တိုက်ခိုက်ခြင်း....
Vol. 38 Ch. 572
ရေခဲမျိုးနွယ်က ယုမျိုးနွယ်မဟာမိတ်ရှိ အထွတ်အထိပ်မျိုးနွယ်တစ်ခုဖြစ်ပြီး ထိုရေခဲမျိုးနွယ်ဝင်သက်ရှိက ပင်မစကြာဝဠာတွင် အလွှာတစ်ဆယ် ခွန်အားသာ ရှိလေသည်။ သို့သော် သူက ကံကောင်းပြီး ရတနာတစ်ခုကို ရရှိခဲ့သည်။
အစတွင် ထိုရေခဲမျိုးနွယ်ဝင်သက်ရှိက ရွှယ်ယုရှေးဟောင်းနိုင်ငံထဲတွင် ပုန်းအောင်းပြီး ရတနာ၏ စွမ်းရည်များကို လေ့လာရန် ရည်ရွယ်ခဲ့သည်။ သို့သော် သူက ရှေးဟောင်းနတ်ဘုရားထို့ပါ၏ အဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး အသတ်ခံခဲ့ရလေသည်။
ထိုရေခဲမျိုးနွယ်ဝင်သက်ရှိက ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှ လွတ်မြောက်ရန် တစ်ခုတည်းသော မျှော်လင့်ချက်မှာ ထူးခြားသော ရတနာဖြစ်သည်ကို နားလည်လေသည်။ ရှေးဟောင်းနတ်ဘုရားက ရတနာကို ယူသွားပြီး သူ၏ အသက်ကို ချမ်းသာပေးခဲ့လျှင်တောင် ဤကမ္ဘာမှ ထွက်ခွာရန် နည်းလမ်းမရှိတော့ပေ။ ထို့ကြောင့် သူက သူ့ကိုသူ ဖောက်ခွဲပြီး ပြိုင်ပွဲမှ ထွက်ခွာသွားခဲ့သည်။
" အဲဒီအားနည်းတဲ့ သူတွေက ကံကောင်းပြီး ရတနာတွေကို ရှာတွေ့ကြတယ်။ ဒီလိုရတနာမျိုးက ငါတို့ရဲ့ လက်ထဲမှာသာ စစ်မှန်တဲ့ စွမ်းအားကို ထုတ်ဖော်နိုင်တယ်ဆိုတာ သူတိုမသိကြဘူး။ "
ရှေးဟောင်းနတ်ဘုရားထို့ပါက အေးသက်စွာ ပြောလိုက်သည်။ " လာမယ့်အချိန်မှာ ရွှယ်ယုရှေးဟောင်းနိုင်ငံကို သေချာရှာဖွေကြစို့။ တကယ်လို့ နောက်ထပ် ရတနာတွေရခဲ့ရင် မင်းတို့လည်း ရရှိလိမ့်မယ်။ "
" ကောင်းပြီ။ " အခြားအထူးသက်ရှိများက တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ခေါင်းညိမ့်လိုက်ကြသည်။
ထူးခြားသော ရတနာများကို ရှာဖွေခြင်းက ခက်ခဲလှသည်။ အကြောင်းမှာ ၎င်းတို့၏ ပုံသဏ္ဍန်ကို မသိနိုင်ဘဲ အာရုံခံနိုင်ခြင်းလည်း မရှိသောကြောင့်ဖြစ်သည်။ သို့သော် နှစ်ပေါင်းတစ်ရာကျော်ကြာအောင် အချက်အလက်များ ပျံ့နှံ့လာသည်နှင့်အမျှ သူတို့ထဲမှ အများအပြားက ရတနာများကို ရှာတွေ့ခဲ့ကြသည်။
ကံကောင်းလျှင် အဋ္ဌမအလွှာရှိသူများပင် ထူးခြားသော ရတနာကို ရရှိနိုင်လေသည်။ ထို့ကြောင့် ရှေးဟောင်းနတ်ဘုရားထို့ပါက မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူများကို အမဲလိုက်နေခြင်းဖြစ်သည်။ ပထမက နယ်မြေကို ရှင်းလင်းရန်ဖြစ်ပြီး ဒုတိယက ထူးခြားသော ရတနာများ ဖြစ်သည်။
သူတို့ထက် ပို၍ သန်မာသူများကို တွေ့နိုင်ရန် ဖြစ်နိုင်ခြေက နည်းပါးလေသည်။ ရှေးဟောင်းနတ်ဘုရားထို့ပါနှင့် အထူးသက်ရှိများက ပူးပေါင်းလိုက်သောအခါ သူတို့ကို ခြိမ်းခြောက်နိုင်သူများမှာ အသန်မာဆုံး စုန်းဘိုးဘေး ကိုးယောက်သာ ရှိလေသည်။
