အရှင်မင်းကြီးက ပြောတယ်၊ ယန်ဟုန်က ထူးခြားတဲ့ဇာတ်ကောင်တစ်ယောက်ပဲ
Vol. 8 Ch. 117
ရှဲ့အန်းရှီသည် နေ့အချိန်တွင် ရိုက်နှက်ခံခဲ့ရပြီး ယခု သူသည် တစ်ဖန်ပြန်လည်ရိုက်နှက်ခံနေရပြန်တာကြောင့် ထိုးနှက်ချက်များကို မခံနိုင်တော့ဘဲ သူသည် မြေပြင်ပေါ်တွင် သတိလစ်သွားခဲ့သည်။ ဒုတိယသခင်လေးလော့သည် လက်သီးချက်အနည်းငယ်က သူ့ယောက်ဖကို လဲကျသွားစေခဲ့သည်ကိုမြင်သောအခါ မှင်တက်သွားခဲ့သည်။ အကြီးဆုံးသခင်လေး လော့ဝေ့သည် ဒေါသထွက်နေဆဲဖြစ်သော်လည်း သူသည် နောက်ဆုံးတွင် သတိပြန်ဝင်လာခဲ့သည်။ ရှဲ့အန်းရှီက သူ့မယားငယ်ကို စောင့်ဆိုင်းရန် ကောင်လေးတစ်ယောက်ကို ဘယ်လိုလုပ် စီစဉ်နိုင်မှာလဲ။
“ပြောစမ်း။ မင်း ဘယ်သူလဲ။” လော့ဝေ့သည် နဉ်ရှောင်ယောင်းကို ဒေါသတကြီး လက်ညှိုးထိုးပြလိုက်သည်။
နဉ်ရှောင်ယောင်းသည် ဤလော်မျိုးနွယ်၏သခင်လေးလေးက တော်တော်စမတ်ကျသည်ဟု ခံစားရသည်။ သူမသည် သူမ၏သရုပ်ဆောင်မှုဖြင့် အလွန်ကောင်းမွန်စွာလုပ်ဆောင်ခဲ့သော်လည်း သူက သူမကို ထွင်းဖောက်မြင်နိုင်ခဲ့သည်။ လော့ဝေ့သည် နဉ်ရှောင်ယောင်းကိုဖမ်းဆုပ်ရန် ရှေ့သို့တိုးလာခဲ့သော်လည်း လိုကျစ်ကွေ့က သူ့ကို အနိုင်ယူခဲ့သည်။
သူသည် နဉ်ရှောင်ယောင်းကို သူ့နောက်ကျောတွင် ကာကွယ်လိုက်ပြီး “မင်း သူ့ခွေးကိုမရိုက်ခင် သခင်ကိုကြည့်လိုက်ဦး။ မင်းတို့ သူ့ရဲ့သခင်ကို ဘယ်လိုရှင်းပြရမလဲဆိုတာကို အရင်ဆုံးစဉ်းစားသင့်တယ်။”
လော့ညီအစ်ကို၏မျက်နှာများသည် သူ့စကားများကြောင့် ဖျော့တော့ကာစိမ်းသွားခဲ့သည်။
“သွားကြစို့၊” လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းကို သူနှင့်အတူ ဆွဲခေါ်သွားခဲ့သည်။
နဉ်ရှောင်ယောင်းသည် လော့ညီအစ်ကိုကို နှုတ်ဆက်ရန် လက်တစ်ဖက်မြှောက်လိုက်သည်။ “ကျွန်တော်က ရန်သူသူလျှိုတစ်ယောက်ပါ။ ဟားဟား။”
“………..” နံရံပေါ်တွင် သူတို့၏နေရာများကို ပြန်လည်ယူထားနှင့်ပြီဖြစ်သော ယင်းဖုန်းနှင့် ကျန်သူများ ဆွံ့အသွားသည်။
“ကျွန်တော့်ကို မစိုက်ကြည့်နဲ့၊” နဉ်ရှောင်ယောင်းက “တကယ်လို့ သူတို့သာ အပြန်အလှန်ခံစားချက်တွေမရှိခဲ့ရင် အဲဒီနှစ်ယောက်က ဘယ်လိုလုပ် တစ်ယောက်ကိုတစ်ယောက်ပွေ့ဖက်ကြမှာလဲ။ တတိယသခင်မရဲ့ကိုယ်ဟန်အနေအထားက သခင်မယန်ရဲ့ကိုယ်ဟန်အနေအထားနဲ့ ဘယ်လိုယှဉ်နိုင်မှာလဲ။ ခင်ဗျားတို့အားလုံး ယောက်ျားတွေပဲ။ ဒါဆို ခင်ဗျားတို့ နားလည်သင့်တယ်။ ဟဲဟဲ။” နဉ်ရှောင်ယောင်းသည် ရှဲ့မျိုးနွယ်၏တတိယသခင်မကို တစ်ချက်သာ မြင်ဖူးခဲ့သည်။ သူမ ဘယ်လိုပုံစံရှိလဲဆိုတာကို သူမ မသိခဲ့သော်လည်း အမျိုးသမီးသည် ပျဉ်ပြားတစ်ချပ်ကဲ့သို့ ပြားချပ်နေသည်ကို သူမ မှတ်မိခဲ့သည်။
လော့ညီအစ်ကို၏မျက်နှာများသည် ဖျော့တော့စိမ်းနေရာမှ ဒေါသတကြီးအနက်ရောင်သို့ ပြောင်းလဲသွားခဲ့သည်။ သူတို့က ‘နားလည်’ သင့်တယ်ဆိုတာလား!
