← Chapters

ရှေးဟောင်းနတ်ဘုရားထို့ပါကို သတ်ဖြတ်ခြင်း...

Vol. 38 Ch. 573

ရှေးဟောင်းနတ်ဘုရားထို့ပါကို သတ်ဖြတ်ခြင်း...

Vol. 38 Ch. 573

" မင်းမလွတ်နိုင်ပါဘူး။ " လင်းယွမ်က ရှေးဟောင်းနတ်ဘုရား ထို့ပါကို လိုက်ဖမ်းရင်း ပြောလိုက်သည်။

သူ၏ အာရုံခံနိုင်စွမ်းက ရှေးဟောင်းနတ်ဘုရား ထို့ပါထက် သာလွန်သည့်အပြင် အမြန်နှုန်းကလည်း ကွာခြားမှု ကြီးမားလှသည်။

မကြာမီ လင်းယွမ်က ရှေးဟောင်းနတ်ဘုရားထို့ပါ၏ နောက်သို့ ချဉ်းကပ်လာပြီး တိုက်ရိုက် ရိုက်ချလိုက်သည်။ သို့သော် ရိုက်ချက်ကျရောက်လာချိန်တွင် ရှေးဟောင်းနတ်ဘုရားထို့ပါက ရိုက်ချက်၏ အားကို အသုံးပြုပြီး ရှေ့သို့ ပို၍ လျင်မြန်စွာ ထွက်ပြေးသွားသည်။

" ကာကွယ်ရေးရတနာလား။ " လင်းယွမ်က အံ့ဩခြင်းမရှိပေ။

သူက ရှေးဟောင်းနတ်ဘုရားထို့ပါ ပိုင်ဆိုင်သော ကာကွယ်ရေးရတနာကြောင့် ဖေးရှန်းနှင့် အခြားသူများကို အရင်ဆုံးရှင်းလင်းပြီး သူ့ကို ချန်ထားခဲ့ခြင်းဖြစ်သည်။ ရှေးဟောင်းနတ်ဘုရားထို့ပါက ကာကွယ်ရေးရတနာနှင့်ဆိုလျှင် အထူးသက်ရှိခြောက်ယောက်ထဲတွင် သတ်ရအခက်ဆုံး ဖြစ်ပေလိမ့်မည်။

" အရှင် ကျုပ်တို့ကြားမှာ နက်ရှိုင်းတဲ့ ရန်ငြိုးမရှိပါဘူး။ ကျုပ်ကိုသာ သွားခွင့်ပေးရင် ဘယ်တန်ဖိုးကိုမဆို ပေးဖို့ ဆန္ဒရှိပါတယ်။ " ရှေးဟောင်းနတ်ဘုရားထို့ပါက ဆက်လက်ပြေးလွှားနေရင်း တောင်းပန်လိုက်သည်။

" ဘယ်တန်ဖိုးကိုမဆိုလား။ " လင်းယွမ်က စိတ်မဝင်စားပေ။

ထိုထဲတွက် ရှေးဟောင်းနတ်ဘုရားထို့ပါ၏ ခန္ဓာကိုယ်ပေါ်ရှိ ကာကွယ်ရေးရတနာတော့ ပါဝင်မည်မဟုတ်ပေ။ ထိုကာကွယ်ရေးရတနာက ပင်မစကြာဝဠာသို့ ပြန်ရောက်လျှင် ကြီးမြတ်သူများပင် မနာလိုဖြစ်ရပေလိမ့်မည်။

" တကယ်လို့ အရှင်မကျေနပ်သေးရင် အခြေအနေတွေ ညှိနှိုင်းလို့ရပါတယ်။ " ရှေးဟောင်းနတ်ဘုရား ထို့ပါက စိုးရိမ်စိတ်များနှင့် ပြောလိုက်သည်။

သူ၏ အမြင်တွင် လင်းယွမ်က ထိုကဲ့သို့ ကြောက်စရာကောင်းသော စွမ်းအားကို ထုတ်ဖော်နိုင်သောကြောင့် ပင်မစကြာဝဠာရှိ လက်လေးဖက်နတ်ဘုရား သို့မဟုတ် သစ်ပင်ကမ္ဘာ၏ မိခင်ကဲ့သို့ အင်အားကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိလေသည်။

