သူတော်စင်ကောင်းကင်ဖြူ ကျဆုံးခြင်း၊ လမ်းတစ်ဝက်၌သတ်ဖြတ်ခြင်း
Vol. 46 Ch. 869
“ဘယ်လိုလဲ…”
ထိုအရာကိုမြင်လျှင် သူတော်စင်ကောင်းကင်ဖြူသည် လုံးဝထိတ်လန့်သွားခဲ့သည်။
နှစ်အနည်းငယ်အတွင်း ကျန်းချန်ရွှမ်၏စွမ်းအားက ထိုမျှလောက် မည်ကဲ့သို့တိုးတက်လာခဲ့သည်ကို ပုံမဖော်နိုင်ခဲ့ပေ။
အခြားသူများသည်လည်း သူကဲ့သို့ပင် မယုံကြည်နိုင်ဖြစ်နေကြပြီး ကျန်းချန်ရွှမ်၏လုပ်နိုင်စွမ်းက အမှန်တကယ်ပင် တာအိုဖွဲ့စည်းခြင်းအဆင့်သို့ရောက်နေပြီဖြစ်ကြောင်းကို သတိပြုမိသွားကြသည်။
ဝုန်း…
ထိုအချိန်တွင် ကျန်းချန်ရွှမ်၏နောက်တွင် အလွန်ကျက်သရေရှိသည့် ပုံရိပ်က လင်းလက်သွားခဲ့ပြီး သူ၏လက်သီးအား ပို၍ ပြင်းထန်သွားစေခဲ့ပေသည်။
ဝုန်း……ဝုန်း……ဝုန်း…….
ပေါက်ကွဲမှုသည် ဆက်တိုက်ဖြစ်လာခဲ့ပြီး သူ့အားအုပ်မိုးနေသည့် ကောင်းကင်အမိုးသည် အလယ်မှ ကျိုးပဲ့လာခဲ့ပြီး အက်ကွဲကြောင်းများသည် လျှင်မြန်စွာ ပြန့်နှံ့သွားခဲ့သည်။
ခွပ်…..
ကွဲအက်နေသည့်အသံများသည်လေထဲတွင်ပျံသွားခဲ့ပြီး လူတိုင်းသည်အသိ ပြန်မဝင်လာသေးခင် မှာပင် ကောင်းကင်အမိုးသည် အနန္တအလင်းများအဖြစ် ပြောင်းလဲပျောက်ကွယ်သွားခဲ့ပြီး လုံးဝ ပျောက်ပျက်သွားခဲ့လေသည်။
“အား..”
သူတော်စင်ကောင်းကင်ဖြူသည် လူပုံစံအဖြစ်ပြောင်းလဲသွားခဲ့ပြီး ပါးစပ်အပြည့်သွေးများ အန်လိုက်သည်။
“မင်း..”
“ဘာလို့လဲ? သေလိုက်တော့။” ကျန်းချန်ရွှမ်သည်တုံ့ပြန်လိုက်ပြီး သူ၏အမူအရာသည် အေးစက်ကာ ညှာတာမှုကင်းမဲ့နေခဲ့သည်။
ဝုန်း…
သူသည် နောက်မဆုတ်ပဲ သူ၏ဓမ္မစွမ်းအား၊ ခန္ဓာကိုယ်စွမ်းအားနှင့် အမျိုးမျိုးသော စည်းမျဉ်း များအား တစ်ခုတည်းအဖြစ်ပေါင်းစည်းလိုက်ကာ လက်သီးတစ်ချက်ကို ထုတ်လွတ်လိုက်ပြီး ပေါက်ကွဲစွမ်းအားကို ကောင်းကင်ဖြူသူတော်စင်ဆီသို့ ဦးတည်၍ ပစ်လွတ်လိုက်လေသည်။
“အိုး..မဟုတ်ဘူး။”
သူတော်စင်ကောင်းကင်ဖြူသည် အလွန်အန္တရာယ်များသည့်အရာက သူ့အားလွမ်းမိုးလာသည်ကို အာရုံခံမိလျှင် သူ၏မျက်နှာသည် ဖြူဖျော့သွားလေသည်။
သူ၏မျက်လုံး၌ ကြောက်ရွံ့မှုအရိပ်အယောင်ပေါ်သွားခဲ့ပြီး ကြောက်ရွံ့စွာ အော်ဟစ်လိုက် လေသည်။
“ရပ်…ရပ်…”
ဝုန်း…
သို့သော် သူ၏ စကားသည် ကျန်းချန်ရွှမ်၏ တိုက်ခိုက်မှုနှင့် တွေ့သွားလေသည်။
ဝုန်း..
