အသာလွန်ဆုံးရတနာ၊ ကောင်းကင်ခွဲခရမ်းရောင်ချီ
Vol. 46 Ch. 864
ပျံသန်းပြီး မကြာမီတွင် ကျန်းချန်ရွှမ်နှင့် သူ၏အဖော်တို့သည် လောကသစ်ထဲတွင် စွန့်စားသွားလာနေသည့် အခြားကျင့်ကြံသူအဖွဲ့နှင့် ရင်ဆိုင်ခဲ့ရသည်။
သူတို့အကြည့်များသည် ဖြတ်သန်းသွားသော်လည်း စကားဖလှယ်ခြင်းမရှိဘဲ ဂိုဏ်းအသီးသီးသည် ကိုယ်စီလမ်းပေါ်တွင် ဆက်၍သွားနေကြပေသည်။
ထို့နောက်တွင်။
အချိန်များကုန်လွန်သွားသည်နှင့် သူတို့သည်အခြားသူများနှင့် ပို၍ မထင်မှတ်ပဲတွေ့ကြုံလာရသည်။
အစပိုင်းတွင် တွေ့ဆုံမှုများက အနည်းငယ်သာဖြစ်ပြီး အကြည့်ချင်းသာဖလှယ်၍ လမ်းခွဲသွားကြလေသည်။
အဆုံး၌ လောကသစ်သည် စူးစမ်းသွားလာရန်ဖြစ်ပြီး ရှာဖွေရန် နေရာသစ်များစွာ ကျန်နေသေးပေသည်။
လူတိုင်းသည် သူတို့၏တာဝန်များရှိနေကြပါသည်။
မလိုအပ်ပဲနှင့် အခြားသူများနှင့် တိုက်ခိုက်ခြင်းမှာ အဓိပ္ပာယ်မရှိပေ။ အထူးသဖြင့် ထိုအချိန်တွင် မလိုအပ်ပဲ နားလည်မှုလွဲခြင်းများဖြစ်နိုင်ပါသည်။
ထိုသို့ဖြင့်၊ ကျန်းချန်ရွှမ်နှင့် သူတို့အုပ်စုများသည် ရက်ပေါင်းများစွာပျံသန်းနေခဲ့သည်။
ငါးရက်မြောက်နေ့တွင် သူတို့သည် နောက်ဆုံး၌ သာမန်ထပ်ပိုသော မြင့်မားသည့် တောင်ထိပ်ပေါ်တွင် ရပ်နားလိုက်ကြသည်။
သူတို့သည် ထိုတောင်ပေါ်တွင် မတ်တပ်ရပ်လိုက်သည်နှင့် အခြားနေရာများနှင့် ယှဉ်လျှင် ၎င်း၏ထူးခြားမှုကိုခံစားလိုက်ရသည်။
မူလဝိညာဉ်ချီသည် ဤနေရာတွင် ပို၍သိပ်သည်းကာ သန့်စင်သည်သာမက ထိုဧရိယာသည် အလွန်တန်ဖိုးရှိသော ဝိညာဉ်ဆေးပင်များ၊ ဆေးများနှင့် စိမ်းလန်းနေပါသည်။ ၎င်းတို့၏ကြားတွင် များစွာသော အဆင့် ၈ ဝိညာဉ်ဆေးပင်နှင့် ဆေးများရှိပေသည်။
သူတို့သည် အဆင့် ၈ ဝိညာဉ်အမြစ်များအား တစ်ခုထပ်ပို၍ ရှိသည်ကို ခြေရာခံမိပြီး မြင်ကွင်းသည် အလွန်အံ့အားသင့်စရာကောင်းသောကြောင့် မသိစိတ်မှ သက်ပြင်းချမိကြလေသည်။
အချို့မှာ မနေနိုင်ဘဲ လန်ယွဲ့ဟွားနှင့် သူတော်စင်အထွတ်ထိပ်တို့ဘက်သို့လည့်ကာ မေးလိုက်လေသည်။
“စစ်သည်တော်ဒေါ်လေးလန်၊ စစ်သည်တော်ဦးလေး အထွတ်ထိပ် ကျွန်တော်တို့ ဟောက်ရန်ဂိုဏ်းနဲ့မိုးကြိုးချိုင့်ဝှမ်းတို့က ကျွန်တော်တို့ဂိုဏ်းရဲ့ဂိတ်ကို ဒီနေရာမှာ တည်ထောင်မှာလား?”