ယင်းဖုန်းသည် သူ့အဖော်အစောင့်များကို “သွားကြစို့။”
ခင်ဗျားက အရှင်မင်းကြီးမဟုတ်သရွေ့ ဘယ်သူနဲ့မဆို ရန်သူဖြစ်နိုင်တယ်။ မဟုတ်ရင် အရှင်မင်းကြီးက ခင်ဗျားကို သေခြင်းထက်ဆိုးရွားသောအခြေအနေတွင် သေချာပေါက်ချန်ထားခဲ့လိမ့်မည်။ နဂါးအစောင့်များသည် နဉ်ရှောင်ယောင်း ရှဲ့အန်းရှီအပေါ် တင်စားချက်အရရွှံ့များ ပစ်လွှတ်သည်ကိုကြားသောအခါ သူတို့၏အရှင်မင်းကြီးအပေါ်နားလည်မှုသည် နောက်ထပ်အဆင့်တစ်ခုသို့ နက်ရှိုင်းသွားခဲ့သည်။
လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းကို ခြံဝင်းအပြင်ဘက်သို့ပင် မခေါ်ဆောင်ရသေးမီ တတိယသခင်လေးရှဲ့သည် မိုးရေအောက်တွင် သတိပြန်ဝင်လာခဲ့သည်။ သူသည် မြေပြင်ပေါ်တွင် မှောက်လျက်လဲလျောင်းနေရင်း အော်ဟစ်လိုက်သည်၊ “လော့ရွေ့၊ မင်း ငါ့အပေါ် လက်ပါရဲတယ်ပေါ့။ မင်းက သေချင်နေတာပဲ။”
နဉ်ရှောင်ယောင်း မျက်လုံးလှိမ့်လိုက်သည်။ “ကြည့်လိုက်စမ်းပါဦး။ လက်ပါးစေတွေက လုံးဝလေးစားမှုမရကြဘူး!”
“မင်းက ဘယ်သူလဲ။” ရှဲ့အန်းရှီသည် နဉ်ရှောင်ယောင်းကို မမြင်မီကပင် အော်လိုက်သည်။
“ငါက မင်းအဖေမဟုတ်ဘူး။ အဲဒါတော့ သေချာတယ်၊” နဉ်ရှောင်ယောင်းသည် ပြန်အော်လိုက်သည်။
ရှဲ့အန်းရှီသည် ဒေါသထွက်လွန်း၍ မြေပြင်မှ ခုန်ထရပ်လိုက်ပြီး အမိန့်ပေးလိုက်သည်၊ “အဲဒီလူယုတ်မာကို ဖမ်းထားလိုက်!”
