ခင်ဗျားနဲ့ရင်ဆိုင်ဖို့ အသက်ဆယ်ကြိမ်ရှုချိန်ဆို လုံလောက်တယ်။
Vol. 46 Ch. 868
သို့ရာတွင် ကျန်းချန်ရွှမ်သည် ထိုဖိအားမှ မတုန်လှုပ်သွားပေ။
ရုတ်တရက် သူသည် အရိုးအထွတ်အမြတ်ဂိုဏ်းမှ ကျင့်ကြံသူအုပ်စုကိုကြည့်ကာ ပြောလိုက်သည်။
“လူတိုင်းပဲ မူလတာအိုမြေရဲ့တန်ဖိုးကိုနားလည်ကြတယ်။
ကျွန်တော်တို့အားလုံးရှိနေတယ်ဆိုတော့ ဒီအတွက် ပြသနာက မလွဲမရှောင်သာဖြစ်မှာပဲ။
ဒါမဲ့အဲ့ဒီမတိုင်ခင်၊ ဒီနေရာနဲ့မသက်ဆိုင်တဲ့ ဂိုဏ်းကို မဖယ်ရှားလိုက်သင့်ဘူးလား?”
စကားပြောပြီးသည်နှင့် အရိုးအထွတ်အမြတ်ဂိုဏ်းမှအဖွဲ့ဝင်များ၏မျက်နှာသည်ပြောင်းလဲသွားပြီး လူတိုင်းကလည်း သတိထားမိသွားသည်။
အမှန်တကယ်ပင်။
ဖြောင့်မတ်လမ်းစဉ်ကြားတွင် နတ်ဆိုးလမ်းစဉ်မှ အထူးသဖြင့် ထွင်းထွက်နေလေသည်။
အရိုးအထွတ်အမြတ်ဂိုဏ်းသည် ကျန်းချန်ရွှမ်အကြံပြုသည့် ဖယ်ရှားရန် ပစ်မှတ်တစ်ခု ဖြစ်လာသည်မှာ ရှင်းလင်းနေပါသည်။
“ကျွန်တော်ညီအစ်ကိုကျန်းပြောတာကိုသဘောတူတယ်။” နတ်ဘုရားဂိုဏ်းမှကောင်းပိုင်ယွဲ့က သူ၏သဘောတူညီမှုကိုပြလိုက်ကာ သူ၏ဘေးမှ တာအိုဖွဲ့စည်းခြင်းသူတော်စင်ကလည်း တိတ်ဆိတ်စွာဖြင့်ထောက်ခံနေသည်။
၎င်းသည် ကောင်းပိုင်ယွဲ့၏နတ်ဘုရားဂိုဏ်းအတွင်းရှိသောရာထူးမှာ အတော်လေး မြင့်မားသည်ကို တွေ့နိုင်ပါသည်။
ချင်မိသားစုကလည်း သဘောတူညီ၍ ခေါင်းညိတ်ကာ ဂိုဏ်းသုံးခုပူးပေါင်းမည်ကိုပြလိုက်သည်။
ကျန်ရှိသည့်နတ်ဘုရားအရိပ်ဂိတ်မှလည်း သဘာဝအတိုင်း ကန့်ကွက်စရာမရှိပါ။
ထိုသဘောတူညီမှုပြီးနောက် အားလုံးသည် ချန်ခုန်းခန်းမထံသို့အာရုံစိုက်လိုက်ကြသည်။
သူတော်စင်ကောင်းကင်ဖြူ၏အမူအရာသည် အမျိုးမျိုးပြောင်းလဲနေလေသည်။
အမှန်ပြောရလျှင် သူသည် အရိုးအထွတ်အမြတ်ဂိုဏ်းအား မောင်းထုတ်ရန် တွန့်ဆုတ်နေခဲ့သည်။
အရိုးအထွတ်အမြတ်ဂိုဏ်းက အနှောက်အယှက်အဖြစ်ရှိခြင်းသည် ချင်ခုန်းခန်းမအား အကျိုးရှိစေနိုင်ပါသည်။
ယခုမူ တည်နေရာသည် များပြားသောသူများမှ တွေ့သွားခဲ့ပြီဖြစ်သည်။
သို့ရာတွင် လူတိုင်းက ရပ်တည်ချက်ကိုပြကာ ချင်ခုန်းခန်းမမှမပြခဲ့လျှင် ထင်းထွက်သွားနိုင်ပြီး နတ်ဆိုးလမ်းစဉ်နှင့် ပူးပေါင်းသည်ဟု စွပ်စွဲခံရနိုင်သဖြင့် သူတော်စင် ကောင်းကင်ဖြူနှင့်သူ၏ ဂိုဏ်းက ဘာမှမတတ်နိုင်တော့ပေ။
အခြားရွေးချယ်စရာမရှိဘဲ သူတော်စင်ကောင်းကင်ဖြူသည် သဘောတူလိုက်ရကာ ဖြောင့်မတ်လမ်းစဉ်ဂိုဏ်းအားလုံးသည် အရိုးအထွတ်အမြတ်ဂိုဏ်းမှကျင့်ကြံသူများကို လှည့်ကြည့်လာစေခဲ့သည်။