သို့သော် ထိုအင်အားအကြီးဆုံး စုန်းဘိုးဘေးကိုးယောက်ကို အခြားသူများကလည်း စောင့်ကြည့်နေကြသောကြောင့် သူတို့က နေရာအနည်းငယ်ကို ရှောင်ရှားရန်သာ လိုအပ်လေသည်။
" အချိန်တွက်ကြည့်ရင် အများဆုံးနှစ်နှစ်အတွင်း ငါတို့ ရွှယ်ယုရှေးဟောင်းနိုင်ငံရဲ့ နေရာအများစုကို ရှာဖွေပြီးလောက်ပြီ။ "
အနက်ရောင်သံတုတ်ကို ကိုင်ဆောင်ထားသော ဖေးရှန်းက ဆက်လက်ပြောရန် ပြင်နေစဉ် ရုတ်တရက် သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူက ဦးတည်ရာတစ်ခုသို့ ကြည့်လိုက်သည်။ ဆယ်မိုင်အကွာတွင် အော်ရာတစ်ခုက ရုတ်တရက် ပေါက်ကွဲလာသည်။
ဝုန်း ဝုန်း ဝုန်း....
ထိုအော်ရာ၏ ပိုင်ရှင်က လေထုကို ဆုတ်ဖြဲနေသကဲ့သို့ ဖြစ်နေပြီး အသံ၏ အမြန်နှုန်းထက် ဆယ်ဆနီးပါးဖြင့် ချဉ်းကပ်လာခဲ့သည်။
" အင်အားကြီးပုဂ္ဂိုလ်တစ်ယောက်က ငါတို့ကို ရှာတွေ့သွားတာလား။ " ဖေးရှန်း၏ အမူအရာက လေးနက်သွားသည်။ ထိုအော်ရာပိုင်ရှင်က သူတို့ဆီသို့ တည့်တည့်လာနေသောကြောင့် သူတို့ကို ရှာတွေ့သွားသည်မှာ ထင်ရှားလေသည်။
သူတို့ကို ကြိုတင်ရှာတွေ့ခြင်းမှာ တစ်ဖက်လူ၏ အာရုံခံနိုင်စွမ်း အကွာအဝေးက သူတို့ထက် ပိုမိုကျယ်ပြန့်သည်ကို ဆိုလိုလေသည်။ အာရုံခံနိုင်စွမ်း အကွာအဝေးက လူတစ်ယောက်၏ ခွန်အားအဆင့်ပေါ်တွင် မူတည်လေသည်။
သို့သော် ဖေးရှန်းက မစိုးရိမ်ပေ။ သူတို့က စုစုပေါင်းခြောက်ယောင်ဖြစ်ပြီး သူနှင့် ထို့ပါတို့က ထူးခြားသော ရတနာများကို ကိုင်ဆောင်ထားကြသည်။ သူတို့က ပိုမိုသန်မာသော အင်အားကြီးသူတစ်ယောက်နှင့် တွေ့ဆုံခဲ့လျှင်တောင် ထိပ်ဆုံးကိုးယောက်မဟုတ်သရွေ့ သူတို့က မကြောက်ပေ။
ခဏအတွင်း ထိုလူက ရှေးဟောင်းနတ်ဘုရားထို့ပါ၏ အဖွဲ့ ရှေ့သို့ ရောက်လာသည်။ ရှေးဟောင်းနတ်ဘုရားထို့ပါနှင့် အထူးသက်ရှိငါးယောက်တို့က ထွက်ပြေးခြင်းမရှိပေ။ ထိုသို့ ပြုလုပ်ခြင်းက သူတို့ကို တစ်ယောက်ပြီး တစ်ယောက် အနိုင်ယူရန် အခွင့်အရေးပေးလိုက်ခြင်းဖြစ်လေသည်။
လင်းယွမ်က ရပ်တန့်လိုက်ပြီး အထူးသက်ရှိ ခြောက်ယောက်ကို ကြည့်လိုက်သည်။ ပင်မစကြာဝဠာမှ သက်ရှိများက ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာသို့ ကျရောက်ချိန်တွင် သူတို့၏ စွမ်းအားများ လျှော့ချခံခဲ့ရရုံသာမက သူတို့၏ အသွင်အပြင်နှင့် ခန္ဓာကိုယ်များကလည်း ဤကမ္ဘာမှ လူသားများ၏ ပုံသဏ္ဍန်များကဲ့သ်ု့ ဖြစ်သွားကြသည်။
ဝုန်း...