လန်ယွဲ့ဟွား၊ သူတော်စင်အထွတ်ထိပ်နှင့် မိုးကြိုးချိုင့်ဝှမ်းမှ သူတော်စင် ဒေါသမုန်တိုင်းတို့က တစ်ဦးနှင့်တစ်ဦးကြည့်လိုက်ကြသည်။
အဆုံး၌ သူတော်စင်အထွတ်ထိပ်က ပြန်ပြောလိုက်သည်။
“တကယ်ပဲ ငါတို့က ဂိုဏ်းရဲ့ဂိတ်ကိုဒီမှာတည်ထောင်ဖို့စီစဉ်ထားတယ်။ ဒါပေမဲ့ ဒီလောကထဲမှာ နှစ်ဂိုဏ်းလုံးအတွက် ဂိတ်တစ်ခုတည်းဖြစ်မှာမဟုတ်ဘူး။”
“ကျွတ်..”
သူ၏စကားကိုကြားလျှင်၊ အားလုံးသည်မနေနိုင်ဘဲ စုပ်သပ်လိုက်ကြသည်။
ဂိုဏ်း၏ဂိတ်တစ်ခုတည်းမဟုတ်ပါသလား? သူတို့သည် ဤလောကထဲတွင် ဤကဲ့သို့သော နေရာမျိုးကို ရှာတွေ့ထားပြီးပြီဟု ဆိုလိုခြင်းဖြစ်ပါသလား?
ထိုအတွေးတစ်ခုတည်းက ပီတိဖြစ်စရာဖြစ်ပါသည်။
အကြောင်းအရင်းမရှိဘဲ လူတိုင်း၏မျက်နှာက စိတ်လှုပ်ရှားမှုဖြင့်ပြည့်နေခဲ့သည်။
သို့ရာတွင် ထိုအချိန်၌ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် လန်ယွဲ့ဟွား၊ သူတော်စင် အထွတ်ထိပ်နှင့် သူတော်စင်ဒေါသမုန်တိုင်းတို့နှင့် အကြည့်ချင်းဖလှယ်လိုက်ကာ တိတ်ဆိတ်စွာ အခြားသူများကို အသိမပေးပဲ ထိုနေရာမှထွက်လာခဲ့လေသည်။
သို့ရာတွင် သူတို့မူလကရပ်နေသောနေရာတွင်ပုံရိပ်နှစ်ခုကျန်နေပါသည်။
၎င်းတို့သည် ပုံတူပွားမှန်ပုံရိပ်များဖြစ်ပြီး ကျင့်ကြံသူ၏ပုံရိပ်ကို မူလခန္ဓာကိုယ်၏စွမ်းအားနှင့် လုပ်နိုင်စွမ်းများကိုထိန်းသိမ်းထားပြီး အတုယူနိုင်သည့် တစ်ခါသုံးရတနာတစ်ခုဖြစ်ပါသည်။
ထိုဗျူဟာသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ ထွက်ခွာမှုအားမည်သူမှ သတိမထားမိစေရန် လှည့်စားမည့် ဗျူဟာဖြစ်ပေသည်။
ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ထိုအုပ်စုမှတိတ်တဆိတ်ထွက်ခွာခဲ့ပြီး သူတို့၏ပုံရိပ်များနှင့် ရောင်ဝါများကိုလျှင်မြန်စွာ ပြောင်းလဲခဲ့လေသည်။
ကျန်းချန်ရွှမ်အတွက်မူ ကောင်းကင်တွက်ချက်ခြင်းနည်းစနစ်၏ စတုထ္ထအဆင့်သို့ ရောက်နေပြီဖြစ်သဖြင့် သူ့အတွက်စိန်ခေါ်မှုမဟုတ်တော့ပါ။
မဟာယနတာအိုအရှင် သို့ တာအိုနက်နဲသူတော်စင်နှင့် ရင်မဆိုင်ရင်လျှင် သူတို့၏ ပုံရိပ်အစစ်အမှန်ကို သိနိုင်ရန်မှာ မဖြစ်နိုင်တော့ပါ။
ပြီးနောက်လောကသစ်ထဲတွင် ထိုသို့သောတည်ရှိမှုမျိုးမရှိနိုင်ပါ။
ထို့ကြောင့်။