အမတ်ချုပ်ကြီး၏လူများအားလုံး ငိုချင်စိတ်ပေါက်သွားကြသည်။ လိုကျစ်ကွေ့ ဒီမှာရှိနေတယ်။ ငါတို့က အဲဒီဘေးဒုက္ခကြယ်နဲ့တိုက်ခိုက်ရင် အသက်ရှင်နိုင်ဦးမှာလား။
“သွားကြစို့၊” လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းကို ခြံဝင်းအပြင်ဘက်သို့ ဆွဲခေါ်သွားရင်း တစ်ဖန်ပြန်ပြောလိုက်သည်။
နဉ်ရှောင်ယောင်း ဟမ့်ဟုအသံပြုလိုက်သည်။ “ယန်ဟုန်က လူဆိုးတစ်ယောက်ပဲ။”
“ဘာလို့ အဲလိုပြောရတာလဲ။” လိုကျစ်ကွေ့က မေးလိုက်သည်။
“သူ့ရဲ့အနံ့က အဲဒီမြေအောက်ခန်းထဲမှာ ရှိနေခဲ့တယ်၊” နဉ်ရှောင်ယောင်းသည် သူမ၏နှာခေါင်းကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။ “ကျွန်တော် သူ့ဘေးမှာ ငုံ့ချလိုက်တုန်းက တူညီတဲ့အနံ့ကို ရခဲ့တယ်။”
“သူက အဲဒီမှာရှိတဲ့လူတွေကို အစားအစာတွေ ပို့ဆောင်ပေးခဲ့တာဖြစ်နိုင်တယ်၊” လိုကျစ်ကွေ့က ပြောလိုက်သည်။
“သူ မလုပ်ခဲ့ဘူး၊” နဉ်ရှောင်ယောင်း ပြန်ဖြေလိုက်သည်။ “အစားအစာပို့ဆောင်ပေးတဲ့တစ်ယောက်ယောက်က မြေအောက်ခန်းထဲကကုလားထိုင်တွေပေါ်မှာ ထိုင်ဖို့မရပ်နားဘူး။ ဒီမိန်းမက အမတ်ချုပ်ကြီးရဲ့ဘက်ကနေ အဓိကကျတဲ့ဇာတ်ကောင်တစ်ယောက်ဖြစ်နိုင်တယ်။ အော်..ကျွန်တော် နည်းနည်းပိုပြီးရှင်းပြပါ့မယ်။ ကျွန်တော်က မြေအောက်ခန်းထဲကကုလားထိုင်တွေထဲက တစ်လုံးပေါ်မှာ သူ့ရဲ့မျက်နှာအမှုန့်အနံ့ကို ရခဲ့တယ်။ အဲဒီကုလားထိုင်ရဲ့နောက်ကျောပေါ်မှာ ပန်းတွေတောင် ထွင်းထုထားသေးတယ်။”
မင်းမှာ ဘယ်လိုနှာခေါင်းမျိုးရှိနေတာလဲ။ လိုကျစ်ကွေ့သည် သူ့နဖူးကို လက်ဖြင့်ပွတ်ရင်း တွေးလိုက်သည်။
နဉ်ရှောင်ယောင်း ထပ်ပြောလိုက်သည်၊ “ဒါပေမဲ့ သူက တကယ်ပဲ အဓိကဇာတ်ကောင်တစ်ယောက်ဆိုရင် ဘာလို့ ရှဲ့လိုင်ပေါင်ရဲ့ချစ်သူဖြစ်နေရတာလဲ။”
“ဘယ်လိုဖြစ်တယ်” လိုကျစ်ကွေ့၏လက်သည် သူ့နဖူးမှ ပြန်ကျသွားခဲ့သည်။
နဉ်ရှောင်ယောင်းက “ကျွန်တော် အဲဒါကို မပြောခဲ့ဘူးလား။ ယန်ဟုန်က ရှဲ့လိုင်ပေါင်နဲ့ တရားမဝင်အချစ်ရေးဇာတ်လမ်းတစ်ခုမှာ ပါဝင်ပတ်သက်နေတယ်။”
လိုကျစ်ကွေ့သည် လမ်းလျှောက်ခြင်းကို ရပ်တန့်လိုက်သည်။ နဉ်ရှောင်ယောင်းသည် သူမ၏အတွေးများတွင် နစ်မြုပ်နေဆဲဖြစ်ပြီး သူမကိုယ်သူမ တီးတိုးပြောနေသည်။ “ရှဲ့လိုင်ပေါင်မှာ တော်တော်လေးကြီးတာရှိပြီး ယောက်ျားတစ်ယောက်အနေနဲ့ ကောင်းကောင်းလုပ်ဆောင်နိုင်လို့ဖြစ်နိုင်မလား။”
“အဲဒီမိန်းမကို သွားဖမ်းလိုက်၊” လိုကျစ်ကွေ့သည် သူ့နောက်ကအစောင့်များကို ညွှန်ကြားလိုက်သည်။ တော်ဝင်အစောင့်အနည်းငယ်သည် ယန်ဟုန်ကို ဖမ်းဆီးရန် ထွက်ပြေးသွားခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းဘက်သို့ ပြန်လှည့်ပြီး “ကြီးမားတဲ့ဘာလဲ။”
နဉ်ရှောင်ယောင်းသည် သူမ၏ခေါင်းကိုမော့လိုက်ပြီး လိုကျစ်ကွေ့ကို ချောင်းကြည့်လိုက်ပြီးနောက် သူမ၏အကြည့်ကို အောက်သို့ရွှေ့လိုက်သည်။
“………” စစ်သေနာပတိချုပ်လိုသည် သူမ ဘာကိုဆိုလိုမှန်းကို ရုတ်တရက်နားလည်သွားခဲ့သည်။
“ကျွန်တော်ထင်တာတော့၊” နဉ်ရှောင်ယောင်းသည် စစ်သေနာပတိချုပ်လိုနှင့် ဤအကြောင်းကို ထပ်မံဆွေးနွေးချင်စိတ်ဖြင့် စတင်လိုက်သည်။
