← Chapters

ထူးဆန်းသော ငွေရောင်မှန်...

Vol. 38 Ch. 574

ထူးဆန်းသော ငွေရောင်မှန်...

Vol. 38 Ch. 574

=

ပင်မစကြာဝဠာ၏ အနက်ရှိုင်းဆုံးမှ လျို့ဝှက်နယ်မြေတစ်ခုတွင် ရှေးဟောင်းနတ်ဘုရား၏ မျက်နှာက ဖြူဖျော့သွားပြီး မူလက ပြည့်စုံလုနီးပါးဖြစ်နေသော သူ၏ အော်ရာက ရုတ်တရက် ကျဆင်းသွားသည်။

ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် ကိုယ်ပွားဆုံးရှုံးမှုကြောင့် သူ၏ မူလခန္ဓာကိုယ်ကို သက်ရောက်ခဲ့ပြီး ထိုကိုယ်ပွား၏ စိတ်အသိက အပြီးတိုင်ဆုံးရှုံးသွားပြီဖြစ်သည်။

" ငါ ငါ့ရဲ့ ကံက ဘာလို့ဒီလောက်တောင်ဆိုးရတာလဲ။ " ရှေးဟောင်းနတ်ဘုရားထို့ပါက စိတ်ထဲမှ ဒေါသထွက်နေသည်။

သူတို့က အထူးသက်ရှိခြောက်ယောက်အဖွဲ့ဖြစ်ပြီး ပူးပေါင်းလျှင် အသန်မာဆုံးကိုးယောက်မှလွဲ၍ အခြားသူများကို အနိုင်ယူနိုင်လေသည်။ သို့သော် သူက ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲရှိ အသန်မာဆုံးကိုးယောက်ထဲမှ တစ်ယောက်နှင့် တွေ့ဆုံခဲ့လေသည်။

" ငါ့ရဲ့ ကာကွယ်ရေးရတနာ..." ရှေးဟောင်းနတ်ဘုရားထို့ပါ၏ နှလုံးသားက သွေးများယိုစိမ့်လာသည်။

သူ၏ မူလအစီအစဉ်မှာ ကိုယ်ပွားက ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှ ထွက်ခွာနိုင်ခြင်းမရှိလျှင်တောင် ထွက်ခွာသွားသူတစ်ယောက်ကို ကာကွယ်ရေးရတနာအား ပေးလိုက်ရန် မျှော်လင့်ခဲ့သည်။

သူက တန်ဖိုးတစ်ခု ပေးဆပ်ရလျှင်တောင် ကာကွယ်ရေးရတနာကိုသာ ရရှိလျှင် သူ့အတွက် အကျိုးရှိနေဆဲ ဖြစ်သည်။ အနည်းဆုံးတော့ သူ၏ ကိုယ်ပွားဆုံးရှုံးမှုကြောင့် ဖြစ်ပေါ်လာသော စိတ်အသိဆုံးရှုံးမှုကို ပြန်လည်ဖာထေးနိုင်လေသည်။

သို့သော် ကိုယ်ပွားလည်းသေဆုံးသည့်အပြင် ကာကွယ်ရေးရတနာလည်း ဆုံးရှုံးခဲ့လေသည်။ သို့သော် ရှေးဟောင်းနတ်ဘုရားထို့ပါက အစမှအဆုံးထိ သူ့ကိုသတ်ခဲ့သော အင်အားကြီးသူကို လက်စားချေရန် လုံးဝမစဉ်းစားခဲ့ပေ။

ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် လျို့ဝှက်ဆန်းကြယ်သော ထိုလူက ရတနာများ၏ အကူအညီမပါဘဲ သူ့ကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့လေသည်။ ထိုလူ၏ ပင်မစကြာဝဠာမှ မူလခန္ဓာကိုယ်က အလွှာဆယ့်တစ် အထွတ်အထိပ်တွင် ရှိလိမ့်မည်ဟု ရှေးဟောင်းနတ်ဘုရားထို့ပါက ခံစားမိလေသည်။