“မင်းတို့ ငါတို့မောင်းထုတ်တာခံမလား သို့ ကိုယ်ဘာသာကိုယ်ပဲထွက်သွားမလား?” နတ်ဘုရားဂိုဏ်းမှ တာအိုဖွဲ့စည်းခြင်းသူတော်စင် လူရီဖန်က ပြောလိုက်သည်။
သူ၏စကားကိုကြားလျှင်၊အရိုးအထွတ်အမြတ်ဂိုဏ်းမှ လူအားလုံး၏မျက်နှာသည် ရှုံ့မဲ့သွားလေသည်။
ဖြောင့်မတ်လမ်းစဉ်ကျင့်ကြံသူအများအပြားနှင့် ရင်ဆိုင်ရသဖြင့် အရိုးအထွတ်အမြတ်ဂိုဏ်း၌ အချိန်ဆွဲနေဖို့ရန်အချိန်မရှိဘဲ မည်သူမှ သူတို့စစ်ကူခေါ်ရန် ခွင့်ပြုလောက်အောင် မရိုးအကြကြောင်းကို သေချာစွာသိလေသည်။
သူတို့၏အခြေအနေကို တွေးမိသောကြောင့် အရိုးအထွတ်အမြတ်ဂိုဏ်း၏ကျင့်ကြံသူများသည် ထွက်သွားဖို့ရန်သာရွေးချယ်နိုင်ခဲ့ပြီး ကျန်ရှိနေသည့်အဖွဲ့များအား အနည်းငယ်သော တင်းမာမှုသို့ ပြောင်းလဲစေခဲ့သည်။
အလွန်အရေးကြီးသည့်အပိုင်းလာပြီဖြစ်ပါသည်။
ထိုအချိန်တွင် ကျန်းချန်ရွှမ်သည်ထပ်မံ၍ ထိုနေရာတွင် ရှိနေသည့်လူများအား ပြောလိုက်သည်။
“မလိုအပ်တဲ့ ရှုပ်ထွေးမှုတွေကိုရှောင်ရှားဖို့ ကျွန်တော်တို့ ဂိုဏ်းငါးခုရှိတယ်ဆိုတော့ မူလတာအိုမြေကို ခွဲဝေလိုက်ကြရင် ဘယ်လိုလဲ?’’
တစ်ဂိုဏ်းဆီက ပိုင်နက်ရဲ့ နှစ်ဆယ်ရာခိုင်နှုန်းကိုရနိုင်ပြီး ဒီမှာ အကာအကွယ်အစီအရင်ကို အတူတူချကြတာပေါ့။
ဘယ်လိုထင်ကြလဲ?”
သူတို့သည် ထိုသို့ပြောပြီးသည်နှင့် လူတိုင်း၏နှလုံးသားသည်တချက်ခုန်သွားလေသည်။
သို့သော် တွက်ချက်လိုက်သည့်အခါ တစ်ခုမပါသည်ကို သတိပြုလိုက်မိပြီး ရှုပ်ထွေးမှုကို ခံစားလိုက်ရလေသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ထင်ရှားသည့်ဂိုဏ်းနှစ်ခုကိုကိုယ်စားပြုပြီးနောက် ပါတီများစုပေါင်းကာရေတွက်လျှင် အမှန်တကယ်မူ ခြောက်ခုရှိမည်ဖြစ်သည်။
ကျန်းချန်ရွှမ်ပြောသကဲ့သို့ ငါးခုမဟုတ်ပါ။
သူတို့ဂိုဏ်းနှစ်ခုအတွက် တစ်နေရာသာရေတွက်လိုက်ခြင်းလည်းမဖြစ်နိုင်ပါ။
၎င်းသည် အဓိပ္ပာယ်မရှိပေ။
နတ်ဘုရားဂိုဏ်းမှ ကောင်းပိုင်ယွဲ့သည် လျှင်မြန်စွာဖြင့် ထိုမေးခွန်းကိုမေးလိုက်လေသည်။
အခြားသူများကလည်း ကျန်းချန်ရွမ်အားကြည့်နေကြသည်။
ကျန်းချန်ရွှမ်က ရယ်လိုက်ကာ တုံ့ပြန်ပြောလိုက်လေသည်။
“ကျွန်တော် ဂိုဏ်း နဲ့ မိသားစု ငါးခုလို့ပြောလိုက်ကတည်းက ကျွန်တော်အမှားလုပ်တာမဟုတ်ပါဘူး။ ကျွန်တော်က ချင်ခုန်းခန်းမကိုထည့်မတွက်တာပါ။”
“ဘာ?”