ရှေးဟောင်းနတ်ဘုရားထို့ပါက ထိတ်လန့်စွာ ထွက်ပြေးနေခဲ့ရင်း မကြာခဏ လင်းယွမ်၏ ရိုက်ချက်များကို ခံခဲ့ရပြီး ရာဘာဘောလုံးတစ်လုံးကဲ့သို့ ပျံထွက်သွားခဲ့သည်။

လူနှစ်ယောက်ပြေးလွှားနေခြင်းက အခြားအင်အားကြီးသူများကို လျင်မြန်စွာ ဆွဲဆောင်သွားသည်။ ရှေးဟောင်းနတ်ဘုရားထို့ပါအဖွဲ့က ရွှယ်ယုရှေးဟောင်းနိုင်ငံအတွင်း ရှာဖွေနေသောကြောင့် မျိုးနွယ်အမျိုးမျိုးမှ အခြားအင်အားကြီးသူများက သတင်းကို ရရှိပြီး ကြိုတင်ရှောင်ရှားနေခဲ့ကြသည်။

သို့သော် လိုက်ဖမ်းခြင်းမှ ထွက်ပေါ်လာသော ဆူညံသံများက အလွန်ကျယ်လောင်လှပြီး စုန်းဘိုးဘေးအဆင့်ထက် ကျော်လွန်သော စွမ်းအားက အရပ်မျက်နှာအားလုံးသို့ လှိုင်းလုံးများသဖွယ် ပျံ့နှံ့နေခဲ့သည်။

ထို့အပြင် အထူးသက်ရှိလေးယောက်နှင့် ဖေးရှန်း၏ သေဆုံးမှုက ပင်မစကြာဝဠာရှိ မူလခန္ဓာကိုယ်များကြောင့် ထိုဖြစ်ရပ်က လူသိရှင်ကြားဖြစ်သွားပြီး မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူများကြား ကျယ်ပြန့်သော ဆွေးနွေးမှုများ ဖြစ်ပေါ်စေခဲ့သည်။

" ရှေးဟောင်းနတ်ဘုရားထို့ပါ သူက အလွှာဆယ့်တစ် ပဉ္စမအဆင့် အထူးသက်ရှိတစ်ယောက်ပဲ။ ဖေးရှန်းကလည်း အဆင့်တူပဲ။ ပြီးတော့ အခြားအလွှာဆယ့်တစ် အထူးသက်ရှိလေးယောက်တို့က လူတစ်ယောက်ရဲ့ လိုက်ဖမ်းခြင်းကို ခံနေရတာလား။ "

" လိုက်ဖမ်းတာမဟုတ်ဘူး။ အထူးသက်ရှိ ခြောက်ယောက်ထဲမှာ ဖေးရှန်းနဲ့ ကျန်တဲ့ လေးယောက်က သေသွားပြီ။ ရှေးဟောင်းနတ်ဘုရားထို့ပါပဲကျန်တော့တာ။ "

" မှန်တယ်။ ရှေးဟောင်းနတ်ဘုရားထို့ပါလည်း အခုထိ အသက်ရှင်နေတာ အဲ့ဒီကာကွယ်ရေးရတနာကြောင့် ဖြစ်နိုင်တယ်။ မဟုတ်ရင် သူလည်း သူလည်း အဲ့ဒီလျို့ဝှက်ဆန်းကြယ်တဲ့ လူရဲ့ လက်ထဲမှာ သေဆုံးသွားမှာ သေချာတယ်။ "

ပင်မစကြာဝဠာရှိ မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူများက အပြန်အလှန် ဆွေးနွေးနေကြပြီး ကျေနပ်နေကြသည်။ သူတို့အများစုမှာ အလွှာတစ်ဆယ်အောက်များဖြစ်ကြပြီး ရှေးဟောင်းနတ်ဘုရားထို့ပါကဲ့သို့ အထူးသက်ရှိများ၏ အမဲလိုက်ခြင်းကို အလွန်ကြောက်ရွံ့ခဲ့ကြသည်။

သို့သော် ယခု ရှေးဟောင်းနတ်ဘုရားထို့ပါက ထူးဆန်းသော လူတစ်ယောက်၏ လိုက်ဖမ်းခြင်းကို ခံနေရလေသည်။

ဝုန်း ဝုန်း ဝုန်း....