လင်းယွမ်က စကားပြောခြင်းမရှိဘဲ လက်ဝါးနှင့် ရိုက်လိုက်သည်။ သူက ရှေးဟောင်းနတ်ဘုရားထို့ပါနှင့် ဖေးရှန်းကို တိုက်ခိုက်ခြင်းမဟုတ်ဘဲ အခြားအားနည်းသော အထူးသက်ရှိလေးယောက်ကို ပစ်မှတ်ထားခြင်းဖြစ်သည်။ ပထမဆုံး အားနည်းသူများကို သတ်ဖြတ်ပြီး ထွက်ပြေးခြင်းမှ တားဆီးရန် ဖြစ်သည်။
" မကောင်းတော့ဘူး။ " အထူးသက်ရှိလေးယောက်က ဦးရေပြားများ ထုံကျဉ်သွားကြသည်။
လင်းယွမ်၏ လက်ဝါးချက်က မည်သည့်ထူးခြားမှုမှ မပါဝင်သော်လည်း သူတို့အတွက် ကောင်းကင်ကြီးတစ်ခု ပြိုကျလာသကဲ့သို့ ဖြစ်သည်။ သူတို့က စုန်းဘိုးဘေး အဆင့်တစ်ဆယ်တွင် ရှိကြသော်လည်း ပင်မစကြာဝဠာတွင် အလွှာဆယ့်တစ်သက်ရှိများဖြစ်ပြီး အခြေခံသတိထားမှုကတော့ ရှိနေဆဲ ဖြစ်သည်။
" နောက်ဆုတ်။ " အထူးသက်ရှိလေးယောက်က ဦးတည်ရာအမျိုးမျိုးသို့ ဆုတ်ခွာလိုက်ကြသော်လည်း လင်းယွမ်၏ လက်ဝါးချက်က သူတို့ထက် လျင်မြန်နေခဲ့သည်။
ဝုန်း....
ဘယ်ဘက်အစွန်ဆုံးမှ အထူးသက်ရှိကို လက်ဝါးချက်ထိမှန်သွားပြီး သူက အတွင်းအင်္ဂါများ ကြေမွသွားသကဲ့သို့ ခံစားလိုက်ရသည်။
နှစ်ပေါင်းတစ်ရာကျော် ကျင့်ကြံထားသော သူ၏ ခန္ဓာကိုယ်က ထိုလက်ဝါးချက်အောက်တွင် ပါးလွှာသော စက္ကူကဲ့သို့ အလွယ်တကူ ဆုတ်ဖြဲခံခဲ့ရသည်။
လင်းယွမ်၏ လက်ဝါးချက်က အထူးသက်ရှိတစ်ယောက်ကို ထိုးဖောက်သွားပြီးနောက် ရပ််တန့်ခြင်းမရှိဘဲ ဒုတိယနှင့် တတိယမြောက် အထူးသက်ရှိများဆီသို့ မလျော့သော အချိန်နှင့် ဆက်လက်သွားနေခဲ့သည်။
" လှုပ်ရှားတော့။ " ဖေးရှန်းက ပြေးထွက်သွားပြီး အနက်ရောင်သံတုတ်နှင့် လင်းယွမ်ကို တိုက်ခိုက်လိုက်သည်။
အနက်ရောင်သံတုတ်က အနက်ရောင်အလင်းကို မှိန်ဖျော့စွာ ထုတ်လွှတ်လာသည်။ ထိုဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် ကြယ်၁၂လုံး ရတနာများသာ ကမ္ဘာ၏ ဖိနှိပ်မှုမှ တစ်စိတ်တစ်ပိုင်း လွတ်မြောက်နိုင်လေသည်။
ဝုန်း......
