လူသုံးဦးကိုတစ်ပြိုင်နက်ထဲ သတ်ဖြတ်ခြင်း လောကသစ်အစပြုခြင်းနေရာ
Vol. 46 Ch. 866
ဝှစ်…
ငါးရောင်ခြယ်အလင်း လင်းလက်သွားခြင်းဖြင့် ထိုလူသုံးဦး၏အဆင့် ၈ အဆောင်မှ ရှိန်လောက်သည့် စွမ်းအားသည် လေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
ချက်ခြင်းပင်၊ သုံးဦးသားသည် ကြောင်အသွားကာ ယခုဖြစ်နေသောအရာများကို လိုက်မမီတော့ချေ။
သိရမည်မှာ ၎င်းတို့သည် အဆင့် ၆ သို့ ၇ အဆောင်များမဟုတ်ဘဲ အဆင့် ၈ အဆောင်ဖြစ်သည်။ သို့သော် ရလဒ်ကမူ…
ဝှစ်…ဝှစ်…ဝှစ်…
သူတို့မတုံ့ပြန်နိုင်တွင် လေဟာနယ်အားစုတ်ဖြဲလိုက်သည့်အသံက ပဲ့တင်ထပ်လာခဲ့သည်။
“အာ..”
အပြာရောင်ဝတ်ရုံနှင့်လူ၏နဖူးတွင် သေးငယ်သည့် ဓားအပေါက်ဖြစ်ပေါ်လာခဲ့သည်။
သူ၏မျက်လုံးများသည် ထိတ်လန့်မှုဖြင့်ပြူးကျယ်သွားပြီး သူ၏ဘဝစွမ်းအားသည် ပျောက်ကွယ်သွားခဲ့လေသည်။
“ဂျူနီယာညီလေး ယွင်လင်း။”
မြင်းမျက်နှာပုံစံလူနှင့် အနီရောင်ဝတ်ရုံနှင့်လူက ထိတ်လန့်သွားကြသည်။
သူတို့၏ရှေ့တွင်ရှိသောခုခံကာကွယ်ရေးရတနာများရှိနေပါသည်၊ သို့သော် မည်ကဲ့သို့သော ရတနာက ကောင်းကင်ဆက်ဝိညာဉ်ရတနာမှ ဓားချီကို ခံနိုင်လိမ့်မည်နည်း?
ချက်ခြင်းပင်၊ မြင်းမျက်နှာလူနှင့် ဝတ်ရုံအနီလူတို့၏ရှေ့ရှိခုခံရေးရတနာများသည် ကွဲကြေသွားခဲ့သည်။
ချက်ခြင်းပင် သူတို့မတုံ့ပြန်နိုင်ခင်တွင် ရွှေရောင်ဗလာဓားသည် သူတို့၏ခန္ဓာကိုယ်ကို ထိုးဖောက်သွားပြီး သူတို့အားလေထဲတွင်ပင်သတ်ပစ်လိုက်သည်။
ဝုန်း…
တစ်ချိန်တည်းတွင်ပင်၊ ကျန်းချန်ရွှမ်သည် သူ၏လက်ထဲမှ မီးတောက်များကိုထုတ်လိုက်လေပြီး မြင်းမျက်နှာနှင့်လူတို့အဖွဲ့၏ သိုလှောင်ထားသည့်ရတနာများကိုပင် ပြာအဖြစ် ပြောင်းလဲပစ်လိုက်သည်။
၎င်းသည် ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းမှ သူတို့၏ပိုင်ဆိုင်မှုများမှ ခြေရာခံလိုက်ခြင်းမှ ကာကွယ်ရန်ဖြစ်ပါသည်။
အဆုံး၌ သူတို့၏တည်နေရာသည် သာမန်နေရာမဟုတ်ပါ။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ထိုနေရာ၌ ကောင်းကင်ခွဲခရမ်းရောင်ချီကုန်သွားပြီးနောက်တွင် ထိုဧရိယာသည် သိပ်သည်းသည့်တာအိုစည်းချက်ဖြင့် ပြည့်လာသည်ကိုတွေ့လိုက်ရသည်။
၎င်းသည် ထိုနေရာက သူတို့၏ဂိုဏ်းက ပေးလာသည့်ဦးတည်ချက်နှင့် ဆန့်ကျင်ဘက်တွင်ဖြစ်ကာ အမှန်တကယ်ပင် မူလတာအိုမြေဖြစ်ကြောင်း သံသယအား အတည်ပြုပေးလိုက်သည်။
ထိုနေရာတွင်ဖြစ်နိုင်ချေနှစ်ခုရှိပါသည်။
ဂိုဏ်း၏ပေးသောတည်နေရာက မတိကျခြင်း သို့ ဤလောကသစ်၌ မူလတာအိုမြေတစ်ခုထပ် ပို၍ရှိခြင်း ဖြစ်နိုင်ပါသည်။
အကယ်၍ အနောက်တစ်ခုက မှန်ကန်ပါက သူတို့၏ရှာဖွေခြင်းသည် အထူးသဖြင့် ဟောက်ရန်ဂိုဏ်းနှင့် မိုးကြိုးချိုင့်ဝှမ်းတို့အတွက် အလွန်အရေးပါလိမ့်မည်ဖြစ်ပါသည်။
အကယ်၍ သူတို့သည်မူလတာအိုမြေနောက်တစ်ခုအားရှာဖွေနိုင်ခဲ့လျှင် ၎င်းသည် အလွန်ကောင်းပါသည်။
တုံ့ဆိုင်းခြင်းမရှိဘဲ၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် တောင်ကြားထဲတွင် အသေးစိတ် ရှာဖွေခဲ့လေသည်။
ပြီးနောက်တွင် သူတို့၏ပိုင်ဆိုင်မှုများမှ အဆင့် ၈ အစီအရင်ချပ်ပြားဝိုင်းကို ထုတ်ကာ ဗျူဟာကျကျဖြင့် ၎င်းကို တောင်ကြား၏အတွင်းတွင် ချလိုက်လေသည်။
ကျီ..
