← Chapters

အဆင့် ၈ အဆောင်နှင့် တိုက်မိခြင်း

Vol. 36 Ch. 865

အဆင့် ၈ အဆောင်နှင့် တိုက်မိခြင်း

Vol. 36 Ch. 865

မည်သူမှ ကောင်းကင်ခွဲခရမ်းရောင်ချီ၏ဆွဲဆောင်မှုကို မခုခံနိုင်ကြောင်း သေချာလျှင် အထူးသဖြင့် ထိုနေရာတွင်အလွန်ပေါများသဖြင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူတို့တွေ့သောအရာ၏ အလေးချိန်ကို နားလည်ကြပါသည်။

ကောင်းကင်ခွဲခရမ်းရောင်ချီပမာဏသည် မဟာယနတာအိုအရှင်အဖြစ် ဆယ်ယောက်ကျော်ကိုပင် မြင့်တင်ပေးနိုင်ပါသည်။

မဟာယနတာအိုအရှင်ဆယ်ယောက်ကျော် ယိမ်းယိုင်လာမည့်အတွေးကိုတွေးကြည့်နိုင်ပါသည်။

ထို့ကြောင့် ဤရတနာသည် အခြားသူများတွေ့မြင်ခြင်းမှ ဖုံးကွယ်ထားရမည်ဖြစ်သည်။

တုံ့ဆိုင်းခြင်းမရှိဘဲ ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့သည် ချက်ခြင်းပင် ကောင်းကင်ခွဲခရမ်းရောင်ချီအား စုဆောင်းရန်ပြင်ဆင်လိုက်လေသည်။

သို့ရာတွင် ထိုကဲ့သို့ချီအား စုဆောင်ရန်မှာ သာမန်သိုလှောင်ရေးရတနာများနှင့် စုဆောင်၍မရပေ။

၎င်းသည ဖန်တီးခြင်းချီနှင့် ပေါင်းစည်းထားသည့်ပစ္စည်းတစ်ခုလိုအပ်ပါသည်။

သူ၏ပစ္စည်းများကိုရှာဖွေပြီးနောက်၊ ကျန်းချန်ရွှမ်သည် သူ၏တက်ရောက်ခြင်းမီးဖိုအား ထုတ်လိုက်သည်။

ကလန်ဟူသောအသံမြည်သွားသည်။

မီးဖို၏အဖုံးသည်ပွင့်သွားသည်နှင့် ကောင်းကင်ခွဲခရမ်းရောင်ချီသည်မီးဖိုအထဲသို့ဝင်လာကာ ခနအတွင်းတွင် အများစုကိုစုဆောင်းပြီးသွားသည်။

သို့သော် ထိုအချိန်တွင် ရှန်းရူယန်သည် ပတ်ဝန်းကျင်ကိုအကဲဖြတ်လိုက်ကာ သူမ၏မျက်လုံးက ရုတ်တရက် စူးရှသွားခဲ့သည်။

သူမသည် ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းမှ ကျင့်ကြံသူသုံးဦကို သတိပြုလိုက်မိသည်။

သုံးဦးသားသည် ထွင်းမြင်အဆင့်ကျင့်ကြံသူများဖြစ်ပြီးရှင်းလင်းစွာပင် အခြားဂိုဏ်းသည် တူညီသည့် ရည်ရွယ်ချက်ဖြင့် သူတို့၏ကျင့်ကြံသူများအား ပတ်ကြည့်ရန်စေလွတ်ထားလေသည်။

တိုက်ဆိုင်စွာပင် ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းမှလူများသည်သူတို့ဆီချဉ်းကပ်လာခဲ့သည်။

“ဒါက။”

ထိုအချိန်တွင် ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းမှ ကျင့်ကြံသူသုံးဦးသည်လည်း တောင်ကြားထဲမှ အခြေအနေကို သတိပြုမိသွားပြီး သူတို့၏အမူအရာသည် ထိတ်လန့်သွားကာ လျှင်မြန်စွာဖြင့် ဝမ်းမြောက်ကျေနပ်သွားခဲ့သည်။