သို့သော် လိုကျစ်ကွေ့သည် သူမ၏ပါးစပ်ကို ပိတ်လိုက်ပြီး မောပန်းစွာ တီးတိုးပြောလိုက်သည်၊ “သွားကြစို့လေ။” သူ သူမကို ရှေ့တံခါးအပြင်ဘက်သို့ ဆွဲထုတ်သွားသောအခါ တော်ဝင်အစောင့်တစ်ဦးသည် သူ့ပခုံးပေါ်တွင် သတိလစ်နေသောယန်ဟုန်နှင့်အတူ ပြေးထွက်လာခဲ့သည်။
“သူ သတိလစ်နေတုန်းပဲလား။” နဉ်ရှောင်ယောင်းသည် စစ်မြင်းဖြစ်သော ရှောင်ဟုန်ပေါ်တွင်နားရင်း မေးလိုက်သည်။ ရှဲ့အန်းရှီက ရိုက်နှက်ခံရလိုက်ရတာတောင် နိုးလာနိုင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီအလှလေးက နည်းနည်းလေးဆွဲညှစ်လိုက်ရုံနဲ့ သတိလစ်နေတုန်းပဲလား။
“သွားကြစို့၊” လိုကျစ်ကွေ့၏ဖနောင့်များဖြင့် မြင်းကိုတစ်ချက်ပေါက်လိုက်ပြီး စတင်ထွက်ခွာလေသည်။
ယင်းဖုန်းနှင့် ကျန်သူများသည် နဉ်ရှောင်ယောင်းကို ထွက်ပေါက်တွင် စောင့်ဆိုင်းနေခဲ့ကြသည်။ ဒါကြောင့် နဉ်ရှောင်ယောင်းတို့ရောက်လာသည်နှင့် ယင်းဖုန်းက သူတို့ဆီသို့ မြင်းကိုနှင်လာလေသည်။
နဉ်ရှောင်ယောင်းက “သာ့ဖုန်း။ ကျွန်တော် ခင်ဗျားရဲ့မြင်းပေါ်မှာ စီးလို့ရမလား။” ယင်းဖုန်း၏မြင်းသည် အဖြူရောင်နဂါးလေးဟုခေါ်သော မြင်းဖြူတစ်ကောင်ဖြစ်သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် လေလွင့်နေသောအမွေးတစ်ပင်မှမရှိဘဲ သူသည် နဉ်ရှောင်ယောင်း နန်းတော်မှထွက်ခွာသည်နှင့်တစ်ပြိုင်နက် သူမ၏မိန်းကလေးဆန်သောနှလုံးသားကို ဖမ်းစားခဲ့သည်။ မြင်းဖြူတစ်ကောင်! မြို့လမ်းများတစ်လျှောက် မြင်းဖြူတစ်ကောင်စီးရတာ အရမ်းရိုမန်းတစ်ဆန်မှာပဲ!
ယင်းဖုန်း မဖြေမီ လိုကျစ်ကွေ့သည် ရှောင်ဟုန်ကို ကြာပွတ်ဖြင့်ရိုက်လိုက်ရာ ဟီသံတစ်ချက်ဖြင့်ထွက်ပြေးသွားခဲ့သည်။
“သွားပြီလေ၊” နဉ်ရှောင်ယောင်းသည် သူမ၏ကိုယ်ကိုလှည့်ကာ နောက်သို့ပြန်ကြည့်လိုက်ပြီး မြင်းပေါ်မှ ပြုတ်ကျလုနီးပါးဖြစ်သွားခဲ့သည်။
လိုကျစ်ကွေ့သည် သူမကို သူ့ဘက်သို့ဆွဲလိုက်ပြီး “မင်း ငါ့မြင်းပေါ်မှာ မစီးချင်ဘူးလား။”
နဉ်ရှောင်ယောင်းသည် ပြေးလွှားနေသောရှောင်ဟုန်ကို လှမ်းကြည့်လိုက်သည်။ မြင်း၏ခံစားချက်များကို ချန်ထားရန် သူမသည် လိမ်ညာပြီး “စီးချင်ပါတယ်။” လူတိုင်းက မြင်းဖြူပေါ်ကမင်းသားအကြောင်း ကြားဖူးကြတယ်။ ဒါပေမဲ့ မြင်းနီပေါ်ကမင်းသားအကြောင်း ဘယ်တော့မှမကြားဖူးဘူး! သူမ မပျော်မရွှင်ဖြစ်နေခဲ့သည်။
“နည်းနည်းပိုကပ်ဦး၊” လိုကျစ်ကွေ့က ပြောလိုက်သည်။
နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့ထံသို့ ပို၍နီးကပ်စွာ မှီလိုက်သည်။
“မင်းနောက်တစ်ကြိမ် မိုးထဲမှာအပြင်ထွက်တဲ့အခါ ထီးသုံးဖို့ မမေ့နဲ့၊” လိုကျစ်ကွေ့ တိုက်တွန်းလိုက်သည်။
နဉ်ရှောင်ယောင်းက “မြင်းစီးနေတုန်းမှာတောင်လား။”
“ဒါဆို မိုးကာအင်္ကျီဝတ်ပါ။”
“အိုး။”
“ငါတို့ နန်းတော်ကိုပြန်ရောက်တဲ့အခါ ငါ အပြစ်ဒဏ်ခန်းမမှာ ယန်ဟုန်ကို စစ်မေးဖို့သွားမယ်။ မင်းကတော့ ပြန်သွားပြီး စောစောအနားယူသင့်တယ်။”
“အိုး။”
လိုကျစ်ကွေ့သည် သူ့လက်မောင်းများအတွင်းကလူကို ငုံ့ကြည့်လိုက်သည်။ “မင်း မနက်ဖြန် ညီလာခံအကြီးရှိတယ်ဆိုတာကို မေ့သွားပြီလား။”
နဉ်ရှောင်ယောင်း တောင့်တင်းသွားခဲ့သည်။ နောက်ထပ်ညီလာခံလာ?!