ကောင်းကင်သည် အလယ်မှစ၍ ပြိုကျသွားသည်ပုံပေါ်ပြီး ဝိညာဉ်စွမ်းအားများလိမ့်တက်လာကာ အလင်းတန်းသည် လင်းလက်သွားလေသည်။
သူတော်စင်ကောင်းကင်ဖြူ ကျဆုံးသွားပြီဖြစ်သည်။
ဂျုန်း…
သို့ရာတွင် ကျန်းချန်ရွှမ်၏တိုက်ခိုက်မှုသည် ထိုနေရာတွင်မရပ်သွားပေ။
အလင်းတန်းအဖြစ်ပြောင်းလဲကာ သူသည် လျှင်မြန်စွာဖြင့် ချင်ခုန်းခန်းမမှကျန်ရစ်သည့်သူများအား ထိုနေရာ၌ပင် သုတ်သင်ရှင်းလင်း လိုက်လေသည်။
“ကျွတ်..’
ချက်ခြင်းပင် ရှိနေသည့်လူတိုင်းက မသိစိတ်မှ စုပ်သပ်လိုက်ကြသည်။
ရှင်းလင်းစွာပင် မည်သူမှ ကျန်းချန်ရွှမ်၏စွမ်းအားက ထိုမျှလောက်ရှိန်လောက်စရာဖြစ်လိမ့်မည်ဟု မထင်ထားကြပါ။
သူတော်စင်ကောင်းကင်ဖြူသည် သူ၏အထွတ်အထိပ်တွင် မရှိနေသော်လည်း တာအိုဖွဲ့စည်းခြင်း သူတော်စင် တစ်ယောက်ဖြစ်ပြီး လျော့ကျနေသည့်အချိန်တွင် ပြန်လည်တိုက်ခိုက်နိုင်သည့်အစွမ်း ရှိနေပါသေးသည်။
သို့ရာတွင် ကျန်းချန်ရွှမ်၏စွမ်းအားသည် သူ့အားရင်ဆိုင်နိုင်ကာ ရှုံးနိမ့်စေနိုင်ခြင်းသည် သူသည် အမှန်တကယ်ပင် တာအိုဖွဲ့စည်းခြင်းသူတော်စင်၏စွမ်းအားကို ပိုင်ဆိုင်နေကြောင်း ပြသနေပါသည်။
၎င်းသည် လူတိုင်း၏အာရုံကိုဆွဲဆောင်လိုက်သည့် အမြင်ပင်ဖြစ်သည်။
ကျန်းချန်ရွှမ်သည် ကျန်နေသည့်လူများအား နောက်သို့လှည့်ကာ အပြုံးဖြင့်ပြောလိုက်သည်။
“ကောင်းပါပြီ။ အခု ကျွန်တော်တို့ငါးဂိုဏ်းပဲကျန်တော့တာဆိုတော့၊ ကျွန်တော်ရဲ့ အစက အကြုံပြုထားတာကိုဘယ်လိုထင်ကြလဲ?”