ထိုခဏတွင် သံတုတ်က ဆက်တိုက်တုတ်ခါနေပြီး ဖေးရှန်း၏ လက်မှ လွတ်ထွတ်လုနီးပါး ဖြစ်သွားခဲ့သည်။
" မင်း " ဖေးရှန်းက လင်းယွမ်ကို တုန်လှုပ်စွာ ကြည့်လိုက်သည်။ သူ၏ အစွမ်းကုန်ရိုက်ချက်အောက်တွင် လင်းယွမ်က ခြေတစ်လှမ်းမှ နောက်ဆုတ်ခြင်းမရှိဘဲ အနည်းငယ် ရပ်တန့်ရုံသာ ဖြစ်ခဲ့သည်။ သို့သော် သူ၏ လက်က ဒဏ်ရာရသွားပြီး အနက်ရောင်သံတုတ်ပင် လွတ်ထွက်လုနီးပါး ဖြစ်သွားသည်။
" မင်းကို အရင်ဆုံး သတ်ရမယ်။ " လင်းယွမ်၏ အကြည့်က ဖေးရှန်းဆီသို့ ပြောင်းရွှေ့သွားပြီး သူ၏ ပုံရိပ်က ပျောက်ကွယ်သွားသည်။
" မကောင်းတော့ဘူး။ " ဖေးရှန်းက ထိတ်လန့်သွားပြီး သူမတုန့်ပြန်နိုင်မီ ပုံရိပ်တစ်ခုက သူ၏ ဘေးတွင် ပေါ်လာသည်။
" သေစမ်း " လင်းယွမ်က သူ၏ ညာလက်ကို မြှောက်ပြီး ဖေးရှန်းကို လှမ်းဆွဲလိုက်သည်။
" ဖယ်စမ်း " ဖေးရှန်းက ထိတ်လန့်ခြင်း၊ ဒေါသထွက်ခြင်းတို့ဖြင့် ရောထွေးနေပြီး သူ၏ အနက်ရောင်သံတုတ်ကို ဝှေ့ယမ်းပြီး အပြင်းအထန် ခုခံလိုက်သည်။
ဝုန်း....
လင်းယွမ်က အနက်ရောင်သံတုတ်ကို အတင်းအကျပ် ကိုင်ဆွဲပြီး ဖေးရှန်း၏ ရင်ဘတ်ကို ရိုက်ချလိုက်သည်။
" မဟုတ်ဘူး။ " ဖေးရှန်းက သံတုတ်၏ စွမ်းအားကို နားလည်သောကြောင့် မျက်လုံးပြူးသွားသည်။
အနက်ရောင်သံတုတ်က သူ၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွားသည်။ ဖေးရှန်းက သူ၏ နှလုံးနှင့် အတွင်းအင်္ဂါများ ပျက်ဆီးသွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ စိတ်အသိပင်လျှင် လျင်မြန်စွာ လျော့ပါးလာသည်။
ပင်မစကြာဝဠာတွင် ဖေးရှန်းက အလွှာဆယ့်တစ် ပဉ္စမအဆင့် ရှေးဟောင်းနတ်ဘုရားတစ်ပါးဖြစ်ပြီး သူ၏ ရုပ်ခန္ဓာ ပျက်ဆီးသွားလျှင်တောင် လျင်မြန်စွာ ပြန်လည်ကောင်းမွန်နိုင်လေသည်။ သို့သော် ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် နှလုံးပေါက်ပြဲခြင်းနှင်ပ ကိုယ်တွင်းအင်္ဂါပျက်ဆီးခြင်းတို့က သေခြင်းသို့ ဦးတည်ပြီး အချိန်ကြာကြာ အသက်ရှင်နိုင်မည်မဟုတ်ပေ။ သူ အသက်မသေရသည့်အကြောင်းရင်းမှာ သူ၏ စိတ်အသိက အလွန်စွမ်းအားကောင်းသောကြောင့် ဖြစ်သည်။