“မနက်ဖြန်မနက် နန်းတော်ထဲမှာ.. သတိ--”
“အဟွတ် အဟွတ် အဟွတ်၊” နဉ်ရှောင်ယောင်း ဟက်ကနဲဖြစ်သွားသည်။ “ကျွန်မ နေမကောင်းဘူး။ မနက်ဖြန် ညီလာခံကို ကျော်လို့ရမလား။” သူမသည် ချင်ရွှမ်နှင့် မိန်းကလေးအားရှင်း မြို့တော်ကို အလျင်အမြန်ထွက်ခွာသွားအောင် သေချာလုပ်ပေးရမည်ဖြစ်သည်။ ဒါ့အပြင် ရှောင်ထောင်ဟွားနှင့် စစ်သေနာပတိချုပ်၏အစ်ကိုကြီးသတင်းကဲ့သို့ တခြားဂရုစိုက်စရာအရာများလည်း ရှိသေးသည်။ သူမ တကယ်ပဲအလုပ်ရှုပ်နေတယ်။ ဒါဆို ဘယ်သူက အဲဒီခန်းမထဲမှာထိုင်ပြီး အကြီးအကဲလီနှင့်အပေါင်းအပါများ၏စကားစစ်ထိုးပွဲများကို နားထောင်ဖို့အချိန်ရှိမှာလဲ။ အဲဒါထက်ပိုတာက သူမ သူ့ကို လုံးဝမတွေ့ချင်ဘူးဆိုတဲ့အချက်ပဲ!
လိုကျစ်ကွေ့သည် လက်တစ်ဖက်ကိုမြှောက်လိုက်ပြီး နဉ်ရှောင်ယောင်း၏နဖူးကို စမ်းသပ်လိုက်သည်၊ ၎င်းသည် ထိတွေ့ရသည်မှာ အေးစက်နေသည်။
“အဟွတ် အဟွတ် ၊” နဉ်ရှောင်ယောင်းသည် ဆက်လက်ချောင်းဆိုးနေခဲ့သည်။
လိုကျစ်ကွေ့က “ကောင်းပြီ၊ ဒါဆို အစည်းအဝေးကို ဖျက်သိမ်းဖို့ တော်ဝင်အမိန့်တော်တစ်ခု ထုတ်ပြန်လိုက်။”
နဉ်ရှောင်ယောင်းသည် ချက်ချင်း ချောင်းဆိုးခြင်းကို ရပ်တန့်လိုက်သည်။
သူမက မိန်းကလေးတစ်ယောက်သက်သက်ပဲ။ ဒါဆို သူမက တကယ်ပဲဧကရာဇ် ဘယ်လိုဖြစ်နိုင်မှာလဲ။ လိုကျစ်ကွေ့သည် သူ့ကိုယ်သူပြောလိုက်သည်။ တစ်ရက်လောက်ညီလာခံမလုပ်ခြင်းကက အဆင်ပြေလောက်ပါတယ်။ ဘာလို့လဲဆိုတော့ ယခင်အရှင်မင်းကြီးကြီးက သူ့ညီလာခံရက်တွေကို နှစ်ပေါင်းများစွာ လွဲချော်ခဲ့တာပဲ။ သူက အဲ့လိုနေထိုင်ခဲ့တာတောင် သူ့နိုင်ငံတော်ကို မဆုံးရှုံးခဲ့ဘူး။
“စစ်သေနာပတိချုပ်။ ရှဲ့အန်းရှီက အဲဒီလော့ညီအစ်ကိုတွေနဲ့ နောက်တစ်ပွဲတိုက်ခိုက်လိမ့်မယ်လို့ထင်လား။” နဉ်ရှောင်ယောင်းသည် သူမ၏အင်္ကျီလက်ထဲက ယိုကွမ့်ကို ပွတ်သပ်လိုက်သည်၊ သူမသည် အန္တရာယ်မှလွတ်မြောက်သွားနှင့်ပြီဖြစ်သည်။
“လော့ညီအစ်ကိုတွေက ဒုတိယအကြိမ် ရိုက်နှက်ရဲမှာမဟုတ်ဘူး၊” လိုကျစ်ကွေ့က ပြောလိုက်သည်။
“ဟင်း..” နဉ်ရှောင်ယောင်းသည် ရှည်လျားစွာသက်ပြင်းချလိုက်သည်။ ငါ့ရဲ့သဘောထားကွဲလွဲမှုမျိုးစေ့ချတဲ့အရည်အချင်းတွေက အရမ်းညံ့ဖျင်းနေတုန်းပဲထင်တယ်။ သူမက ပိုပြီးလေ့ကျင့်ရမယ်!