သူတို့၏ပုံတူမှန်ပုံရိပ်များသည် အချို့ မတော်တဆမှုများနှင့် တွေ့ကြုံရခြင်းမရှိလျှင် သူတို့၏ အထောက်အထားသည် ပျက်သွားမည်မဟုတ်ပဲ ကျန်ရှိနေမည်ဖြစ်ပါသည်။
“ယောကျ်ား၊ ကျွန်မတို့ မူလတာအိုမြေကိုဘယ်လိုရှာကြမလဲ?” ရှန်းရူယန်သည်မေးလိုက်ပြီး ကျန်းချန်ရွှမ်အားကြည့်လိုက်လေသည်။
မဝင်လာခင်က ဟောက်ရန်ဂိုဏ်း သို့ မိုးကြိုးချိုင့်ဝှမ်းမှလူများသည် မူလတာအိုမြေ၏ တည်နေရာကို မသိကြပါ။
ယေဘုယျဦးတည်ချက်ကိုသာ စီစဉ်ထားပေးခြင်းဖြစ်သည်။
ထို့အပြင်၊ ထိုဦးတည်ချက်ကိုလည်း မှီခို၍ရသည်ဟု အာမခံထားခြင်းမရှိပါ။
၎င်း၏တိကျခြင်းအား ဆုံးဖြတ်ခြင်းသည် လောကသစ်အားဝင်ရောက်ပြီနောက် သူတို့၏ ကိုယ်ပိုင်အသိနှင့်ရှာဖွေမှုကိုသာ သုံးရမည်ဖြစ်ပါသည်။
ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် ရှန်းရူယန်အား ချက်ခြင်းတုံ့ပြန်ခြင်းမရှိပေ၊ ထိုအစား သူသည် စတင်၍ ကောင်းကင်တွက်ချက်ခြင်းနည်းစနစ်ကိုသုံး၍ မူလတာအိုမြေ၏တည်နေရာကိုတွက်ချက်လိုက်လေသည်။
သို့ရာတွင်၊ ရှုပ်ထွေးသည့်တာအိုစည်းမျဉ်းများသည် မူလတာအိုမြေပတ်ဝန်းကျင်တွင်ရှိနေပုံရပြီး သဲလွန်စရှာမတွေ့ပဲ သူ၏ကောင်းကင်အသိစိတ် အပါအဝင် ကောင်းကင်တွက်ချက်ခြင်းနည်းစနစ်မှ လမ်းညွန်မှုသည် အကူအညီမဖြစ်စေခဲ့ပေ။
ကြည့်ရသည်မှာ သူတို့သည် တွက်ချက်ခြင်းအား တိုးတက်စေရန် ကုသိုလ်အချို့ကို သုံးရန်လိုအပ်ပေလိမ့်မည်။
ထိုအတွေးဖြင့် ကျန်းချန်ရွှမ်သည် ကုသိုလ်မျှင်တစ်ခုကိုထုတ်ယူကာ တွက်ချက်ခြင်းထဲသို့ ပေါင်းထည့်လိုက်လေသည်။
သို့သော် ကုသိုလ်တစ်မျှင်က မလုံလောက်ပေ။
တွက်ချက်ခြင်းပြီးသည်နောက် ကျန်းချန်ရွှမ်သည် အသုံးဝင်သည့် သတင်းတစ်ခုကိုမှ မရရှိခဲ့ပေ။
ပြီးနောက်၊ သူသည် အံကြိတ်လိုက်ပြီး ကုသိုလ်မျှင်နှစ်မျှင်ကို တစ်ချိန်တည်း သုံးရန် ဆုံးဖြတ်လိုက်သည်။
ကျီ…
ချက်ခြင်းပင် လမ်းသည် သိပ်သည်းသောမြူများထဲတွင်ရှိပြီး မမြင်ရသောလက်တစ်စုံမှ ကာဆီးနေပြီး ကျန်းချန်ရွှမ်အားလမ်းကို အနည်းဆုံး ဦးတည်ချက်ကိုတော့မြင်နိုင်ခဲ့သည်။
သူ့အားအံ့ဩစေသည်မှာ ၎င်း၏ဦးတည်ချက်သည် သူတို့ဂိုဏ်းမှပေးထားသည့်ဦးတည်ချက်နှင့် ပြောင်းပြန်ဖြစ်နေခြင်းဖြစ်သည်။
သူတို့၏ဂိုဏ်းမှပေးသည့်ဦးတည်ချက်သည် လုံးဝအမှားဖြစ်နေပါသလား?