ရက်အနည်းငယ်အကြာတွင်။
တောင်ကြားအတွင်းတွင် အနည်းငယ်သောအကာအကွယ်က ရုတ်တရက် မြင့်တက်လာခဲ့ကာ အလွန်သန်မာသည့်လှိုင်းများကို ထုတ်လာခဲ့သည်။
၎င်းသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ချလိုက်သော အဆင့် ၈ အကာအကွယ်အစီအရင်ဖြစ်ကာ ထိုအချိန်မှသာ သူတို့၏နှလုံးသားများသည် အနည်းငယ်စိတ်အေးသွားလေသည်။
စည်းမျဉ်းများအရ သူတို့သည် အောင်မြင်စွာဖြင့် အဆင့် ၈ အစီအရင်ကိုချမှတ်နိုင်မှာသာ ထိုတည်နေရာသည် တရားဝင်သူတို့ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။
ချက်ခြင်းပင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အခြားသူများနှင့်အတူ အစီအရင်ချနေသည့် လန်ယွဲ့ဟွားနှင့် ဒေါသမုန်တိုင်းတို့အား သတင်းပို့လိုက်လေသည်။
လန်ယွဲံဟွား၊ သူတော်စင်အထွတ်ထိပ်နှင့် ဒေါသမုန်တိုင်းတို့သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ထံမှ သတင်းကိုလက်ခံရရှိသည်နှင့် အံ့ဩသွားကြသည်။
သူတို့သည် ထိုနှစ်ဦးအား မူလတာအိုမြေအားထိုမျှလျှင်မြန်စွာရှာဖွေ၍ ထိန်းချုပ်နိုင်မည်ဟု မထင်ထားကြပေ၊။
အနည်းငယ်ဆွေးနွေးပြီးနောက်တွင် သူတော်စင် အထွတ်ထိပ်က အဖွဲ့တစ်ဖွဲ့ကိုဦးဆောင်ကာ ထိုတည်နေရာအတိုင်းထွက်လာခဲ့ကြသည်။
ရက်အနည်းငယ်အကြာတွင်။
သူတော်စင်အထွတ်ထိပ်နှင့် အဖွဲ့ရောက်သောအခါ သူတို့၏မျက်နှာသည် အံ့ဩမှုကို မဖုံးကွယ်ထားနိုင်ပေ။
သူသည် သူတို့အားကြိုဆိုနေသည့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အားကြည့်ကာ မနေနိုင်ဘဲ ပြောလိုက်လေသည်။
“စစ်သည်တော်တူလေးကျန်း၊ စစ်သည်တော်တူမလေးရှန်း ဒီမူလ တာအိုမြေက ဘယ်လိုလုပ်ဒီလောက်ကျယ်နေတာလဲ?”
တကယ်ပင်။
သူတော်စင်အထွတ်ထိပ်၏ မူလကနားလည်ထားသည်မှာ သူတို့ရှာဖွေထားသည့် မူလတာအိုမြေသည် သူတို့ရှေ့မှနေရာထပ် သေးငယ်ပါသည်။
၎င်းသည်ဖြစ်နိုင်သည်မှာ….
ရုတ်တရက် သူသည် တစ်ခုခုကိုတွေးမိကာ ထိတ်လန့်သွားခဲ့သည်။
“သူတော်စင်အထွတ်ထိပ်၊ ခင်ဗျားသတိပြုမိသွားပြီလား?