ရှေးဟောင်းနတ်ဘုရားထို့ပါက ထိတ်လန့်စွာ ထွက်ပြေးနေပြီး လမ်းတစ်လျှောက် လင်းယွမ်၏ တိုက်ခိုက်မှုကို အဆက်မပြတ် ခံနေရသည်။ သူ့ကို ကာကွယ်ရေးရတနာက ကွယ်ပေးထားသော်လည်း တဖြည်းဖြည်း ခံနိုင်ရည်မရှိတော့ပေ။

လင်းယွမ်၏ တိုက်ခိုက်မှုတစ်ခုစီ၏ ကိုးဆယ့်ကိုးရာခိုင်နှုန်းကို ကာကွယ်ရေးရတနာက ပိတ်ဆို့ထားသော်လည်း သေးငယ်သော သက်ရောက်မှုတစ်ခု ရှိနေဆဲ ဖြစ်သည်။ ရှေးဟောင်းနတ်ဘုရားထို့ပါအတွက် ထိုသေးငယ်သော သက်ရောက်မှုက သူ၏ ကိုယ်တွင်းအင်္ဂါများကို လှုပ်ခါစေဆဲ ဖြစ်သည်။ တိုက်ခိုက်မှုများ ပို၍ များလာသောအခါ ရှေးဟောင်းနတ်ဘုရားထို့ပါက ဒဏ်ရာရလာခဲ့သည်။

" ဒီကောင်က ပင်မစကြာဝဠာမှာ အလွှာဆယ့်တစ် အထွတ်အထိပ်ဖြစ်ရမယ်။ " ရှေးဟောင်းနတ်ဘုရား ထို့ပါက အလွန်ဒေါသထွက်နေ၏။

လင်းယွမ်နှင့် ရင်ဆိုင်ရာတွင် သူက ခုခံနိုင်စွမ်းမရှိဘဲ ကာကွယ်ရေးရတနာကိုသာ အားမကိုးခဲ့လျှင် သေဆုံးသွားသည်မှာ ကြာပြီဖြစ်သည်။

ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် နှစ်ပေါင်းတစ်ရာကျော် ကျင့်ကြံရုံနှင့် ထိုကဲ့သို့ ခွန်အားကို ပိုင်ဆိုင်ခြင်းက ရှေးဟောင်းနတ်ဘုရားထို့ပါအတွက် အလွှာဆယ့်တစ် အထွတ်အထိပ်များသာ ဖြစ်နိုင်လေသည်။

သို့သော် ရှေးဟောင်းနတ်ဘုရားထို့ပါက အချိန်တော်ကြာ နေထိုင်ခဲ့ပြီး အလွှာဆယ့်တစ်သက်ရှိအနည်းငယ်ကို သိထားလေသည်။ ထိပ်ဆုံးအဆင့်တွင် ရှိနေသော လက်လေးဖက်နတ်ဘုရားကဲ့သို့ ထူးခြားသော အသွင်အပြင်ရှိသူများကိုလည်း သိထားလေသည်။

အခြားမျိုးနွယ်မှ အင်အားကြီးသူများကလည်း အပြန်အလှန် ဆက်ဆံမှုများ ရှိကြသောကြောင့် ဖုံးကွယ်ရန် ခက်ခဲလေသည်။ ပြင်ပကိစ္စများကို စိတ်မဝင်စားကဲ တံခါးပိတ်ကျင့်ကြံနေသူများရှိကြသော်လည်း လင်းယွမ်ကဲ့သို့ တစ်ခါမှ မထွက်ပေါ်လာသူမှာ ရှားပါးလေသည်။

ရှေးဟောင်းနတ်ဘုရားထို့ပါ၏ နောက်တွင် လင်းယွမ်က နီးကပ်စွာ လိုက်လာခဲ့သည်။

" ဒီကမ္ဘာမှာသာ မဟုတ်ရင် ရှေးဟောင်းနတ်ဘုရားထို့ပါကို ဒီလိုလိုက်ဖမ်းဖို့ အချိန် ဘယ်လောက်တောင် ယူရမလဲမသိဘူး။ " လင်းယွမ်က အနည်းငယ် ကျေနပ်သွားသည်။

ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် မည်သည့်သက်ရှိဖြစ်စေ တူညီသော စမှတ်သို့ အတင်းအကျပ် ဆွဲချခြင်း ခံခဲ့ရသည်။ ထိုအခြေအနေကြောင့် လင်းယွမ်က နှစ်ပေါင်းတစ်ရာကျော်အတွင်း အလွှာဆယ့်တစ် ပဉ္စမအဆင့် အထူးသက်ရှိဖြစ်သော ရှေးဟောင်းနတ်ဘုရားထို့ပါကို ကျော်လွန်သွားခဲ့သည်။

