နတ်ဘုရင်၏ စွမ်းအား...
Vol. 38 Ch. 576
အချို့သော အထူးသက်ရှိများက မူလက မိုင်ထောင်ပေါင်းများစွာ ကြီးမားသော်လည်း ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာသို့ ကျရောက်လာသောအေခါ တစ်မီတာမှ သုံးမီတာထိ တိုက်ရိုက်လျှော့ချခြင်းခံခဲ့ရသည်။ ပုံသဏ္ဍန်ကလည်း အတူတူပင်ဖြစ်သည်။
" နတ်ဘုရင်က ဘာလို့လက်လေးဖက်ရှိတာလဲဆိုတာ မင်းသိလား။ " နာလန်က မေးလိုက်သည်။
" လက်လေးဖက်လား။ " လင်းယွမ်က နာလန်ကို ကြည့်လိုက်သည်။
" မျိုးနွယ်အမျိုးမျိုးက အင်အားကြီးသူတွေက ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲရောက်ရင် အဲ့ဒီကမ္ဘာရဲ့ လူသားပုံစံတွေပဲ။ ခေါင်းတစ်လုံး၊ ခြေထောက်နှစ်ချောင်း၊ လက်နှစ်ဖက်၊ မျက်လုံးနှစ်လုံး၊ ပါးစပ်တစ်ပေါက်။ ဒါပေမယ့် နတ်ဘုရင်ကတော့ လက်လေးဖက်ရှိတယ်။ " နာလန်က ပြောလိုက်သည်။
" ဖြစ်နိုင်တာက...." လင်းယွမ်က စိတ်ထဲမှ တွေးမိသွားသည်။
" နတ်ဘုရင်ရဲ့ အပိုလက်နှစ်ဖက်က အမှန်တကယ်က ကြီးမြတ်သူအဆင့် လက်နက်တွေပဲ။ အဲ့ဒါတွေက နတ်ဘုရာရဲ့ ခန္ဓာကိုယ်နဲ့ ပေါင်းစည်းသွားခဲ့တယ်။ "
" ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာက လက်နက်တွေကို လုံးဝဖိနှိပ်တာမှမဟုတ်တာ။ အဲ့ဒါကြောင့် နတ်ဘုရင်မှာ လက်လေးဖက်ရှိနေတာပဲ။ " နာလန်က ရှင်းပြလိုက်သည်။
" ငါသိပြီ။ " လင်းယွမ်က နားလည်သွားသည်။
လင်းယွမ်က နတ်ဘုရင် လက်လေးဖက်ရှိကြောင်း မြင်ရသောအခါ သူက သံသယများရှိခဲ့သော်လည်း အပိုလက်နှစ်ဖက်က ထူးခြားမှုတစ်ခုရှိလိမ့်မည်ဟုသာ တွေးပြီး ထပ်မစဉ်းစားခဲ့ပေ။
" ဒါကြောင့် နတ်ဘုရင်က ငါတို့နဲ့ မတူတာပဲ။ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ကိုယ်ပိုင်ခွန်အားအပြင် ကြီးမြတ်သူအဆင့် လက်နက်တွေကလည်း ထွက်ပေါ်လာတယ်။ " နာလန်က ပြောလိုက်သည်။
လင်းယွမ်၏ ရတနာများနှင့် ကွာခြားချက်မှာ နတ်ဘုရင်၏ လက်နက်နှစ်ခုက သူ၏ ခန္ဓာကိုယ်နှင့် ပြည့်စုံစွာ ပေါင်းစည်းနေခြင်းဖြစ်သည်။ နတ်ဘုရင်၏ လက်နက်များက ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှ ရရှိခဲ့ခြင်းမဟုတ်ဘဲ ပင်မစကြာဝဠာမှ ဆင်းသက်လာခြင်းဖြစ်သည်။