ထိုကဲ့သို့ သန်မာသော သက်ရှိတစ်ယောက်ကို လက်စားချေရန် ရှေးဟောင်းနတ်ဘုရားထို့ပါက ကြီးမြတ်သူအဆင့်သို့ မရောက်လျှင် မျှော်လင့်ချက်မရှိပေ။

အချိန်ကြာလာသည်နှင့်အမျှ လင်းယွမ်က ရှေးဟောင်းနတ်ဘုရားထို့ပါတို့အဖွဲ့ကို သတ်ဖြတ်ခဲ့သည့်တိုက်ပွဲက မှတ်ဉာဏ်များမှတစ်ဆင့် ပြန်လည်ဖန်တီးထားသော မှတ်တမ်းများက အင်အားကြီးသူများကြား တဖြည်းဖြည်း ပျံ့နှံ့လာခဲ့သည်။

တည်ငြိမ်သော ရေကန်တစ်ခုပေါ်တွင် လက်လေးဖက်နှင့် လူတစ်ယောက်က ရေမျက်နှာပြင်ပေါ်တွင် ထိုင်နေသည်။

" နတ်ဘုရင် " ပုံရိပ်အနည်းငယ်က ကမ်းစပ်တွင် ရိုသေစွာ ရပ်နေကြသည်။

လက်လေးဖက်နတ်ဘုရား သို့မဟုတ် နတ်ဘုရင်ကို ရင်ဆိုင်ရာတွင် သူတို့အားလုံးက ရိုသေလေးစားရလေသည်။ နတ်ဘုရင်က အလွန်သန်မာလေသည်။ လွန်ခဲ့သော နှစ်တစ်ရာက ထျန်းယုမျိုးနွယ်၏ အင်အားကြီးသူများက နတ်ဘုရင်ကို ဖယ်ရှားရန် ကြိုးစားခဲ့ကြသော်လည်း ရှုံးနိမ့်ခဲ့ကြသည်။ ရှုံးနိမ့်ရုံသာမက ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲမှ ထျန်းယုမျိုးနွယ် တစ်ခုလုံးနီးပါး ဖျက်ဆီးခံခဲ့ရသည်။ အထွတ်အထိပ်မျိုးနွယ်တစ်ခုက ကောင်းကင်ဂိတ်တံခါးမှ ထွက်ခွာနိုင်မည့် အခွင့်အရေးကို စောစီးစွာ ဆုံးရှုံးခဲ့ရသည်။

" ရှေးဟောင်းနတ်ဘုရားထို့ပါနဲ့ အခြားသူတွေက ကြယ်စကြာဝဠာမဟာမိတ်နဲ့ ပူးပေါင်းထားပြီးပါပြီ။ " အရပ်ရှည်ရှည်နှင့်လူက သတိထားပြီး ပြောလိုက်သည်။

" ဘာလဲ။ မင်းတို့က အဲ့ဒီလျို့ဝှက်ဆန်းကြယ်တဲ့ လူနဲ့ ငါ့ကို တိုက်စေချင်တာလား။ " နတ်ဘုရင်က မျက်လုံးများဖွင့်ပြီး အေးစက်စွာ ပြောလိုက်သည်။

" အဲ့ဒီကိစ္စကို ထားလိုက်တော့။ " နတ်ဘုရင်က ကမ်းစပ်ပေါ်မှ လူများကို ကြည့်လိုက်သည်။ " ငါ သူ့ရဲ့ တိုက်ပွဲမှတ်တမ်းကို ကြည့်ပြီးသွားပြီ။ သူ့ရဲ့ ခွန်အားက ငါ့အောက် သိပ်မနိမ့်ဘူး။ "

" အခု သူက ကာကွယ်ရေးနဲ့ တိုက်ခိုက်ရေးရတနာတွေ ရထားပြီဆိုတော့ ငါအစွမ်းကုန်ကြိုးစားရင်တောင် သူ့ကို သတ်နိုင်မှာမဟုတ်ဘူး။ "

နတ်ဘုရင်က ခဏရပ်ပြီးဆက်ပြောလိုက်သည်။ " ကောင်းကင်ဂိတ်တံခါး ပေါ်လာဖို့ နှစ်ပေါင်းနှစ်ရာလိုသေးတယ်။ အဲ့ဒီနှစ်ပေါင်းနှစ်ရာအတွင်း ငါ ကျင့်ကြံဖို့နဲ့ အဆင့်တက်ဖို့ အာရုံစိုက်ရမယ်။ ကျန်တဲ့ကိစ္စတွေနဲ့ ငါ့ကို အနှောက်အယှက်မပေးနဲ့။ "