" အဆုံးသတ်ဖို့ အချိန်ကျပြီ။ " လင်းယွမ်၏ အကြည့်က စူးရှသွားသည်။

လမ်းတစ်လျှောက် တိုက်ခိုက်မှုများက ရှေးဟောင်းနတ်ဘုရားထို့ပါအပေါ် သက်ရောက်စေသော တိုက်ခိုက်မှုများမှ စွမ်းအားများက တဖြည်းဖြည်း စုစည်းလာခဲ့သည်။

ရှေးဟောင်းနတ်ဘုရားထို့ပါ၏ ကာကွယ်ရေးပစ္စည်းကို ထိုးဖောက်ပြီး တိုက်ခိုက်ခြင်းက အချိန်ယူရမည်မှာ သေချာလေသည်။ အတွင်းမှ ပေါက်ကွဲခြင်းက ပို၍ မြန်ဆန်ပေလိမ့်မည်။ ပထမတိုက်ချက်က ထိုကာကွယ်ရေးရတနာပေါ် ကျရောက်သွားချိန်ကတည်းက လင်းယွမ်က ယခုအချိန်တွက် ပြင်ဆင်ထားခဲ့ခြင်းဖြစ်သည်။

" ပေါက်ကွဲစမ်း " လင်းယွမ်က သွေးများဆူပွက်လာသကဲ့သို့ ရှေးဟောင်းနတ်ဘုရားထို့ပါကို နောက်တစ်ကြိမ် ရိုက်လိုက်သည်။

" လာပြန်ပြီလား။ " ရှေးဟောင်းနတ်ဘုရားထို့ပါ၏ စိတ်က တုန်ယင်သွားသည်။ ယခင် ကာကွယ်ရေးရတနာကို ထိုးဖောက်ခဲ့သော စွမ်းအားများက သူ၏ ခန္ဓာကိုယ်ကို ဒဏ်ရာရရှိစေခဲ့သည်။

" ဒါပေမယ့် ငါ့ကို သတ်ဖို့က အဲ့လောက်မလွယ်ဘူး။ " ရှေးဟောင်းနတ်ဘုရားထို့ပါက သူ့ကိုသူ တည်ငြိမ်အောင်ထိန်းလိုက်သည်။

ယခု သူက ပြင်းထန်သော ဒဏ်ရာရရှိရုံသာဖြစ်ပြီး သေဆုံးခြင်းနှင့် ဝေးကွာနေဆဲ ဖြစ်သည်။ အကယ်၍ သူက နှစ်ရက်လောက် တောင့်ခံနိုင်ခဲ့လျှင် ကြယ်စကြာဝဠာမဟာမိတ်၏ အခြေစိုက်စခန်းသို့ ရောက်နိုင်ပေလိမ့်မည်။

ထိုအချိန်တွင် မဟာမိတ်အဖွဲ့မှ အင်အားကြီးသူများ၏ အကူအညီဖြင့် သူက လွတ်မြောက်နိုင်ပေလိမ့်မည်။ သို့သော်...

ဝုန်း...

တိုက်ခိုက်မှုက ရှေးဟောင်းနတ်ဘုရားထို့ပါပေါ်သို့ ကျရောက်သွားပြီး ကာကွယ်ရေးရတနာကို ထိမှန်သွားသည်။ ထိုခဏတွင် ရှေးဟောင်းနတ်ဘုရားထို့ပါ၏ အမူအရာက ပြင်းထန်စွာ ပြောင်းလဲသွားသည်။

လင်းယွမ်၏ တိုက်ခိုက်မှုက ယခင်ကဲ့သို့ ဖြစ်သော်လည်း ထိုတိုက်ခိုက်မှု စွမ်းအား၏ လှုံ့ဆော်မှုဖြင့် သူ၏ ခန္ဓာကိုယ်အတွင်းမှ ယခင်တိုက်ခိုက်မှုများမှ စွမ်းအားများက ပေါက်ကွဲထွက်လာခဲ့သည်။

" ပြီးသွားပြီ။ " ရှေးဟောင်းနတ်ဘုရားထို့ပါ၏ စိတ်ထဲတွင် မျှော်လင့်ချက်မဲ့သွားခဲ့သ​ည်။

ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများ၏ ပေါက်ကွဲမှုဖြင့် သူ၏ အသားများက ဆုတ်ပြဲသွားပြီး သွေးများစွာ ပန်းထွက်လာခဲ့သည်။

ဝှစ်...