လူအုပ်ထဲတွင် တိတ်ဆိတ်နေကာ အဖြစ်အပျက်ပြောင်းလဲမှုအား စဉ်းစားနေကြသေးသည်။
ကံကောင်းစွာပင် နတ်ဘုရားဂိုဏ်းမှ ကောင်းပိုင်ယွဲ့က ရယ်မောကာ ခေါင်းညိတ်၍ အစောဆုံးဖြေလိုက်လေသည်။
“နတ်ဘုရားဂိုဏ်းက ကန့်ကွက်စရာမရှိပါဘူး။”
ချင်မိသားစုအကြီးအကဲကလဲ ယခုမှ သတိပြန်ဝင်လာကာ တူညီစွာပင် သဘောတူရန် ခေါင်းညိတ်လိုက်လေသည်။
“ချင်မိသားစုကလည်း ကန့်ကွက်စရာမရှိပါဘူး။”
နောက်ဆုံးတွင် နတ်ဘုရားအရိပ်ဂိတ်၏အလှည့်ဖြစ်ပေသည်။
ဂိုဏ်း၏ကိုယ်စားပြု သူတော်စင်နတ်ဓားက ဖြည်းဖြည်းခေါင်းညိတ်လိုက်သည်။
“နတ်ဘုရားအရိပ်ဂိတ်ကလည်း ကန့်ကွက်စရာမရှိပါဘူး။”
အင်အားစုငါးခုမှ သဘောတူညီမှုဖြင့် သူတို့သည် အချိန်မဆွဲတော့ပဲ မဟာအစီအရင်ကို ချမှတ်လိုက်ကြတော့သည်။
ရက်အနည်းငယ်အကြာတွင်၊ အဆင့် ၈ မဟာအစီအရင်သည် မူလတာအိုမြေပေါ်တွင် တဖြည်းဖြည်း ထွက်ပေါ်လာပြီး အင်အားစုငါးခု၏ပူးပေါင်းအင်အားကိုပြသနေလေသည်။
တစ်ချိန်တည်းမှာပင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အစောပိုင်းက ဆက်သွယ်ထားသည့် ဟောက်ရန်ဂိုဏ်းနှင့် မိုးကြိုးချိုင့်ဝှမ်းမှ အခြားတာအိုဖွဲ့စည်းခြင်းသူတော်စင်များသည် သူတို့၏တာဝန်ကိုယူဖို့ရန် ရောက်လာခဲ့လေသည်။
အဆုံး၌ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ဤနေရာ၌သာနေရန်မဖြစ်နိုင်ပေ။ အထူးသဖြင့် လောကသစ်၌ မရှာဖွေရသေးသည့် အခွင့်အလမ်းများနှင့် ကံကြမ္မာများ သည် ရှာဖွေရန် စောင့်ဆိုင်းနေပါသေးသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သဘာဝအတိုင်း လွယ်ကူစွာ လွတ်သွားစေမည်မဟုတ်ပါ။
ထို့ကြောင့် မူလတာအိုမြေက လုံးဝ တည်ငြိမ်သွားသည်နှင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အချိန်ကြာကြာမနေတော့ပေ။
ထိုအချိန်တွင် ထိုစုံတွဲသည် လောကအား စူးစမ်းလေ့လာတော့မည်ဖြစ်သည်။
ဤလောကတွင် အခွင့်အလမ်းများစွာရှိသည်ဟု ပြောနိုင်ပါသည်။ အထူးသဖြင့် ကျန်းချန်ရွှမ်သည် ကောင်းကင်တွက်ချက်ခြင်းနည်းစနစ်အား တွက်ချက်ရန်အသုံးပြုခဲ့သဖြင့် နှစ်ဦးသာသည် လမ်းတစ်လျှောက် များစွာရရှိခဲ့ပေသည်။
ထိုသို့ဖြင့် ကျန်းချန်ရွှမ်က သူတော်စင်ကောင်းကင်ဖြူအား နိမ်နင်းလိုက်သည့်သတင်းသည် တဖြည်းဖြည်းပျံနှံ့သွားခဲ့သည်။
၎င်းသည် ချင်ခုန်းခန်းမမှကျင့်ကြံသူများအတွင်းတွင် ဂလဲ့စားချေလိုသည့်ဆန္ဒများရှိလာစေခဲ့ပြီး ယခုမူ ကျန်းချန်ရွှမ်အား ပစ်မှတ်အဖြစ်မြင်နေကြလေသည်။
ကျန်းချန်ရွှမ်၏ ချင်ခုန်းခန်းမ၏ သူတော်စင်အားသတ်လိုက်သော ရဲတင်းသော လုပ်ရပ်က စည်းကျော်နေပြီဖြစ်ကာ ဂိုဏ်းကို ရန်စလိုက်ခြင်းဖြစ်ပေသည်။
ထိုအချိန်တွင်။
နှင်းများထူထပ်သည့်တောင်ထိပ်တွင် ကြောက်မက်ဖွယ်စွမ်းအားရောင်ဝါဖြင့် ပုံရိပ်နှစ်ခုက တိတ်ဆိတ်စွာရပ်နေလေသည်။
၎င်းတို့သည် အခြားသူမဟုတ်ဘဲ ဤလောကသစ်သို့ဝင်ရောက်လာသည့် ချင်ခုန်းခန်းမမှ တာအိုဖွဲ့စည်းခြင်းသူတော်စင် အာရုဏ်ဦးချိုးဖောက်သူနှင့် သူတော်စင် တိမ်တိုက်ပင်လယ် ဖြစ်ပေသည်။
သူတို့သည် အဝေးသို့ကြည့်နေကာ သူတို့၏အကြည့်သည် နေရာလပ်ကိုပင် ဖောက်ထွက်နိုင်ပုံ ရလေသည်။
သူတော်စင် အာရုံဦးချိုးဖောက်သူရုတ်တရက် ပြောလိုက်သည်။ “ညီအစ်ကိုတိမ်တိုက်ပင်လယ်၊ ကျန်းချန်ရွှမ်နဲ့ သူရဲ့တာအိုအဖော်က ဒီကဖြတ်သွားမှာ သေချာလား?”