" ငါ တိုက်ခိုက်ရေးရတနာတစ်ခုပိုင်ဆိုင်ထားတာတောင်..." ဖေးရှန်းက နားမလည်နိုင်ပေ။
အနက်ရောင်သံတုတ်၏ စွမ်းအားက ကြောက်စရာကောင်းသော်လည်း လင်းယွမ်က အားစိုက်စရာမလိုဘဲ ပိတ်ဆို့ခဲ့သည်။
ဖေးရှန်းက သူ၏ အတွေးများကို ဆက်လက်မစဉ်းစားနိုင်တော့ဘဲ သူ၏ မျက်လုံးများက မှေးမှိန်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။
" ရတနာတွေက မရှုံးနိမ့်နိုင်တာမဟုတ်ဘူး။ " လင်းယွမ်က ခေါင်းကိုခါလိုက်ပြီး အနက်ရောင်သံတုတ်ကို သိမ်းဆည်းလိုက်သည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်ရာက ထူးဆန်းသော ရတနာများက မျိုးနွယ်အမျိုးမျိုး၏ အင်အားကြီးသူများ၏ တိုက်ပွဲများကို အဆုံးအဖြတ် ပေးနိုင်ခဲ့သည်။
ထိုအချိန်တွင် အသန်မာဆုံးကိုးယောက်အနက် ဒုတိယနေရာတွင် ရှိသော ဟိုကျူးက သွေးနီရောင်ဓားရှည်ကို မှီခိုခဲ့သည်။ သို့သော် နှစ်ပေါင်းတစ်ရာကြာပြီးနောက် ဟိုကျူးက အသန်မာဆုံးကိုးယောက်ထဲတွင် ရှိနေခဲ့သော်လည်း နဝမနေရာသို့ ကျဆင်းသွားခဲ့သည်။
ခွန်အားက ပိုမိုသန်မာလာသည်နှင့် အမျှ ထူးခြားသော ပစ္စည်းများ၏ သက်ရောက်မှုက ပို၍ နည်းလေဖြစ်သည်။ အဆင့်တူတိုက်ပွဲတစ်ခုတွင်တော့ ထူးခြားသော ရတနာရှိသူက သေချာပေါက် ပိုမိုကြီးမားသော အားသာချက်ရှိပေလိမ့်မည်။
" မင်းက..." ရှေးဟောင်းနတ်ဘုရားထို့ပါက နောက်သို့ လေးငါးလှမ်း ဆုတ်ခွာသွားပြီး လင်းယွမ်ကို စိုးရိမ်စွာ ကြည့်နေသည်။
ဖေးရှန်း၏ ခွန်အားက သူ့ထက် နိမ့်ကျခြင်းမရှိဘဲ အနက်ရောင်သံတုတ်နှင့်ဆိုလျှင် သူ၏ တိုက်ခိုက်ရေးစွမ်းအားက အမှန်တကယ် ကြောက်စရာကောင်းလေသည်။ သို့သော် လင်းယွမ်၏ လက်ထဲတွင် သူက အသက်နှစ်ကြိမ်ရှူချိန်ပင် မခံခဲ့ပေ။
ထိုမြင်ကွင်းက ရှေးဟောင်းနတ်ဘုရား ထို့ပါကို တုန်လှုပ်သွားစေခဲ့သည်။ သူက မလှုပ်ရှားရသေးမီ ဖေးရှန်းက သေဆုံးသွားခဲ့သည်။
" ပြေး....." ရှေးဟောင်းနတ်ဘုရားထို့ပါက တုန့်ဆိုင်းခြင်းမရှိဘဲ ထွက်ပြေးလေသည်။
ကျန်သော အထူးသက်ရှိသုံးယောက်က အချိန်မီ တုန့်ပြန်ခဲ့သော်လည်း သူတို့က လင်းယွမ်၏ ရိုက်ချက်တစ်ချက်တည်းနှင့် လျင်မြန်စွာ သေဆုံးသွားကြသည်။