“ဒါက ကောင်းကင်ခွဲခရမ်းရောင်ချီပဲ၊ ဒါကတကယ်ပဲကောင်းကင်ခွဲခရမ်းရောင်ချီပဲလို့တွေးကြည့်စမ်းပါ။” မြင်းမျက်နှာပုံစံနှင့် လူတစ်ဦးသည် ပြောဆိုလိုက်လေသည်။

အခြားနှစ်ဦး၏မျက်လုံးများသည်လည်း မြင့်တက်သွားသည်။

သို့ရာတွင် သူတို့၏ဝမ်းမြောက်မှုသည်လျှင်မြန်စွာဖြင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ထိုချီများကိုစုဆောင်းနေသည်ကိုမြင်လျှင် ဒေါသထွက်သွားကြလေသည်။

“ရပ်၊ အခုရပ်လိုက်။” သူတို့က အော်လိုက်လေသည်။ ချက်ခြင်းပင် တုံ့ဆိုင်းခြင်းမရှိဘဲ သူတို့၏ဝိညာဉ်ရတနာများကိုထုတ်လိုက်ကြသည်။

သူတို့သည် သူတို့၏ပိုင်နက်များကို အဆုံးထိချဲ့လိုက်ပြီး သူတို့၏စွမ်းအားအပြည့်အား ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အားတိုက်ရိုက်တိုက်ခိုက်လိုက်ပြီး နောက်မဆုတ်ဘဲ ရင်ဆိုင်လိုက်လေသည်။

သူတို့၏ တုံ့ပြန်မှုသည် နားလည်နိုင်ပါသည်။

ထိုကဲ့သို့ကျယ်ပြောသည့် ကောင်းကင်ခွဲခရမ်းရောင်ချီအား အခြားသူက ယူနေသည်ကို မြင်တွေ့ရလျှင် သူတို့၏ တည်ငြိမ်မှုကိုလုံးဝဆုံးရှုံးသွားလိမ့်မည်ဖြစ်သည်။

“ဟမ့်။”

ထိုအချိန်တွင် ရှန်းရူယန်သည် နှာခေါင်းရှုံ့လိုက်လေသည်။

ချက်ခြင်းပင် သူမ၏ပတ်ဝန်းကျင်သည် မိုးကြိုးများဖြင့်ပေါက်ကွဲသွားပြီး နဂါးနှင့် မြွေကဲ့သို့ ပေါက်ထွက်လာခဲ့ကာ မြင်းမျက်နှာပုံစံနှင့် ကျင့်ကြံသူသုံးဦး၏ပိုင်နက်ကို လျှပ်တစ်ပြက်အတွင်း ဖျက်စီးလိုက်သည်။

တစ်ချိန်တည်းမှာပင်။

ရှန်းရူယန်၏ လျှပ်စီးငါးပါးမသေမျိုးရန်နှိမ်ဓားက ဆင့်ခေါ်ခြင်းခံလိုက်ရလေသည်။

ဂျုန်း

မိုးကြိုးချိန်းသံနှင့်အတူ ရှိန်လောက်သောမိုးကြိုးများက လေဟာနယ်ထဲဖြတ်သန်းသွားခဲ့သည်။

မြင်းမျက်နှာနှင့်လူများ၏ ဝိညာဉ်ရတနာများသည် ရိုက်ခတ်သည့်အသံများနှင့်အတူ လျှပ်စီးငါးပါးမသေမျိုးရန်နှိမ်ဓားမှ ပျံသန်းသွားလေသည်။

“ဘာ?”

ထိုအရာကိုမြင်လျှင် မြင်းမျက်နှာနှင့်လူများ၏အမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားကြသည်။

သူတို့သည် ရှန်းရူယန်အားထိုမျှလောက်စွမ်းအားကြီးမည်ဟု မထင်ထားခဲ့ပေ။

ပြိုင်ဘက်သုံးဦးနှင့် ရင်ဆိုင်နေရသော်လည်း သူမသည် အပေါ်စီးတွင် ရှိနေသေးသည်။

“ငါတို့ ကောင်းကင်ခွဲခရမ်းရောင်ချီကို ဘာပဲဖြစ်ဖြစ် ရရမယ်။” သူတို့၏မျက်လုံးထဲမှ ဆုံးဖြတ်ချက်သည် မမှားနိုင်ပါ။

