ကြီးမြတ်သူရှချင်၏ တိတ်ဆိတ်မှု....
Vol. 38 Ch. 577
" ငါ တံခါပိတ်ကျင့်ကြံဖို့လိုတယ်။ အရေးကြီးတာ တစ်ခုခုမရှိရင် ငည့ကို မနှောက်ယှက်နဲ့။ " လင်းယွမ်က က်ားရန္ဂူကို ကြည့်ပြီး ညွှန်ကြားလိုက်သည်။
လင်းယွမ်က က်ားရန္ဂူ၏ စိတ်ထဲမှ သံသယမ်ားကို သတိထားမိသော်လည်း သူက ဂရုမစိုက်ပေ။ သူက ရွှယ်ယုရှေးဟောင်းနိုင်ငံမှ လျို့ဝှက်ဆန်းကြယ်သော အင်အားကြီးသူအဖြစ် ဖော်ထုတ်ခံရလည်း ကိစ္စမရှိပေ။
လက်ရှိ လျိုချွမ်စုဝေးခြင်းနေရာမှ သူ၏ အထောက်အထားက ပင်မစကြာဝဠာရှိ နဂါးငွေ့တန်းကြယ်သခင်နှင့် လုံးဝ ဆက်စပ်မှုမရှိပေ။ ထို့အပြင် ကျားရန်ဂူကလည်း သူ၏ စိတ်ထဲမှ သံသယမ်ားကို ထုတ်ထော်ရဲမည်မဟုတ်ပေ။
ပုံရိပ်ယောင်နှင့် အစစ်အမှန် ပြောင်းလဲနေသောကမ်ဘာတစ်ခုတွင် အော်ရာကိုးခု ထွက်ပေါ်လာပြီး လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက် ထွက်ပေါ်လာသည်။
" ငါတို့ လူသားမျိုးနွယ်က ဟင်းလင်းပြင်ကမ္ဘာနဲ့ အဲ့ဒီဒိုင်မန်ရှင်းနှစ်ခုကမ္ဘာကို ဆယ်ရာခိုင်နှုန်း ဒါမှမဟုတ် နှစ်ဆယ်ရာခိုင်နှုန်းလောက် ပုံတူကူးနိုင်ရင်တောင် ကျင့်စဉ်တွေကို ကောက်ချက်ချဖို့ လုံလောက်တယ်။ " ကြီးမြတ်သူယုတိုင်က ပြောလိုက်သည်။
ထိုက်ယွမ်အမွေအနှစ်မှ ထိုစာရွက်က ထူးဆန်းပြီး ကြီးမြတ်သူတစ်ယောက်ပင်လျှင် ထိုထဲသို့ အရဲစွန့်ပြီး မသွားရဲပေ။ သို့သော် သူတို့က အခြားနည်းလမ်းများမရှိသည်ဟု မဆိုလိုပေ။
လူသားမျိုးနွယ်က ဟင်းလင်းပြင်ကမ္ဘာနှင့် စာရွက်အတွင်းရှိ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာကို ပုံတူကူးပြီး ကြီးမြတ်သူများ ဝင်ရောက်ကာ ၎၏ အခြေခံစွမ်းအားကို နားလည်နိုင်လေသည်။ သို့သော် ထိုပုံတူကူးမှုက အစစ်အမှန်နှင့် မယှဉ်နိုင်ဘဲ ဆယ်ရာခိုင်နှုန်း သို့မဟုတ် နှစ်ဆယ်ရာခိုင်နှုန်းထိသာ ဆင်တူနိုင်လေသည်။ သို့သော် ၎က ကြီးမြတ်သူများအတွက် လုံလောက်ပေသည်။
" ကြယ်စကြာဝဠာမဟာမိတ်က အဲ့ဒီမွန်းစတားအိုကြီးက ကြီးမြတ်သူလက်နက်တစ်ခုကို နတ်ဘုရင်နဲ့ ပေါင်းစည်းအောင် လုပ်ပေးလိုက်တယ်။ အဲ့ဒါကြောင့် သူက ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှာ ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်နေပြီ။ "