တစ်ချိန်တည်းမှာပင် သူတို့ ခုနကစွန့်ခွာခဲ့သောစံအိမ်၏အစေခံချုပ်သည် လျှို့ဝှက်ခန်းမ၏အကြောင်းအရာများကို စစ်ဆေးရန် ခလုတ်ကိုဖိလိုက်သည်။ ထို့နောက် သူသည် မယ်တော်ကြီးထံမှ ငွေ ၅,၀၀၀ ကို ရုတ်သိမ်းလိုက်ပြီး အမတ်ချုပ်ကြီးကို “အမတ်ချုပ်ကြီး၊ လျှို့ဝှက်သိုလှောင်ဧရိယာကနေ ဘာမှမပျောက်ဆုံးခဲ့ပါဘူး။ ဒါက မယ်တော်ကြီးက အကြီးဆုံးသခင်လေးအတွက် ပြင်ဆင်ထားတဲ့ငွေပါ။”
“ဒီမှာ ထားခဲ့လိုက်၊” အမတ်ချုပ်ကြီးသည် စားပွဲကိုပုတ်လိုက်သည်။ အစေခံချုပ်သည် သူပြောသည့်အတိုင်းလုပ်ပြီး အခန်းမှထွက်ခွာသွားခဲ့သည်။ အမတ်ချုပ်ကြီးရှဲ့သည် သူ့သနားစရာကောင်းသောသားဖြစ်သော ရှဲ့အန်းရှီကို လှမ်းကြည့်ပြီးနောက် ထရပ်လိုက်ပြီး လော့ညီအစ်ကိုဆီသို့ လျှောက်သွားခဲ့သည်။ “လိုကျစ်ကွေ့က လိမ္မာပါးနပ်ပြီး ကောက်ကျစ်စဉ်းလဲတဲ့လူတစ်ယောက်ပဲ။ တူမက်တို့၊ မင်းတို့ အနာဂတ်မှာ သူ့ကိုရင်ဆိုင်ရတဲ့အခါ အလွန်ဂရုစိုက်ဖို့လိုလိမ့်မယ်။”
“ဟုတ်ကဲ့၊” လော့ညီအစ်ကိုသည် အလျင်အမြန်ပြန်ဖြေလိုက်ကြသည်။ အမတ်ချုပ်ကြီးရှဲ့သည် နောက်တစ်ကြိမ် ရှဲ့အန်းရှီကို ခေါ်လိုက်ပြီးနောက် သူ့ညိုမည်းရောင်ရမ်းနေသောမျက်နှာကို အသံကျယ်ကျယ်ရိုက်လိုက်သည်။ ရှဲ့အန်းရှီသည် လော့ညီအစ်ကိုအပေါ် သူ့စိတ်အခြေအနေပျက်သွားခဲ့သော်လည်း သူသည် သူ့ဖခင်၏ရိုက်နှက်မှုတွင် စကားတစ်ခွန်းမျှမပြောခဲ့ပေ။
“ယန်ဟုန်?” အမတ်ချုပ်ကြီးရှဲ့ မေးခွန်းထုတ်လိုက်သည်။
ရှဲ့အန်းရှီ ဒူးထောက်လိုက်သည်။ “အဖေ ဒီသား နစ်နာခံခဲ့ရပါတယ်။”
“ဒါဆို ခြံဝင်းထဲက မျက်လုံးအားလုံးက မှားမြင်ခဲ့တာလား။” အမတ်ချုပ်ကြီးရှဲ့သည် အေးစက်စွာမေးလိုက်သည်။
ရှဲ့အန်းရှီက “ယန်ဟုန် ရုတ်တရက်လဲကျလာခဲ့တာ။ ဒါကြောင့် သားက သူမကို ထူပေးဖို့ပဲ လှုပ်ရှားခဲ့တာပါ။”
“ရိုင်းစိုင်းလိုက်တာ!” အမတ်ချုပ်ကြီးရှဲ့ ဒေါသတကြီးဖြစ်သွားသည်။ “ယန်ဟုန်က အဆိပ်ဂိုဏ်းက တစ်စိတ်တစ်ပိုင်းပဲ။ သူ့ရဲ့ကိုယ်ခံပညာစွမ်းရည်တွေက ထိပ်တန်းပဲ။ ဒါဆို သူက ရိုးရိုးလေး လဲကျသွားနိုင်မှာလား။”
ရှဲ့အန်းရှီသည် ထိုထုတ်ဖော်ပြောဆိုချက်ကြောင့် ပါးစပ်အဟောင်းသားဖြစ်ကျန်နေခဲ့သည်။ ယန်ဟုန်က ရှဲ့လိုင်ပေါင်ရဲ့အရုပ်သက်သက်ပဲ မဟုတ်ဘူးလား။ သူမက အဆိပ်ဂိုဏ်းက တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသောတိုက်ခိုက်ရေးစွမ်းရည်တွေနဲ့ ကျွမ်းကျင်သူဖြစ်နေသေးတာလား။