တစ်စုံတစ်ယောက်နှင့် ပြည့်စုံစွာ ကိုက်ညီသော ကြီးမြတ်သူအဆင့် သို့မဟုတ် အလွှာဆယ့်နှစ် လက်နင်တစ်ခုက အခြားသူများစိတ်ကူးနိုင်သည်ထက် ကျော်လွန်သော စွမ်းအားကို အသုံးပြုနိုင်လေသည်။ ထို့ကြောင့်လည်း နတ်ဘုရင်က လွန်ခဲ့သော နှစ်တစ်ရာအတွင်း မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ခဲ့သော်လည်း အဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံးနေရာကို ဆက်လက်ရယူထားခြင်းဖြစ်သည်။
" အံ့ဩစရာမရှိပါဘူး။ " လင်းယွမ်က ဖိအားအချို့ကို ခံစားလိုက်ရသည်။
ကောင်းကင်ဂိတ်တံခါး ပေါ်လာရန် နှစ်ပေါင်းနှစ်ရာလိုသေးသည်။ ထိုအချိန်အတွင်း သူက နတ်ဘုရင်ကို အမှန်တကယ် ကျော်လွန်နိုင်ပါ့မလား မသေချာပေ။
" အဲ့ဒါကြောင့် ထျန်းယုမျိုးနွယ်က အားနည်းတဲ့အချိန်မှာ နတ်ဘုရင်ကို ဖယ်ရှားဖို့ ကြိုးစားခဲ့တာဖြစ်ရမယ်။ " လင်းယွမ်က ပြောလိုက်သည်။
" အဲ့ဒီတိုက်ပွဲမှာ ထျန်းယုမျိုးနွယ်အပြင် အခြားအထွတ်အထိပ်မျိုးနွယ်တွေရဲ့ လျို့ဝှက်ထောက်ပံ့မှုတွေလည်း ပါဝင်ခဲ့တယ်။ " နာလန်က ပြောလိုက်သည်။
အမှန်တော့ လူသားမျိုးနွယ်မှ ဆင့်ကဲပြောင်းလဲသူများကလည်း နတ်ဘုရင်ကို သတ်နိုင်မည့်အခွင့်အရေးအား လျို့ဝှက်စွာ စောင့်ကြည့်နေခဲ့ကြသည်။ သို့သော် ထျန်းယုမျိုးနွယ်၏ ရှုံးနိမ့်မှုက အင်အားကြီးသူတိုင်းကို မျှော်လင့်ချက်မဲ့သွားစေခဲ့သည်။ ထို့ကြောင့် သူတို့က နတ်ဘုရင်ကို မတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
" ဒီအဆင့်သတ်မှတ်ချက်အသစ်မှာ ရွှယ်ယုရှေးဟောင်းနိုင်ငံက လျို့ဝှက်ဆန်းကြယ်တဲ့ အင်အားကြီးသူက အဆင့်ခြောက် ရောက်လာပြီး အကျဉ်းထောင်မျိုးနွယ်ရဲ့ ဟိုကျူးက အဆင့်တစ်ဆယ်အထိ ကျသွားခဲ့တယ်။ " နာလန်က ခေါင်းခါပြီး ပြောလိုက်သည်။
အကျဉ်းထောင်မျိုးနွယ်မှ ဟိုကျူးက သာမန်အလွှာဆယ့်တစ် သက်ရှိတစ်ယောက်သာဖြစ်သော်လည်း သွေးနီရောင်ဓားကြောင့် နှစ်ပေါင်းတစ်ရာကျော်ကြာအောင် ထိပ်ဆုံးကိုးယောက်ထဲတွင် ပါဝင်ခဲ့သည်။
ခြောက်သွေ့သော သဲကန္တာရတစ်ခုတွင် သွေးနီရောင်ဓားတစ်လက်နှင့် လူတစ်ယောက်က ထိုင်နေသည်။
" ငါ့ရဲ့ အဆင့်သတ်မှတ်ချက်က အဆင့်တစ်ဆယ်ကို ကျသွားပြီ။ အခြားသူတွေအမြင်မှာ ငါ့ရဲ့ အဆင့်က ဒီရတနာကြောင့်လို့ ထင်နေကြတယ်။ " အကျဉ်းထောင်မျိုးနွယ်မှ ဟိုကျူးက တွေးလိုက်သည်။