ဒီမူလတာအိုမြေဟာ အရင်ကရှာတွေထားတဲ့တစ်ခုနဲ့မတူဘူး။
တကယ်ပဲ ဒီတစ်ခုရဲ့စကေးကကျယ်တယ်။
အရေးကြီးဆုံးအချက်က ဒီနေရာဟာ ဒီလောက အစပြုတဲ့နေရာဖြစ်ပုံပေါ်တယ်။”
ထိုလောကအစပြုသည့်နေရာဟုခေါ်သည့်နေရာသည် လောက၏အစနေရာဖြစ်ကာ ထိုနေရာမှ စတင်၍ ကျယ်ပြန့်လာသည့် ဧရိယာဖြစ်သည်။
ထိုသို့သောဧရိယာ၌သာ လောက၏အခြေတည်အဆင့်ဖြစ်သည့် ကောင်းကင်ခွဲခရမ်းရောင်ချီကို ရှာတွေ့နိုင်ပါသည်။
ထို့သိုသောနေရာတွင် ကျင့်ကြံခြင်းသည် ကျင့်ကြံသူအား ဖန်တီးခြင်းစည်းမျဉ်းကို တိုက်ရိုက်နားလည်စေပြီး မည်သည့် ကျင့်ကြံသူကိုမဆို မသေမျိုးတာအိုအဖြစ် မခုခံနိုင်သောဆွဲဆောင်ခြင်းရှိစေသည်။
လောကဖန်တီးခြင်း အရေးကြီးသောအချက်မှာ ၎င်း၏ချက်ခြင်းရရှိနိုင်သော အကျိုးအမြတ်ထပ်ကျော်လွန်နေပါသည်။
၎င်းသည် ကောင်းကင်ခွဲခရမ်းရောင်ချီကို ထုတ်ပေးနိုင်ပါသည်။
ထိုဖြစ်စဉ်သည် ကန့်သတ်ထားသောအချိန်တွင်သာ ရှိနိုင်သော်လည်း ခန့်မှန်းချေအားဖြင့် နှစ်ပေါင်းတစ်သောင်းနှင့် ငါးသောင်းကြားရှိနိုင်ကာ ချီသည် စတင်၍ဖြစ်ပေါ်လာသည်နှင့် ထိုနေရာ၏ တန်ဖိုးသည် မတိုင်းတာနိုင်တော့ပေ။
ထိုအချိန်တွင် သူတော်စင်အထွတ်ထိပ်သည် ဟောက်ရန်ဂိုဏ်းနှင့် မိုးကြိုးချိုင့်ဝှမ်းအတွက် ထိုနေရာသည်မည်မျှအရေးကြီးသည်ကို သတိပြုမိသွားခဲ့သည်။
သူသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား အရေးကြီးသည်အရာကို တွေ့ထားသည့်အကြောင်းကို မမေးခဲ့ပေ။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည်လည်း ဘာမှမပြောခဲ့ပေ။
နှစ်ဖက်စလုံးသည် အလိုလိုနားလည်လိုက်ကြသည်။
၎င်းသည် မဝင်ခင်ကပင် ပြုလုပ်ထားသည့်သဘောတူညီချက်လည်းရှိပါသည်။ ဂိုဏ်းအတွက် ပစ္စည်းမှလွဲ၍ ထိုစူးစမ်းလေ့လာမှုအတွင်းရှာတွေ့သည့်ပစ္စည်းများကို ရှာတွေ့သည့်လူကိုယ်တိုင် ယူနိုင်ပါသည်။
သူတို့သည် ရှာတွေ့သည့်အရာများကို မျှဝေနိုင်ခြင်း သို့ ရောင်းချခြင်း လုပ်နိုင်ပါသည်။
“ကျန်းချန်ရွှမ်၊ ရှန်းရူယန်၊ ဒီနေရာရဲ့ အရေးကြီးတာကိုကြည့်ပြီး လန်ယွဲ့ဟွားနှင့်အခြားသူတွေကို အကြောင်းကြားမှ သင့်တော်လိမ့်မယ်။
ငါတို့သိထားတဲ့အတိုင်း ငါတို့အာရုံစိုက်မှုကိုဒီနေရာမှာပဲ ထားလို့မရဘူး။”
သူတော်စင်အထွတ်အထိပ်က အကြံပြုလိုက်ပြီးနောက် အရေးကြီးသည့်တစ်ခုခုကိုသတိရသွားပြီး မေးလိုက်သည်။ “စကားမစပ်၊ ငါတို့မရောက်ခင်မှာ ဒီနေရာကိုရှာတွေ့သွားတဲ့လူ တစ်ယောက်ယောက်ရှိလား?”
သူတော်စင်အထွတ်ထိပ်၏စကားကိုကြားလျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အမှန်ကိုဖုံးကွယ်ထားခြင်းမရှိဘဲ ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းမှ ကျင့်ကြံသူသုံးဦးနှင့် တွေ့သည့်အကြောင်းကို ပြောပြလိုက်သည်။
နားထောင်ပြီးနောက်၊ သူတော်စင်အထွတ်ထိပ်၏အမူအရာသည် မဲမှောင်သွားခဲ့သည်။
သို့သော် သဘောတူ၍ ခေါင်းညိတ်လိုက်ပြီး
“မင်းတို့ကိုင်တွယ်တာကောင်းတယ်။
စိတ်ချပါ။ ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းက ဒီတည်နေရာရဲ့အသေးစိတ်ကိုသိသေးပုံမပေါ်ဘူး။
သူတို့ လာရှာရင်တောင် သူတို့နဲ့ရင်ဆိုင်ဖို့ နည်းလမ်းရှာလိုက်မယ်။
မင်းတို့အာရုံစိုက်ရမှာက မင်းတို့ရဲ့ရှေ့လျှောက်လှုပ်ရှားမှုပဲ မင်းတို့ပိုပြီး ဂရုစိုက်ရလိမ့်မယ်။”
***