ကျန်းချန်ရွှမ်ပြောပြီးသည်နှင့် လူတိုင်းသည် ကြောင်အသွားကြသည်။
ထိုဖော်ပြချက်သည် အားလုံးကိုကြောင်အသွားစေပြီး အထူးသဖြင့် ချင်ခန်းခန်းမမှကျင့်ကြံသူများ ဖြစ်ကာ သူတို့သည် ထိုအတွက်ကြောင့် သိသာစွာဒေါသထွက်နေကြလေသည်။
သူတော်စင်ကောင်းကင်ဖြူသည် အထူးသဖြင့် ကျန်းချန်ရွှမ်အပေါ် သတ်ဖြတ်ခြင်း ရည်ရွယ်ချက်များကို ပြနေကာ ချိန်းခြောက်၍ ပြောလိုက်လေသည်။
“ကောင်လေး မင်းက သေချင်နေတာပဲ။”
“ကျုပ်သေချင်နေတာလားဆိုတာကို မကြာခင်မှာ သိရတော့မှာပါ။” ကျန်းချန်ရွှမ်က တုံ့ပြန်လိုက်ကာ သူ၏မျက်လုံးများသည် အေးစက်နေလေသည်။
“ကျုပ်တို့ အရင် မသေမျိုးပင်လယ်မြို့မှာတွေ့တုန်းက ရန်ငြိုးတွေကို မကျေသေးဘူးလေ။ ဒီနေ့က အဲဒီကိစ္စကို အဆုံးသတ်ဖို့အကောင်းဆုံးအချိန်ပဲ။”
ကျန်းချန်ရွှမ်၏ကြေငြာချက်သည် လူတိုင်းကို ထိတ်လန့်သွားစေသည်။
မည်သူမှ သူ့အား တာအိုဖွဲ့စည်းခြင်းသူတော်စင်နှင့် တိုက်ခိုက်ရန်အခွင့်အရေးရှာလိမ့်မည်ဟု မမျှော်လင့်ထားပါ။
လူရီဖန်နှင့်အခြားသူများသည် မတတ်နိုင်ဘဲ မျက်မှောင်ကုပ်လိုက်ကြသည်။
အကြောင်းမှာ သူတို့သည် ပြသနာကို စဉ်းစားမိကြသောကြောင့်ဖြစ်သည်။
ထိုပြသနာသည် ဖြေရှင်းနည်းမရှိဘဲ သူတို့၏တိုက်ပွဲသတင်းက ပျံနှံ့သွားသည်နှင့် ထိုနေရာမှ နတ်ဆိုးကျင့်ကြံသူများကို ဆွဲဆောင်နိုင်ချေ ရှိပါသည်။
လူအုပ်၏ စိုးရိမ်မှုအား အာရုံခံမိပြီး ကျန်းချန်ရွှမ်သည် စိတ်ချသွားစေရန်ပြောလိုက်သည်။
“စိတ်ချပါ၊ သူတော်စင်ကောင်းကင်ဖြူနဲ့သူ့နောက်လိုက်တွေနဲ့ရင်ဆိုင်ဖို့က အချိန်သိပ်မလိုပါဘူး။ အသက်ဆယ်ချက်ရှုချိန်လောက်ဆိုလောက်ပါပြီ။”
ထိုရဲတင်းသည့် ဖော်ပြချက်က လူတိုင်းကိုထပ်မံ၍ အံ့အားသင့်သွားစေခဲ့ပြီး ကောင်းကင်ဖြူ သူတော်စင် အပါအဝင် ချင်ခုန်းခန်းမ၏အဖွဲ့ဝင်များသည် ဒေါသဖြင့် ရယ်မောလိုက်ကြသည်။
“ဒီလောက်ဘဝင်မြင့်နေတဲ့ကောင် လူငယ်လေး။ မင်းငါ့ကို အသက်ဆယ်ကြိမ်ရှုချိန်အတွင်း ငါနဲ့ဘယ်လိုရင်ဆိုင်ဖို့စီစဉ်ထားလဲ ငါကြည့်ဦးမယ်။”