" ဟုတ်ကဲ့။ " ကမ်းစပ်မှ ပုံရိပ်များက ထိတ်လန့်သွားကြသည်။

နတ်ဘုရင်ကိုယ်တိုင်ပင် ထိုလျို့ဝှက်ဆန်းကြယ်သောလူကို သတ်ရာတွင် ယုံကြည်မှုမရှိဘူးလား။

" ပြီးတော့ မင်းတို့ အဲ့ဒီလူနဲ့ တွေ့ရင် ဝေးဝေးက ရှောင်ဖို့ သတိရပါ။ " နတ်ဘုရင်က သတိပေးပြီးနောက် သူ၏ မျက်လုံးများကို မှိတ်လိုက်သည်။

မီးတောင်တစ်ခုအတွင်းရှိ ဆူပွက်နေသော ချော်ရည်များဘေးတွင် ပိန်ပိန်နှင့် အဘိုးအိုတစ်ယောက်ထိုင်နေသည်။

" အဲ့ဒီလူက ဘယ်မိတ်ဆွေဟောင်းကြီးဖြစ်နိုင်လဲ။ " ပိန်ပိန်နှင့် အဘိုးအိုက လင်းယွမ်၏ တိုက်ပွဲဗီဒီယိုကို ကြည့်ပြီးနောက် စဉ်းစားနေသည်။

ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာ၏ တိုက်ခိုက်မှုက ပင်မစကြာဝဠာနှင့် ကွဲပြားသောကြောင့် သူတို့၏ စစ်မှန်သော တိုက်ခိုက်ရေးစွမ်းအားကို ခွဲခြားသိမြင်နိုင်ခြင်းက တိုက်ပွဲပင်ဖြစ်သည်။

" ကောင်းပြီလေ။ အချိန်အတော်ကြာသွားပြီ။ ငါလည်း အပြင်ထွက်ပြီး ကိုယ့်ကိုကိုယ်ပြသင့်တယ်။ ပျော်စရာကောင်းဖို့ ရတနာနည်းနည်း စုဆောင်းရင်ကောင်းမလား။ "

သူ၏ စိတ်ထဲတွင် ဆုံးဖြတ်ပြီးနောက် ပိန်ပိန်နှင့်အဘိုးအိုက ထရပ်ပြီး မီးတောင်ထဲမှ ထွက်ခွာသွားသည်။

မြေအောက်ရှိ နက်ရှိုင်းသော နေရာတစ်ခုတွင် လင်းယွမ်က ရှေးဟောင်းနတ်ဘုရားထို့ပါတို့ကို သတ်ပြီးနောက် လျိုချွမ်စုဝေးခြင်းနေရာသို့ ချက်ချင်း မပြန်ခဲ့ပေ။ သူက ထိုနေရာတွင် ပုန်းအောင်နေပြီး အကျိုးအမြတ်များကို စစ်ဆေးနေခဲ့သည်။

" ဒီမှန်က..." လင်းယွမ်က သူ၏ ညာလက်ကို ဝှေ့ရမ်းလိုက်ပြီး ငွေရောင်မှန်ပေါ်လာသည်။

မှန်တစ်ခုလုံးက ငွေရောင်ဖြစ်ပြီး လျို့ဝှက်ဆန်းကြယ်သော အော်ရာတစ်ခု စီးဆင်းနေသည်။

" ဒါက " လင်းယွမ်က ငွေရောင်မှန်ကို အနီးကပ်လေ့လာပြီးနောက် သူး အမူအရာက သိမ်မွေ့စွာ ​ပြောင်းလဲသွားသည်။