ထိုအတွေးသည်ဖြတ်သွားသော်လည်း သူသည် သူ၏တွက်ချက်မှုအား သံသယဝင်ခြင်းမရှိပါ။ ထိုအစား သူသည် ရှန်းရူယန်ဘက်သို့ကြည့်ကာ ပြောလိုက်သည်။
“မိန်းမ၊ ဒီဘက်ကိုသွားကြည့်ကြမယ်။”
ထိုသို့ဖြင့် ထိုစုံတွဲသည် ညွန်ပြနေသည့်ဦးတည်ချက်သို့ပျံသန်းသွားလေသည်။
ထိုခရီးသည် လဝက်ခန့်ကြာခဲ့ပြီး သူတို့သည်များစွာသော ရတနာများကိုရင်ဆိုင်ခဲ့ရလေသည်။
လောကသစ်တွင် ဝိညာဉ်ပစ္စည်းများ ပြန့်ကျဲနေသည်ကိုတွေ့ရသည်မှာ ပုံမှန်ပင်ဖြစ်ပါသည်။
သူတို့သည် ထိုကဲ့သို့ရှာဖွေတွေ့ရှိခြင်းမှာ သဘာဝပင်ဖြစ်ပြီး ထိုပစ္စည်းများသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏လက်ရှိအဆင့်အတွက်မူအရေးမကြီးပါ။
နောက်ထပ် ရက်သတ္တပတ်ထိ ပျံသန်းပြီးနောက် သူတို့သည်နောက်ဆုံးတွင် တောင်ကြားတစ်ခု၏ ရှေ့တွင်ရပ်လိုက်လေသည်။
သူတို့ရှေ့တွင်ရှိသည့် တောင်ကြားသည် မိုင်ပေါင်းထောင်ချီရှိပြီး သို့သော် သူတို့၏အာရုံကို ဖမ်းစားလိုက်သည်မှာ အရွယ်အစားမဟုတ်ပါ။
အရေးကြီးသည့်အချက်မှာ အလွန်သိပ်သည်းသည့် ခရမ်းရောင်အလင်းက တောင်ကြားထဲမှ ထွက်နေခြင်းဖြစ်သည်။
အစ၌ ထိုစုံတွဲသည် ထိုခရမ်းရောင်အလင်း၏ သဘာဝကိုမရှင်းလင်းပါ။
သို့ရာတွင် အချိန်များပါလာသည်နှင့် သူတို့သည် လျှင်မြန်စွာဖြင့် သတိပြုမိသွားသည်။
ခရမ်းရောင်အလင်းစက်ဝန်းသည် ကောင်းကင်ခွဲခရမ်းရောင်ချီဖြစ်ကာ လောက၏မွေးဖွားခြင်းမှ ထွက်ပေါ်လာနိုင်သည့်အရာဖြစ်ပါသည်။
၎င်းသည် မသေမျိုးနယ်ပယ်မှ မသေမျိုးများသည်ပင် လိုချင်ကြမည်ဖြစ်သော မသေမျိုး ရတနာများကို သိပ်သည်းခြင်းနှင့် အတွင်းလောကများဖန်တီးရာတွင် အလွန်အသုံးဝင်သည့် ရတနာတစ်ခုဖြစ်ပါသည်။
၎င်းဿည် တာအိုဖွဲ့စည်းခြင်းသူတော်စင်များကို သူတို့၏မဟာယနတာအိုအရှင်အဖြစ် ချိုးဖောက်ရာတွင် ကူညီပေးနိုင်ကာ မဟာယနတာအိုအရှင်များကိုမူ တက်ရောက်ခြင်းတွင် ကူညီပေးနိုင်ပါသည်။
အကယ်၍ ထိုကောင်းကင်ခွဲခရမ်းရောင်ချီအား အခြားသူများမှတွေ့သောအခါ ၎င်းသည် ပြေငြိမ်းပြီးသောစစ်ပွဲကို ပြန်လည်အစပြုလာနိုင်ပါသည်။
***