လင်းယွမ်က ရပ်တန့်လိုက်ပြီး သူ၏ ညာလက်ကို ဝှေ့ရမ်းလိုက်သည်။ သာမန်ဟုထက်ရသော ချပ်ဝတ်တစ်ခုက သူ၏ လက်ထဲတွင် ပေါ်လာသည်။

" ဒါက ကာကွယ်ရေးရတနာလား။ " လင်းယွမ်၏ မျက်လုံးများက အနည်းငယ် ပူနွေးလာသည်။

ရှေးဟောင်းနတ်ဘုရားထို့ပါနှင့် အဆင့်တူဖြစ်သော ဖေးရှန်းက တိုက်ခိုက်ရေးရတနာတစ်ခုကို ကိုင်ဆောင်ထားသော်လည်း လင်းယွမ်၏ လက်ထဲတွင် ခဏသာ ရှင်သန်နိုင်ခဲ့သည်။

သို့သော် ရှေးဟောင်းနတ်ဘုရားထို့ပါက လင်းယွမ်၏ လိုက်ဖမ်းမှုကို နေ့တစ်ဝက်ကြာအောင် ခုခံနိုင်ခဲ့သည်။ တစ်ခုတည်းသော အကြောင်းရင်းမှာ ထိုကာကွယ်ရေးရတနာကြောင့် ဖြစ်သည်။

တိုက်ခိုက်ရေးရတနာများနှင့်မတူဘဲ ကာကွယ်ရေးရတနာများက ပို၍ တန်ဖိုးရှိလေသည်။ ဖေးရှန်းက တိုက်ခိုက်ရေးရတနာနှင့် ကြောက်စရာကောင်းသော သတ်ဖြတ်နိုင်စွမ်းကို ပိုင်ဆိုင်သော်လည်း တိုက်ခိုက်မှုကမထိခဲ့လျှင် အားလုံး အချည်းနှီးသာဖြစ်သည်။ သို့သော် ကာကွယ်ရေးရတနာက လင်းယွမ်၏ တိုက်ခိုက်မှုအများစုကို ပိတ်ဆို့နိုင်ခဲ့သည်။

" ဟမ် " လင်းယွမ်က ကာကွယ်ရေးရတနာကို သိမ်းဆည်းပြီးနောက် သူ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။

ရှေးဟောင်းနတ်ဘုရားထို့ပါ၏ ခန္ဓာကိုယ်ပေါက်ကွဲမှုအောက်တွင် ပစ္စည်းအားလုံး ပျက်စီးသွားခဲ့သည်။ သို့သော် မပျက်စီးဘဲ ရှိနေသော အရာမှာ ချပ်ဝတ်အပြင် ငွေရောင်မှန်တစ်ချပ်လည်း ရှိနေသည်။

" ဒီမှန်ကလည်း ရတနာတစ်ခုလား။ " လင်းယွမ်က မှန်ကိုကောက်ယူလိုက်သည်။

ရတနာ ဟုတ် မဟုတ်ခွဲခြားနိုင်ရန် အလွန်ရိုးရှင်းသော နည်းလမ်းတစ်ခုရှိလေသည်။ ၎င်းမှာ တိုက်ခိုက်ရန်ဖြစ်သည်။ ဤကမ္ဘာတွင် စုန်းဘိုးဘေး အဆင့်ဆယ့်ရှစ်၏ တိုက်ခိုက်မှုကို ခံနိုင်သော အရာများမှာ အလွန်နည်းပါးလေသည်။

ထိုသို့ တွေးပြီး လင်းယွမ်က သူ၏ ညာလက်နှင့် ငွေရောင်မှန်ကို အားကုန်ညှစ်လိုက်သည်။ သို့သော် ငွေရောင်မှန်က ထိခိုက်မှုမရှိခဲ့ပေ။

" ရတနာတစ်ခုပဲ။ " လင်းယွမ်က ဝမ်းသာသွားပြီး ငွေရောင်မှန်ကို သိမ်းဆည်းလိုက်သည်။

" ပြန်ဖို့အချိန်တန်ပြီ။ " လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

သူက ရှေးဟောင်းနတ်ဘုရားထို့ပါကို နေ့တစ်ဝက်ကြာအောင် လိုက်လံသတ်ဖြတ်ခဲ့သောကြောင့် မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူများ၏ အာရုံကို ဆွဲဆောင်သွားခဲ့လေသည်။

ဝှစ်....

လင်းယွမ်၏ ပုံရိပ်က ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။

All Chapters