နတ်ဘုရင်က ကြီးမြတ်သူအဆင့် လက်နက်ကို မှီခိုခဲ့သော်လည်း သူ၏ ခွန်အားကို ဘယ်သူမှ မေးခွန်းထုတ်ခြင်းမရှိပေ။ ပင်မစကြာဝဠာတွင် သူက အလွှာဆယ့်တစ် အထွတ်အထိပ်ရှိသူတစ်ယောက်ဖြစ်သည်။
သို့သော် ဟိုကျူးက ကံကောင်းသူတစ်ယောက်သာဖြစ်သည်။ သွေးနီရောင်ဓားသာမရှိလျှင် သူက ဘာမှမဟုတ်ခဲ့ပေ။ ယခု သူက အဆင့်တစ်ဆယ်သို့ ကျသွားပြီဖြစ်သောကြောင့် လူအများ၏ ကဲ့ရဲ့ခြင်းခံရမည်မှာ သေချာလေသည်။
" ဒီနှစ်တွေမှာ ငါက အားလုံးကို စွန့်လွှတ်ခဲ့ပြီး ဒီဓားပေါ်မှာပဲ အာရုံစိုက်ထားခဲ့တယ်။ အခု ဓားအတွင်းက သတ်ဖြတ်ခြင်းနည်းစနစ်ကိုးခုကို နားလည်သွားပြီ။ " ဟိုကျူးက ပြုံး၍ ရေရွတ်လိုက်သည်။
ဓားထဲတွင် ပါဝင်သော လျို့ဝှက်ချက်နှင့် ကြောက်စရာကောင်းသော သတ်ဖြတ်လိုစိတ်က ဟိုကျူးကိုပင် ထိတ်လန့်စေခဲ့သည်။
" စောင့်လိုက်စမ်းပါ။ နောက်ထပ်နှစ်နှစ်ရာအကြာ ကောင်းကင်ဂိတ်တံခါး ပေါ်လာတဲ့ အချိန်ကျရင် မင်းတို့အားလုံး ငါဟိုကျူးရဲ့ စစ်မှန်တဲ့ စွမ်းအားကို တွေ့ရလိမ့်မယ်။ "
ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာသို့ ကျရောက်ခဲ့သော သက်ရှိတိုင်း၏ အဓိကပန်းတိုင်မှာ ကောင်းကင်ဂိတ်တံခါးကို ဖွင့်လှစ်ခြင်းဖြစ်သည်။
VR ကမ္ဘာ။
" နဂါးငွေ့တန်းကြယ်သခင် ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲမှာ မင်းလည်း စုန်းဘိုးဘေးအဆင့်ကို ရောက်သွားပြီမဟုတ်လား။ " နာလန်က သိလိုစိတ်နှင့် မေးလိုက်သည်။
လင်းယွမ်က လူသားမျိုးနွယ်၏ သမိုင်းတွင် ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ဖြစ်ပြီး ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင်လည်း စုန်းဘိုးဘေးအဆင့်သို့ ရောက်ရန် ခက်ခဲမည်မဟုတ်ပေ။
ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် နှစ်တစ်ရာကြာပြီးနောက် အလွှာတစ်ဆယ်သက်ရှိအများစုကလည်း စုန်းဘိုးဘေးအဆင့်သို့ ဝင်ရောက်သွားကြပြီဖြစ်သည်။
" ဟုတ်ပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
" ဒါဆို ငါတို့ လူသားမျိုးနွယ်ရဲ့ အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူတွေက စုန်းဘိုးဘေးအဆင့်ထက် ကျော်လွန်တဲ့အဆင့်အတွက် ကျင့်စဉ် ၁၇ခုကို ပြုစုထားတယ်။ မင်းကြည့်ဖို့ ငါပို့ပေးလိုက်မယ်။ " နာလန်က ၎င်းတို့ကို လင်းယွမ်အား ပို့ပေးလိုက်သည်။
ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင်လည်း လူသားမျိုးနွယ်က စည်းလုံးစွာ နေထိုင်ရန် အရေးကြီးလေသည်။ ကျင့်စဉ်များကို မျှဝေခြင်းက ပုံမှန်အလေ့အထတစ်ခုဖြစ်ပြီး ကောင်းကင်ဂိတ်တံခါးဖွင့်လှစ်ချိန်တွင် ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှ ထွက်သွားသူများမှ လူသားမျိုးနွယ်ဖြစ်နေသရွေ့ သူတို့အတွက် အောင်မြင်မှုပင်ဖြစ်သည်။
သို့သော် လက်ရှိအချိန်တွင် အလားအလာက ကောင်းပုံမရပေ။ ရွှယ်ယုရှေးဟောင်းနိုင်ငံမှ လျို့ဝှက်ဆန်းကြယ်သော အင်အားကြီးသူမပါလျှင်တောင် နတ်ဘုရင်တစ်ယောက်တည်းက ကောင်းကင်ဂိတ်တံခါးဖွင့်လှစ်ချိန်တွင် နေရာများကို သတ်မှတ်ပေးနိုင်လေသည်။
" ကျေးဇူးပါ။ " လင်းယွမ်က နာလန်ပေးပို့သော ကျင့်စဉ်များကို ကြည့်ပြီး တွေးလိုက်သည်။
စုန်းဘိုးဘေးအဆင့်ထက် ကျော်လွန်သော ထိုကျင့်စဉ်များက အခြေခံအားဖြင့် လူသားမျိုးနွယ်၏ အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများဖြစ်ပြီး သူတို့၏ ခေတ်တွင် ထူးချွန်သော ပါရမီရှင်များ ဖြစ်ကြသည်။
" ငါ့ရဲ့ ကျင့်စဉ်က မင်းတို့နဲ့ မသင့်တော်လောက်ဘူး။ " လင်းယွမ်က လျင်မြန်စွာ ဖတ်ရှုပြီးနောက် နာလန်ကို တုန့်ဆိုင်းစွာ ပြောလိုက်သည်။
လင်းယွမ်ကျင့်ကြံနေသော စုန်းဘိုးဘေးအဆင့် ကျင့်စဉ်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် သူ၏ အခြေအနေများနှင့် ကိုက်ညီအောင် ဦးစားပေးဖန်တီးထားခြင်းဖြစ်သည်။ အားသာချက်မှာ သူ၏ ခန္ဓာကိုယ်အတွက် အဆင့်တိုင်းတွင် အလားအလာကို ဖော်ထုတ်နိုင်ပြီး အားနည်းချက်က လင်းယွမ်နှင့်သာ သင့်တော်ပြီး အခြားသူများ ကျင့်ကြံရန် မဖြစ်နိုင်ပေ။
နာလန်က ခေါင်းခါလိုက်သည်။ " ကိစ္စမရှိဘူး။ မင်းက ပါရမီရှင်တစ်ယောက်ဆိုပေမယ့် အလွှာတစ်ဆယ်ပဲရှိသေးတော့ အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူတွေနဲ့ ယှဉ်ရင် မင်းရဲ့ရှုထောင့်က ပိုပြီး ကျဉ်းမြောင်းတယ်။ "
ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာ။