" အခု ငါတို့က လူသားမျိုးနွယ်ရဲ့ ဆင့်ကဲပြောင်းလဲသူတွေအတွက် ကျင့်စဉ်တွေ ဖန်တီးပြီးပြီ။ အခုထိတော့ ငါတို့က စုန်းဘိုးဘေး အဆင့်ဆယ့်ခြောက်ထိ ကျင့်စဉ်တွေပဲရှိတယ်။ " ကြီးမြတ်သူဟင်းလင်းပြင်နတ်ဘုရားက ပြုံး၍ ပြောလိုက်သည်။
သူတို့ဖန်တီးထားသော ကျင့်စဉ်များက ကန့်သတ်ချက်များမရှိဘဲ ဒိုင်မန်ရှင်းနှစ်ခုကမ်ဘာမှ လူသားဆင့်ကဲပြောင်းလဲသူများကို ကြီးမားသော အကူအညီပေးနိုင်လေသည်။
" ကောင်းပြီ။ ငါအဲ့ဒီလူငယ်တွေကို ညွှန်ကြားဖို့ ပြန်သွားလိုက်ဦးမယ်။ " ကြီးမြတ်သူရှချင်က ပျောက်ကွယ်သွားသည်။
အခြားကြီးမြတ်သူများကလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပျောက်ကွယ်သွားကြသည်။
နဂါးငွေ့တန်းပင်မကြယ်။
" ဟမ် ကြီးမြတ်သူရှချင်က ငါ့ကို တွေ့ချင်လို့လား။ " လင်းယွမ်က မျက်လုံးများဖွင့်လိုက်ပြီး အနည်းငယ် အံ့အားသင့်သွားသည်။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ကြီးမြတ်သူရှချင်က အလုပ်ရှုပ်နေခဲ့ပြီး ပုံမှန်အားဖြင့် သူ့ကို ဆက်သွယ်ခြင်းမရှိပေ။
" တစ်ခုခုရှိရမယ်။ " လင်းယွမ်က သူ၏ စိတ်အသိကို VR ကမ်ဘာနှင့် ချိတ်ဆက်ပြီးနောက် ကြီးမြတ်သူရှချင်၏ ကိုယ်ပိုင်ကမ်ဘာသို့ ဝင်ရောက်သွားသည်။
" ကြီးမြတ်သူ " လင်းယွမ်က ပလ္လင်ပေါ်တွင် ထိုင်နေသော ကြီးမြတ်သူရှချင်ကို အရိုအသေပေးလိုက်သည်။
" လက်းယွမ် " ကြီးမြတ်သူရှချင်က လင်းယွမ်ကို ကြည့်ပြီး ပြုံးလိုက်သည်။ " ဒိုင်မန်ရှင်းနှစ်ခုကမ်ဘာထဲမှာ မင်းရဲ့ ကျင့်ကြံမှုက ဘယ္လိုလဲ။ "
" မဆိုးပါဘူး။ " လင်းယွမ်က ပြန်ဖြေလိုက်သည်။
နှစ်တစ်ရာကျော်အတွင်း လင်းယွမ်က အလွှာဆယ့်တစ် အထွတ်အထိပ်များနှင့် တန်းတူဖြစ်သွားခဲ့သည်။ အလွှာဆယ့်တစ် အထွတ်အထိပ် သက်ရှိများက ရှုထောင့်အမျိုးမျိုးတွင် ပြည့်စုံနေပြီး ကြောက်စရာကောင်းသော အရည်အချင်းများ ရှိကြလေသည်။
" ပြီးတော့ ငါမင်းကို စုန်းဘိုးဘေးအဆင့်ရဲ့ နောက်ဆက်တွဲကျင့်စဉ်တွေ ရှင်းပြမယ်။ " ကြီးမြတ်သူရှချင်က ပြောလိုက်သည်။
" ကြီးမြတ်သူက စုန်းဘိုးဘေးအဆင့်ရဲ့ နောက်ဆက်တွဲကျင့်စဉ်တွေကို ရှင်းပြမလို့လား။ " လင်းယွမ်က အံ့အားသင့်သွားသည်။