ခနအကြာတွင် သူတို့သည် အလွန်ကြောက်မက်ဖွယ်ရောင်ဝါများထုတ်လွတ်နေသည့် အဆောင်တစ်ခုကို ထုတ်လာခဲ့သည်။

ရှန်းရူယန်သည်ချက်ခြင်းပင် ၎င်းတို့သည်သာမန်အဆောင်များမဟုတ်ဘဲ အဆင့် ၈ ခုခံရေးအဆောင်များဖြစ်ကြောင်း သတိပြုမိသွားသည်။

မျှော်လင့်ထားသလိုပင်။

စူးစမ်းလေ့လာရန်အတွက် စေလွတ်ခံရသည့်ကျင့်ကြံသူများသည် အရေးကြီးသည့်ဝှက်ဖဲများ၊ အသက်ကယ်ပစ္စည်းများပါဝင်ပါသည်။

ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့သည်ကောင်းကင်ခွဲခရမ်းရောင်ချီကိုစုဆောင်းနေရင်း ထိုလူသုံးဦးကို ရင်ဆိုင်ရာတွင် တည်ငြိမ်လာခဲ့လေသည်။

အဆင့် ၈ အဆောင်သုံးခုကိုရင်ဆိုင်ရာတွင် သူတို့သည်ပင် သတိထားရမည်ဖြစ်သည်။

“မင်းတို့မှာရှိတဲ့ ကောင်းကင်ခွဲခရမ်းရောင်ချီအားလုံးကို လက်လွဲပေးလိုက်၊ သို့မဟုတ်ရင် ငါတို့ကိုအပြစ်မတင်နဲ့။” မြင်မျက်နှာပုံစံနှင့်လူတစ်ဦးက အမြန်လုပ်ရှား၍ အဖိုးတန်ချီအား ထိခိုက်သွားစေရန်ဆန္ဒမရှိကြသဖြင့် အမိန့်ပေးလိုက်လေသည်။

အကယ်၍ ဤအချက်ကြောင့် ဆုံးရှုံးမှုရှိခဲ့လျှင် ၎င်းသည် အလွန်ကြီးမားစွာဆုံးရှုံးရခြင်း ဖြစ်ပါလိမ့်မည်။

ရှန်းရူယန်သည် သူတို့၏ရည်ရွယ်ချက်ကိုရိပ်စားမိသဖြင့် သူတို့၏အမိန့်ပေးခြင်းကို ထေ့ငေါ့လိုက်သည်။

“ကောင်းကင်ခွဲခရမ်းရောင်ချီကို မင်းတို့ကို လွဲပေးရမယ်? ဆုတောင်းနေလိုက်ပါ။” သူသည် ထေ့ငေါ့လိုက်ပြီးမထီမဲ့မြင်ပြုလိုက်လေသည်။

ထိုလူသုံးဦး၏မျက်လုံးထဲတွင် အေးစက်သည့်အလင်းက လင်းလက်သွားခဲ့သည်။

“ငါတို့မလှုပ်ရှားဘူးလို့ထင်မနေနဲ့။

အကယ်၍ မင်းတို့အဲ့လိုယုံကြည်နေရင် မင်းတို့ စိတ်ပျက်သွားရမယ်။”

ရှန်းရူယန်တို့၏တုံ့ပြန်ချက်ကိုမစောင့်ဘဲ သူတို့သည် သူတို့၏အဆင့် ၈ အဆောင်ကို အသက်သွင်းလိုက်ပြီး ရင်ဆိုင်တိုက်ခိုက်ရန်ဟန်ပြင်လိုက်သည်။

ကျီ…

ချက်ခြင်းပင်၊ ကြောက်မက်ဖွယ်ကောင်းသည့်လိုင်းက ပေါက်ထွက်လာခဲ့သည်။

တာအိုဖွဲ့စည်းခြင်းအဆင့်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားက ရှန်းရူယန်နှင့် သူမ၏အနောက်တွင်ရပ်နေသော ကျန်းချန်ရွှမ်တို့ဆီသို့လိမ့်တက်လာခဲ့သည်။