အကြီးဆုံးသခင်လေးလော့သည် အမတ်ချုပ်ကြီးရှဲ့ဘက်သို့ ဦးညွှတ်လိုက်သည်။ “အမတ်ချုပ်ကြီ၊ တခြားဘာမှမရှိရင် ကျွန်တော်နဲ့ လော့ရွေ့ ပြန်ပါတော့မယ်။”
“အင်း မင်းတို့နှစ်ယောက် တပ်စခန်းတွေကို ပြန်လို့ရပြီ၊” အမတ်ချုပ်ကြီးရှဲ့၏အမူအရာသည် လော့ဝေ့ကိုမြင်သောအခါ နွေးထွေးသွားခဲ့သည်။ သူက ယဉ်ယဉ်ကျေးကျေးပင်၊ “ဒီည မင်းတို့ လော့ညီအစ်ကိုကို ဒီအထိလာရအောင်လုပ်ခဲ့မိတယ်။ ပင်ပန်းသွားခဲ့ကြပြီ။”
.......
လော့ရွေ့ သူ့အစ်ကိုကြီးနှင့်အတူ မွှေးရနံ့ပိုးထည်လမ်းကြားမှ ထွက်ခွာသွားသောအခါ သူသည် “အမတ်ချုပ်ကြီးရဲ့စကားလုံးတွေက ဘာကိုဆိုလိုတာလဲ။”
လော့ဝေ့ ပြန်ဖြေလိုက်သည်၊ “အမတ်ချုပ်ကြီးက ငါတို့ကို အဲဒီမိန်းမက သာမန်လူမဟုတ်ဘူးလို့ ပြောနေတာ။ သူမက ရှဲ့အန်းရှီနဲ့ တစ်ခုခုဖြစ်နေရင်တောင်မှ အဲဒါက တပ်မက်မှုကြောင့်သက်သက်ပဲဖြစ်ပြီး သူ့အဆင့်အတန်းကို မထိခိုက်စေဘူး။”
လော့ရွေ့သည် ကျိန်ဆဲချင်ခဲ့သော်လည်း သူတို့နောက်လိုက်ပါနေသောစစ်သားများနှင့်မြင်းများကိုမြင်သောအခါ သူ့စိတ်အခြေအနေကို ထိန်းချုပ်လိုက်သည်။ သူ့အစ်ကိုကြီးသည် ရုတ်တရက်ပြုံးလိုက်ပြီး တီးတိုးပြောလိုက်သည်၊ “ဒါပေမဲ့ လိုကျစ်ကွေ့က အဲလိုအစွမ်းထက်တဲ့အမျိုးသမီးတစ်ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်။ မကြာခင်မှာ ကြည့်ရှုစရာပြပွဲတစ်ခုရှိလောက်တယ်။”
“အစ်ကိုကြီး?” ဒုတိယသခင်လေးလော့ နားမလည်ခဲ့ပေ။ အစ်ကိုကြီးက ဘယ်သူ့ဘက်ကလဲ။
“အဲဒီစံအိမ်ထဲမှာ သေချာပေါက် အခမ်းအနားခန်းမဆောင်တစ်ခုရှိတယ်၊” အကြီးဆုံးသခင်လေးလိုက “ဒါပေမဲ့ အဲဒါက ငါတို့နဲ့ ဘာမှမဆိုင်ဘူး။”
လော့ရွေ့ ခေါင်းခါလိုက်သည်။ သူသည် သူ့အစ်ကိုက အမတ်ချုပ်ကြီးနဲ့ ရန်ဖြစ်ခဲ့သည်ဟု မနေနိုင်မထိုင်နိုင် ခံစားလိုက်ရသည်။ မိုးသည် လော့ဝေ့၏အသားအရေကို ကြောက်မက်ဖွယ်ဖြူဖျော့သွားစေခဲ့သည်။ ကောင်းမွန်တဲ့ငှက်တစ်ကောင်က သူနားခိုမယ့်သစ်ကိုင်းကို ရွေးချယ်တယ်။ အကယ်၍ ရှဲ့မျိုးနွယ်က ကျဆုံးခဲ့ရင် ငါတို့လော်မျိုးနွယ်က သူတို့နဲ့အတူ သေဆုံးလို့မရဘူး။ ညီမငယ်တစ်ဦးတည်းက ငါတို့မျိုးနွယ်ရဲ့ကံကြမ္မာနဲ့နှိုင်းယှဉ်ရင် အရမ်းအရေးမပါဘူး။
......