သူတော်စင်တိမ်တိုက်ပင်လယ်က အနည်းငယ်ခေါင်းညိတ်လိုက်သည်။
“ငါ့ရဲ့တွက်ချက်မှုအရ၊ အကယ်၍ တစ်ခုခုမမှားသွားခဲ့ရင် သူတို့က ဒီနေ့မှာ ဒီနေရာကို ဖြတ်သွားလိမ့်မယ်။”
“ကောင်းတယ်။”
သူတော်စင်အာရုဏ်ဦးက ခေါင်းညိတ်လိုက်သည်။
“ဒါဆိုရင် ဒီနေ့ပဲ ဒီပြသနာကို ဖြေရှင်းရမယ်။
အကယ်၍ ငါတို့သူ့ကိုဆက်ပြီး တိုးတက်ခွင့်ပြုလိုက်ရင် သူက ငါတို့ ချင်ခုန်းခန်းမအတွက် အရေးကြီးတဲ့ ချိန်းခြောက်မှုတစ်ခုဖြစ်လာလိမ့်မယ်။”
“ဟမ်..?”
သူတို့စကားပြောနေရင်း သူတို့သည် အဝေးမှ နှင်းတောင်ဆီသို့ ပုံရိပ်နှစ်ခုပျံသန်းလာသည်ကို သတိပြုလိုက်မိသည်။
၎င်းသည် သူတို့၏မျက်လုံးများကို ကျဉ်းမြောင်းသွားစေခဲ့သည်။
“ညီအစ်ကို တိမ်တိုက်ပင်လယ်။ ကြည့်ရတာ ခင်ဗျားရဲ့ ကောင်းကင်လျို့ဝှက်ချက် ကံကြမ္မာ ချပ်ပြားဝိုင်းက တကယ်ပဲ ဂုဏ်သတင်းအတိုင်းပါပဲလား။ ခင်ဗျားသူတို့လာမှာကို တိတိကျကျ ခန့်မှန်းနိုင်ခဲ့တယ်။” သူတော်စင်အာရုဏ်ဦးက မှတ်ချက်ပြုလိုက်သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် နှင်းတောင်နှင့် လီသောင်းပေါင်းများစွာအဝေးတွင်ပင် ရှိနေသေးကာ သူတို့အပေါ်သို့ သတ်ဖြတ်ခြင်းအကြည့်နှစ်ခုကျရောက်နေသည်ကို ခံစားမိသွားသည်။
၎င်းသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား နှလုံးခုန်မြန်သွားစေသည်။
မော့ကြည့်လိုက်ရာ သူတို့၏အကြည့်သည် ချင်ခုန်းခန်းမမှ သူတော်စင်နှစ်ဦး၏အကြည့်နှင့် ရင်ဆိုင်လိုက်ရလေသည်။ ချက်ခြင်းပင် သူတို့သည် လေထဲတွင် တိုက်ခိုက်လိုက်ကြသည်။
ခွပ်….
ဝုန်း….
ချက်ခြင်းပင် ၎င်းသည် မမြင်နိုင်သည့်မိုးကြိုးများသည် ကောင်းကင်ကိုဖြတ်သွားသကဲ့သို့ဖြစ်ကာ မိုးချုန်းသံများ ထွက်ပေါ်လာလေသည်။
***