ကြီးမြတ်သူက စုန်းဘိုးဘေးအဆင့် ကျင့်စဉ်များကို မည်သို့ဖန်တီးခဲ့မှန်း သူကမသိသော်လည်း ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာသို့ မဝင်ဘဲ အတွင်းမှ စွမ်းအားအနှစ်သာရကို မသိနိုင်သောကြောင့် တိကျသော ကျင့်စဉ်များကို ဖန်တီးရန် မဖြစ်နိုင်လုနီးပါးပင် ဖြစ်သည်။ သို့သော် ကြီးမြတ်သူရှချင်က ထိုသို့ပြောသောကြောင့် သူက ယုံကြည်မှုရှိပေလိမ့်မည်။
" စုန်းဘိုးဘေး အဆင့်တစ်ရဲ့ ကျင့်ကြံမှုက..." ကြီးမြတ်သူရှချင်က စုန်းဘိုးဘေး အဆင့်တစ်မှ အဆင့်ခြောက်ထိ အမြန်ရှင်းပြလိုက်သည်။
" ဘယ်လိုလဲ။ " ကြီးမြတ်သူရှချင်က လင်းယွမ်ကို ကြည့်လိုက်သည်။
" ဟမ် နောက်ထပ်မရှိတော့ဘူးလား။ " လင်းယွမ်က မေးလိုက်သည်။
ကြီးမြတ်သူရှချင် ဖော်ပြသော စုန်းဘိုးဘေး အဆင့်တစ်မှ အဆင့်ခြောက်အထိ ကျင့်စဉ်များက လင်းယွမ်ကို အသိအမြင်အချို့ ပေးခဲ့လေသည်။ သို့သော် သက်ရောက်မှုက ထင်ရှားခြင်းမရှိပေ။ အထူးသဖြင့် လင်းယွမ်က စုန်းဘိုးဘေး အဆင့်ဆယ့်ကိုးတွင် ရှိနေပြီးသားဖြစ်သည်။
နာလန်ပြောပြသော ကျင့်စဉ်များ၏ အသိအမြင်များကြောင့် လင်းယွမ်က အဆင့်ဆယ့်ကိုးသို့ ချောမွေ့စွာ တက်လှမ်းသွားခဲ့သည်။
" နောက်ထပ်လား " ကြီးမြတ်သူရှချင်က အနည်းငယ် အံ့အားသင့်သွားသော်လည်း စုန်းဘိုးဘေး အဆင့်ခုနှစ်မှ အဆင့်ဆယ့်လေးထိ ကျင့်စဉ်များကို ဆက်လက်ရှင်းပြလိုက်သည်။
" နောက်ထပ်နည်းနည်းလောက်။ " လင်းယွမ်၏ အမူအရာက လေးနက်သွားသည်။ အဆင့်ခုနှစ်မှ အဆင့်ဆယ့်လေးထိ ကျင့်စဉ်များက သူ့ကို ကြီးမားသော အသိအမြင်များပေးခဲ့သော်လည်း မလုံလောက်သေးပေ။
" ထပ်နားထောင်ချင်သေးတာလား။ " ကြီးမြတ်သူရှချင်က မျက်ခုံးများပင့်သွားသည်။ စုန်းဘိုးဘေး အဆင့်ဆယ့်လေးထိ ကျင့်စဉ်များ ပြောပြပြီးသော်လည်း ထပ်လိုချင်နေတုန်းလား။
သို့သော် ကြီးမြတ်သူရှချင်က စုန်းဘိုးဘေး အဆင့်ဆယ့်ငါးနှင့် အဆင့်ဆယ့်ခြောက် ကျင့်စဉ်များကို ပြောပြလိုက်သည်။
" နောက်ထပ်ရှိသေးလား။ " လင်းယွမ်က သေချာနားထောင်ပြီး ပြောလိုက်သည်။
" နေပါဦး။ မင်းက ဘယ်အဆင့်ကျင့်စဉ်ကို နားထောင်ချင်တာလဲ။ " ကြီးမြတ်သူက မနေနိုင်တော့ဘဲ မေးလိုက်သည်။