“အသုံးကိုမကျဘူး!” စာကြည့်တိုက်တွင် အမတ်ချုပ်ကြီးရှဲ့သည် ဒူးထောက်နေသောရှဲ့အန်းရှီကို ရင်ဘတ်တွင်ကန်လိုက်ပြီး သူ့ကို ကြမ်းပေါ်သို့ လဲကျသွားစေခဲ့သည်။
ရှဲ့အန်းရှီသည် သူ့နှလုံးသားကိုဖက်လိုက်ပြီး မကျေနပ်လေသံဖြင့် အော်လိုက်သည်၊ “အဖေ့ လိုကျစ်ကွေ့က ခြံဝင်းအတွင်းသို့ ဝင်တိုက်ဖို့ တော်ဝင်အစောင့်တွေကို ရုတ်တရက်ခေါ်ဆောင်လာခဲ့တယ်။ ဒီသားက လူအနည်းငယ်နဲ့ သူ့ကို ဘယ်လိုတားဆီးနိုင်မှာလဲ။”
အမတ်ချုပ်ကြီးရှဲ့သည် သူ့ပတ်တီးစည်းထားသောခေါင်းပေါ် လက်ဖြင့်ထောက်လိုက်သည်။ ယခုအချိန်တွင် သူသည် မူးဝေနေဆဲဖြစ်ပြီး အန်ချင်စိတ်ပေါက်သွားလောက်အောင်ပင်။ အကယ်၍ နဉ်ရှောင်ယောင်း ဒီမှာရှိနေခဲ့လျှင် သူမသည် သူ့ကို ဤသည်မှာ ဦးခေါင်းခွံထိခိုက်မှု၏နောက်ဆက်တွဲဆိုးကျိုးများဖြစ်သည်ဟု ပြောပြနိုင်လိမ့်မည်။ ရှဲ့အန်းရှီသည် ဒူးထောက်လျက်ပင်တွားသွားပြီး အမတ်ချုပ်ကြီးရှဲ့ရှေ့တွင် တစ်ဖန်ပြန်ဒူးထောက်လိုက်သည်။
“အဖေ မြေအောက်ခန်းထဲကလူအားလုံး သေဆုံးသွားပြီ။ ကျွန်တော်က အလောင်းတွေကို ရေတွက်ပြီးသားပဲ။ သူတို့ရဲ့မျက်နှာတွေက အခု ပျက်စီးသွားပြီ။ ဒါကြောင့် လိုကျစ်ကွေ့က သူတို့ကို ယူသွားခဲ့ရင်တောင်မှ အများကြီးအရေးမကြီးဘူးလို့ထင်ပါတယ်။”
အမတ်ချုပ်ကြီးရှဲ့သည် သူ့ကုလားထိုင်တွင်ထိုင်သည်အထိ နောက်သို့ဆုတ်လိုက်သည်။ “မင်း မှားမရေခဲ့ဘူးမလား။”
“ကျွန်တော် မှားရေတွက်မှာမဟုတ်ဘူး၊” ရှဲ့အန်းရှီသည် ဒူးထောက်လျက်ရှေ့ဆက်တိုးလိုက်သည်။ “မှားပြီးတော့လည်း မရေရဲပါဘူး။ ကျွန်တော် အလောင်းတစ်လောင်းချင်းစီတိုင်းကိုတောင် ကြည့်ခဲ့တယ်။ အမှားအယွင်းမရှိနိုင်ဘူး။”
အမတ်ချုပ်ကြီးရှဲ့သည် လက်တင်တန်းကို ရိုက်လိုက်သည်။ ဒါဆို လိုကျစ်ကွေ့ရဲ့ဒီညခရီးစဉ်က အလကားဖြစ်သွားတာပေါ့။
***