသော ထူးခြားသောစွမ်းအားများရှိကာ ကံကြမ္မာနှင့် ကံကြမ္မာ၏ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ဆက်စပ်နေသည့် နက်ရှိုင်းသောလက်ရာတစ်ခုဖြစ်ပြီး ခွဲခြားမှုများထက် ကျော်လွန်သည့် ထူးခြားသောပစ္စည်းတစ်ခုဖြစ်ပါသည်။
သို့သော်လည်း သူ၏စွမ်းအားပြည့်ဖြင့် ထိုအသုံးအဆောင်အား ကိုင်ဆောင်ခြင်းသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား ချိန်းခြောက်နိုင်ရန် ကျရှုံးခဲ့သည်သာမက သူ့အားပြန်လည် ထိခိုက်ခဲ့ပြီးနောက်....
ခွမ်း....
ဤအတွေးများသည် သူတော်စင် တိမ်တိုက်ပင်လယ်၏ စိတ်ထဲတွင် ပြေးဝင်လာသောအခါ သူ၏ နားထဲတွင် ရုတ်တရက် ကျယ်လောင်သော ဆူညံသံတစ်ခု ထွက်ပေါ်လာခဲ့လေသည် ။
***