လင်းယွမ်က ကြီးမြတ်သူရှချင်ကို ကြည့်လိုက်သည်။ " ကြီးမြတ်သူမှာ စုန်းဘိုးဘေး အဆင့်နှစ်ဆယ်ကျင့်စဉ်တွေရှိလား။ "
" စုန်းဘိုးဘေး အဆင့်နှစ်ဆယ်ကျင့်စဉ်လား။ " ကြီးမြတ်သူရှချင်က အံ့အားသင့်သွားပြီး လင်းယွမ်ကို သံသယများနှင့် ကြည့်လိုက်သည်။
ခဏအတွင်း လင်းယွမ်က စုန်းဘိုးဘေး အဆင့်နှစ်ဆယ်ကျင့်စဉ်အကြောင်း မေးသည့် အကြောင်းရင်းများစွာကို သူက စဉ်းစားမိသွားသည်။ ဖြစ်နိုင်ခြေအရှိဆုံးမှာ လင်းယွမ်က စုန်းဘိုးဘေးအဆင့်ဆယ့်ကိုးသို့ ရောက်နေပေလိမ့်မည်။ သို့သော် ၎င်းက မယုံကြည်နိုင်စရာကောင်းလှသည်။
ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲတွင် အလွှာဆယ့်တစ် အထွတ်အထိပ် သက်ရှိများပင် ထိုအဆင့်သို့ ရောက်ပြီလား မသေချာပေ။ လင်းယွမ်က အလွှာတစ်ဆယ်သာရှိပြီး မည်မျှပါရမီရှိသည်ဖြစ်စေ အချို့ကန့်သတ်ချက်များရှိလေသည်။
" မင်းက အခု စုန်းဘိုးဘေး အဆင့်ဘယ်လောက်မှာလဲ။ " ကြီးမြတ်သူက မေးလိုက်သည်။
အဖြူရောင်စာရွက်အတွင်းရှိ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာကို ကြီးမြတ်သူများက ထောက်လှမ်းနိုင်ခြင်းမရှိပေ။
" ကျွန်တော်က အခု..." လင်းယွမ်က ခဏစဉ်းစားပြီးနောက် အမှန်အတိုင်း ဖြေလိုက်သည်။ " အဆင့် ဆယ့်ကိုးမှာပါ။ "
လူသားမျိုးနွယ်၏ ကြီးမြတ်သူများအနေဖြင့် လင်းယွမ်က အနန္တကမ္ဘာများ၏ ဂိတ်တံခါး သို့မဟုတ် ဘူးသီးခြောက်တို့ကဲ့သို့ အလွှာဆယ့်နှစ်ထက် ကျော်လွန်သော ကိစ္စများမှလွဲ၍ အားလုံး ပြောပြနိုင်လေသည်။
ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် ကြီးမြတ်သူရှချင်၏ လမ်းညွှန်မှုကို ရရယူရန်အတွက် သူ၏ ခွန်အားကို တိကျစွာ ထုတ်ဖော်ပြရန်လိုအပ်လေသည်။
" တကယ် စုန်းဘိုးဘေး အဆင့်ဆယ့်ကိုးမှာပဲ။ " ကြီးမြတ်သူရှချင်က လင်းယွမ်ကို ကြည့်လိုက်သည်။
သူက ၎င်းကို စိတ်ထဲမှ မျှော်လင့်ခဲ့သော်လည်း လင်းယွမ်၏ အတည်ပြုချက်ကို ကြားရသောအခါ အနည်းငယ် အံ့အားသင့်နေရဆဲ ဖြစ်သည်။
လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်က ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာကို ပုံတူကူးရန်အတွက် ပူးပေါင်းခဲ့ကြပြီး ထိုကမ္ဘာသို့ ဆင်းသက်ကာ နောက်ဆုံး စုန်းဘိုးဘေး အဆင့်တစ်မှ အဆင့်ဆယ့်ခြောက်ထိ ကျင့်စဉ်များကို ဖော်ထုတ်နိုင်ခဲ့ကြသည်။
တစ်ခုရှိသည်မှာ ကြီးမြတ်သူများ ဆင်းသက်ခဲ့သော ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာက အစစ်အမှန်နှင့် ဆယ်ရာခိုင်နှုန်းကျော်သာ ဆင်တူလေသည်။ ထို့အပြင် သူတို့ဖန်တီးထားသော ကျင့်စဉ်များက တစ်စုံတစ်ယောက်ကို ကန့်သတ်ထားခြင်းမျိုးမဟုတ်ဘဲ လူတိုင်းကျင့်ကြံနိုင်လေသည်။
အခက်အခဲအရ ၎င်းက အစစ်အမှန် ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာမှ အင်အားကြီးသူများဖန်တီးခဲ့သော ကျင့်စဉ်များထက် ပို၍ ခက်ခဲလေသည်။ သို့သော် သူတို့က ကြီးမြတ်သူများ သို့မဟုတ် အလွှာဆယ့်နှစ်များဖြစ်ကြသည်။
ကြီးမြတ်သူများအနေဖြင့် သူတို့၏ နားလည်နိုင်စွမ်းနှင့် ထိုးထွင်းသိမြင်မှုက အလွှာဆယ်တစ်များထက် များစွာသာလွန်ပြီး အလွှာတစ်ဆယ်သာ ရှိသော လင်းယွမ်ကို ပြောစရာပင်မလိုပေ။ ထိုအခြေအနေတွင် အလွှာဆယ့်တစ်သက်ရှိများက စုန်းဘိုးဘေး အဆင့်ဆယ့်ရှစ်၊ အဆင့်ဆယ့်ကိုးသို့ ရောက်သွားသည်ကို လက်ခံနိုင်လေသည်။ သို့သော် လင်းယွမ်ကတော့။
" မင်း " ကြီးမြတ်သူရှချင်က သက်ပြင်းချလိုက်သည်။ " မင်းက ငါ့ကို တကယ် အံ့အားသင့်စေတာပဲ။ "
အစတွင် လင်းယွမ်၏ ကိုယ်ပွားတစ်ခုက ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာထဲသို့ ကျရောက်ခဲ့သောကြောင့် ၎င်းက လင်းယွမ်၏ ကြီးမြတ်သူအဆင့်သို့ ရောက်ရှိနိုင်သည့် အလားအလာကို သက်ရောက်မှုရှိနိုင်မည်ကို သူက အလွန်စိုးရိမ်ခဲ့လေသည်။
ထို့ကြောင့်လည်း ကြီးမြတ်သူရှချင်က ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာကို ပုံတူကူးရန် အခြားကြီးမြတ်သူများအား တောင်းဆိုခဲ့ခြင်းဖြစ်သည်။ သို့သော် ယခု ကြီးမြတ်သူ ရှချင်က စိုးရိမ်မှုလွန်ကဲနေပုံရလေသည်။
လင်းယွမ်က အမှန်တကယ် စုန်းဘိုးဘေး အဆင့်ဆယ့်ကိုးသို့ ရောက်နေလျှင် ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် သူ၏ ဘဝက အတော်လေး သက်သောင့်သက်သာ ရှိပေလိမ့်မည်။