လင်းယွမ်က မြေအောက်ထဲတွင် ထိုင်၍ သူ၏ အော်ရာက ရုတ်တရက် ပေါက်ကွဲလာပြီး ကြောက်စရာကောင်းသော အသက်စွမ်းအားများက အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့သွားသည်။ မြေအောက်တွင်သာမဟုတ်လျှင် ထိုပေါက်ကွဲမှုက မိုင်ထောင်ချီကို ဖျက်ဆီးသွားပေလိမ့်မည်။
" စုန်းဘိုးဘေး အဆင့် ဆယ့်ကိုး " လင်းယွမ်က မျက်လုံးများ ဖြည်းညင်းစွာ ဖွင့်ပြီး ပြုံးလိုက်သည်။
လူသားမျိုးနွယ်မှ အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများ၏ ကျင့်စဉ်များနှင့် ယခင် သူ၏ အသိအမြင်တို့ ပေါင်းစပ်ပြီး လင်းယွမ်က စုန်းဘိုးဘေး အဆင့်ဆယ့်ကိုးသို့ တက်လှမ်းသွားခဲ့သည်။
" ငါ့ရဲ့ လက်ရှိခွန်အားက စုန်းဘိုးဘေး အဆင့်ဆယ့်ရှစ်ထက် ခြောက်ဆယ်ရာခိုင်နှုန်း ပိုပြီးအားကောင်းလာတယ်။ အခုချိန် ရှေးဟောင်းနတ်ဘုရားထို့ပါကို ထပ်ပြီး အမဲလိုက်ရင် ထူးဆန်းတဲ့ ချပ်ဝတ်ကို ထိုးဖောက်ပြီး သူ့ကို သတ်ဖို့ နှစ်နာရီပဲ ကြာလိမ့်မယ်။ " လင်းယွမ်က သူ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများကို ခံစားလိုက်သည်။
" နတ်ဘုရင်က အခု ဘယ်လောက်သန်မာလဲမသိဘူး။ " လင်းယွမ်က တွေးလိုက်သည်။
နတ်ဘုရင်က သူနှင့် ပြည့်စုံစွာ ပေါင်းစပ်ထားသော လက်နက်များကို ပိုင်ဆိုင်ထားလေသည်။ ထိုအခြေအနေအောက်တွင် သူက အခြားသူများထက် ခြေတစ်လှမ်းသာနေမည်မှာ သေချာလေသည်။
" ပြန်ဖို့အချိန်ကျပြီ။ " လင်းယွမ်က မတ်တပ်ရပ်လိုက်ပြီး မြေအောက်ထဲမှ ထွက်၍ လျိုချွမ်စုဝေးခြင်းနေရာသို့ ပြန်သွားခဲ့သည်။
လျိုချွမ်စုဝေးခြင်းနေရာတွင် ကျားရန်ဂူက လေးစားစွာ ရပ်နေသည်။
" အရှင်..."
ကျားရန်ဂူက ရှေးဟောင်းနတ်ဘုရားထို့ပါတို့အဖွဲ့ သေဆုံးသွားခဲ့သည့် အကြောင်းကို ရွှယ်ယုခန်းမမှ သတင်းရရှိခဲ့သည်။ ရွှယ်ယုခန်းမ၏ အချက်အလက်များအရ လျို့ဝှက်ဆန်းကြယ်သော အင်အားကြီးသူတစ်ယောက်က သူတို့အား သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိခဲ့ရသည်။
ရွှယ်ယုခန်းမက ထိုလျို့ဝှက်ဆန်းကြယ်သော အင်အားကြီးသူကို မသိသော်လည်း ကျားရန်ဂူက သူ၏ အရှင်နှင့် သက်ဆိုင်လိမ့်ဟု အနည်းငယ် ခံစားလိုက်ရသည်။ အထူးသဖြင့် ထိုတိုက်ပွဲက လင်းယွမ်၏ ပျောက်ကွယ်မှုနှင့် တစ်ပြိုင်နက် ဖြစ်သွားခဲ့ခြင်းဖြစ်သည်။