ငွေရောင်မှန်က အတော်လေး ရိုးရှင်းပုံရပြီး ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာ၏ ဖိနှိပ်ခြင်းကို ခံထားရသော ကြယ်၁၂လုံး ရတနာတစ်ခုဖြစ်သည်။ ၎င်းအတွင်း သေးငယ်သော အော်ရာတစ်ခုသာကျန်ခဲ့လေသည်။ လင်းယွမ်၏ သံလိုက်အိမ်မြှောင့်၊ ရှေးဟောင်းနတ်ဘုရားထို့ပါ၏ ကာကွယ်ရေးချပ်ဝတ်၊ ဖေးရှန်း၏ အနက်ရောင်သံတုတ် အားလုံးက အတူတူပင်ဖြစ်သည်။

သို့သော် ငွေရောင်မှန်ကို သေချာလေ့လာပြီးနောက် လင်းယွမ်က ၎င်းအတွင်းမှ လေဟာနယ်အတက်အကျများကို ရှာတွေ့သွားသည်။

" လေဟာနယ်လား။ " လင်းယွမ်၏ အမူအရာက လေးနက်သွားသည်။

ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှာပင် ထိုကဲ့သို့ လေဟာနယ်အတက်အကျကို ထိန်းသိမ်းထားနိုင်လျှင် ၎င်းက ပင်မစကြာဝဠာတွင် ရှိခဲ့လျှင် ဘယ်လိုနေမလဲ။

" ဒီမှန်က ထူးဆန်းတယ်။ ဒါပေမယ့် ဒီမှန်ကို ဘယ်လိုအသုံးပြုရမှာလဲ။ " လင်းယွမ်က တစ်ရက်ကြာသည့်တိုင်း သွေးစက်ချခြင်းအပါအဝင် နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့သော်လည်း မည်သည့်အရာကိုမှ မတွေ့ရှိခဲ့ပေ။

" ရှေးဟောင်းနတ်ဘုရားထို့ပါလည်း ဒီမှန်ကိုရတာ မကြာလောက်သေးဘူး။ " လင်းယွမ်က တွေးလိုက်၏။

ရှေးဟောင်းနတ်ဘုရားထို့ပါက သေသွားသည့်အချိန်ထိ ငွေရောင်မှန်ကို အသုံးပြုခဲ့ခြင်းမရှိပေ။ ထို့ကြောင့် သူက ငွေရောင်မှန်၏ စွမ်းရည်များကို မသိကြောင်း ကောက်ချက်ချနိုင်လေသည်။ မဟုတ်လျှင် သေခြင်းရှင်ခြင်းအခြေအနေတွင် မည်သည့်နည်းလမ်းကိုမဆို အသက်ကို ကယ်တင်နိုင်ရန် အသုံးပြုပေလိမ့်မည်။

" ကိစ္စမရှိဘူး။ ငါဒီမှာနားမလည်ရင်တောင် အပြင်ကို ယူသွားနိုင်ရင် အဆုံးမှာ နားလည်လာလိမ့်မယ်။ "

ငွေရောင်မှန်က ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာ၏ ဖိနှိပ်ခြင်းကို ခံထားရပြီး ၎င်း၏ စွမ်းရည်များကို လွတ်လပ်စွာ ထုတ်ဖော်နိုင်ခြင်းမရှိပေ။ လင်းယွမ်က ၎င်းကို ပင်မစကြာဝဠာသို့ ယူသွားနိုင်လျှင် ပြဿနာများကို ဖြေရှင်းနိုင်ပေလိမ့်မည်။

သူမသိလျှင်တောင် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှ လက်ခြောက်ဖက်ရှိသော ပုံရိပ်နှင့် နတ်ဆိုးကျောက်စိမ်းနေရာမှ ကျောက်ရုပ်တုရှန်းကျိတို့ကို မေးမြန်းနိုင်လေသည်။

လင်းယွမ်က ငွေရောင်မှန်ကို သိမ်းဆည်းလိုက်ပြီး ရှေးဟောင်းနတ်ဘုရားထို့ပါ၏ ချပ်ဝတ်ကို ယူလိုက်သည်။ ထိုချပ်ဝတ်က အလွန်ပေါ့ပါးပြီး ကိုယ်ကျပ်အင်္ကျီတစ်ခုကဲ့သို့ ဖြစ်သည်။ လင်းယွမ်က ဝတ်ဆင်လိုက်သောအခါ သူ၏ ခြေလက် ခန္ဓာကိုယ်ကို စွမ်းအားတစ်ခုက ကာကွယ်ပေးထားသည်ဟု မှိန်ဖျော့စွာ ခံစားလိုက်ရသည်။