သူသည် စကားပြောပြီးသည်နှင့် သူတော်စင်ကောင်းကင်ဖြူသည် ၎င်းကိုယ်တိုင် ကောင်းကင်ကျယ် အဖြစ်ပြောင်းလဲလိုက်ကာ ကျန်းချန်ရွှမ်၏ဘေးပတ်ဝန်းကျင်အား သူ၏တာအိုစည်းမျဉ်းနှင့် ဖုံးလွမ်းလိုက်လေသည်။
ကျန်းချန်ရွှမ်သည် သူ၏ပတ်ဝန်းကျင်မှ ဒြပ်စင်ချီများနှင့် ဖြတ်တောက်ခြင်းကိုခံလိုက်ရသည်ကို တွေ့လိုက်ရသည်။ စည်းမျဉ်းများအားအသုံးချရာ၌ပင် နှေးကွေးလေးလံလာခဲ့သည်။
သို့ရာတွင် ကျန်းချန်ရွှမ်၏ အပြုအမူမှာ တည်ငြိမ်နေလေသည်။
ဝုန်း….
သူ၏လက်ကို ဖြည်းဖြည်းခြင်းမြောက်လိုက်ပြီး ကြယ်များသည် ကိုယ်တိုင်ပေါက်ကွဲသွားသကဲ့သို့ ရှိန်လောက်သည့်စွမ်းအားကို ထုတ်လွတ်လိုက်လေသည်။
ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားက ကောင်းကင်သို့တက်သွားလေသည်။
ဝုန်း..ဝုန်း…ဝုန်း…ဝုန်း…
ကောင်းကင်ဖြူသူတော်စင်၏ ကောင်းကင်အမိုးသည် ကျန်းချန်ရွှမ်၏စွမ်းအားကြောင့် ပြင်းထန်စွာတုန်ခါလာခဲ့ပြီး ကြည့်ရှုနေသူများကို ထိတ်လန့်သွားစေခဲ့လေသည်။
“တာအိုရောင်းရင်းကျန်းက တကယ်ပဲ။”
ကျီ…
ထိုအချိန်တွင် ကျန်းချန်ရွှမ်၏အနောက်တွင် နဂါးနှင့် ဆင်တို့၏ပုံရိပ်များပေါ်လာခဲ့သည်.
သူပစ်လွတ်လိုက်သည့်လက်သီးချက်သည် အလွန်ပြင်းထန်ကာ ကြောက်မက်ဖွယ်ကောင်းနေပြီး သူဘေးပတ်ဝန်းကျင်ကိုပင် သေးငယ်သည့်အက်ကွဲကြောင်းများဖြစ်သွားစေခဲ့သည်။
သူသည် တာအိုဖွဲ့စည်းခြင်း၏အဝင်ဝသို့ ချိုးဖောက်နိုင်ခဲ့ပြီးဖြစ်ပေသည်။
လေဟာနယ်အား ထိုကဲ့သို့ ဖျက်ဆီးနိုင်ခြင်းသည် တာအိုဖွဲ့စည်းခြင်းအဆင့်ကို ရောက်ပြီးဖြစ်သည့် ကျင့်ကြံသူ၏ စွမ်းအားပင်ဖြစ်သည်။
“ဟိန်းသံများ…”
နဂါး၏မြင့်မားသောဟိန်းသံများက လူတိုင်း၏နားထဲပဲ့တင်ထပ်သွားခဲ့ပြီး အလွန်ကြောက်မက်ဖွယ် ကောင်းသည့် စွမ်းအင်ပေါက်ကွဲမှုက အမိုးအထဲတွင်ဖြစ်သွားကာ ကျယ်လောင်သည့်အသံများကို ဆက်တိုက်ဖြစ်ပွားစေခဲ့သည်။
မချိုးဖောက်နိုင်သည့် ကောင်းကင်အမိုးသည် စတင်၍ များစွာသော အက်ကွဲကြောင်းများကို ပြသလာခဲ့ပြီး ထိုဖြစ်စဉ်အားသုံးသည် အသက်သုံးချက်ရှုချိန်အချိန်၌သာ ဖြစ်ခဲ့ပေသည်။
***