“ရူယန် ကိုယ်ဒါကိုကိုင်တွယ်လိုက်မယ်။”

ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် ကောင်းကင်ခွဲခရမ်းရောင်ချီကိုစုဆောင်းပြီးသွားပြီဖြစ်သည်။

လျှပ်တစ်ပြက်အတွင်း သူသည် ရှန်းရူယန်၏ရှေ့တွင်နေရာယူလိုက်ပြီး သူ၏လက်ထဲမှ ဒြပ်စင်ငါးပါးကားချပ်က တောက်ပလာပြီး ဒိုင်းကာအဖြစ်ချက်ခြင်းပင်ပြောင်းလဲသွားလေသည်။

ကောင်းကင်ဆက်ဝိညာဉ်ရတနာဖြစ်လာပြီးနောက် ဒြပ်စင်ငါးပါးကားချပ်သည် အလိုရှိသည့်အတိုင်း ပြောင်းလဲနိုင်ပြီဖြစ်သည်။

ဝုန်း…ဝုန်း…ဝုန်း…..

ကြောက်မက်ဖွယ်စွမ်းအားသည် ကျန်းချန်ရွှမ်၏လက်ထဲတွင်ပေါက်ကွဲသွားပြီး သူ့အား နောက်သို့ဆုတ်ရန် ဆက်တိုက်တွန်းအားပေးနေသည်။

သူသည် ချက်ခြင်းပင် အဆုံးမဲ့ဘီးကိုအသက်သွင်းလိုက်ပြီး သူ၏ပတ်လည်တွင် အလင်းစက်ဝန်းများကို ဖြစ်လာစေခဲ့သည်။

အဆင့် ၈ အဆောင်မှတိုက်ခိုက်မှုသည် သူ၏ခန္ဓာကိုယ်တွင် ဒဏ်ရာအနည်းငယ်သာ ရစေခဲ့ပြီး အတွင်းဒဏ်ရာမရခဲ့ပေ။

ထိုမြင်ကွင်းသည် မြင်းမျက်နှာပုံစံနှင့်လူသုံးဦးအား လုံးဝ အံ့ဩသွားစေခဲ့သည်။

သူတို့သည် သူတို့၏အဆင့် ၈ အဆောင်က ကျန်းချန်ရွှမ်အား မည်ကဲ့သို့ ထိခိုက်မှုအနည်းငယ်သာ ဖြစ်စေသည်ကို နားမလည်နိုင်ဖြစ်နေကြသည်။

တိတိကျကျပြောရလျှင် ၎င်းတို့သည် အရေးပြားဒဏ်ရာများမှလွဲ၍ ဘာမှမပိုပါ။

ထွင်းမြင်အဆင့်ကျင့်ကြံသူအတွက်မူ ချန်လှပ်ထားနိုင်ပါသည်။

သူတို့၏ကောင်းကင်ရေတံခွန်ဂိတ်နယ်ပယ်တွင် ထိုကဲ့သို့ ရှိန်လောက်သည့်ထွင်းမြင်အဆင့် ကျင့်ကြံသူက မည့်သည့်အချိန်က ပေါ်ထွက်လာခဲ့ပါသနည်း?

ချက်ခြင်းနီးပါးပင်၊ ထိုအသိကမြင်းမျက်နှာနှင့်လူသုံးဦးကိုသိသွားစေပြီး သူတို့၏အကြည့်က ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့ဆီသို့ ကြည့်လိုက်လေသည်။

“မင်း၊ မင်းတို့က..”

“အာ ငါတို့ကိုမှတ်မိသွားပြီပေါ့ ဟုတ်လား?”

ကျန်းချန်ရွှမ်၏မျက်နှာသည် အေးစက်သည့်အမူအရာဖြစ်သွားခဲ့သည်။

ခနအကြာတွင် ငါးရောင်ခြယ်အလင်းတစ်ခုသည် သူ၏နောက်မှထွက်ပေါ်လာခဲ့လေသည်။

***

All Chapters