မည်သည့်တိုက်ခိုက်မှုမျိုးကိုမဆို ချပ်ဝတ်က ပိတ်ဆို့ထားမည်ဖြစ်ပြီး ထိုးဖောက်လာသော စွမ်းအားများကိုလည်း အလိုအလျောက် ချေဖျက်နိုင်စွမ်းရှိလေသည်။

" ရှေဟောင်းနတ်ဘုရားထို့ပါကို သတ်ဖို့ ဒီလောက်ခက်နေတာ အံ့ဩစရာမရှိဘူး။ " လင်းယွမ်က ပြုံးလိုက်သည်။

ထိုချပ်ဝတ်ကို ဝတ်ဆင်ခြင်းက သူ၏ ကာကွယ်နိုင်စွမ်းကို အမြင့်ဆုံးသို့ တိုးမြှင့်ပေးခဲ့လေသည်။

" ငါ ဒီချပ်ဝတ်ကိုသာ ပင်မစကြာဝဠာကို ယူဆောင်သွားနိုင်ရင် ဘယ်လိုစွမ်းအားမျိုးကို ပိုင်ဆိုင်မလဲမသိဘူး။ " လင်းယွမ်၏ မျက်လုံးများက တောက်ပသွားသည်။

ရတနာများထဲတွင် ကာကွယ်ရေးရတနာက တိုက်ခိုက်ရေးရတနာထက် ပို၍ တန်ဖိုးရှိလေသည်။ မည်သည့်အခြေအနေမျိုးတွင်မဆို ရှင်သန်နိုင်စွမ်းက အဓိကပင်ဖြစ်သည်။

" အားနည်းချက်တစ်ခုက ခေါင်းကို မကာကွယ်နိုင်တာပဲ။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။

ချပ်ဝတ်က ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားသော်လည်း ဦးခေါင်းမပါဝင်ပေ။ ခေါင်းက အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ထို့ကြောင့် ရှေးဟောင်းနတ်ဘုရားထို့ပါက လိုက်လံဖမ်းဆီးခြင်းခံရချိန်တွင် သူ၏ ခေါင်းကို လုံးဝ ကာကွယ်ထားခဲ့သည်။

သူက ရှေးဟောင်းနတ်ဘုရားထို့ပါကို သတ်နိုင်ခဲ့ခြင်းမှာ သူ၏ ခန္ဓာကိုယ်အတွင်း ထိုးဖောက်ဝင်ရောက်သွားသော စွမ်းအားများကို ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။

" ဒီငွေရောင်မှန်က နှလုံးကို ကာကွယ်ပေးလိမ့်မယ်။ " လင်းယွမ်က မှန်ကို ထုတ်ပြီး ရင်ဘတ်ပေါ်သို့ တင်လိုက်သည်။

သူက ငွေရောင်မှန်၏ အသုံးပြုပုံကို နားမလည်သော်လည်း ၎င်းက အလွနမာကျောပြီး ဖျက်ဆီး၍ မရနိုင်ပေ။ ၎င်းက ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာရှိ ရတနာများအားလုံးပိုင်ဆိုင်သော စွမ်းရည်တစ်ခုဖြစ်သည်။

ထို့ကြောင့် ငွေရောင်မှန်ကို နှလုံးနေရာတွင် ထားခြင်းဖြင့် အနည်းဆုံး နှလုံးသို့ တိုက်ခိုက်လာသော စွမ်းအားများကို ခုခံနိုင်ပေလိမ့်မည်။

လင်းယွမ်၏ ချန်ချင်းကျင့်စဉ်က နှလုံး သို့မဟုတ် ဦးခေါင်း စသည့် သေစေနိုင်သော အစိတ်အပိုင်းများမဟုတ်သရွေ့ အခြားခန္ဓာကိုယ်အစိတ်အပိုင်းများ ပျက်စီးသွားလျှင်တောင် ပြန်လည်ကောင်းမွန်နိုင်လေသည်။

All Chapters